fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ အင်တာဗျူးများ

အလုပ်မှာရော နေ့စဉ်ဘဝမှာပါ ပျော်ရွှင်ကျန်းမာအောင်နေတဲ့ ဖက်ရှင် ဒီဇိုင်နာ သက်နှင်းအေး

44
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/06/2017
in အင်တာဗျူးများ
1 min read
A A

ကျန်းမာမှ ကိုယ်ဖန်တီးချင်တဲ့ဖက်ရှင်တွေကို ဖန်တီးနိုင်မှာဖြစ်တဲ့အတွက် အစ်မအနေနဲ့ ကျန်းမာ ရေးကို ဘယ်လိုဂရုစိုက်ပါသလဲ။

ပုံ့အတွက် ကျန်းမာရေးကတော့ နံပါတ်တစ်ပါပဲ။ အလုပ်တအားများတဲ့အတွက် နေမကောင်းလို့ အနား ယူရ ရင် အလုပ်နဲ့ စာသင်ရမယ့်အတန်းတွေ နှောင့်နှေးကုန်မှာစိုးတဲ့အတွက် ကိုယ့်ခန္ဓာအခြအနေကို အမြဲ ဂရု စိုက်ဖြစ်ပါတယ်။ အရင်က ခဏခဏ နေမကောင်းဖြစ်ဖူးပေမဲ့ အခုချိန်မှာနေမကောင်းဘူးဆိုတာ မရှိသ လောက် ရှားပါးတယ်။ အခုလက်ရှိ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ DOZO Fashion Design Technical School နှစ်ခုလုံးမှာ တစ်ပတ်ကို ရန်ကုန် ၃ ရက်၊ မန္တလေး ၄ ရက်နဲ့ နားရက်မရှိတဲ့ စာသင်တဲ့အတွက် ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်ပါတယ်။

အလုပ်နဲ့ပတ်သက်လို့ စိတ်ဖိအားမှုတွေ ရှိလာရင် ဘယ်လိုဖြေရှင်းလေ့ရှိပါသလဲ။

အလုပ်နဲ့ပတ်သက်တဲ့ Stress တွေ အရင်က ရဖူးပါတယ်။ နောက်ပိုင်းမှာ အလုပ်နဲ့ မိမိရဲ့ Life Style ဘယ်လို မျှတအောင် နေရမလဲဆိုပြီး ကိုယ့်ဘာသာကိုယ် ပြောင်းလဲယူပါတယ်။ အလုပ်မှာရော နေ့စဉ်ဘဝမှာပါ ပျော်ရွှင်ကျန်းမာအောင်နေမှ လုပ်ငန်းတွေကို ဒီထက်အောင်မြင်အောင် လုပ်နိုင်ပါဆိုတဲ့ အတွေးနဲ့ စိတ်ရော လူပါ ကျန်းမာအောင်နေပါတယ်။ ဘာသာရေးလည်း လိုက်စားသလို ကျန်းမာရေးရော လူငယ်သဘာ၀ ပျော်ရွှင်အောင်လည်း နေပါတယ်။

ဝန်ထမ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လိုဆောင်ရွက်ပေးပါသလဲ။

ဝန်ထမ်းတွေရော တပည့်တွေပါ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံပြီးမှရတဲ့ အသိပညာ ဗဟုသုတတွေ ပေးပါတယ်။ တချို့နေမကောင်းတာတွေက ကြိုတင် သတိပေးတဲ့ Sign လေးတွေ ရှိပါတယ်။ မဖျားခင်မှာ နေမကောင်းချင်သလို ခံစားရပါတယ်။ အဲဒီအချိန်ကြိုတင်ကာကွယ်ပြီး ဆေးသောက်၊ ဆေးခန်း မပြဘဲ ဖြစ်ပြီးမှ ကုသရတဲ့အတွက် လူပင်ပန်း၊ အလုပ် မလုပ်နိုင်တဲ့အတွက် အချိန်တွေ အများကြီးကုန်ဆုံး ရပါတယ်။ အဲဒီအတွက် ကြိုတင်ကာကွယ်သင့်ကြောင်း၊ ဆေးတွေကို သိနားလည်တဲ့သူတွေကို မေးပြီးမှ သောက်သုံးသင့်ကြောင်းနဲ့ အခြားကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးပါတယ်။

ကျန်းမာရေးကောင်းမွန်ဖို့အတွက် တစ်ဖက်တစ်လမ်းက အစားအစာတွေကို ဘယ်လိုရွေးချယ်စား သုံးလေ့ရှိပါသလဲ။

ကျန်းမာရေးအတွက် အဓိကအစားအသောက်ကိုလည်း ဂရုစိုက်ပါတယ်။ ပုံ့ ကံကောင်းတာက အဖေဖြစ်သူ က ကျန်းမာရေးဓာတ်စာတွက်ပေးတဲ့အတွက် ပုံ့ ဓာတ်စာ စားပါတယ်။ ဥပမာ- ဒီနှစ်အတွင်း အချဉ်နဲ့ မတည့် ရင် မစားဘူးစသဖြင့်ပေါ့နော်။ အရင်က မယုံကြည်လို့ အကုန်စားပါတယ်။ နောက်ပိုင်းလက်တွေ့ လုပ်ကြည့် တော့ သိလာတော့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်တတ်လာခဲ့ပါတယ်။

အသားအရေ အလှအပပိုင်းနဲ့ ပတ်သက်လို့ ဘယ်လိုထိန်းသိမ်းမှုတွေ ပြုလုပ်လေ့ရှိပါသလဲ။

အသားအရေ အလှအပိုင်းကတော့ အရမ်းဂရုစိုက်ဖြစ်တဲ့အရာပါ။ မိတ်ကပ်လိမ်းပြီးမှ လှတာထက် ဘာမှမလိမ်းဘဲ မျက်နှာအသားအရေကောင်းအောင်လည်း ဂရုစိုက်ပါတယ်။ တတ်နိုင်သမျှ မိတ်ကပ် မလိမ်းဘဲ Skin Care ကို မနက်ကောညပါ လိ်မ်းပါတယ်။ မိတ်ကပ်လိမ်းတဲ့နေ့ဆိုရင်လည်း သေချာဖျက်ပြီး မှ အိပ်ပါတယ်။ ရေများများသောက်ပါတယ်။ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အခုနောက်ပိုင်း ခန္ဓာ ကိုယ် အပြင်ပိုင်းရော အတွင်းပိုင်းပါ ဂရုတစိုက်ထိန်းသိမ်း ဖြစ်လာပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်လို့ အားကစားလှုပ်ရှားမှုတွေ

အလုပ်တအားများပြီး Gym သွားချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တဲ့အတွက် အိမ်မှာပဲ Free Hand ကစားပါတယ်။ စက်နဲ့လည်း အပြေးလေ့ကျင့်တယ်၊ ရေကူးရတာကိုလည်း ကြိုက်ပါတယ်။

လေ့လာဖြစ်တဲ့ ကျန်းမာရေးဗဟုသုတအကြောင်းအရာတွေ

ပုံ့အလုပ်က တအားအာရုံစိုက်ရတဲ့အတွက် မျက်စိနဲ့ အာရုံကြော ပတ်သက်တာတို့၊ အမျိုးသမီးဖြစ်တဲ့အ တွက် သားအိမ်နဲ့ဆိုင်တဲ့ ကျန်းမာရေးဗဟုသုတတွေ လေ့လာဖြစ်ပါတယ်။

မိုးတွင်းကာလမှာ ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးပါဦး။

မိုးတွင်းကာလကတော့ အဓိကနေမကောင်းဖြစ်တဲ့ အများဆုံးရာသီပေါ့နော်။ အဲဒီတော့ ကိုယ်ခံစွမ်းအား ခံနိုင်ရည်ရှိအောင် ဂရုစိုက်သင့်ပါတယ်။ မိုးမမိအောင်၊ မိုးမိခဲ့ရင်လည်း မဖျားအောင် ဂရုစိုက်သင့်ပါတယ်။ မန္တလေးမှာဆိုရင် ခြင် တအားများတဲ့အတွက် သွေးလွန်တုပ်ကွေး မဖြစ်အောင် ကြိုတင်ဂရုစိုက်သင့်ပါတယ်။

ကိုယ်လက်ခံထားတဲ့ ကျန်းမာရေးဆိုတာ

ကျန်းမာရေးဆိုတာ တကယ်တော့ ဘဝမှာ နံပါတ်တစ် အရေးကြီးဆုံးပါ။ မကျန်းမာဖြစ်တဲ့အချိန်ဆို ဘာမှမလိုချင်၊ ဘာမှမဖြစ်ချင်တော့တဲ့အထိ စိတ်ဓာတ်ကျဖူးပါတယ်။ အဲဒါကြောင့်မို့ ကျန်းခြင်းဟာ လာဘ်ကြီးတစ်ပါးလို့ တင်စားကြတာ ဖြစ်ပါတယ်။ ကိုယ့်မိသားစုထဲမှာ တစ်စုံတစ်ယောက် နေမကောင်း ဖြစ်ခဲ့ရင်လည်း တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပါတယ်။ အဲဒီတော့ မိမိကိုယ့်ကို ကျန်းမာအောင် နေတာကလည်း မိမိ မိသားစု၊ မိမိကို ချစ်တဲ့သူတွေကို ပျော်ရွှင်အောင်ထားတာနဲ့ အတူတူပဲလို့ ထင်မိပါ တယ်။
အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Previous Post

နားကြပ်တပ်ပြီး သီချင်းနားထောင်တာ နားအတွက်ကောင်းရဲ့လား

Next Post

ယောဂနည်းပြဆရာမ မိလဝန်းပြောပြတဲ့ သူ့ကျန်းမာရေးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခရီးအမြဲထွက်တဲ့သူတွေက ကျန်းမာတာ များတယ်ဆိုတဲ့ မမေဇွန်ဝင်း (ET Tour)

8 years ago
40

ယောဂနည်းပြဆရာမ မိလဝန်းပြောပြတဲ့ သူ့ကျန်းမာရေးအကြောင်း

8 years ago
60

ရေများများသောက်စေချင်တယ်လို့ အကြံပြုတဲ့ ဂုဏ်ရည်အေးကျော်

8 years ago
57

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ယောဂနည်းပြဆရာမ မိလဝန်းပြောပြတဲ့ သူ့ကျန်းမာရေးအကြောင်း

ခရီးအမြဲထွက်တဲ့သူတွေက ကျန်းမာတာ များတယ်ဆိုတဲ့ မမေဇွန်ဝင်း (ET Tour)

ကိုရင်လေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.