fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ဝေဒနာဖြစ်ပွားခြင်း

291
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/08/2017
in ကျန်းမာသောစိတ်
1 min read
A A

(Zawgyi)

ယေန႔ (၂၁) ရာစုမွာ အလုပ္ခြင္က အစ၊ စီးပြားေရးနယ္ပယ္၊ ပညာေရးနယ္ပယ္၊ လူမႈေရးနယ္ပယ္မွာ အၿပိဳင္အဆိုင္ ျဖစ္လာသည္။ စိတ္ဖိစီးမႈ ကိုယ္စီရွိၾကသည္။ စားဝတ္ေနေရးအတြက္ ရတက္မေအး ရသကဲ့သို႔ ဆယ္တန္းေက်ာင္းသား စိတ္ေလၿပီး ထင္ရာလိုက္လုပ္ေနသကဲ့သို႔ “စိတ္ေသာက” မ်ားရေနၾကသည္။ အၾကမ္းအားျဖင့္ စိတ္ေရာဂါျဖစ္ပြားရျခင္း အဓိက အေၾကာင္းရင္း သုံးရပ္ရွိသည္။ မ်ိဳး႐ိုးဗီဇ၊ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန၊ စိတ္ပိုင္းဆိုင္ရာ အေျခအေန တို႔ျဖစ္သည္။ ယင္းသုံးခ်က္မွ တစ္ခုေၾကာင့္ (သို႔) သုံးခုေၾကာင့္ စိတ္ေဝဒနာ ျဖစ္ေပၚေစႏိုင္သည္။

အခ်ိဳ႕ေသာ စိတ္ေရာဂါမ်ား သည္ မ်ိဳး႐ိုးလိုက္တတ္သည္။ စိတ္ေရာဂါရွိသူအားလုံး၏ ေျခာက္ပုံတစ္ပုံသည္ မ်ိဳး႐ိုးလိုက္သျဖင့္ ျဖစ္ပြားေလသည္။ မ်ိဳး႐ိုးဗီဇအားျဖင့္ စိတ္ဓာတ္ေပ်ာ့ညံ့သူတို႔တြင္ ပတ္ဝန္းက်င္၏ လႈံ႕ေဆာ္႐ိုက္ခတ္မႈဒဏ္ မခံႏိုင္၍ စိတ္ေရာဂါျဖစ္ေပၚေလ့ရွိသည္။

စိတ္ႏွင့္႐ုပ္သည္ အညမညသေဘာတရားအရ ဆက္စပ္ေနၾကသည္။ စိတ္ထိခိုက္လွ်င္ ႐ုပ္တြင္လည္း ထိခိုက္ရေၾကာင္း၊ စိတ္ေၾကာင့္ျဖစ္ေသာ ခႏၶာကိုယ္ေရာဂါေဝဒနာမ်ားအျဖစ္ ျဖစ္တတ္ပါသည္။ ႐ုပ္ပိုင္းဆိုင္ရာေရာဂါ အေျခအေန၊ ေဖာက္ျပန္မႈအမ်ိဳးမ်ိဳးတို႔ေၾကာင့္ စိတ္ေဝဒနာအမ်ိဳးမ်ိဳး ျဖစ္လာႏိုင္သည္။
(၁) ငွက္ဖ်ားေရာဂါ၊ တိုက္ဖြိဳက္အူေရာင္ငန္းဖ်ားေရာဂါ၊ အဆုတ္အေအးမိျခင္း၊ အဆုတ္နာေရာဂါ၊ ဦးေႏွာက္အေျမႇးေရာင္ျခင္း၊ အဆုတ္တီဘီေရာဂါ၊ ဦးေႏွာက္ေရာင္ျခင္းစသည့္ ျပင္းထန္ေသာ ဖ်ားနာျခင္းမ်ိဳး ျဖစ္သည္။
(၂) ဦးေႏွာက္ကင္ဆာ၊ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာေရာဂါ၊ အသည္းေရာင္ေရာဂါ၊ ျပင္းထန္ေသာ ေက်ာက္ကပ္ေရာဂါမ်ားေၾကာင့္ စိတ္ေရာဂါ ရႏိုင္သည္။
(၃) ကာလသားေရာဂါ “ဆစ္ဖလစ္” တတိယအဆင့္တြင္ ဦးေႏွာက္အတြင္းသို႔ ဆစ္ဖလစ္ပိုးဝင္ေရာက္ျခင္း ျဖစ္သည္။
(၄) တစ္နည္းနည္းျဖင့္ ဦးေခါင္းကို ထိခိုက္ဒဏ္ရာရျခင္းေၾကာင့္ စိတ္ေရာဂါ ရႏိုင္ပါသည္။
(၅) ကေလးမ်ား မၾကာခဏ အျပင္းဖ်ား၍ တက္ျခင္းေၾကာင့္ ဦးေႏွာက္ကို ထိခိုက္ႏိုင္ပါသည္။
(၆) အဆိပ္အေတာက္၊ ခဲ (Lead) ႏွင့္ ျပဒါး (Mercury) စေသာ သတၱဳမ်ားေၾကာင့္ အဆိပ္သင့္၍ စိတ္ထိခိုက္ႏိုင္သည္။
(၇) အရက္စြဲသူမ်ား ၾကာျမင့္ေသာအခါ ဦးေႏွာက္ဆဲလ္မ်ား ပ်က္စီးျခင္း၊ မူးယစ္ေဆးဝါး ေဆးစြဲျခင္း တို႔ျဖစ္သည္။ စိတ္ထိခိုက္ခံစားရေသာ အေၾကာင္းအရာမ်ားေၾကာင့္လည္း စိတ္ေရာဂါေဝဒနာမ်ား ျဖစ္လာႏိုင္ပါသည္။

စိတ္ပူပင္ေသာက ဗ်ာပါဒမ်ားျခင္း၊ စိတ္ညစ္ျခင္း၊ စိုးရိမ္ေၾကာင့္က်စိတ္ လြန္ကဲျခင္း၊ စိတ္ဓာတ္ရင့္က်က္ ခိုင္မာမႈမရွိျခင္း၊ ေလာကဓံရွစ္ပါးကို ရဲဝံ့စြာ ရင္မဆိုင္ႏိုင္ျခင္း၊ ျပင္းထန္စြာ စိတ္ထိခိုက္ျခင္း၊ စိတ္ေခ်ာက္ခ်ားျခင္း၊ ေၾကာက္႐ြံ႕ထိတ္လန႔္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ မၾကာခဏ ျပင္းထန္စြာ စိတ္လႈပ္ရွားျခင္း၊ စိတ္ပင္ပန္းႏြမ္းနယ္လြန္းျခင္း၊ ကိုယ္ေရကိုယ္ေသြး ညံ့ဖ်င္းျခင္း၊ မိမိကိုယ္မိမိ မယုံၾကည္ျခင္းစသည္ စိတ္ထိခိုက္မႈ အေျခအေနအရပ္ရပ္၏ လႈံ႕ေဆာ္႐ိုက္ခတ္မႈဒဏ္မ်ားေၾကာင့္ စိတ္ေရာဂါအမ်ိဳးမ်ိဳး ျဖစ္သည္။

စိတ္ေဝဒနာလကၡဏာမ်ားမွာ လြန္စြာမ်ားျပားသည္။ စိတ္ေဝဒနာ အမ်ိဳးမ်ိဳး ရွိသည့္အနက္ အဓိကမွာ စိတ္တုန္လႈပ္ေျခာက္ျခားသည့္ေရာဂါ (Neurosis) ႏွင့္ ျပင္းထန္သည့္ စိတ္႐ူးသြပ္ေဖာက္ျပန္ျခင္း (Psychosis) မ်ား စသည္တို႔ျဖစ္သည္။ ယင္းကဲ့သို႔ စိတ္ေရာဂါေဝဒနာ စြဲကပ္ေနသူ တစ္ဦးတစ္ေယာက္ အေနျဖင့္ မိမိတြင္စိတ္ေရာဂါ စြဲကပ္ေနသည္ဟု မ်ားေသာအားျဖင့္ မသိၾကေပ။ အျခားသူကသာ ယင္း၏ေနထိုင္ေျပာဆိုပုံကို ၾကည့္၍ ခြဲျခားႏိုင္သည္။ အဓိကျဖစ္ပြားေလ့ရွိေသာ ေရာဂါက အိပ္မေပ်ာ္ျခင္းမွ စတင္ပါသည္။စိတ္ေဝဒနာခံစားေနရသူမ်ားသည္ သတိ၊ မွတ္ဉာဏ္၊ အာ႐ုံစူးစိုက္မႈ၊ စဥ္းစားဉာဏ္ ကိုယ္ရည္ကိုယ္ေသြး စသည္တို႔ ေလ်ာ့နည္းလာသည္။ ကိုယ္၊ ႏႈတ္အမူအရာ၊ အေနအထိုင္ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတတ္သည္။ အခ်ိဳ႕ ဂနာမၿငိမ္ အၿမဲလႈပ္ရွားေနတတ္ၿပီး၊ အခ်ိဳ႕ စကားမေျပာ၊ မလႈပ္မရွား ျဖစ္ေနတတ္သည္။

အခ်ိဳ႕မွာ အမွန္တကယ္ မဟုတ္ပဲ တစ္စုံတစ္ရာက မိမိကို အၿမဲလႊမ္းမိုးခ်ဳပ္ခ်ယ္ေနသည္ဟု ထင္ေနတတ္သည္။ အယူအဆ အေတြးအေခၚတြင္လည္း မွားယြင္းေႏွးေကြးလာၿပီး စကားေျပာဆိုရာတြင္ မူမမွန္ျခင္း၊ အလုပ္တစ္ခုကို ထပ္ခါတလဲလဲ ျပဳလုပ္ျခင္းတို႔ျဖစ္တတ္သည္။ မရွိသည့္အရာကို အရွိထင္၊ မဟုတ္သည္ကို အဟုတ္ထင္ကာ သူတစ္ပါးက ရွင္းလင္းျပသ၍လည္း နားမဝင္တတ္ပါဘူး။ ငိုလိုက္ရယ္လိုက္ျဖစ္ျခင္း၊ အၿမဲတမ္း ေတြးေတာေနျခင္း၊ စိတ္ႏွလုံးမၾကည္လင္ျခင္း၊ စိတ္ညစ္ျခင္း၊ စိတ္လႈပ္ရွားမႈ ျပင္းထန္၍ ေဒါသႀကီးျခင္း၊ ခက္ထန္ျခင္းစသည့္ စိတ္လႈပ္ရွားမႈႏွင့္ ဆိုင္ေသာအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္တတ္သည္။

စိတ္ေရာဂါ ေဝဒနာမ်ားမွ ကင္းေဝးေစရန္ – အနာသိလွ်င္ ေဆးရွိပါသည္။ စိတ္ေရာဂါ မျဖစ္ရန္ ကာကြယ္ေဆးထိုး၍ မရပါ။ မိမိႏွင့္ ပတ္သက္ေသာ စိတ္ႏွင့္႐ုပ္ေဖာက္ျပန္မႈမ်ားေၾကာင့္ မိမိတြင္ စိတ္ေဝဒနာမ်ား ေပၚေပါက္လာကာ “ဥစၥာရင္လို၊ ဥစၥာရင္ခဲ” လူတိုင္းစိတ္ေဝဒနာ ေရာဂါမ်ား ျဖစ္ေစႏိုင္သည့္ အေၾကာင္းရင္းမ်ား ေလ့လာ၍ တားဆီးျခင္း၊ ေရွာင္ၾကဥ္ျခင္း စသည္တို႔ျဖင့္ ကာကြယ္ႏိုင္ၾကပါသည္။

မိမိတြင္ စိတ္ေရာဂါ ျဖစ္ႏိုင္သည့္ မ်ိဳး႐ိုးရွိလွ်င္ အိမ္ေထာင္ျပဳပါက စိတ္ေရာဂါ မ်ိဳး႐ိုးမရွိသူကို ေ႐ြးခ်ယ္သင့္သည္။ စိတ္ေရာဂါမ်ိဳး႐ိုးရွိသူနဲ႔ အိမ္ေထာင္ျပဳပါက သားသမီးမ်ား စိတ္ေရာဂါရႏိုင္သည္။ ခႏၶာကိုယ္ေရာဂါ အမ်ိဳးအမ်ိဳးေၾကာင့္ စိတ္ေဝဒနာ မျဖစ္ေစရန္တတ္ႏိုင္သမွ် ဆင္ျခင္ကာကြယ္ရမည္။ ယင္းေရာဂါမ်ား ျဖစ္မည္ဟု သံသယရွိပါက ေဆာလ်င္စြာ မွန္ကန္ထိေရာက္ေသာ ေဆးကုသမႈ ခံယူထားရမည္။ ကာလသားေရာဂါေၾကာင့္ စိတ္ေရာဂါ မျဖစ္ေစရန္ လိင္လြတ္လပ္စြာဆက္ဆံမႈကို မေနႏိုင္ပါက အစြပ္ (Condon) သုံးၿပီးး ဆက္ဆံသင့္သည္။

ေသြးတိုးေရာဂါေၾကာင့္ ေလျဖတ္ျခင္းျဖစ္ႏိုင္သျဖင့္ သကဲ့သို႔ ေသြးမတိုးေစရန္ အစားအေသာက္ ဆင္ျခင္သင့္သည္။ ကေလးမ်ား အျပင္းဖ်ားလွ်င္ မတက္ေစရန္ အဖ်ားကို ထိထိေရာက္ေရာက္ ကုသရမယ္။ အပူခ်ိန္ အလြန္ျမင့္တက္လွ်င္ ဦးေခါင္းကို ေရခဲတင္ေပးျခင္း၊ ေရစိုေသာ အဝတ္အုပ္ေပးျခင္း စသည္တို႔ ျပဳလုပ္ဖို႔ လိုအပ္ေပသည္။

မည္သည့္အေၾကာင္းေၾကာင့္မွ ဦးေခါင္းကို မထိခိုက္ေစရန္ ဆိုင္ကယ္စီးလွ်င္ ဆိုင္ကယ္ဦးထုပ္ေဆာင္း၍ စီးသင့္သည္။ လူကိုဖ်က္အရက္ ဆိုသလို အရက္စြဲျခင္း၊ မူးယစ္ေဆးစြဲျခင္းေၾကာင့္ စိတ္ေရာဂါမျဖစ္ေစရန္ အရက္၊ မူးယစ္ေဆးဝါး၊ စိတ္ႂကြေဆးမ်ား ေဆာင္ရမည္။ စနစ္တက်ျဖတ္ရမည္။ မူးယစ္ထုံထိုင္း ေဘးအႏၲရာယ္ျဖစ္ေစေသာ ေဆးမ်ား၊ အိပ္ေဆးမ်ား အသုံးလြန္ျခင္း မျဖစ္သင့္ပါ။

စိတ္ႏွလုံး ေအးခ်မ္းၿပီး ပူပန္ေသာကကင္းေဝးေသာသူမ်ား စြဲေစေသာေဆးမ်ားကို မွီဝဲသုံးေဆာင္ျခင္းမွ လုံးဝေရွာင္ၾကဥ္သင့္သည္။ စိုးရိမ္စိတ္လြန္ကဲသူ၊ အစြဲအလမ္းႀကီးသူ၊ ေဒါသထြက္လြယ္သူ၊ စိတ္အေျပာင္းအလဲ ျမန္သူ၊ စိတ္ဓာတ္မရင့္က်က္သူေတြမွာ စိတ္ေရာဂါေဝဒနာ ျဖစ္တတ္သည္။

မိမိေမွ်ာ့္လင့္ခ်က္အတိုင္း ျဖစ္ေျမာက္ေအာင္ျမင္လာေစရန္ ေနရာတိုင္း ေ႐ြးခ်ယ္မႈတိုင္းမွာ အေကာင္းဆုံး ႀကိဳးစားလုပ္ကိုင္သင့္သည္။ ျဖစ္ေပၚရရွိေသာ အေျခအေန အေၾကာင္းအခ်က္မ်ားကို ျဖစ္သမွ် အေၾကာင္း အေကာင္းခ်ည္းဟု မွတ္ယူကာ ေရာင့္ရဲတင္းတိမ္ေသာစိတ္ ရွိရမယ္။ ေလ့က်င့္ေပးႏိုင္ရမည္။ စိတ္ေရာဂါ တစ္ခုခုခံစားေနရသည္ဟု သံသယျဖစ္လွ်င္ လူတစ္ဦးတစ္ေယာက္တြင္ စိတ္ေရာဂါ ေဝဒနာမ်ား ခံစားေနရလွ်င္ မိသားစုဆရာဝန္၊ စိတ္ေရာဂါကုဆရာဝန္ စိတ္ကုေဆးခန္းမွာ ျပရမည္။

စိတ္ေရာကိုယ္ပါ အနားရေစမည့္ အနားယူမႈမ်ိဳးလိုအပ္သည္။ အလုပ္လုပ္တဲ့အခ်ိန္၊ အစာစားခ်ိန္၊ အိပ္ခ်ိန္၊ ေတြးေတာစဥ္းစားခ်ိန္ အကန႔္လိုက္ ပိုင္းျခားထားသင့္သည္။ အမ်ားနည္းတူ ဆင္ျခင္ေနထိုင္ႏိုင္ရန္ စိတ္ေရာဂါ ေဝဒနာမ်ားမွ ကင္းေဝးႏိုင္မည္ျဖစ္သည္။

Author: Dr.လြင္သန႔္, Healthcare Journal ,vol 8,no 25 (7.7.17)

(Unicode)

ယနေ့ (၂၁) ရာစုမှာ အလုပ်ခွင်က အစ၊ စီးပွားရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်မှာ အပြိုင်အဆိုင် ဖြစ်လာသည်။ စိတ်ဖိစီးမှု ကိုယ်စီရှိကြသည်။ စားဝတ်နေရေးအတွက် ရတက်မအေး ရသကဲ့သို့ ဆယ်တန်းကျောင်းသား စိတ်လေပြီး ထင်ရာလိုက်လုပ်နေသကဲ့သို့ “စိတ်သောက” များရနေကြသည်။ အကြမ်းအားဖြင့် စိတ်ရောဂါဖြစ်ပွားရခြင်း အဓိက အကြောင်းရင်း သုံးရပ်ရှိသည်။ မျိုးရိုးဗီဇ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တို့ဖြစ်သည်။ ယင်းသုံးချက်မှ တစ်ခုကြောင့် (သို့) သုံးခုကြောင့် စိတ်ဝေဒနာ ဖြစ်ပေါ်စေနိုင်သည်။

အချို့သော စိတ်ရောဂါများ သည် မျိုးရိုးလိုက်တတ်သည်။ စိတ်ရောဂါရှိသူအားလုံး၏ ခြောက်ပုံတစ်ပုံသည် မျိုးရိုးလိုက်သဖြင့် ဖြစ်ပွားလေသည်။ မျိုးရိုးဗီဇအားဖြင့် စိတ်ဓာတ်ပျော့ညံ့သူတို့တွင် ပတ်ဝန်းကျင်၏ လှုံ့ဆော်ရိုက်ခတ်မှုဒဏ် မခံနိုင်၍ စိတ်ရောဂါဖြစ်ပေါ်လေ့ရှိသည်။

စိတ်နှင့်ရုပ်သည် အညမညသဘောတရားအရ ဆက်စပ်နေကြသည်။ စိတ်ထိခိုက်လျှင် ရုပ်တွင်လည်း ထိခိုက်ရကြောင်း၊ စိတ်ကြောင့်ဖြစ်သော ခန္ဓာကိုယ်ရောဂါဝေဒနာများအဖြစ် ဖြစ်တတ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာရောဂါ အခြေအနေ၊ ဖောက်ပြန်မှုအမျိုးမျိုးတို့ကြောင့် စိတ်ဝေဒနာအမျိုးမျိုး ဖြစ်လာနိုင်သည်။
(၁) ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်အူရောင်ငန်းဖျားရောဂါ၊ အဆုတ်အအေးမိခြင်း၊ အဆုတ်နာရောဂါ၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အဆုတ်တီဘီရောဂါ၊ ဦးနှောက်ရောင်ခြင်းစသည့် ပြင်းထန်သော ဖျားနာခြင်းမျိုး ဖြစ်သည်။
(၂) ဦးနှောက်ကင်ဆာ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အသည်းရောင်ရောဂါ၊ ပြင်းထန်သော ကျောက်ကပ်ရောဂါများကြောင့် စိတ်ရောဂါ ရနိုင်သည်။
(၃) ကာလသားရောဂါ “ဆစ်ဖလစ်” တတိယအဆင့်တွင် ဦးနှောက်အတွင်းသို့ ဆစ်ဖလစ်ပိုးဝင်ရောက်ခြင်း ဖြစ်သည်။
(၄) တစ်နည်းနည်းဖြင့် ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်းကြောင့် စိတ်ရောဂါ ရနိုင်ပါသည်။
(၅) ကလေးများ မကြာခဏ အပြင်းဖျား၍ တက်ခြင်းကြောင့် ဦးနှောက်ကို ထိခိုက်နိုင်ပါသည်။
(၆) အဆိပ်အတောက်၊ ခဲ (Lead) နှင့် ပြဒါး (Mercury) စသော သတ္တုများကြောင့် အဆိပ်သင့်၍ စိတ်ထိခိုက်နိုင်သည်။
(၇) အရက်စွဲသူများ ကြာမြင့်သောအခါ ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း၊ မူးယစ်ဆေးဝါး ဆေးစွဲခြင်း တို့ဖြစ်သည်။ စိတ်ထိခိုက်ခံစားရသော အကြောင်းအရာများကြောင့်လည်း စိတ်ရောဂါဝေဒနာများ ဖြစ်လာနိုင်ပါသည်။

စိတ်ပူပင်သောက ဗျာပါဒများခြင်း၊ စိတ်ညစ်ခြင်း၊ စိုးရိမ်ကြောင့်ကျစိတ် လွန်ကဲခြင်း၊ စိတ်ဓာတ်ရင့်ကျက် ခိုင်မာမှုမရှိခြင်း၊ လောကဓံရှစ်ပါးကို ရဲဝံ့စွာ ရင်မဆိုင်နိုင်ခြင်း၊ ပြင်းထန်စွာ စိတ်ထိခိုက်ခြင်း၊ စိတ်ချောက်ချားခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မကြာခဏ ပြင်းထန်စွာ စိတ်လှုပ်ရှားခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်လွန်းခြင်း၊ ကိုယ်ရေကိုယ်သွေး ညံ့ဖျင်းခြင်း၊ မိမိကိုယ်မိမိ မယုံကြည်ခြင်းစသည် စိတ်ထိခိုက်မှု အခြေအနေအရပ်ရပ်၏ လှုံ့ဆော်ရိုက်ခတ်မှုဒဏ်များကြောင့် စိတ်ရောဂါအမျိုးမျိုး ဖြစ်သည်။

စိတ်ဝေဒနာလက္ခဏာများမှာ လွန်စွာများပြားသည်။ စိတ်ဝေဒနာ အမျိုးမျိုး ရှိသည့်အနက် အဓိကမှာ စိတ်တုန်လှုပ်ခြောက်ခြားသည့်ရောဂါ (Neurosis) နှင့် ပြင်းထန်သည့် စိတ်ရူးသွပ်ဖောက်ပြန်ခြင်း (Psychosis) များ စသည်တို့ဖြစ်သည်။ ယင်းကဲ့သို့ စိတ်ရောဂါဝေဒနာ စွဲကပ်နေသူ တစ်ဦးတစ်ယောက် အနေဖြင့် မိမိတွင်စိတ်ရောဂါ စွဲကပ်နေသည်ဟု များသောအားဖြင့် မသိကြပေ။ အခြားသူကသာ ယင်း၏နေထိုင်ပြောဆိုပုံကို ကြည့်၍ ခွဲခြားနိုင်သည်။ အဓိကဖြစ်ပွားလေ့ရှိသော ရောဂါက အိပ်မပျော်ခြင်းမှ စတင်ပါသည်။စိတ်ဝေဒနာခံစားနေရသူများသည် သတိ၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စဉ်းစားဉာဏ် ကိုယ်ရည်ကိုယ်သွေး စသည်တို့ လျော့နည်းလာသည်။ ကိုယ်၊ နှုတ်အမူအရာ၊ အနေအထိုင် အမျိုးမျိုး ပြောင်းလဲနေတတ်သည်။ အချို့ ဂနာမငြိမ် အမြဲလှုပ်ရှားနေတတ်ပြီး၊ အချို့ စကားမပြော၊ မလှုပ်မရှား ဖြစ်နေတတ်သည်။

အချို့မှာ အမှန်တကယ် မဟုတ်ပဲ တစ်စုံတစ်ရာက မိမိကို အမြဲလွှမ်းမိုးချုပ်ချယ်နေသည်ဟု ထင်နေတတ်သည်။ အယူအဆ အတွေးအခေါ်တွင်လည်း မှားယွင်းနှေးကွေးလာပြီး စကားပြောဆိုရာတွင် မူမမှန်ခြင်း၊ အလုပ်တစ်ခုကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်းတို့ဖြစ်တတ်သည်။ မရှိသည့်အရာကို အရှိထင်၊ မဟုတ်သည်ကို အဟုတ်ထင်ကာ သူတစ်ပါးက ရှင်းလင်းပြသ၍လည်း နားမဝင်တတ်ပါဘူး။ ငိုလိုက်ရယ်လိုက်ဖြစ်ခြင်း၊ အမြဲတမ်း တွေးတောနေခြင်း၊ စိတ်နှလုံးမကြည်လင်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်လှုပ်ရှားမှု ပြင်းထန်၍ ဒေါသကြီးခြင်း၊ ခက်ထန်ခြင်းစသည့် စိတ်လှုပ်ရှားမှုနှင့် ဆိုင်သောအကြောင်း အမျိုးမျိုးကြောင့် ဖြစ်တတ်သည်။

စိတ်ရောဂါ ဝေဒနာများမှ ကင်းဝေးစေရန် – အနာသိလျှင် ဆေးရှိပါသည်။ စိတ်ရောဂါ မဖြစ်ရန် ကာကွယ်ဆေးထိုး၍ မရပါ။ မိမိနှင့် ပတ်သက်သော စိတ်နှင့်ရုပ်ဖောက်ပြန်မှုများကြောင့် မိမိတွင် စိတ်ဝေဒနာများ ပေါ်ပေါက်လာကာ “ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ” လူတိုင်းစိတ်ဝေဒနာ ရောဂါများ ဖြစ်စေနိုင်သည့် အကြောင်းရင်းများ လေ့လာ၍ တားဆီးခြင်း၊ ရှောင်ကြဉ်ခြင်း စသည်တို့ဖြင့် ကာကွယ်နိုင်ကြပါသည်။

မိမိတွင် စိတ်ရောဂါ ဖြစ်နိုင်သည့် မျိုးရိုးရှိလျှင် အိမ်ထောင်ပြုပါက စိတ်ရောဂါ မျိုးရိုးမရှိသူကို ရွေးချယ်သင့်သည်။ စိတ်ရောဂါမျိုးရိုးရှိသူနဲ့ အိမ်ထောင်ပြုပါက သားသမီးများ စိတ်ရောဂါရနိုင်သည်။ ခန္ဓာကိုယ်ရောဂါ အမျိုးအမျိုးကြောင့် စိတ်ဝေဒနာ မဖြစ်စေရန်တတ်နိုင်သမျှ ဆင်ခြင်ကာကွယ်ရမည်။ ယင်းရောဂါများ ဖြစ်မည်ဟု သံသယရှိပါက ဆောလျင်စွာ မှန်ကန်ထိရောက်သော ဆေးကုသမှု ခံယူထားရမည်။ ကာလသားရောဂါကြောင့် စိတ်ရောဂါ မဖြစ်စေရန် လိင်လွတ်လပ်စွာဆက်ဆံမှုကို မနေနိုင်ပါက အစွပ် (Condon) သုံးပြီးး ဆက်ဆံသင့်သည်။

သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်းဖြစ်နိုင်သဖြင့် သကဲ့သို့ သွေးမတိုးစေရန် အစားအသောက် ဆင်ခြင်သင့်သည်။ ကလေးများ အပြင်းဖျားလျှင် မတက်စေရန် အဖျားကို ထိထိရောက်ရောက် ကုသရမယ်။ အပူချိန် အလွန်မြင့်တက်လျှင် ဦးခေါင်းကို ရေခဲတင်ပေးခြင်း၊ ရေစိုသော အဝတ်အုပ်ပေးခြင်း စသည်တို့ ပြုလုပ်ဖို့ လိုအပ်ပေသည်။

မည်သည့်အကြောင်းကြောင့်မှ ဦးခေါင်းကို မထိခိုက်စေရန် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ စီးသင့်သည်။ လူကိုဖျက်အရက် ဆိုသလို အရက်စွဲခြင်း၊ မူးယစ်ဆေးစွဲခြင်းကြောင့် စိတ်ရောဂါမဖြစ်စေရန် အရက်၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးများ ဆောင်ရမည်။ စနစ်တကျဖြတ်ရမည်။ မူးယစ်ထုံထိုင်း ဘေးအန္တရာယ်ဖြစ်စေသော ဆေးများ၊ အိပ်ဆေးများ အသုံးလွန်ခြင်း မဖြစ်သင့်ပါ။

စိတ်နှလုံး အေးချမ်းပြီး ပူပန်သောကကင်းဝေးသောသူများ စွဲစေသောဆေးများကို မှီဝဲသုံးဆောင်ခြင်းမှ လုံးဝရှောင်ကြဉ်သင့်သည်။ စိုးရိမ်စိတ်လွန်ကဲသူ၊ အစွဲအလမ်းကြီးသူ၊ ဒေါသထွက်လွယ်သူ၊ စိတ်အပြောင်းအလဲ မြန်သူ၊ စိတ်ဓာတ်မရင့်ကျက်သူတွေမှာ စိတ်ရောဂါဝေဒနာ ဖြစ်တတ်သည်။

မိမိမျှော့်လင့်ချက်အတိုင်း ဖြစ်မြောက်အောင်မြင်လာစေရန် နေရာတိုင်း ရွေးချယ်မှုတိုင်းမှာ အကောင်းဆုံး ကြိုးစားလုပ်ကိုင်သင့်သည်။ ဖြစ်ပေါ်ရရှိသော အခြေအနေ အကြောင်းအချက်များကို ဖြစ်သမျှ အကြောင်း အကောင်းချည်းဟု မှတ်ယူကာ ရောင့်ရဲတင်းတိမ်သောစိတ် ရှိရမယ်။ လေ့ကျင့်ပေးနိုင်ရမည်။ စိတ်ရောဂါ တစ်ခုခုခံစားနေရသည်ဟု သံသယဖြစ်လျှင် လူတစ်ဦးတစ်ယောက်တွင် စိတ်ရောဂါ ဝေဒနာများ ခံစားနေရလျှင် မိသားစုဆရာဝန်၊ စိတ်ရောဂါကုဆရာဝန် စိတ်ကုဆေးခန်းမှာ ပြရမည်။

စိတ်ရောကိုယ်ပါ အနားရစေမည့် အနားယူမှုမျိုးလိုအပ်သည်။ အလုပ်လုပ်တဲ့အချိန်၊ အစာစားချိန်၊ အိပ်ချိန်၊ တွေးတောစဉ်းစားချိန် အကန့်လိုက် ပိုင်းခြားထားသင့်သည်။ အများနည်းတူ ဆင်ခြင်နေထိုင်နိုင်ရန် စိတ်ရောဂါ ဝေဒနာများမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

Author: Dr.လွင်သန့်, Healthcare Journal ,vol 8,no 25 (7.7.17)

Previous Post

Diet ဆိုတာ ဘာလဲ။

Next Post

မိန်းမကိုယ် ပူစပ်ပူလောင်ဖြစ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
580
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
351

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
639

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိန်းမကိုယ် ပူစပ်ပူလောင်ဖြစ်ခြင်း

အစားအစာမှရတဲ့ အာဟာရနဲ့ လုံလောက်ပြီလား

ကိုယ်ဝန်ဆောင်စဉ် ဒါတွေစားပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.