ဆေးခြောက်ကို ရေရှည်သုံးစွဲနေကြသူများအနေနဲ့ စိတ်ကျန်းမာရေးနဲ့ အပျက်သဘောများစေတယ်ဆိုတာ လောလောလတ်လတ်တွေ့ရှိထားမှုအရ ဆေးခြောက်က ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းပြောင်းလဲစေပြီး စိတ်ထင် ယောင်ထင်မှားဖြစ်စေကာ စိတ်အရင်းခံ စိတ်နေစိတ်ထားကျဆင်းစေတယ်။
သုတေသီက ဆေးခြောက်ရေရှည်သုံးစွဲရင် ဒိုပါမင်ထွက်နှုန်းနည်းလာပြီး လူတစ်ဦးကနေ စိတ်ကျန်းမာရေး ဖောက်ပြန်နေပြီလို့ ပြောရလောက်အောင်စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်ပါတယ်။ ဒိုပါမင်ဟာ အာရုံကြောဖြန့် ကျက်ခံစားရာမှာ မရှိမဖြစ်ပါဝင်နေပြီး သင်ကြားခြင်းရွှေ့လျားမှုများ၊ လူ့အရည်အချင်း၊ စိတ်ခံစားမှုနှင့်ပြန်လည် မှတ်မိခြင်းတို့ လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒိုပါမင်ဓာတ် သွေးထဲနည်းပါးသွားရင် စကားပြောဆိုမှုပြောင်းလဲသွားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျ ခြင်းနဲ့ လူ့စွမ်းရည်မဲ့ခြင်းတို့ဖြစ်နိုင်ပြီး ဒိုပါမင်လျော့နည်းတဲ့ လူနာများမှာ ပါကင်စွန်ရောဂါနှင့် ဂနာမငြိမ်တဲ့ရောဂါ ဖြစ်စေတယ်။
သုတေသီဒေါက်တာ ပါမောက္ခအော်လီဗာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အင်ပရီရယ်ကောလိပ်နဲ့ ဆေးသုတေသန ကောင်စီမှာတွေ့ရှိခဲ့ရပြီး နေချားဆေးပညာဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားတယ်။ ၂၀၁၄ ခုနှစ်မူးယစ်ထုံထိုင်းနှင့် ဆေးဝါးအလွဲသုံးခြင်း အမျိုးသားလေ့လာတွေ့ရှိမှုအရ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ ၂၂.၂သန်းခန့်ဆေး ခြောက်သုံးစွဲနေကြပြီး ဥပဒေကင်းလွတ်ခွင့်ရနေတယ်။
ဆေးခြောက်ရေရည်သုံးစွဲခြင်းဟာ စိတ်ကျန်းမာရေးနဲ့ ချိတ်ဆက်နေပြီးစိတ္တဇရောဂါ စိတ်လှုပ်ရှားမှုနဲ့ စိတ်ဓာတ် ကျခြင်းတို့ဖြစ်စေနိုင်ပြီး ဆေးခြောက်နဲ့ဆက်စပ်နေကြောင်း တိကျသေချာမပြောနိုင်သေးဘူး။ ဆေးခြောက်ကို တရားဝင်သုံးစွဲနိုင်ကြောင်း အတည်ပြုပြီးတဲ့နောက်၊ ဖျော်ဖြေမှုရည်ရွယ်ချက်နဲ့ ပိုမိုသုံးစွဲလာကြရာ သုတေသီက ဆေးခြောက်ဘယ်လောက်သုံးစွဲရင် ဦးနှောက်ထိခိုက်ကြောင်း ပိုမိုသင်ကြားပေးသင့်ကြောင်း အကြံပြုတယ်။
နောက်ဆုံးလေ့လာမှုအသစ်အရ ပါမောက္ခ အော်လီဗာဟောင်းနဲ့အဖွဲ့က ဆေးခြောက်သုံးစွဲမှုများတဲ့ အသိုင်းအ ဝိုင်းထဲသွားရောက်ကာ တက်ထရာဟိုက်ဒရိုကာဘီနောက ဦးနှောက်ကိုဘယ်လိုဆိုးကျိုးသက်ရောက်စေ ကြောင်းလေ့လာခဲ့တယ်။
Author – Healthcare Journal (Vol -7 /No -46)