အကြောက်လွန်ရောဂါသည် အဖြစ်များတဲ့ စိတ်ရောဂါများထဲက တစ်ခုပင် ။
ဘာလို့အကြောက်လွန်ရောဂါလို့ ခေါ်သလဲ ။
ကြောက်ရွံ့စရာမဟုတ်သော အရာဝတ္ထု ၊ဒါမှမဟုတ် အခြေအနေ တစ်
မျိုးမျိုးကို ကြောက်ရွံ့ခြင်း ၊ထိုအခြေအနေ ၊အရာဝတ္ထုတို့နှင့် ဆုံက ထွက်ပြေးလို
သည် အထိ ဖြစ်တာကို အကြောက်လွန်ရောဂါလို့ ခေါ်တယ် ။
ဘာတွေကြောင့် အကြောက်လွန်ရောဂါ ခံစားရသလဲ ။
အများအားဖြင့် အကြောက်လွန်ရောဂါသည် သူ့ချည်းသက်သက်သာ
ဖြစ်လေ့ ရှိတယ် ။ဒါပေမယ့် တချို့ သော စိတ်ရောဂါတွေနဲ့ တွဲတွေ့ရတတ်တယ်။
၁) စိတ်ကျ ရောဂါ
၂) စိုးရိမ်လွန် ရောဂါ
၃) စိတ်စွဲ ရောဂါ
၄) ဦးနှောက် ရောဂါ
စိတ်ကျ ရောဂါဖြစ်လာလျှင် အရာရာကို ကြောက်ရွံ့တတ်လာတယ် ။
အထူးသဖြင့် လူစုလူဝေးကို ကြောက်လာတယ် ။အချို့ စိတ်ကျ ရောဂါသည်တွေ
ဟာ စိတ်ကျလက္ခဏာ မပြဘဲ အကြောက်လွန် လက္ခဏာသာ ပြတတ်ကြပေတယ် ။
စိတ်သောကဖြစ်လာလျှင် တစ်ခုခု ဖြစ်လာမည်ကို တွေးပြီး စိုးရိမ်တတ်
တယ် ။စိုးရိမ်လွန်လာပြန်တော့ ကြောက်စိတ်များလွှမ်းမိုးလာပြီး အကြောက်လွန်
လက္ခဏာတွေ ပြတတ်တယ် ။
အကြောက်လွန် ရောဂါ ဘယ်နှမျိုးရှိလဲ။
ယေဘူယျအားဖြင့် ၆ မျိုးခွဲထားတယ်။
- သီးခြား အကြောက်လွန် ရောဂါ (Phobic Neurosis)
- လေဟာပြင် အကြောက်လွန် ရောဂါ (Agora Phobia)
- အလုံခန်း အကြောက်လွန် ရောဂါ (Claustro Phobia)
- တစ်စုံတစ်ခုကို စွဲမြဲစွာ ကြောက်သည့် အကြောက်လွန် ရောဂါ(Specific Phobia)
- လူမှုရေး အကြောက်လွန် ရောဂါ (Social Phobia)
- စိတ်စွဲ အကြောက်လွန် ရောဂါ (Obessional Phobia)
၁) သီးခြားအကြောက်လွန် ရောဂါ
သူ့ဘာသူ သီးခြားဖြစ်ပြီး တခြားရောဂါများနှင့် မတွဲသည့်အတွက် သီးခြား အကြောက်လွန် ရောဂါလို့ ခေါ်တယ် ။ရောဂါမှာ သိပ်မပြင်းထန်တဲ့ အတွက်
ဆေးရုံသို့ လာပြခဲတယ် ။အတွေ့ရလည်း နည်းတယ် ။
၂) လေဟာပြင် အကြောက်လွန် ရောဂါ
ဒီရောဂါကတော့ အဖြစ်နည်းနည်းများတယ် ။အိမ်ထဲမှာ နေရတာ ၊
ရင်းနှီးသည့်သူများနဲ့သာ နေရတာ ပိုလုံခြုံတယ်ထင်ကာ အပြင်သွားရန် ၊သူစိမ်းများ
နဲ့ ရောနှောနေရန် တို့ကို ကြောက်ရွံ့တာကို ခေါ်တယ် ။
၃) အလုံခန်း အကြောက်လွန် ရောဂါ
အခန်းထဲတွင် ၊ရုပ်ရှင်ရုံထဲတွင် ၊ဓာတ်လှေကားထဲတွင် စတဲ့ အလုံပိတ်
အခန်းများထဲတွင် နေသည့်အခါ အလွန်အမင်း ကြောက်ရွံ့ခြင်းကို ခေါ်တယ် ။
၄) တစ်စုံတစ်ခုကို စွဲမြဲစွာကြောက်သည့် အကြောက်လွန် ရောဂါ
အထူးသဖြင့် တိရစ္ဆာန်များ (ပိုးဟပ် ၊ပုရွက်ဆိတ် ၊မြွေ ၊တီကောင် စသဖြင့် )ကြောက်ခြင်း ၊တချို့ နေရာ ဒေသတစ်ခုခုကို စွဲမြဲစွာ ကြောက်ခြင်း ၊
လျှပ်စီးလက်သည်ကို ကြောက်ခြင်း ၊မိုးကြိုးပစ်သည်ကို ကြောက်ခြင်း ၊အမှောင်ကို
ကြောက်ခြင်း ၊အမြင့်ကို ကြောက်ခြင်း စတာတွေဟာ ဒီရောဂါမှာ ပါဝင်ပါတယ် ။
အထက်ပါတို့ဟာ ငယ်ရွယ်စဉ် ကလေးဘဝမှာလည်း ကြုံတွေ့ရပါ
တယ် ။ရောဂါလို့ မခေါ်နိုင်သေးပါ ။အသက်ကြီးသည့်အထိ စွဲမြဲစွာ ရှိနေမှသာ
ရောဂါလို့ ခေါ်နိုင်ပါတယ် ။
၅) လူမှုရေး အကြောက်လွန် ရောဂါ
လူအများရှေ့တွင် တစ်ခုခု လုပ်ရမှာ ၊ပြောရမှာ ၊လူအများနဲ့ဆက်ဆံ
ရမှာ ၊လူစိမ်းများနဲ့ ဆက်ဆံရမှာ အကြောက်လွန်လို့ လက်တုန် အသံတုန် ၊ကတုန်
ကယင်နဲ့ အမြီးအမောက်မတည့်ဖြစ်ကာ စိတ်မလုံခြင်းတွေဖြစ်ကာ အကြောက်လွန်
သည့် ရောဂါပင် ။
သူ့ဘာသူဖြစ်တတ်သလို စိတ်ကျရောဂါ ၊စိုးရိမ်လွန်ရောဂါ ၊လူစုလူဝေး
ကြောက်ရောဂါ တို့နှင့်လည်း တွဲတွေ့ရတတ်တယ် ။
အရေးပါသော အချက်တစ်ခုမှာ ငယ်စဉ်က ပြုစုပျိူးထောင်မှုပင် ။
လူကြားသူကြားထဲတွင် ပေါင်းသင်းဆက်ဆံရေးကောင်းစေရန် ရဲရဲတင်းတင်း
ဆက်ဆံတတ်စေရန် သင်ကြားပေးခဲ့ဖို့ လိုသည် ။
၆) စိတ်စွဲ အကြောက်လွန် ရောဂါ
စိတ်စွဲ အကြောက်လွန်ခြင်းသည် မဖြစ်နိုင်သော အကြောင်းအရာ တစ်ခုခုကို စိတ်ကစွဲကာ အလွန်အမင်း ကြောက်ရွံ့ခြင်းပင် ။ဥပမာဆိုရသော် မိုး
မပြိုသော်လည်း ပြိုခဲ့သည် ရှိသော် ဆိုပြီး တွေးတတ်သူများပင်။
ဘယ်လိုကုသရမလဲ။
အကုန်လုံးကိုပဲ ခြုံငုံပြီးပြောပြပါ့မယ်။
၁) Psychotherapy လို့ခေါ်တဲ့ စိတ်ကုထုံး
၂) Cognitive and Behavioral Therapy လို့ခေါ်တဲ့ အပြုအမူကုထုံး
တို့အပြင် လိုအပ်လျှင် ဆေးဝါးများတိုက်ကျွေးဖို့ လိုပါတယ် ။တွဲဖြစ်တတ်တဲ့
ရောဂါတွေကိုလည်း ကုသဖို့လိုပါတယ် ။ဝေဒနာသည်တွေကို အားပေးနှစ်သိမ့်ဖို့
လည်း အထူးအရေးကြီးပါတယ် ။မိမိ ဆိုင်ရာ ဘာသာတရား လေ့လာလိုက်စားခြင်း
ကလည်း အကျိုးရှိပါတယ်။
Author – ခေတ်သစ်ဇီဝက