fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ဖိစီးမှုနှင့် ကျန်းမာရေး

130
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသောစိတ်
1 min read
A A

အလုပ်ကြောင့်ပင်ဖြစ်စေ၊ ငွေကြေးအခြေအနေကြောင့်ပင်ဖြစ်စေ၊ လူမှုရေးပြဿနာများကြောင့်ဖြစ်စေ ကျွန်တော်တို့လူသားများ၏ဘဝတွင် စိတ်ဖိစီးမှုများကို တစ်မျိုးတစ်ဖုံခံစားနေကြရပါသည်။ လစဉ်လတိုင်း ၇၅ ရာခိုင်နှုန်းသောလူသားများသည် စိတ်ဖိစီးခြင်းကို အလယ်အလတ်မှအမြင့်ဆုံးအတိုင်းအတာတစ်ခုအထိ ခံစားနေရလေ့ရှိပါသည်။ စိတ်ဖိစီးခြင်းကြောင့်အအိပ်အစားပျက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများကိုဖြစ်စေပါသည်။ ယခုလက်ရှိအချိန်တွင် ကျွန်တော်တို့လူသားများသည် စိတ်ဖိစီးခြင်းကြောင့် အခြားသောထူးခြားသည့်ပုံစံများဖြင့် ကျန်းမာရေးထိခိုက်ခြင်းများပါဖြစ်လာကြောင်း တွေ့ရှိလာရပါသည်။

National Institute of Mental Health (NIMH) မှ စိတ်ဖိစီးမှုသည် ဦးနှောက်က ဘယ်အရာကိုမဆို တုံ့ပြန်မှုပြုသောကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဆိုထားပါသည်။ စိတ်ဖိစီးမှုတိုင်းသည် အပျက်သဘောဆောင်ခြင်းမဟုတ်ပါ။ လူအတော်များများသည် ဖိအားပေးခံထားရသောအနေအထားတွင် စိတ်ဖိစီးမှုကပင် ကောင်းမွန်သောအခြေအနေတစ်ခုကိုပြန်လည်ဖန်တီးစေသောအင်အားများကို ဖြစ်စေပါသည်။ ထိုသို့ဖြစ်ပေါ်လာရခြင်းမှာ Fight or Flight နိယာမအရ လူသားတို့ထိခိုက်မှုဖြစ်စေမည့်ဘေးမှကာကွယ်ရန် ခွန်အားပေးသည့်ဟော်မုန်းများကို ဦးနှောက်မှ စိတ်ဖိစီးမှုဒဏ်ခံရချိန်တွင်ထုတ်ပေးသောကြောင့် ဖြစ်ပါသည်။ စိတ်ဖိစီးခြင်းသည် ကျွန်တော်တို့အတွက် အဓိကအရေးကြီးသော ပုဂ္ဂိုလ်ရေး၊ လူမှုရေး၊ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ အလုပ်နေရာ၊ မိသားစု၊ ကျန်းမာရေးနှင့် မိမိ၏ကိုယ်ပိုင်အရာများကို ဆုံးရှုံးရခြင်း၊ သို့မဟုတ် ဆုံးရှုံးရန် ခြိမ်းခြောက်မှုများဖြစ်ပေါ်လာသည့်အခြေအနေများတွင် အများဆုံးဖြစ်ပေါ်လေ့ရှိသည်။

အမေရိကန်နိုင်ငံရှိစစ်တမ်းတစ်ခုအရလူပေါင်း ၃ဝ၆၈ ယောက်ကိုစစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူစုစုပေါင်း၏၇၂ရာခိုင်နှုန်းသည် ငွေကြေးအခြေအနေကြောင့်စိတ်ဖိစီးမှုဖြစ်ရခြင်းဖြစ်ပြီး စိတ်ဖိစီးခြင်း၏အဓိကအကြောင်းအရင်းတစ်ခုလည်းဖြစ်ပါသည်။ ဖြေဆိုမှုတွင် ဒုတိယအများဆုံးစိတ်ဖိစီးမှုဖြစ်ရခြင်းမှာ အလုပ်ကြောင့်ဖြစ်ပြီး အခြားသော စီးပွားရေး၊ မိသားစုအရေးနှင့် ကျန်းမာရေးအခြေအနေများအကြောင်းကြောင့်လည်း ဖြစ်ပါသည်။ စိတ်ဖိစီးမှုအများဆုံးဖြစ်လေ့ရှိသူများမှာ ပုံမှန်ဝင်ငွေနည်းသောအမျိုးသမီးများနှင့် အရွယ်ရောက်စ လူငယ်များဖြစ်ပါသည်။

စိတ်ဖိစီးမှုကြောင့် ဖြစ်လေ့ရှိသောရောဂါများ
စိတ်ဖိစီးမှုသည် ရောဂါများကိုအစပျိုးစေသော အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ စိတ်ဖိစီးမှုကြောင့် အများဆုံး ဖြစ်လေ့ရှိသောလက္ခဏာများမှာ အိပ်ရေးမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်ပါသည်။ ထို့ပြင် စမ်းသပ်လေ့လာမှုအရ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးထိခိုက်မှုများပါ ဖြစ်လာကြောင်း တွေ့ရှိလာရပါသည်။

နှလုံးရောဂါ
စိတ်ဖိစီးခြင်းသည် နှလုံးနှင့်ပတ်သက်ပြီး ဆိုးကျိုးများကိုသာဖြစ်စေပါသည်။ အလုပ်ချိန်ပိုလုပ်နေရသောအချိန်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့်တွေ့ကြုံရသောအချိန်များ၊ ဖိအားများကိုခံစားနေရသောအချိန်များတွင် အရက်သောက်ခြင်း၊ သို့မဟုတ် ဆေးလိပ်သောက်ခြင်းဖြင့် အလုပ်ဖိအားများနှင့်စိတ်ဖိစီးမှုများကိုသက်သာစေသည်ဟုယူဆကာ အရက်သောက်ခြင်းနှင့်ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါဖြစ်စေမှုကို ဦးတည်နေပါသည်။ ထို့ပြင် စိတ်ဖိစီးမှုခံစားရတိုင်း အလွန်အကျွံစားသောက်ခြင်းသည် အဝလွန်ခြင်းကိုဖြစ်ပေါ်ကာ ဆက်စပ်ရောဂါအနေဖြင့် နှလုံးရောဂါကိုဖြစ်စေပါသည်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့်အလွန်အကျွံစားသောက်ခြင်းတို့သည် သွေးဖိအားကိုတက်စေပြီး နှလုံးသွေးလွှတ်ကြောနံရံများကိုထိခိုက် ကာ နှလုံးရောဂါကိုဖြစ်စေပါသည်။

စိတ်ဖိစီးခြင်းသည် အမျိုးသမီးများအတွက် နှလုံးသို့သွေးရောက်ရှိမှုကိုနှေးစေပါသည်။ လေ့လာတွေ့ရှိချက်များအရ နှလုံးသွေးကြောပိတ်ရောဂါရှိသောလူနာများတွင် အမျိုးသမီးဝေဒနာရှင်များသည် အမျိုးသားဝေဒနာရှင်များထက် စိတ်ဖိစီးမှုဒဏ်ခံရပါက သုံးဆပို၍ သွေးလည်ပတ်မှုနည်းသွားကြောင်းသိရှိရပါသည်။

စိတ်ဖိစီးခြင်းသည် နှလုံးအမောဖောက်ခြင်းဖြစ်မှုကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။ လုပ်ငန်းခွင်ကြောင့်ရရှိသည့်စိတ်ဖိစီးမှုသည် နှလုံးအမောဖောက်ခြင်းကို၂၃ရာခိုင်နှုန်းတိုး၍ဖြစ်စေ ကြောင်း လေ့လာမှုများအရတွေ့ရှိရပါသည်။ ထို့ပြင် ဒေါသအလွန် ထွက်ခြင်းနှင့် စိတ်ပူပန်မှုများသည်လည်း သာမန်ထက်နှလုံးအမော ဖောက်ခြင်းကို ကိုးဆပိုမိုဖြစ်စေနိုင်ပါသည်။ နှလုံးအမောဖောက် ပါက ဆက်လက်ပြီးတခြားရောဂါများဖြစ်စေနိုင်သောကြောင့်စိတ်ဖိစီးခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်ပါသည်။အမျိုးသမီးများသည်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုအလွယ်တကူခံစားလွယ်သောကြောင့် နှလုံးအမောဖောက်ခြင်းကိုအမျိုးသမီးများတွင်ပိုမိုတွေ့ရှိရပြီး ပြန်လည်ကောင်းမွန်ရန်လည်း နှောင့်နှေးတတ် ပါသည်။

အဝလွန်ရောဂါ
စိတ်ဖိစီးခြင်းသည် အဝလွန်ရောဂါကိုဖြစ်စေနိုင်သော အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ စိတ်ထိခိုက်နာကျင်မှုကို ပြင်း ထန်စွာခံစားရသောအချိန်တွင်ဖြစ်လေ့ရှိသော Past-traumatic Stress Disorder(PTSD)ရောဂါရှိသောအမျိုးသမီးများသည် ရောဂါမရှိသောသူများထက်ပို၍အဝလွန်ရောဂါဖြစ်စေနိုင်မှုပိုများသည်။ စိတ်ဖိစီးမှုခံစားနေရသောကာလတွင် သွေးအတွင်းဂလူးကို့စ်ပမာဏကိုမြင့်တက်စေသော ကော်တီဇုန်းဟော်မုန်းဖြစ်ပွားမှု ကိုတိုးစေပြီး စိတ်ဖိစီးမှုကြောင့်ဖြစ်လာသော ၎င်းကော်တီဇုန်း ဟော်မုန်းသည် အဝလွန်ခြင်းရောဂါကိုဖြစ်စေခြင်းဖြစ်ပါသည်။

အဝလွန်ရောဂါခံစားနေသူများအတွက်စိတ်ဖိစီးမှုသည် အခြေအနေတိုင်းကိုစီမံခန့်ခွဲဆုံးဖြတ်ရန်ခက်ခဲစေပါသည်။ ထို့ပြင် စိတ်ဖိစီးမှုကြောင့်ဖြစ်လာသောဟော်မုန်းများနှင့် သွေးအတွင်းရှိ မြင့်တက်လာသောဂလူးကို့စ်ပမာဏသည် အဝလွန်ရောဂါဝေဒနာရှင်များအတွက် မိမိကိုယ်ကိုဂရုစိုက်နိုင်မှုစွမ်းအင်(ဥပမာ- လေ့ကျင့်ခန်းလုပ်ရမည့်အစား အရက်သေစာပို၍သောက်စားမိခြင်း) ကို လျော့နည်းစေပါသည်။

အယ်ဇိုင်းမားရောဂါ
အယ်ဇိုင်းမားဖြစ်ရခြင်းအကြောင်းအရာကို အတိအကျ ဖော်ပြနိုင်ခြင်းမရှိသော်လည်း လေ့လာချက်များအရစိတ်ဖိစီးခြင်းသည်အယ်ဇိုင်းမားရောဂါကိုဖြစ်စေနိုင်ပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် ဆွီဒင်နိုင်ငံ ဂိုသမ်ဘက်တက္ကသိုလ်မှ လေ့လာစမ်းသပ်ချက် အရ ကြွက်များ၏ဦးနှောက်ထဲတွင် စိတ်ဖိစီးမှုကြောင့် ဟော်မုန်း ပမာဏများမြင့်တက်လာခြင်းသည် Beta-amyloid Plaques ပမာဏကိုမြင့်တက်လာပြီး အယ်ဇိုင်းမားရောဂါကိုဖြစ်စေပါသည်။

ထို့ပြင် စိတ်ဖိစီးမှုကြောင့် သွေးဖိအားမြင့်တက်ခြင်းနှင့် ကော်တီဇုန်းဟော်မုန်းပမာဏမြင့်တက်ခြင်းစသည့် ရောဂါလက္ခဏာ ရှိသူသည် စိတ်ဖိစီးမှုခံရသောအခါတွင် ထိုကဲ့သို့ရောဂါလက္ခဏာ မရှိသောသူထက် အယ်ဇိုင်းမားရောဂါသုံးဆပို၍ဖြစ်နိုင်ပါသည်။စိတ်ပူပန်မှုများသည်လည်းအယ်ဇိုင်းမားရောဂါကိုအစပျိုးစေသော အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါသည်။

မျိုးပွားခြင်း
စိတ်ဖိစီးမှုသည် အမျိုးသားများတွင် သန္ဓေသားဖြစ်စေ သော Sperm များကိုလျော့နည်းစေသောကြောင့်မိမိ၏ဇနီးတွင်သန္ဓေတည်နိုင်မှုကို လျော့နည်းစေပါသည်။စိတ်ဖိစီးခြင်းသည် လူ့ခန္ဓာကိုယ်ရှိဇီဝဖြစ်စဉ်တွင်ပါဝင်နေသော ကာဗိုဟိုက်ဒရိုက်၊ အဆီနှင့် ပရိုတိန်းအသားဓာတ်များပေါ်တွင် သက်ရောက်မှုဖြစ် သော ဓာတုဒြပ်ပေါင်းဟော်မုန်းများကိုထုတ်လွှတ်ပြီး ၎င်းတို့သည် အမျိုးသားတွင် Spermများနှင့် ဝှေးစေ့မှထွက်သောဟော်မုန်း ဓာတ်တို့ကို လျော့ကျစေပါသည်။ အမျိုးသမီးများတွင်လည်း စိတ်ဖိစီးမှုကြောင့် မျိုးပွားခြင်းတွင်သက်ရောက်မှုရှိပါသည်။ အမျိုးသမီး များတွင် စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော အမ်ဇိုင်းမားသည် ကိုယ်ဝန်ရနိုင်ခြင်းကို ၂၉ ရာခိုင်နှုန်းလျော့နည်းစေပါသည်။

ဘယ်လိုကာကွယ်ကြမလဲ
စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသောရောဂါများကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းမှာ မိမိကိုယ်တိုင်စိတ်ဖိစီးမှု ကိုလျှော့ချခြင်းပင်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်နိုင်ရန်မှာ စိတ်ဖိစီးမှု ၏လက္ခဏာရပ်များကို ပထမဆုံးသိထားရန်လိုအပ်ပါသည်။ လူ တစ်ဦးနှင့်တစ်ဦးစိတ်ဖိစီးမှုချင်း ကွာခြားနိုင်သော်လည်း ပုံမှန်အား ဖြင့် စိတ်ဖိစီးမှုခံရပြီဆိုလျှင် အအိပ်ပျက်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ ပုံမှန်ထက်ပို၍စားသောက်ခြင်း၊ သို့မဟုတ် အစားအသောက်လျော့ သွားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ သို့မဟုတ် ပုံမှန်ထက်သည်းမခံနိုင်ခြင်းတို့ဖြစ်လေ့ရှိပါသည်။ တချို့သောသူများ သည် စိတ်ဖိစီးမှုကို မှားယွင်းသောနည်းလမ်းများဖြစ်သည့် အရက် သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း ဖြင့် စိတ်ဖိစီးမှုကိုလျှော့ချနေကြပါသည်။

စိတ်ဖိစီးမှုကိုကိုင်တွယ်လျှော့ချရာတွင် အကောင်းဆုံး နည်းလမ်းမှာ မိမိယုံကြည်ရသောသူ၊ သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုး များအား မိမိ၏စိတ်ဖိစီးမှုများကိုပြောပြကာ ထိုသူများနှင့်အနီးဆုံး နေထိုင်ခြင်းပင်ဖြစ်ပါသည်။ အချို့သောသူများသည် မိမိ၏စိတ်ဖိ စီးမှုဒဏ်ကို ခံနိုင်ရည်လျော့နည်းလာသောအခါများတွင် စိတ်ဖိစီး မှုမှလွတ်မြောက်ရန် အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း နှင့် အဆိုးဆုံးမှာ မိမိကိုယ်ကိုသတ်သေခြင်း စသည့်ဆိုးရွားလွန်း သောအပြုအမူများကို လုပ်ဆောင်တတ်ကြပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှုပြင်းထန်စွာခံရသည်ဟု မိမိကိုယ်ကိုခံစားနေရပါက စိတ် ရောဂါကုဆရာဝန်များထံတွင်ကုသမှုခံယူကာ ပုံမှန်အခြေအနေ တစ်ခုသို့ရောက်အောင် ပြန်လည်ပြုလုပ်သင့်ပါသည်။
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည်လည်းစိတ်ဖိစီးမှုကို ကုစားနိုင်သောနည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများသည် Endorphin ဟုခေါ်သော ဦးနှောက်တွင် ကောင်းမွန်သောခံစားမှုများကိုသိရှိနိုင်သောအရာများကို တိုးပွား စေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ဓာတ်ကျခြင်း လက္ခဏာရပ်များကိုလျှော့ချပေးနိုင်ရုံသာမက နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါသည်။
အခြားသောစိတ်ဖိစီးမှုလျှော့ချနိုင်သောနည်းလမ်းများမှာ

အကောင်းမြင်ခြင်း
မည်သည့်ကိစ္စရပ်တိုင်းကိုမဆို အတတ်နိုင်ဆုံးအကောင်း ဘက်ကစတင်တွေးခေါ်ရမည်။ မကောင်းမြင်ခြင်းသည် စိတ်ဖိစီးမှု ကိုပိုမိုစေပါသည်။

စိတ်ဖိစီးမှုများကို ရုတ်တရတ်ရပ်တန့်ခြင်း
စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းများဖြစ်ပေါ်လာသောအခါ စိတ်ဖိစီးမှုကို အလွယ်တကူဖြစ်စေပါသည်။ ထို့ကြောင့် စိတ်ညစ် စိတ်ရှုပ်စရာကိစ္စများဖြစ်ပေါ်လာပါက မိမိ၏စိတ်အာရုံကို စိတ်ညစ်စေသောအကြောင်းအရာများမှဖယ်ခွာကာ ၁ မှ ၁၀ ထိ အခေါက်ခေါက်အခါခါရေတွက်ခြင်း၊ အသက်ပြင်းပြင်း ရှုသွင်း၊ ရှုထုတ်ပြုလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်းများကိုပြုလုပ်ပြီး စိတ်ဖိစီး မှုများကို ချက်ချင်းရပ်တန့်ရပါမည်။

စိတ်ချမ်းသာမှုကိုရှာဖွေခြင်း
စိတ်ဖိစီးမှုကိုမေ့ပျောက်စေနိုင်သော မိမိကြိုက်နှစ်သက်ရာကိုရွေးချယ်လုပ်ဆောင်ရမည်။ (ဥပမာ- ဝါသနာပါသောအလုပ် လုပ်တစ်ခုခုကိုလုပ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သူငယ်ချင်းများနှင့် အပြင်ထွက်ခြင်း၊ သို့မဟုတ် စားသောက်ဆိုင်သွားခြင်း)

နေ့စဉ်ပုံမှန်အနားယူခြင်း
စိတ်ဖိစီးမှုကင်းဝေးရန် အနားယူခြင်းအပြုအမူများကို ပုံမှန်ပြုလုပ်ရမည်။ (ဥပမာ- ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း)
ယနေ့ခေတ်အချိန်အခါသည် လူသားတို့အတွက် စိတ်ဖိ စီးမှုများကို အလွယ်တကူဖြစ်စေနိုင်သောတွန်းအားများ ပေါများ လာသည်နှင့်အမျှ လူတိုင်းလိုလိုပင် စိတ်ဖိစီးမှုများကို အနည်းနှင့် အများ ခံစားနေကြရပါသည်။ ၎င်းစိတ်ဖိစီးမှုများမှပင် ကျွန်တော်တို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သောအကြောင်း အရင်းတစ်ခုဖြစ်နေသောကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုများကို မိမိနှင့်ပတ်ဝန်းကျင်ရှိသူများနှင့် ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်သင့်ပါသည်။

 

Author – ဒေါက်တာထက်ဝေ

Previous Post

ကဖင်းနှင့်မှတ်ဉာဏ်အား

Next Post

အသင့်စားအစားအစာများနှင့်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
594
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
354

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
643

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသင့်စားအစားအစာများနှင့်ကျန်းမာရေး

အစာစားချိန်မမှန်ခြင်း နှင့် နောက်ဆက်တွဲ ပြဿနာများ

ဂရုပြုရမည့်အပြာရောင်အလင်းတန်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.