fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

ဂရုဏာဒေါသနဲ့ မပြောသင့်တဲ့ စကား ၄မျိုး

103
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/09/2016
in ကျန်းမာသောစိတ်
1 min read
A A

တစ်ခါတလေ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ စိတ်ကျဝေဒနာကို ခံစားနေရတဲ့ အပေါင်းအသင်းတွေ ဆွေမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုအခါမျိုးတွေမှာ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဂရုဏာဒေါသနဲ့ ပြောလိုက်မိတဲ့ စကားလေးတွေထဲမှာ မပြောသင့်တဲ့ စကားမျိုးတွေ ပါသွားတတ်ကြပါတယ်။ စကားလုံး အသုံးအနှုန်းကြမ်းသွားတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီအခါ တစ်ဖက်က ဝေဒနာခံစားနေရသူတွေအတွက် ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေကာ သူခံစားနေရတဲ့ စိတ်ကျဝေဒနာ ပိုဆိုးအောင် စိတ်ဓာတ်ရေးရာအားဖြင့် တွန်းအားပေးသလို ဖြစ်တတ်တာမို့လို့ သတိထားပြီးပြောဆို ဆက်ဆံခြင်းအားဖြင့် တစ်ဖက်တစ်လမ်းက စိတ်ခွန်အားပေးကြစို့လားရှင်။ ဒါကြောင့်မို့လို့ စိတ်ကျဝေဒနာခံစားနေရတဲ့ သူတွေကို မပြောသင့်တဲ့ စကားရပ်တွေကို ဖော်ပြပေးလိုက်တယ်နော်။

(၁)။ စိတ်ကုန်သလို သဘောသက်ရောက်စေတဲ့ စကားမျိုးမပြောပါနဲ့
“နင့်ပုံစံလည်းကြည့်ပါဦး။ ဒီလိုပုံစံနဲ့ ဘယ်လိုလူတောတိုးမလဲ။ ဖြေလိုက်ရတဲ့စာမေးပွဲဆိုတာလဲ နင့်အပြင်မရှိဘူး။ အောင်သလားဆိုတော့လဲ ဘာတစ်ခုမှ မအောင်ဘူး။ ငါနင့်ကိုမွေးထားရတာ တော်တော်မွေးရ ကျိုးမနပ်တာပဲ” ကိုယ်ချစ်ရတဲ့၊ ရင်နဲ့ရင်းပြီး တယုတယမွေးလာရတဲ့ သားသမီးက ဘာတစ်ခုမှ ဖြစ်ထွန်းတာ မရှိရင် မိဘတွေက ဒီလိုမျိုး တဗျစ်တောက်တောက်နဲ့ အားမလိုအားမရ ပြောတတ်ကြပါတယ်။ စာမေးပွဲဖြေ တယ်ဆိုကတည်းက မအောင်ချင်တဲ့သူ ဘယ်သူမှမရှိပါဘူး။ တချို့ကတော့ ဉာဏ်မကောင်းလို့၊ တချို့ကတော့ ကံမကောင်းလို့၊ တချို့ကတော့ ကြိုးစားအားထုတ်မှု မရှိလို့ ရှုံးနိမ့်ကြတာပါ။ ဘယ်လောက်ပဲ မကြိုးစားခဲ့ပါစေ၊ အချိန်တန်အောင်စာရင်းထွက်ရင်တော့ အများနည်းတူ အောင်ချင်ကြပါတယ်။ ကိုယ်မကြိုးစားလို့ ကျရှုံးမှန်းသိ လို့ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ထပ်တလဲလဲ ဆင်ခြင်ရင်း စိတ်ဓာတ်ပြန်လည် တက်ကြွအောင်လို့ ကိုယ့်ကိုယ် ကိုအားပေးတဲ့အချိန်တွေမှာ အထက်ကလိုမျိုး အပြစ်တင်စကားပဲ ပြောဆိုတတ်တဲ့ မိဘတွေစကားကို ကြားတဲ့ အခါအရွဲ့တိုက်မယ်ဆိုတဲ့ ဆန္ဒဖြစ်ပေါ်တတ်ကြပါတယ်။ ဒါကြောင့်အထက်ကလိုမျိုး ပြစ်တင်ဆူပူမယ့်အစား “အခုကတော့ မကြိုးစားခဲ့လို့ ဒီလိုဖြစ်သွားတယ်။ သားလည်းကိုယ့်အမှားကိုယ် ပြင်လိုက်တော့နော်။ ဒါမှနောက် တစ်ခါဆို ဒီလိုမဖြစ်တော့မှာ။ ဘာပဲဖြစ်ဖြစ် မေမေ့ကိုပြော။ တတ်နိုင်သလောက်ကူပေးမယ်” ဆိုပြီး စိတ်ဓာတ်ကို ပြန်မြှင့်တင်ပေးရပါမယ်။ ဘာအကြောင်းကြောင့်ပဲ စိတ်ဓာတ်ကျကျ သူတို့ဘက်မှာ အမြဲရပ်တည် ပေးတယ်ဆိုပြီး စိတ်ဓာတ်ပြန်လည် တက်ကြွာလာပါစေ။

(၂)။ နှိုင်းယှဉ်ပြီးမဝေဖန်ပါနဲ့
“ကမ္ဘာကြီးတစ်ခုလုံးရဲ့ နေရာအနှံ့မှာ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ အငတ်ဘေးတွေ၊ ရောဂါ ဝေဒနာခံစားနေတဲ့သူတွေ အများကြီးပဲ။ အဲဒါတွေတစ်ခုမှ အခံစားရဘဲ အခုလိုအေးအေးလူလူနေနိုင်တာ နင် ဘယ်လောက်ကံကောင်းလဲ။ စိတ်ဓာတ်ကျတယ်ဆိုပြီး ဒီလိုမျိုး သုန်မှုန်မနေစမ်းပါနဲ့” ဆိုပြီး နှိုင်းယှဉ်ပြောတတ် ကြပါတယ်။ သူများပြန်အားတက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေကို ဒီလိုမျိုး ရန်ဖြစ်သလို သဘောသက်ရောက်စေတဲ့ စကားလုံးမျိုး မသုံးနှုန်းပါနဲ့။ ဒီလိုပြောမယ့်အစား “နင့်အနေနဲ့ ဒီလိုခံစားနေရတာ အကြီးမားဆုံး ပြဿနာနဲ့ ရင်ဆိုင်သလိုဖြစ် နေမှန်း ငါအသိဆုံးပါ။ စိတ်ဓာတ်မကျနဲ့ သူငယ်ချင်း” စသည်ဖြင့် နှစ်သိမ့်ရင်း ထွေးပွေ့ရပါမယ်။

(၃)။ ဟန်ဆောင်ထားတဲ့သူလို့ မစွပ်စွဲပါနဲ့
“မင်းအခုခံစားနေရတဲ့ စိတ်ကျဝေဒနာဆိုတာ တကယ်ကြီးရှိတဲ့ ရောဂါမဟုတ်ဘူး။ မရှိတဲ့ရောဂါကို အရှိလုပ်ပြီး ပြောနေတာပဲ။ တကယ်တမ်းတော့ စိတ်ကူးယဉ်ရောဂါသက်သက်ပဲ” လို့တံဆိပ်မှားကပ်ပြီး ပြောကြ တယ်။ အဲဒီလိုမျိုး သူတို့နဲ့ ပြိုင်ငြင်းနေမယ့်အစား “ငါသိတယ်။ မင်းတကယ်ကြီးခံစားနေရတယ်ဆိုတာ။ ဒါကြောင့် ဒီခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်ပြီး လူကျန်းမာစိတ်ချမ်းသာဖြစ်ဖို့ အခုချိန်ကစပြီး တူတူ ကြိုးစားကြရအောင်နော်” လို့ ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်ဆိုလိုရင်းကို ရောက်အောင်ဆွဲခေါ်ရပါမယ်။

(၄)။ အဆင်းဘီးတပ်မပေးပါနဲ့
“လာကွာ၊ ချကွာ၊ ဘာမှစဉ်းစားမနေနဲ့။ စိတ်ညစ်နေရင် တစ်ကျိုက်တည်းမော့ချလိုက်။ သောက်ပြီးတာ နဲ့လောကကြီးက အားလုံးအဆင်ပြေသွားလိမ့်မယ်” အဲဒါမျိုးရုပ်ရှင်ကားတွေမှာ တွေ့ဖူး၊ ကြားဖူးမှာပါ။ တကယ့် လက်တွေ့အပြင်မှာလည်း တချို့လူတွေက စိတ်ကျဝေဒနာ ခံစားရတဲ့သူတွေကို ဒီလိုနည်းလမ်းမျိုးနဲ့ အားပေး တတ်ကြပါတယ်။ ကိုယ်တိုင်ကိုက အရက်သမားဖြစ်နေတော့ အမြဲတမ်းအရက်သောက်ဖို့ကိုပဲ အကြောင်းရှာ ရင်း နောက်ဆုံးကိုယ့်မိတ်ဆွေ အပေါင်းအသင်းစိတ်ကျ ဝေဒနာသည်ကိုပါ အရက်သောက်ဖို့ ဆွယ်ကြတာမျိုး တွေ့ဖူးပါတယ်။ အရက်တစ်ခွက်သောက်ပြီးတာနဲ့ ကိစ္စအားလုံး အဆင်ပြေသွားမယ်ဆိုတာ ဘယ်မှာမှမရှိပါဘူး။ အရက်ကိုယ်တိုင်ကိုက စိတ်ကျဝေဒနာဖြစ်စေတဲ့အကြောင်းရင်း များထဲကတစ်ခု အပါအဝင်ဖြစ်နေလို့ပါပဲ။ ဘယ်တော့မှ သောက်ဖော်သက်ဖက် မညှိပါနဲ့။

အချုပ်ပြောပါတော့မယ်။ စိတ်ကျဝေဒနာ ခံစားရတယ်ဆိုတဲ့ အထဲမှာ ခံစားရတဲ့ အဓိကအကြောင်းအရင်း အခြေအနေပေါ်မူတည်ပြီး ရောဂါအတိမ်အနက်ကို တွေးဆကြည့်လို့ ရနိုင်ပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းအ ရင်းကို အခြေခံပြီး သူ့ရဲ့စိတ်ကိုပြန်လည် ကုစားပေးလို့လဲ ရနိုင်ပါတယ်။ တန်ဖိုးထားရတဲ့ တစ်စုံတစ်ရာ ဒါမှ မဟုတ်၊ တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့လား။ ဒါမှမဟုတ် အလုပ်မှာ အဆင်မပြေတာလား။ ဒါမှမဟုတ် ကျောင်းစာတွေ မလိုက်နိုင်လို့လား။ ပြဿနာတိုင်းမှာ ဖြေရှင်းဖို့ အဖြေဆိုတာရှိပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ စိတ်ကျဝေဒနာရှင် တစ်ဦးဦးကိုတွေ့ရင် သူကြုံတွေ့နေရတဲ့ ပြဿနာကို သေချာနားထောင်ပေး ပြီး အကြံဉာဏ်ကောင်းပေးပါ။ အကြံဉာဏ် မပေးဖြစ်ခဲ့ရင်တောင် ရှောင်ကြဉ်ပြီး သူတို့ရဲ့ စိတ်ဓာတ်ရေးရာ ပြန်လည်ထူထောင်ရာမှာ အားတစ် ရပ်ဖြစ်ပါစေလို့ ဆန္ဒပြုရင်း။

Author – ဒေါက်တာမှိုပွင့်လေး

Previous Post

ကမ္ဘာတစ်ဝန်း ကပ်ရောဂါသဖွယ် ကျရောက်နေသောခုခံအားကျဆင်းရောဂါ အကြောင်းသိကောင်းစရာ (၂)

Next Post

ကုန်ကျသက်သာပြီး ခန္ဓာကိုယ်တွင်းနုပျိုစေမည့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
580
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
352

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
639

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကုန်ကျသက်သာပြီး ခန္ဓာကိုယ်တွင်းနုပျိုစေမည့်နည်းလမ်းများ

ကမ္ဘာတစ်ဝန်း ကပ်ရောဂါသဖွယ် ကျရောက်နေသောခုခံအားကျဆင်းရောဂါ အကြောင်းသိကောင်းစရာ (၄)

ထိလွယ်ခိုက်လွယ်သောအရေပြား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.