အေးတဲ့ အချိန် ၊အေးတဲ့ ရာသီဥတု ၊ရေအေးကိုင်လို့ ခြေဖျား
လက်ဖျားတွေ အေးတာဟာ ပုံမှန်ပါ ။ဒါပေမယ့် သူများထက် ထူးကဲပြီးအေးနေ
ရင်တော့ ခြေဖျား လက်ဖျား အေးတဲ့ လက္ခဏာစု Raynaud Syndrome ရေးနော့်
ဝေဒနာခံစားရနေပြီလို့ ဆိုနိုင်တယ် ။
ရေးနော့် Raynaud Syndrome ဆိုတာ ခြေဖျား လက်ဖျားတွေကို
သွားတဲ့ သွေးကြောကလေးတွေ အအေးဒဏ်ကို တုန့်ပြန်တဲ့ အခါ သာမန်ထက်ပို
ပြီး ကျုံ့သွားကာ ခြေဖျား လက်ဖျားဆီ သွေးကောင်းကောင်း မလျှောက်လို့ပါ ။
သွေးကောင်းကောင်း မလျှောက်တော့ ခြေဖျား လက်ဖျားတွေသည် တစစနဲ့ အေး
လာကာ ဖြူရာက ပြာနှမ်းတဲ့အထိ ဖြစ်လာပါတယ် ။ထိုအခါ ခြေဖျား လက်ဖျားတွေ
ထုံလာ ကျဉ်လာ ကိုက်ခဲလာပါတော့တယ် ။
ခြေဖျား လက်ဖျား ဘာလို့ အေးပြီး ထုံကျဉ်နာ ဖြစ်ရတာလဲ ။
-အေးတဲ့ ရာသီဥတု
-ရေအေးတွေ ကိုင်တဲ့အခါ
-စိတ်လှုပ်ရှားတဲ့အခါ ၊စိတ်ဖိစီးမှုများတဲ့အခါ
-သွေးကြောကလေးတွေ ကျဉ်းတဲ့ရောဂါ
-သွေးကြောတွေမှာ အဆီချိုးကပ်တဲ့အခါ
-သွေးထဲမှာ ဆဲလ်တွေနဲ့ ပျစ်နေတဲ့အခါ
-အရိုးအဆစ်ရောင်နာရောဂါ
-သိုင်းရွိုက် ဂလင်း ပုံမှန်အောက်ပဲ အလုပ်လုပ်တဲ့ ရောဂါ
-တချို့သော ဆေးဝါးများ
-တုန်ခါသော ပစ္စည်းများ ကိုင်တွယ်လုပ်ရသူတွေ(လက်ကိုင် လွှစက် ၊ဗိုက်ဗရေတာ
ကိုင်ရသူများ )
ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်မလဲ ။
-ခြေဖျား လက်ဖျား အေးတာ ပိုဆိုးလာတဲ့အခါ
-ရောဂါရှာဖို့လိုတဲ့အခါ ၊ဒါမှမဟုတ် အထက်ပါ အခြေအနေ တစ်ခုခုကြောင့် ဖြစ်တဲ့
အခါ
မိမိ မိသားစုဆရာဝန်နဲ့ ပြသဖို့လိုတယ် ။
မိမိဘာသာ ဘာလုပ်ထားနိုင်လဲ ။
-အေးတဲ့ရာသီတွေမှာ နွေးနွေးထွေးထွေး နေပါ ။
-အေးတဲ့အရာတွေ ၊ရေတွေ မကိုင်သင့် ။ကိုင်တဲ့အခါ လက်အိတ်ဝတ်ပါ ။
-တုန်ခါနေသော ပစ္စည်းများကို မကိုင်သင့် ။
-စိတ်ဖိစီးမှု လျော့ချပါ ။စိတ်ကို ဖြေလျော့ပါ ။
-ဆေးလိပ်ဖြတ်ပါ ။
-ကဖင်းပါသော ကော်ဖီ ၊လက်ဖက်ရည် ၊ကိုလာများ ရှောင်ပါ ။
-ပခုံးရင်းကစပြီး လက်မောင်းကို စက်ဝိုင်းပုံ လှည့်ပေးပါ ။
လက်များကို ဆုပ်ချည် ဖျန့်ချည် လုပ်ပါ ။
-ခြေချောင်းများကို ကွေးလိုက် ဆန့်လိုက် လုပ်ပါ ။
-အိပ်ရာ ဝင်တဲ့အခါလည်း အိပ်ရာကို နွေးနွေးထွေးထွေး ထားပါ ။
Author: ခေတ်သစ် ဇီဝက