fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ကြောင့်ဖြစ်သော ရောဂါများ

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/06/2017
in ကျန်းမာသောစိတ်
1 min read
A A

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ကျန်းမာရေး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါသည်။ ကျန်းမာရေး ဆိုသည်မှာ ရောဂါဝေဒနာ ကင်းရှင်း၍ ကိုယ်အင်္ဂါချို့ယွင်းမှု မရှိရုံမျှမှမက ကိုယ်ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှုရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု အဆင်ပြေကောင်းမွန်ခြင်း စသည်တို့ပင် ဖြစ်ပါသည်။ စိတ်၏ ကျန်းမာခြင်းသည် ကိုယ်ကျန်းမာခြင်းထက် သိသာရန် ခက်ခဲလှပါသည်။ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း အဖွဲ့အစည်းတစ်ခုခု ချို့ယွင်းပါက သိသာလွယ်၊ မြင်လွယ်သော်လည်း စိတ်ကျန်းမာရေးကောင်းမွန်ခြင်း (သို့မဟုတ်) မကောင်းမွန်ခြင်းကို အလွယ်တကူ မသိသာနိုင်ပါ။ နေ့စဉ်ဖြစ်ပေါ်ခံစားနေရသော ရောဂါများ၏ ၅၀ ရာခိုင်နှုန်းသည် စိတ်ကြောင့် ဖြစ်ပေါ်ပါသည်။

စိတ်ကြောင့် ဖြစ်နိုင်သော ရောဂါများ –
စိတ်လှုပ်ရှားမှုကြောင့် ရောဂါတစ်ခုခုကို ခံစားရနိုင်ပါသည်။ သာမန်ရောဂါငယ်ငယ်ကလေးများ ဖြစ်နိုင်သကဲ့သို့ အသက်အန္တရာယ် ဖြစ်စေနိုင်လောက်သည့် ရောဂါကြီးများလည်း ဖြစ်စေတတ်ပါသည်။

ကောင်းမွန်သော စိတ်လှုပ်ရှားမှုများ (ဥပမာ- ရွှင်လန်းချမ်းမြေ့ခြင်း၊ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ အေးဆေးတည်ငြိမ်ခြင်း၊ စိတ်ဓာတ်ရင့်ကျက်ခြင်းနှင့် မျှော်လင့်ချက်ထားရှိခြင်း) သည် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းဓာတ်များနှင့် အာရုံကြောအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့ပြီး ကျန်းမာစေပါသည်။
အနိဋ္ဌာရုံဖြစ်သော မကောင်းသည့် စိတ်လှုပ်ရှားမှုမျိုးကြောင့် ကိုယ်တွင်းအင်္ဂါများ အပြောင်းအလဲဖြစ်ပြီး ရောဂါလက္ခဏာများ ပေါ်ပေါက်လာတတ်ပါသည်။ ဣဋ္ဌာရုံဖြစ်သော ကောင်းမွန်သည့် စိတ်လှုပ်ရှားမှုများကြောင့် ခန္ဓာကိုယ်တွင်း၌ အကျိုးရှိသော ပြောင်းလဲမှုမျိုးဖြစ်ပြီး ကျန်းမာရေးကို အထောက်အကူပြုပါသည်။

စိတ်ကြောင့် ဖြစ်နိုင်သော ရောဂါများမှာ စိတ်ရောဂါအမျိုးမျိုး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အဆုတ်နာရောဂါ ပိုမိုဆိုးရွားလာခြင်း၊ ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါ၊ မီးယပ်နှင့်ဆိုင်သော ရောဂါများနှင့် သွေးလေးဘက်နာရောဂါ တို့ ဖြစ်ပါသည်။

စိတ်ကြောင့်ဖြစ်သော ရောဂါလက္ခဏာများ –
စိတ်ဆိုးဒေါသဖြစ်နေသော အခါတွင် ပြင်ပ၌ ဖြစ်ပေါ်နေသော လက္ခဏာများထက် ခန္ဓာကိုယ်တွင်း၌ ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများက ပိုမိုဆန်းကြယ်ပါသည်။
စိတ်ဆိုးဒေါသထွက်ပါက သိသာလွယ်သော ပြင်ပလက္ခဏာများမှာ မျက်နှာနီမြန်းလာခြင်း၊ မျက်ထောင့်နီလာခြင်း၊ မျက်လုံးပြူးကျယ်လာခြင်း၊ နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားခြင်း၊ မေးရိုးကြွက်သားများ တောင့်တင်းခြင်း၊ လက်များတုန်လာခြင်း၊ အသံတုန်လာခြင်းနှင့် လက်သီးဆုပ်ခြင်းတို့ ဖြစ်သည်။  ထို့အပြင် စိတ်ဆိုးဒေါသထွက်သည့် အခါတွင် သွေးသည် သာမန်ထက် ပို၍ ခဲလွယ်သွားတတ်ပါသည်။ စိတ်ဆိုးဒေါသထွက်လေလေ၊ အသက်အန္တရာယ် နီးကပ်လေလေ ဖြစ်ပါသည်။

စိတ်ဆိုးဒေါသထွက်နေသည့်အခါ နှလုံးခုန်နှုန်းသည် ပုံမှန်တစ်မိနစ်လျှင် ၇၀-၈၀ ကြိမ်မှ အကြိမ် ၁၈၀-၂၀၀ ခန့်အထိ အလွန် မြင့်တက်သွားတတ်ပါသည်။ သွေးဖိအားသည် သာမန်အပေါ်သွေး ၁၂၀-၁၃၀ ခန့်မှ ၂၃၀ အထိ တိုး၍ သွားတတ်ပါသည်။
အလွန်စိတ်ဆိုးပါက ဦးနှောက်သွေးကြောပြတ်၍ အသက်အန္တရာယ်ပင် ဖြစ်စေတတ်ပါသည်။

စိတ်ကြောင့်ဖြစ်သော ရောဂါလက္ခဏာများမှာ အသက်ရှူမဝခြင်း၊ အသက်ရှူမြန်ခြင်း၊ မောပန်းလွယ်ခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းအုံခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ အော့အန်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ လည်ချောင်းနင်ခြင်း၊ တစ်ဆို့ဆို့ဖြစ်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ မကြာခဏဖျားခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းမကြာခဏသွားခြင်း၊ ကြို့ထိုးခြင်း၊ ဝလွန်းခြင်း၊ ပိန်လွန်းခြင်း၊ တစ်ကိုယ်လုံးယားခြင်း၊ အင်ပျဉ်ထခြင်း၊ အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်မြန်ခြင်း၊ အမျိုးသမီးများတွင် ကလေးပျက်ကျခြင်း၊ ဓမ္မတာမမှန်ခြင်း၊ စိတ်ကြောင့် ကိုယ်ဝန်ရှိသကဲ့သို့ ဖြစ်လာခြင်း၊ ဆံပင်များ အကွက်လိုက် ကျွတ်ခြင်း၊ စကားထစ်ခြင်း၊ အမြဲတမ်းထိတ်လန့်ကြောက်ရွံ့ခြင်း၊ အကြောဆွဲခြင်း၊ အကြောဆိုင်းခြင်း၊ အမြဲတမ်းနှာချေခြင်း၊ အအေးမိခြင်း၊ နှာရည်ယိုခြင်းနှင့် သွေးလန့်သတိလစ်မေ့မြောခြင်း တို့ ဖြစ်ပါသည်။

အဖြစ်များသော  လက္ခဏာများ –
စိတ်ကြောင့်ဖြစ်သော လက္ခဏာများထဲတွင် လေပွခြင်း၊ လေထိုးခြင်းသည် အများဆုံး ဖြစ်ပါသည်။ အသက်ရှူမဝခြင်း၊ လည်ချောင်းနင်ခြင်း၊ မောပန်းလွယ်ခြင်း၊ ပန်းသေပန်းညှိုးခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း တို့သည်လည်း အဖြစ်များပါသည်။ ဇက်ကြောထိုးခြင်း၊ နောက်ကြောတက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ်ရောဂါကဲ့သို့ ဗိုက်နာခြင်း၊ သည်းခြေအိတ်နာသကဲ့သို့ ဗိုက်နာခြင်းနှင့် အရေပြားရောဂါများဖြစ်ခြင်း တို့လည်း ခံစားရနိုင်ပါသည်။

စိတ်ဆိုးဒေါသနှင့် ကျန်းမာရေး –
စိတ်ဆိုးဒေါသ ဖြစ်နေစဉ်တွင် ဖြစ်စေ၊ စိတ်ဆိုးပြီးခါစတွင် ဖြစ်စေ ဝမ်းဗိုက်နာတတ်ပါသည်။ အစာအိမ် အူကျဉ်းထွက်ပေါက်ဝရှိ ကြွက်သားများက တင်းကျပ်စွာ ညှစ်ထားခြင်းက အစာအိမ်မှ မည်သည့် အစာမဆို မဆင်းနိုင်အောင် ရှိနေတတ်ပါသည်။ အူသိမ်၊ အူမတစ်လျှောက်လုံးရှိ ကြွက်သားများလည်း တင်းကြပ်စွာ ရှိနေခြင်းကြောင့် ဝမ်းဗိုုက်နာတတ်ပါသည်။

စိတ်ဆိုးဒေါသဖြစ်လာချိန်တွင် အသည်းတွင် သကြားဓာတ်များကို ပိုမို များပြားစွာ ထုတ်လုပ်ရခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှ အင်အားများကို အလဟသ ဖြုန်းတီးပစ်နေရပါသည်။

ဦးနှောက်အောက် အကျိတ်သည် စိတ်လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလွန်အရေးကြီးပါသည်။ ဦးနှောက်အောက် အကျိတ်သည် ခန္ဓာကိုယ်တစ်ကိုယ်လုံး၏ လုပ်ငန်းသဘာဝများကို ထိန်းချုပ်ကွပ်ကဲရာ ဌာနကြီးသဖွယ် ဖြစ်ပါသည်။

စိတ်ကြောင့်ဖြစ်သော ရောဂါများ မဖြစ်စေရန် ဆောင်ရွက်ခြင်း –
မိမိကိုးကွယ်သော ဘာသာတရားကို ကိုင်းရှိုင်းခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ မိမိနှင့် သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ တတ်ကျွမ်းနားလည်သော စိတ်ရောဂါအထူးကု ဆရာဝန်များနှင့် ပြသ၍ အကြံဉာဏ်ရယူခြင်း၊ မိမိယုံကြည်စိတ်ချသူများအား မိမိအခက်အခဲကို ဆွေးနွေးတိုင်ပင်ခြင်း တို့ကို ပြုလုပ်ပေးရပါမည်။

အကြံပြုချက် –
စိတ်ကျန်းမာခြင်းနှင့် ပြည့်စုံစေရန် စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်နောက်ကျိခြင်း၊ စိတ်ဖောက်ပြန်ခြင်းမှ အစ သိသိသာသာ ရူးသွပ်ခြင်းများစသည့် စိတ်ဝေဒနာအမျိုးမျိုးမှ ကင်းဝေးအောင် ဆောင်ရွက်ရပါမည်။ လူတစ်ဦးတွင် ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခ စသည်တို့ဖြင့် ပြည့်စုံနေမှသာ ကျန်းမာခြင်း၏ အဓိပ္ပာယ်ပြည့်စုံပါမည်။ ထို့ကြောင့် စိတ်ကြောင့်ဖြစ်သော ရောဂါများ မဖြစ်စေရန် ကာကွယ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

Author: ဒေါက်တာ မြင့်သန်းထွန်း (ပြည့်သူ့ကျန်းမာရေး),Healthcare Journal, vol 8,no 16

Previous Post

ယိစ်ပိုး ဝင်ရောက်ခံရခြင်း

Next Post

သဘာဝနည်းဖြင့် သန်ချကြစို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
594
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
353

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
643

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာဝနည်းဖြင့် သန်ချကြစို့

နို့ကြောင်းပိတ်ခြင်း

အရက်နှင့် အမြည်းခံရသော အသည်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.