fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ဓာတ်ကျခြင်းနဲ့ အစားအသောက်

36
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/09/2017
in ကျန်းမာသောစိတ်
1 min read
A A

စိတ်ဓာတ်ကျခြင်းဆိုတာ မိမိတို့ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို သဘာဝအလျောက်တုန့်ပြန်ခြင်းတစ်မျိုးပါ။ ဥပမာ-ဆွေမျိုးရင်းချာတစ်ယောက်ဆုံးလို့ ပူဆွေးခြင်း ၊ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် သောကရောက်ခြင်း စတာတွေပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စိတ်ဓာတ်ကျတဲ့အခါ တိကျပြောပလောက်တဲ့ အကြောင်းအရင်းတစ်ခမဟုတ် တစ်ခု ရှိတတ်ပြီး စိတ်ဓာတ်ကျတဲ့အချိန်ဟာလည်း အများအားဖြင့် တိုတောင်းတတ်ပါတယ် စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျခြင်းတွင်မူ အကြောင်းအရင်းမရှိဘဲ ဖြစ်တတ်ကာ
အချိန်လည်း ပိုကြာနိုင်ပါတယ် ။

နေ့စဉ်နဲ့အမျှ လူမှုပတ်ဝန်းကျင်ထဲမှာ ရုန်းကန်နေရတဲ့ ဇီဝကတို့ လူသားတွေအဖို့ တစ်ချိန်မဟုတ် တစ်ချိန် စိတ်ဓာတ်ကျခြင်း ဝေဒနာခံစားဖူးကြမှာပါ။ အဲ့လို စိတ်ဓာတ်ကျလာရင် အစားအသောက်နဲ့ ပတ်သက်လို့ ဘာတွေဆောင်သင့်၊ ရှောင်သင့်တယ်ဆိုတာ ဒီဆောင်းပါးမှာ ပြောချင်ပါတယ် ။

စိတ်ဓာတ်ကျနေချိန်မှာ ခံတွင်းမလိုက် စားချင်စိတ်မရှိသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝစေဖို့ ဂရုစိုက်ပြီးစားသုံးဖို့ လိုပါတယ်။ ဗီတာမင်အေ ပါတဲ့ အစားအသောက်တွေ စားပေးပါ။ တိရိစ္ဆာန် အသည်းများ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ တရုတ်နံနံ၊ သရက်သီး၊ ဟင်းနုနွယ်၊ငရုတ်သီး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ စတာတွေပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ဗီတာမင် စီပါဝင်သော ရှောက်သံပရာ မျိုးနွယ်ဝင်အသီးများ ၊ အစိမ်းရောင်ရှိသော အသီးအရွက်များ ၊ ပန်းငရုတ် ၊ဂေါ်ဖီစိမ်း ၊ တရုတ်နံနံ ၊မာလကာသီး စတာတွေကို လည်း စားသုံးပါ ။ဗီတာမင် အီးပါသော နေကြာစေ့၊ နေကြာဆီ၊ မြေပဲဆီ ၊ သံလွင်ဆီ ၊ ဗာဒံစေ့ စတာတွေ စားသုံးခြင်းဟာလည်း စိတ်ဓာတ်ကျရောဂါကို သက်သာစေပါတယ် ။

ဗီတာမင် ဒီပါသော ငါးကြီးဆီ၊ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး များ ၊ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းများ တွေကိုလည်းများများ စားပါ ။

စိတ်ဓာတ်ကျသူအချို့ဟာ အချိုဓာတ်များတဲ့ အစားအစာတွေ ဥပမာ-ချောကလက် ၊အာလူးကြော် စတာတွေ တစွတ်စွတ် စားတတ်ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ဆိုရင် ဆီရိုတိုနင်လို့ ခေါ်တဲ့ Serotonin ပမာဏ နည်းသွားလို့ပါ ။ ဒါကြောင့် Serotonin ဓာတ်ပြန်များအောင် အာလူး၊ ပန်းဂေါ်ဖီ၊ ငှက်ပျောသီး၊ စွန်ပလွန်သီး နဲ့ သစ်ကြားသီး စတာတွေ စားသုံးပေးပါ။ ဒါ့အပြင် Serotonin ထုတ်ဖို့ လိုအပ်တဲ့ ဗီတာမင် ဘီ စစ် B6 ပါတဲ့ အသား၊ ကလီစာ၊ အစေ့နဲ့ အခွံမာအသီး၊ ဟင်းသီးဟင်းရွက်များကိုလည်း စားသုံးပေးဖို့လိုပါတယ် ။

ပရိုတင်းဓာတ်များများ စားပါ။ အသားနဲ့ ကလီစာများ စားပါ။ ဆီလီနီယမ်ပါ Selenium ပါသော ပင်လယ်စာ၊ ကလီစာများ၊ ဥအမျိုးမျိုး၊ အနှံများ၊ အခွံမာသီးများ စားသုံးဖို့လည်း လိုပါတယ် ။

စိတ်ဓာတ်ကျနေသူများအနေနဲ့ အရက်သေစာများကို မသောက်သုံးသင့်ပါ။ အသည်းကို ထိခိုက်စေတဲ့အပြင် အာရုံကြောအဖွဲ့အစည်းကိုလည်း ထိခိုက်စေပါတယ်။ ကဖင်းဓာတ်ဟာလည်း စိတ်ဓာတ်ကျဝေဒနာတွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ကဖင်းပါတဲ့ ကော်ဖီ ၊လက်ဖက်ရည် ၊ကိုလာတွေကို မသောက်သုံးသင့်ပါ ။

အစားကို ပုံမှန် အချိန်မှန်စားပါ။ သွေးတွင်း အချိုဓာတ်နည်းခြင်းဟာလည်း စိတ်ဓာတ်ကျဆင်းမှုကို ပိုဖြစ်စေဖို့ တွန်းအားပေးပါတယ်။ ကစီဓာတ်များတဲ့ အဆီအဆိမ့်စာတွေကိုတော့ ရှောင်သင့်ပါတယ် ။

Author:  ခေတ်သစ် ဇီဝက

Previous Post

ရေယုန် မကြာခဏပေါက်တဲ့ အကြောင်းရင်း

Next Post

ရောဂါနှင့်ဆေးမကိုက်ညီပါက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့ သွေးလေးဖက်နာ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
588
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
353

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
642

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရောဂါနှင့်ဆေးမကိုက်ညီပါက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့ သွေးလေးဖက်နာ 

သားဆက်ခြား ပဋိသန္ဓေတား နည်းလမ်း

ကလေးငယ်များကျန်းမာရေးနှင့်အိပ်စက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.