fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အမျိုးသမီးများနှင့် အီစထရိုဂျင် ဟော်မုန်းမမျှတမှု

389
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/12/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

 

(Unicode)

အီစထရိုဂျင်ဟော်မုန်း များပြားခြင်းဟာ အကြောင်းတော်တော်များများကြောင့် ဖြစ်လေ့ရှိပါတယ်။ အများအားဖြင့်တော့ လူသားတို့ရဲ့ ပတ်ဝန်းကျင်မှာ များပြားလာတတ်တဲ့ အီစထရိုဂျင်ဟော်မုန်းနှင့် ဆင်တူသော အရာများက ခန္ဓာကိုယ်အတွင်းမှ အီထရိုဂျင်ဟော်မုန်းများ ထုတ်လုပ်မှုကို များပြားစေခြင်းဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဟော်မုန်းညီမျှမှုကို ပျက်ယွင်းသွားစေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။

၎င်းပစ္စည်းများမှာ ရှောင်ရှားရခက်ပြီး ပလတ်စတစ်ထုတ်ကုန်များ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးသန္ဓေတားဆေး၊ အိမ်သုတ်ဆေး၊ ဆပ်ပြာမှုန့် ၊ အိမ်သာသုံး ပစ္စည်းများ၊ ကာလာပါသော စာရွက်များ၊ သုတ်ပိုးသေဆေးများစသည့် အရာအမျိုးမျိုးမှာ ပါဝင်နေလေ့ရှိကြပါတယ်။ ယုတ်စွအဆုံး နွားနို့တွေမှာ ပင်လယ်သမားများက နွားမများကို ဟော်မုန်းဆေးများ တိုက်ကျွေးထားလေ့ရှိတဲ့အတွက် အီစထရိုဂျင်ဟော်မုန်းများ ပါဝင်နေနိုင်ပါတယ်။

ခန္ဓာကိုယ်တွင်း အီစထရိုဂျင် ဟော်မုန်းလွှမ်းမိုးရသည့် အကြောင်းရင်းများထံတွင် စိတ်ဖိစီးမှုလည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးရင်ထွက်လာတတ်တဲ့ ကော်တီဆောဟော်မုန်းနှင့် မဟော်မုန်းတစ်မျိုးဖြစ်သော ပရိုဂျက်စတီရုန်းတို့ဟာ ဇီဝဖြစ်ပျက်ပြောင်းလဲမှုမှာ လမ်းကြောင်းတစ်ခုတည်း ဖြစ်နေတတ်သောကြောင့် ဖြစ်ပါတယ်။ စိတ်ဖိစီးချိန်မှာဆို ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ရာမှာ အရေးပါတဲ့ ပရိုဂျက်စတီရုန်းထက် ပိုပြီး အရေးကြီးတဲ့ ကော်တီဆောဟော်မုန်းတွေကိုသာ ထုတ်လုပ်ပါတော့တယ်။ ကံဆိုးတာကတော့ စိတ်ဖိစီးမှုက ဆက်တိုက်လိုလိုဖြစ်လာတဲ့အခါ ပရိုဂျက်စတီရုန်းတွေက နည်းသွားပြီး အီစထရိုဂျင်ဟော်မုန်းနှင့် ပရိုဂျက်စတီရုန်းတို့ရဲ့ မျှခြေပျက်ယွင်းသွားကာ အီစတီဂျင်ဟော်မုန်းတွေက ပိုလွှမ်းမိုးသွားပါတော့တယ်။

ဘာကြောင့်စိုးရိမ်သင့်သလဲ

အီစထရိုဂျင်ဟော်မုန်းတွေဟာ အမျိုးသမီးများ ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးရေးအတွက် အဓိကကျပါတယ်။ အီစထရိုဂျင်ဟော်မုန်းတွေက လွှမ်းမိုးလာတဲ့အခါ ရင်သားနှင့် သားအိမ်တွင် အလုံးများ ဖြစ်ပေါ်ခြင်း၊ ရာသီဆုံးခါနီး ဝေဒနာများ ဖြစ်ပေါ်ခြင်း၊ ရာသီလာစဉ်နာကျင် ကိုက်ခဲခြင်း၊ ကလေးမရခြင်း၊ သကြားဓာတ်ကျဆင်းခြင်း၊ ကိုယ်ခံအား လွန်ကဲရောဂါများ၊ ရင်သားနှင့် မျိုးဥအိမ်ကင်ဆာများအား ဖြစ်ပွားမှု များပြားလာစေနိုင်ပါတယ်။ အဆိုပါရောဂါများ များပြားလာစေရုံသာမက သွေးဆုံးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာများကိုလည်း ပြင်းထန်စေတယ်လို့ အချို့သော ပညာရှင်များက ယူဆကြပါတယ်။ တကယ်တော့ အမျိုုးသမီးတွေဟာ သွေးဆုံချိန်ကို ညင်ညင်သာသာ ဖြတ်ကျော်နိုင်သင့်ပေမယ့် ဟော်မုန်းများ မညီမျှမှုကြောင့် ခက်ခဲနိိုင်ပါတယ်။ အီစထရိုဂျင်ဟော်မုန်း များပြားခြင်းကြောင့် မမျိုးဥကြွေချိန်မှာ နာကျင်ခြင်းဝေဒနာ ခံစားရတတ်ကာ လေပွခြင်း၊ သွေးတိုးခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ သွေးတွင်း သကြားဓာတ်ကျဆင်းခြင်း၊ အချိုစားချင်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝဖြိုးခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စိတ်အတက်အကျ မြန်ခြင်းတို့လည်း ဖြစ်ပွားနိုင်ပါတယ်။

သတင်းကောင်း

ကံကောင်းတာကတော့ အီစထရိုဂျင်ဟော်မုန်း မညီမျှမှုကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းများစွာရှိပြီး အစားအသောက်နှင့် အနေအထိုင်တို့က အဓိက ဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များပြားတဲ့ အစားအသောက်များကို စားသင့်ပါတယ်။ ခန္ဓာကိုယ်အတွင်း ပိုလျှံနေတဲ့ အီစထရိုဂျင်ဟော်မုန်းတွေကို ဝမ်းထဲကနေ စွန့်ထုတ်လေ့ရှိပြီး အမျှင်ဓာတ်တွေက ဒီလို စွန့်ထုတ်မှုကို ပိုမို မြန်ဆန်စေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တဲ့အခါ အူထဲမှာနေတဲ့ ဘတ်တီးရီယားများက အီထရိုဂျင်ဟော်မုန်းနဲ့ ဆင်တူသော အရာများအား ထုတ်လုပ်မှုကို များပြားလာစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင် အမျှင်ဓာတ်များများ စားပေးခြင်းက အီစထရိုဂျင်ဟော်မုန်းများ မတူညီမှုကို တားဆီးပေးနိုင်ပါတယ်။

ခန္ဓာကိုယ်အပေါ် ဖိစီးမှုများပြားစေသော အရာများအား လျော့ချနိုင်ရေးကလည်း အရေးကြီးပါတယ်။ ခန္ဓာကိုယက ချေဖျက်ရခက်တဲ့ အရာတွေဟာ ဘာတွေလည်း ဆိုတာကို သိရှိပါတယ်။ ဥပမာအားဖြင့် အသားတွေက ဟော်မုန်းတွေ ညီမျှရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ ကွဲပြားနိုင်ပါတယ်။ ဥပမာ သက်သက်လွတ်စားသူ တစ်ဦးအတွက် သက်သက်လွတ်အစားအစာတွေက အဆင်ပြေနိုင်ပေမယ့် တချို့အတွက်တော့ အသားပါမှ အဆင်ပြေပါလိမ့်မယ်။ သို့သော်လည်း အသားထဲမှာပါတဲ့ အမိုင်နို အက်စစ်နှင့် အခြားအရာများက တစ်ခြားသော အစားအသောက်တွေမှာ ပါရှိခြင်မရှိပါဘူး။

အခြားသော အကျိုးရှိစေနိုင်တဲ့ အစားအသောက်များကတော့ ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိတဲ့ အီထရိုဂျင် ဟော်မုန်းတွေကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့ phytoestrogens တွေ ဖြစ်ကြပါတယ်။ phytoestrogens ပါဝင်မှု များပြားတဲ့ အစားအသောက်များကတော့ ပန်းသီး၊ အယ်လ်ဖာဖာ၊ ပင်လယ်ရေမှော်၊ ပဲအမျိုးမျိုးနှင့် ဂေါ်ဖီထုပ်မျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်များ ဖြစ်ကြပါတယ်။ ရှောင်ကြဉ်ရမှာကတော့ Xenoestrogens တွေ ဖြစ်ပါတယ်။ အော်ဂဲနစ် အစားအစာများကိုသာ စားပါ။ ပလတ်စတစ်နဲ့ ထည့်ထားတဲ့၊ ပတ်ထားတဲ့ အစားအသောက်များကို ရှောင်ကြဉ်ပါ။ ရေကို ဖန်ခွက်နဲ့သာ ထည့်သောက်ပါ။ ပလတ်စတစ် ပစ္စည်းများ သုံးစွဲမှုကို လျှော့ချပါ။ အသည်းကို သန့်စင်စေသော လုပ်ဆောင်မှုများကို ပြုလုပ်ပြီး အသည်းကို ထိခိုက်စေမည့် အစားအစာများဖြစ်သော အရက်၊ သကြားဖြူ၊ ကြာရှည်ခံဆေးများ၊ ဆိုးဆေးများပါသော အစာများ၊ ဆေးဝါးများကို ရှောင်ပါ။ အသည်းအတွက် ကောင်းမွန်စေသော မုန်လာဥနီ၊ သံပုရာ၊ ကြက်သွန်၊ အစိမ်းရောင် အရွက်များကို စားပေးပါ။

အားဆေးများ သောက်ပေးခြင်းကလည်း အီစထရိုဂျင်ဟော်မုန်း မညီမျှမှုအတွက် အရေးပါပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချနိုင်အောင် ကြိုးစားပါ။ ညဘက် အိပ်ရေး၀၀ အိပ်ပါ။ အိပ်စက်ချိန်မှာ ထွက်ပေါ်လာတဲ့ မယ်လတိုနင်ဟော်မုန်းများက အီထရိုဂျင် ဟော်မုန်းများကို တားဆီးနိုင်ပါတယ်။ အရက်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ တစ်ပတ်ကို ဝိုင်နှစ်ခွက်လောက် သောက်ခြင်းကပင် သင့်ရဲ့အီစထရိုဂျင်ဟော်မုန်းတွေကို မကောင်းတဲ့အနေအထားရောက်အောင် တွန်းပို့နိုင်ပါတယ်။ ကော်ဖီအများကြီးသောက်ခြင်းကလည်း အီစထရိုဂျင်ဟော်မုန်းတွေကို များပြားစေနိုင်တဲ့အတွက် အသင့်အတင့်သာ သောက်ပေးသင့်ပါတယ်။

(Zawgyi)

အီစထ႐ိုဂ်င္ေဟာ္မုန္း မ်ားျပားျခင္းဟာ အေၾကာင္းေတာ္ေတာ္မ်ားမ်ားေၾကာင့္ ျဖစ္ေလ့ရွိပါတယ္။ အမ်ားအားျဖင့္ေတာ့ လူသားတို႔ရဲ႕ ပတ္ဝန္းက်င္မွာ မ်ားျပားလာတတ္တဲ့ အီစထ႐ိုဂ်င္ေဟာ္မုန္းႏွင့္ ဆင္တူေသာ အရာမ်ားက ခႏၶာကိုယ္အတြင္းမွ အီထ႐ိုဂ်င္ေဟာ္မုန္းမ်ား ထုတ္လုပ္မႈကို မ်ားျပားေစျခင္းျဖင့္ သဘာဝအတိုင္း ျဖစ္ေပၚေနေသာ ေဟာ္မုန္းညီမွ်မႈကို ပ်က္ယြင္းသြားေစႏိုင္တဲ့ အတြက္ျဖစ္ပါတယ္။

၎ပစၥည္းမ်ားမွာ ေရွာင္ရွားရခက္ၿပီး ပလတ္စတစ္ထုတ္ကုန္မ်ား၊ ေပါင္းသတ္ေဆး၊ ပိုးသတ္ေဆးသေႏၶတားေဆး၊ အိမ္သုတ္ေဆး၊ ဆပ္ျပာမႈန႔္ ၊ အိမ္သာသုံး ပစၥည္းမ်ား၊ ကာလာပါေသာ စာ႐ြက္မ်ား၊ သုတ္ပိုးေသေဆးမ်ားစသည့္ အရာအမ်ိဳးမ်ိဳးမွာ ပါဝင္ေနေလ့ရွိၾကပါတယ္။ ယုတ္စြအဆုံး ႏြားႏို႔ေတြမွာ ပင္လယ္သမားမ်ားက ႏြားမမ်ားကို ေဟာ္မုန္းေဆးမ်ား တိုက္ေကြၽးထားေလ့ရွိတဲ့အတြက္ အီစထ႐ိုဂ်င္ေဟာ္မုန္းမ်ား ပါဝင္ေနႏိုင္ပါတယ္။

ခႏၶာကိုယ္တြင္း အီစထ႐ိုဂ်င္ ေဟာ္မုန္းလႊမ္းမိုးရသည့္ အေၾကာင္းရင္းမ်ားထံတြင္ စိတ္ဖိစီးမႈလည္း ပါဝင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ဖိစီးရင္ထြက္လာတတ္တဲ့ ေကာ္တီေဆာေဟာ္မုန္းႏွင့္ မေဟာ္မုန္းတစ္မ်ိဳးျဖစ္ေသာ ပ႐ိုဂ်က္စတီ႐ုန္းတို႔ဟာ ဇီဝျဖစ္ပ်က္ေျပာင္းလဲမႈမွာ လမ္းေၾကာင္းတစ္ခုတည္း ျဖစ္ေနတတ္ေသာေၾကာင့္ ျဖစ္ပါတယ္။ စိတ္ဖိစီးခ်ိန္မွာဆို ခႏၶာကိုယ္က ကိုယ္ဝန္ေဆာင္ရာမွာ အေရးပါတဲ့ ပ႐ိုဂ်က္စတီ႐ုန္းထက္ ပိုၿပီး အေရးႀကီးတဲ့ ေကာ္တီေဆာေဟာ္မုန္းေတြကိုသာ ထုတ္လုပ္ပါေတာ့တယ္။ ကံဆိုးတာကေတာ့ စိတ္ဖိစီးမႈက ဆက္တိုက္လိုလိုျဖစ္လာတဲ့အခါ ပ႐ိုဂ်က္စတီ႐ုန္းေတြက နည္းသြားၿပီး အီစထ႐ိုဂ်င္ေဟာ္မုန္းႏွင့္ ပ႐ိုဂ်က္စတီ႐ုန္းတို႔ရဲ႕ မွ်ေျခပ်က္ယြင္းသြားကာ အီစတီဂ်င္ေဟာ္မုန္းေတြက ပိုလႊမ္းမိုးသြားပါေတာ့တယ္။

ဘာေၾကာင့္စိုးရိမ္သင့္သလဲ
အီစထ႐ိုဂ်င္ေဟာ္မုန္းေတြဟာ အမ်ိဳးသမီးမ်ား ခႏၶာကိုယ္ႀကီးထြားဖြံ႕ ၿဖိဳးေရးအတြက္ အဓိကက်ပါတယ္။ အီစထ႐ိုဂ်င္ေဟာ္မုန္းေတြက လႊမ္းမိုးလာတဲ့အခါ ရင္သားႏွင့္ သားအိမ္တြင္ အလုံးမ်ား ျဖစ္ေပၚျခင္း၊ ရာသီဆုံးခါနီး ေဝဒနာမ်ား ျဖစ္ေပၚျခင္း၊ ရာသီလာစဥ္နာက်င္ ကိုက္ခဲျခင္း၊ ကေလးမရျခင္း၊ သၾကားဓာတ္က်ဆင္းျခင္း၊ ကိုယ္ခံအား လြန္ကဲေရာဂါမ်ား၊ ရင္သားႏွင့္ မ်ိဳးဥအိမ္ကင္ဆာမ်ားအား ျဖစ္ပြားမႈ မ်ားျပားလာေစႏိုင္ပါတယ္။ အဆိုပါေရာဂါမ်ား မ်ားျပားလာေစ႐ုံသာမက ေသြးဆုံးခ်ိန္မွာ ခံစားရတတ္တဲ့ ေဝဒနာမ်ားကိုလည္း ျပင္းထန္ေစတယ္လို႔ အခ်ိဳ႕ေသာ ပညာရွင္မ်ားက ယူဆၾကပါတယ္။ တကယ္ေတာ့ အမ်ိဳုးသမီးေတြဟာ ေသြးဆုံခ်ိန္ကို ညင္ညင္သာသာ ျဖတ္ေက်ာ္ႏိုင္သင့္ေပမယ့္ ေဟာ္မုန္းမ်ား မညီမွ်မႈေၾကာင့္ ခက္ခဲနိိုင္ပါတယ္။ အီစထ႐ိုဂ်င္ေဟာ္မုန္း မ်ားျပားျခင္းေၾကာင့္ မမ်ိဳးဥေႂကြခ်ိန္မွာ နာက်င္ျခင္းေဝဒနာ ခံစားရတတ္ကာ ေလပြျခင္း၊ ေသြးတိုးျခင္း၊ စိတ္မတည္ၿငိမ္ျခင္း၊ ေသြးတြင္း သၾကားဓာတ္က်ဆင္းျခင္း၊ အခ်ိဳစားခ်င္ျခင္း၊ ရင္သားနာက်င္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ဝၿဖိဳးျခင္း၊ အားအင္ကုန္ခမ္းျခင္း၊ စိတ္အတက္အက် ျမန္ျခင္းတို႔လည္း ျဖစ္ပြားႏိုင္ပါတယ္။

သတင္းေကာင္း
ကံေကာင္းတာကေတာ့ အီစထ႐ိုဂ်င္ေဟာ္မုန္း မညီမွ်မႈကို ေရွာင္ရွားႏိုင္တဲ့ နည္းလမ္းမ်ားစြာရွိၿပီး အစားအေသာက္ႏွင့္ အေနအထိုင္တို႔က အဓိက ျဖစ္ပါတယ္။ အမွ်င္ဓာတ္ပါဝင္မႈ မ်ားျပားတဲ့ အစားအေသာက္မ်ားကို စားသင့္ပါတယ္။ ခႏၶာကိုယ္အတြင္း ပိုလွ်ံေနတဲ့ အီစထ႐ိုဂ်င္ေဟာ္မုန္းေတြကို ဝမ္းထဲကေန စြန႔္ထုတ္ေလ့ရွိၿပီး အမွ်င္ဓာတ္ေတြက ဒီလို စြန႔္ထုတ္မႈကို ပိုမို ျမန္ဆန္ေစပါတယ္။ ဒါ့အျပင္ ဝမ္းခ်ဳပ္တဲ့အခါ အူထဲမွာေနတဲ့ ဘတ္တီးရီယားမ်ားက အီထ႐ိုဂ်င္ေဟာ္မုန္းနဲ႔ ဆင္တူေသာ အရာမ်ားအား ထုတ္လုပ္မႈကို မ်ားျပားလာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဝမ္းမခ်ဳပ္ေအာင္ အမွ်င္ဓာတ္မ်ားမ်ား စားေပးျခင္းက အီစထ႐ိုဂ်င္ေဟာ္မုန္းမ်ား မတူညီမႈကို တားဆီးေပးႏိုင္ပါတယ္။

ခႏၶာကိုယ္အေပၚ ဖိစီးမႈမ်ားျပားေစေသာ အရာမ်ားအား ေလ်ာ့ခ်ႏိုင္ေရးကလည္း အေရးႀကီးပါတယ္။ ခႏၶာကိုယက ေခ်ဖ်က္ရခက္တဲ့ အရာေတြဟာ ဘာေတြလည္း ဆိုတာကို သိရွိပါတယ္။ ဥပမာအားျဖင့္ အသားေတြက ေဟာ္မုန္းေတြ ညီမွ်ေရးမွာ အေရးပါတဲ့ အခန္းက႑က ပါဝင္ေနပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ကေတာ့ ကြဲျပားႏိုင္ပါတယ္။ ဥပမာ သက္သက္လြတ္စားသူ တစ္ဦးအတြက္ သက္သက္လြတ္အစားအစာေတြက အဆင္ေျပႏိုင္ေပမယ့္ တခ်ိဳ႕အတြက္ေတာ့ အသားပါမွ အဆင္ေျပပါလိမ့္မယ္။ သို႔ေသာ္လည္း အသားထဲမွာပါတဲ့ အမိုင္ႏို အက္စစ္ႏွင့္ အျခားအရာမ်ားက တစ္ျခားေသာ အစားအေသာက္ေတြမွာ ပါရွိျခင္မရွိပါဘူး။

အျခားေသာ အက်ိဳးရွိေစႏိုင္တဲ့ အစားအေသာက္မ်ားကေတာ့ ခႏၶာကိုယ္ထဲက အႏၲရာယ္ရွိတဲ့ အီထ႐ိုဂ်င္ ေဟာ္မုန္းေတြကို ဆန႔္က်င္တိုက္ခိုက္ႏိုင္တဲ့ phytoestrogens ေတြ ျဖစ္ၾကပါတယ္။ phytoestrogens ပါဝင္မႈ မ်ားျပားတဲ့ အစားအေသာက္မ်ားကေတာ့ ပန္းသီး၊ အယ္လ္ဖာဖာ၊ ပင္လယ္ေရေမွာ္၊ ပဲအမ်ိဳးမ်ိဳးႏွင့္ ေဂၚဖီထုပ္မ်ိဳးႏြယ္ဝင္ ဟင္းသီးဟင္း႐ြက္မ်ား ျဖစ္ၾကပါတယ္။ ေရွာင္ၾကဥ္ရမွာကေတာ့ Xenoestrogens ေတြ ျဖစ္ပါတယ္။ ေအာ္ဂဲနစ္ အစားအစာမ်ားကိုသာ စားပါ။ ပလတ္စတစ္နဲ႔ ထည့္ထားတဲ့၊ ပတ္ထားတဲ့ အစားအေသာက္မ်ားကို ေရွာင္ၾကဥ္ပါ။ ေရကို ဖန္ခြက္နဲ႔သာ ထည့္ေသာက္ပါ။ ပလတ္စတစ္ ပစၥည္းမ်ား သုံးစြဲမႈကို ေလွ်ာ့ခ်ပါ။ အသည္းကို သန႔္စင္ေစေသာ လုပ္ေဆာင္မႈမ်ားကို ျပဳလုပ္ၿပီး အသည္းကို ထိခိုက္ေစမည့္ အစားအစာမ်ားျဖစ္ေသာ အရက္၊ သၾကားျဖဴ၊ ၾကာရွည္ခံေဆးမ်ား၊ ဆိုးေဆးမ်ားပါေသာ အစာမ်ား၊ ေဆးဝါးမ်ားကို ေရွာင္ပါ။ အသည္းအတြက္ ေကာင္းမြန္ေစေသာ မုန္လာဥနီ၊ သံပုရာ၊ ၾကက္သြန္၊ အစိမ္းေရာင္ အ႐ြက္မ်ားကို စားေပးပါ။

အားေဆးမ်ား ေသာက္ေပးျခင္းကလည္း အီစထ႐ိုဂ်င္ေဟာ္မုန္း မညီမွ်မႈအတြက္ အေရးပါပါတယ္။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏိုင္ေအာင္ ႀကိဳးစားပါ။ ညဘက္ အိပ္ေရး၀၀ အိပ္ပါ။ အိပ္စက္ခ်ိန္မွာ ထြက္ေပၚလာတဲ့ မယ္လတိုနင္ေဟာ္မုန္းမ်ားက အီထ႐ိုဂ်င္ ေဟာ္မုန္းမ်ားကို တားဆီးႏိုင္ပါတယ္။ အရက္ေသာက္ျခင္းကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။ တစ္ပတ္ကို ဝိုင္ႏွစ္ခြက္ေလာက္ ေသာက္ျခင္းကပင္ သင့္ရဲ႕အီစထ႐ိုဂ်င္ေဟာ္မုန္းေတြကို မေကာင္းတဲ့အေနအထားေရာက္ေအာင္ တြန္းပို႔ႏိုင္ပါတယ္။ ေကာ္ဖီအမ်ားႀကီးေသာက္ျခင္းကလည္း အီစထ႐ိုဂ်င္ေဟာ္မုန္းေတြကို မ်ားျပားေစႏိုင္တဲ့အတြက္ အသင့္အတင့္သာ ေသာက္ေပးသင့္ပါတယ္။

Previous Post

ဆီးချို ဆီးချို ဆီးချို

Next Post

ကိုကို့အပြစ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုကို့အပြစ်

ကိုဘချစ်ရန်ကုန်ကိုလာမည်

ကလေးဖျားနေသည်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.