fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

တဘူဘူနဲ့ ပေါက်တဲ့ အီး

803
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

လူကြားသူကြားထဲမှာ တဘူဘူနဲ့ ပေါက်တဲ့အီး ၊အနံ့အသက်လည်းဆိုးလိုက်တာ ဆိုသူတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသူတွေ အတွက် ဒီဆောင်းပါးလေးရေးဖြစ်တာပါ ။

တကယ်တော့ အီးပေါက်တယ်ဆိုတာ ဇီဝကတိုု့ ကိုယ်ထဲမှာ ပိုလျှံနေတဲ့ လေတွေကို စွန့်ထုတ်တာပါ။ အသုံးမလိုလို့ပေါ့။ အဲ့တော့ ကိုယ်ထဲကို ဘယ်ကလေတွေက ရောက်လာသလဲ ဆိုရင် ဇီဝကတို့ တစ်ခုခု စားရင်း သောက်ရင်းနဲ့ ပြောရင်းဆိုရင်းနဲ့ လေတွေကို မသိလိုက်ဘဲ မျိုချမိတတ်တယ်။ ဒါ့အပြင် ပုံမှန်အားဖြင့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ ဘတ်တီးရီးယားပိုးလေးတွေက စားကြွင်းစားကျန်လေးတွေကို ချေဖျက်ရင်း လေတွေ ထုတ်တတ်ပါသေးတယ်။

ဇီဝကတို့ ဘူခနဲဆိုပြီး စွန့်ထုတ်လိုက်တဲ့ အီးမှာ လေထုထဲက နိုက်ထရိုဂျင်ဓာတ် ၊ကိုယ်ထဲက ဘတ်တီးရီးယားပိုးတွေက အစာချေဖျက်ရင်း ထုတ်တဲ့ အောက်ဆီဂျင် ၊ကာဘွန်ဒိုင်အောက်ဆိုက် ၊ဟိုက်ဒရိုဂျင်နဲ့ မီသိန်းဓာတ် တွေပါဝင်ပါတယ်။ ဒါ့အပြင် အနံ့အသက်ရစေတဲ့ ဆာလ်ဖာဓာတ်လည်း အနည်းငယ်ပါပါတယ်။

ဒါကြောင့် ပေါက်တဲ့ အီးတိုင်းဟာ အနည်းနဲ့ အများ နံတာပါ။ ဆာလ်ဖာပါတာများရင် ပိုနံတယ်။ ဟိုက်ဒရိုဂျင်နဲ့ မီသိန်းဓာတ်ပါတဲ့ အတွက် ပေါက်လိုက်တဲ့ အီးတွေဟာ မီးလောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် မီသိန်းဓာတ်ကို လူတိုင်း မထုတ်နိုင်။ တချို့သူတွေသာ ထုတ်နိုင်ပါတယ်။ ဒါကြောင့် အီးတိုင်းတော့ မီးမလောင်ဘူးပေါ့ ။

ဘယ်သူတွေက ပိုပြီး အီးပေါက်သလဲဆိုရင်
-တစ်ခုခု စားရင်းသောက်ရင်း စကားဖောင်ဖွဲ့ ပလုံစီအောင် ပြောတတ်သူတွေ
-ကာဗွန်ပါတဲ့ အအေးဘူးတွေ သောက်တတ်သူတွေ ၊ဘီယာဘူးသောက်သူတွေ
-အစာမကြေတဲ့သူတွေ
-ဝမ်းချုပ်တဲ့ သူတွေ
-အူလမ်းကြောင်းရောင်တဲ့ ရောဂါ ရှိသူတွေ
-နို့နဲ့ နို့ထွက်ပစ္စည်း အစားများသူတွေ
-ဥအမျိုးမျိုး စားသုံးသူတွေ
-ဂျုံနဲ့ ဂျုံထွက်ပစ္စည်း စားသုံးသူတွေ
-ဆီကြော်စာတွေ အစားများသူတွေ
-အာလူး ၊ပဲအမျိုးမျိုး ၊ပန်းဂေါ်ဖီ ဂေါ်ဖီထုတ် ၊ရေကညွတ် ၊သခွားသီး ၊ကြက်သွန် ၊
ငှက်ပျောသီး ၊ဖရဲသီး ၊သစ်တော်သီး စတဲ့ လေပွစာတွေ အစားများသူတွေမှာ ပိုဖြစ်ပါတယ်။

လေမပွ ၊လေမထ ၊အီးပေါက်သက်သာအောင် ၊အနံ့သက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုရင်
-အစာကြေလွယ်စာတွေပဲ စားပါ။
-အပူအစပ် အနံ့အသက်ပြင်းတဲ့ ငါးပိ ငါးခြောက် ငံပြာရည် ရှောင်ပါ။
-ဆီကြော်စာတွေ ရှောင်ပါ။
-လေပွစာတွေ ရှောင်ပါ။
-ကာဗွန်ပါတဲ့ အအေးဘူးတွေ ၊ဘီယာတွေ ရှောင်ပါ။
-ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ ရေများများသောက်ပါ။ လမ်းလျှောက်ပါ။ အမျှင်ဓာတ်ပါတာများများ စားပါ။
-စားသောက်နေစဉ် စကား အများကြီး ပြောခြင်း ရှောင်ပါ။
-အနံ့အသက် သက်သာအောင် ဘစ်စမက် Bisthmus ပါတဲ့ လေဆေးတွေ ၊အီးပေါက်တာ သက်သာအောင် simethicone ပါသော အစာအိမ်ဆေး လေဆေးတွေ သောက်ပေးနိုင်တယ်။ မသက်သာရင် ၊ပိုဆိုးရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ပါ။

Author : ခေတ်သစ် ဇီဝက

Previous Post

ဆီးချိုရောဂါ နှင့် အင်ဆူလင်

Next Post

မှဲ့အကြောင်းနဲ့ မှဲ့ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

12 months ago
2.1k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
810
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
834
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မှဲ့အကြောင်းနဲ့ မှဲ့ကင်ဆာ

အမျိုးသမီးများနဲ့ ဆီးပိုးဝင်ခြင်း

leprosy

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.