fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

ဘဝအပေါ်ပျော်ရွှင်ကျေနပ်မှု

21
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/08/2016
in ကျန်းမာသောစိတ်
1 min read
A A

လူ့ဘဝသက်တမ်းတစ်လျှောက်၌ အပျော်ရွှင်ဆုံးအချိန်ကိုမေးလျှင် အဖြေအမျိုးမျိုးထွက်လာမည်ထင်ပါသည်။ ကလေးအရွယ်လား၊ ဆယ်ကျော်သက်အရွယ်လား၊ အိမ်ထောင်ရှင်ဘဝအရွယ်လား၊ ဘယ်အရွယ်ဖြစ်နိုင် ပါမည်နည်း။ သုတေသနတစ်ခုက ဘဝ၏ အပျော်ရွှင်ဆုံးအရွယ်မှာ အသက် ၆၅နှစ် နှင့် ၇၉နှစ် ကြားအရွယ် ဖြစ်သည်ဟု ဆိုသည်။ UK နိုင်ငံမှ အရွယ်ရောက်ပြီးသူပေါင်း ၃၀၀,၀၀၀ ကျော်အား ကွင်းဆင်းလေ့လာခဲ့ကြခြင်းဖြစ်သည်။ ဘဝ၏ အပျော်ရွှင်ဆုံးနှင့် အကျေနပ်ဆုံးအချိန်များသည် အသက် ၈၀ ကျော်လာလျှင် လျော့နည်းကျဆင်းသွားခဲ့သည်။အဆိုပါအရွယ်တွင်စိတ်ပူပင်သောကအမြင့်မားဆုံးဖြစ်သည်ဟုဆိုသည်။ ငယ်ရွယ်သူများနှင့် အငြိမ်းစားယူပြီးသူများသည် လွတ်လပ်သော အချိန်ပိုမိုရနိုင်ကြသည်။ ပိုမိုရလာသော အချိန်များကို မိမိစိတ်ပျော်ရွှင်ချမ်းသာမှုအတွက် လုပ်ဆောင်နိုင်ကြမည်ဖြစ်ပါသည်။ ၆၅ နှစ်နှင့် ၇၉နှစ်ကြားတွင်ရရှိခဲ့သောအမြင့်မားဆုံးပျော်ရွှင်မှုအခြေအနေမှာ၈၀ ကျော်လာချိန်တွင် လျော့နည်းကျဆင်းသွားသည်။ ကျန်းမာရေးညံ့ဖျင်းလာမှု၊ အထီးကျန်ဆန်မှုနှင့် အထီးကျန်ဆန်သည်ဟု ခံစားရမှုတို့ကြောင့် ပျော်ရွှင်မှု ဆိတ်သုန်းလာခြင်းဖြစ်သည်ဟု ဆိုသည်။ ပျော်ရွှင်မှုနှင့် ပတ်သတ်၍ အသက်အရွယ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အိမ်ထောင်ရေးအခြေအနေ၊ အလုပ်အကိုင်အခြေအနေ၊ နေထိုင်သည့်နိုင်ငံစသည်တို့ှနှင့်ဆက်နွယ်မှုကိုသုတေသနပညာရှင်များက လေ့လာတင်ပြခဲ့ကြသည်။
• အိမ်ထောင်ရှိသူများသည် လူပျိုအပျို၊ မုဆိုးဖိုမုဆိုးမ၊ တစ်ခုလပ်တို့ထက် ပိုမိုပျော်ရွင်မှုရှိကြသည်ဟု ဆိုသည်။ လူ ၁၀ ယောက်တွင် ပျော်ရွှင်ကျေနပ်မှုရှိသူ ၇.၆၇ ရှိသည်။
• အလုပ်အကိုင်ရှိသူများသည် အလုပ်လက်မဲ့များထက် ပျော်ရွှင်ကျေနပ်မှုပိုကြသည်။ အမြဲတမ်း အလုပ်သမားများသည် အချိန်ပိုင်းအလုပ်သမားများထက် ပျော်ရွှင်ကျေနပ်မှု၌ သာလွန်ကြသည်။
• ကိုးကွယ်ရာဘာသာ မတူညီမှုအရ လေ့လာကြည့်ရာတွင် Hindus များသည် အပျော်ရွှင်ဆုံးဖြစ်ကြပြီး Hindus များနောက်တွင် Christians နှင့် Sikhs တို့ရှိသည်ဟုဆိုသည်။
• အမျိုးသမီးများသည် အမျိုးသားများထက် ပူပင်သောကပိုကဲကြသော်လည်း၊ ဘဝအပေါ် ပျော်ရွှင် ကျေနပ်မှု၌ သာလွန်ကြသည်။
• အာရပ်လူမျိုးများသည် ပူပင်သောကအများဆုံးဖြစ်ကြပြီး၊ တရုတ်လူမျိုးများသည် ပူပင်သောက အနည်းဆုံး ဖြစ်ကြသည်။
• မြောက်အိုင်ယာလန်တွင် နေထိုင်သူများသည် ပျော်ရွှင်ကျေနပ်မှု၌ထိပ်ဆုံးတွင်ရှိနေသည်ဟုဆိုသည်။ အင်္ဂလန်တွင် နေထိုင်သူများသည်ပူပင်သောကများ၍ ပျော်ရွှင်မှုနည်းပါးကြသည်။ အရှေ့မြောက်ပိုင်း ဒေသတွင် နေထိုင်ကြသူများသည် ဘဝ၏ ကျေနပ်ပျော်ရွှင်မှု အနိမ့်ဆုံးဖြစ်ကြသည်။
•မိမိကိုယ်မိမိကျန်းမာသည်ဟု ပြောဆိုကြသူများတွင်၁၀ ယောက်၌၈.၀၁ဦးမှာ ကျေနပ် ပျော်ရွှင်သူများဖြစ်ကြသည်။ မိမိကိုယ်မိမိ မကျန်းမာဟု ပြောဆိုကြသူများတွင် ၁၀ ဦး၌ ၄.၉၁ ဦးသာ ပျော်ရွှင်မှုရှိကြသည်။
• အသက် ၉၀ ကျော်သူများသည် ဘဝ၌ ပျော်ရွှင်ကျေနပ်မှု အနိမ့်ဆုံးအဆင့်၌ ရှိနေကြသည်များ ဖြစ်သည်။
• ဘဝ၌ ပျော်ရွှင်ဆုံးအချိန်မှာ အသက် ၆၄ နှစ် မှ ၇၉ နှစ်ကြားအရွယ်ဖြစ်သည်ဟု သုတေသနပညာရှင် များက ပြောကြားခဲ့သည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

 

Previous Post

ဦးနှောက်အားကောင်းစေရန်

Next Post

သွေးလွန်တုပ်ကွေး ပညာပေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
594
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
353

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
643

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးလွန်တုပ်ကွေး ပညာပေး

ကူးစက်မဟုတ်သောရောဂါများ

ဒေါင်းကလေးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.