ကျန်းမာခြင်းဆိုတာ ဝေဒနာကင်းရှင်းပြီး ကိုယ်အင်္ဂါချို့ယွင်းမှု မရှိရုံမကကျန်းမာရေးနဲ့ ပြည့်စုံခြင်း စိတ်ချမ်းသာမှု ရှိခြင်း၊ ပတ်ဝန်း ကျင်နဲ့ ပေါင်းသင်းဆက်ဆံမှု အဆင်ပြေကောင်းမွန်ခြင်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ပေးထားတယ်။ ကာယ သုခစိတ္တသုခ မိတ္တသုခတို့နဲ့ ပြည့်စုံခြင်းကိုခေါ်ပါတယ်။
စိတ်ပျိုကိုယ်နုဆိုတဲ့ စကားနဲ့အညီကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျိုလန်းဆန်းခြင်းတို့ဟာ စိတ်ရဲ့လန်း ဆန်းပျော်ရွှင်မှု အပူ အပင်သောကကင်းမှု၊ စိတ်တည်ငြိမ်မှုတို့အပေါ်မှာ မူတည်ပါတယ်။ စိတ်ညစ်ညူးခြင်း၊ ပူပင် သောကရောက်ခြင်း၊ ကြောက် လန့်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ် တွင်းပြောင်းလဲမှုဖြစ်လို့ ရောဂါအထွေထွေဖြစ် လာစေနိုင်ပါတယ်။
အိပ်မပျော်ခြင်း၊ မောပန်းလွယ်ခြင်း၊ အသက်ရှုမဝခြင်း၊ လည်ချောင်းနာခြင်း၊ မူးဝေခြင်း၊ နှလုံးတုန်၊ ရင်ခုန်ခြင်း၊ ဇက်ကြောထိုး၊ နောက်ကြောတက်ခြင်း၊ ခေါင်းအုံ၊ ခေါင်းကိုက်၊ ကြို့ထိုးခြင်း၊ ခန္ဓာကိုယ်အနှံ့ကြွက်တက်ခြင်း၊ နာ ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ တစ်ကိုယ်လုံးယားယံခြင်း၊ ပန်းနာရင် ကျပ်ရောဂါထခြင်း၊ အမြဲထိတ်လန့်ကြောက် ရွံတတ်ခြင်း၊ အဆုတ်နာရောဂါပိုဆိုးခြင်း၊ အစာမကြေရင်ပြည့်ရင် ကယ်ခြင်း၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ရုတ်တရက်လေဖြတ်ခြင်း၊ သွေးလန့်သတိ လစ်မေ့မြောခြင်းစတဲ့ ရောဂါဝေဒနာလက္ခဏာ အမျိုးမျိုးအဖုံဖုံ ကိုဖြစ်ပေါ် စေနိုင်တယ်။
ဇက်ကြောထိုး၊ နောက်ကြောတက်၊ ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းဝေဒနာ၊ စိတ်ပူပင်သောကရောက်မှုလွန်ကဲရင် စိတ်ကြောင့်ဦး ခေါင်းတွင်းပြင် သွေးကြောတွေ ဖောင်းပွလာပြီး ခေါင်းကိုက်ခြင်းခံစားရလေ့ရှိပါတယ်။ စိတ် ကြောင့်အူသိမ်ကြွက်သားတွေ ကျုံ့လို့၊ ခေတ္တတင်းကျပ်နေရင်အူသိမ်အထက်ပိုင်း၊ အစာအိမ်အတွင်းမှာ လေ၊ ရေနှင့် အစာတို့စုပြုံနေလို့ အစာအိမ်ဖောင်းပွကာ၊ ရင်ပြည့်ရင်ကယ်ဖြစ်ကာ၊ လေပွပြီးမအီမသာခံစားရလေ့ရှိတယ်။ တစ်ဖန် စိတ်ကြောင့်ကြမှုဖြစ်ပေါ်နေတဲ့အခါ အစာအိမ်နံရံ အတွင်းမှာ အစာခြေအရည်ဟာ သာမန်ထက် ပိုထွက်ပြီး အချဉ်အက်ဆစ်ဓာတ်လွန်ကဲကာ အစာအိမ်နံရံမှာအနာဖြစ်ပြီး လေထိုး လေအောင့်ဖြစ်တယ်။
စိတ်ရောဂါဝေဒနာများဟာ ပြည်သူတို့အကြားအဖြစ်များတယ်။ မျိုးရိုးဗီဇ၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ အခြေ အနေများ၊ သုံးချက်မှာ တစ်ခုခု (သို့) သုံးခုစလုံးကြောင့်စိတ်ဝေဒနာ ဖြစ်စေနိုင်ပါတယ်။ မိမိမှာ စိတ်ရောဂါဖြစ်ပွားတဲ့ မျိုးရိုးရှိ နေရင် အိမ်ထောင်ဖက်ရွေးချယ်ရာမှာ စိတ်ဝေဒနာဖြစ်စေနိုင်ပါတယ်။
စိတ်ရောဂါအမျိုးမျိုးရှိသူ အချင်းချင်းအိမ်ထောင်ပြုရင် ရလာတဲ့သားသမီးများစိတ်ဝေဒနာ ရှိဖို့များတယ်။ ခန္ဓာကိုယ်ရောဂါ အမျိုး မျိုးကြောင့်လည်း စိတ်ဝေဒနာ မဖြစ်စေဖို့တတ်နိုင်သမျှ ဆင်ခြင်ကာကွယ်ရပါမယ်။ ကာလသားရောဂါကြောင့် စိတ်ရောဂါမဖြစ်ရ စေဖို့ မကောင်းတဲ့မိန်းမတွေ ဝေးဝေးရှောင်၊ မရှောင်နိုင်ရင်အစွပ်သုံး၊ အရက်နှင့်မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးဝါးများ ရှောင်ကြဉ် သင့်ပါတယ်။
သွေးတိုးရောဂါကြောင့် လေဖြတ်နိုင်ခြေများလို့ သွေးတိုးမရှိအောင်အစားအသောက် ဆင်ခြင်သင့်ပါတယ်။ ကလေးတွေအပြင်း ဖျားရင် မတက်စေဖို့ အဖျားကိုထိထိရောက်ရောက်ကုသ (သို့) စအိုထဲ ပါရာစီတမော့ဆေး တောင့်ထည့်ခြင်း၊ ရေပတ်တိုက်ခြင်း၊ အဲယားကွန်းအခန်းမှာပြုစုခြင်း၊ ဦးခေါင်းမှာရေချိုးချပေးကာ အမြန်သုတ် ပြီးအဝတ်ပွပွဝတ်စေခြင်း လုပ်ပါ။
စိတ်နှလုံးအေးချမ်းပြီး ပူပင်သောက ကင်းတဲ့သူများစိတ်ဓာတ်ရင့်ကျက်ခိုင်မာသူတို့မှာ စိတ်ရောဂါရတတ်တယ်။ စိတ်ဝေဒနာ ခံစားနေရရင် မိမိကသတိမပြုမိတဲ့တိုင် ပတ်ဝန်းကျင်ကသတိပြုတတ်လို့ ပတ်ဝန်းကျင်နဲ့လိုက်လျော ညီထွေရှိဖို့လိုတယ်။ အိပ်မ ပျော်ရင်အိပ်ဆေး မှီဝဲရမယ်။ ဆရာဝန်နဲ့ပြသင့်ရင် ပြရပါမယ်။
Author – ဒေါက်တာလွင်သန့် Vol-7 / No-44 Healthcare