fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဖြူပြာနီနာ

48
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း, အမျိုးသမီး ကျန်းမာရေး
1 min read
A A

နာမည်လေးက ဆန်းပါတယ်။ ဖြူပြာနီနာ တဲ့ ။ဒါပေမဲ့ တကယ်ခံစားရတယ်ဆို မသက်သာပါဘူး။

ဆေးပညာမှာတော့ ရေးနော့ ဖြစ်စဉ် Raynaud’s phenomenon လို့ ခေါ်ပါတယ်။လူနာအများစုက လက်တွေ အေးပြီး နာလာတယ် ကိုက်လာသလိုလိုဖြစ်တယ်လို့ ပြောတတ်ကြတယ်။ ခြေနဲ့ လက်ဆို လက်မှာပိုဖြစ်တတ်တယ် ။

ဒီရောဂါက သွေးကြောတွေမှာ ဖြစ်တတ်တဲ့ ရောဂါပါ။ ရေကိုင်ပြီးတဲ့အခါ အေးတာတွေကိုင်ပြီးတဲ့အခါ လက်ချောင်းထိပ်တွေကစပြီး အရောင်ပြောင်းလာပါတယ်။
ပထမဆုံး ဖြူဖျော့သွားတာပါ။ ပြီးတာနဲ့ ပြာလိုက်လာပါတယ် ။အအေးဒဏ်ကြောင့် သွေးကြောတွေ ကျဉ်းသွားပြီး သွေးကောင်းကောင်းမလျှောက်တော့လို့ပါ။နာက်ပိုင်းလက်ကို ပြန်လှုပ်ရှားပေးတဲ့အခါ အအေးသက်သာတဲ့အခါ လက်ချောင်းထိပ်တွေက ပြန်ပြီးနီလာပြီး သွေးပြန်လျှောက်လာတာပါ။ ဒီလိုဖြစ်တဲ့ အခါ လက်ချောင်းထိပ်တွေမှာ နာကျင်တဲ့ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ဖြူပြာနီနာ လို့ ခေါ်တာပါ ။

ဖြူပြာနီနာ ရောဂါက အလိုလို ဖြစ်တာလည်း ရှိသလို တစ်ခြားသောရောဂါတွေကြောင့် ဖြစ်လာတာလည်းရှိပါတယ်။

အလိုလို ဖြစ်လာတာကို Raynaud’s disease ရေးနော့ ရောဂါလို့ ခေါ်ပါတယ်။ အများစုက အသက် သုံးဆယ်အရွယ်လောက်မှာ ဖြစ်ပြီး အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်ရင်လည်း လက်နှစ်ဖက်လုံး ပြိုင်တူဖြစ်တတ်ပါတယ်။

တစ်ခြားသောရောဂါတွေကြောင့် ထပ်ဆင့် ဖြစ်လာတာကတော့ Secondary raynaud လို့ခေါ်ပါတယ်။
အသက်လေးဆယ်ကျော်မှ ဒီလိုလက္ခဏာကိုစတင်ခံစားနေရတယ်ဆိုရင် ရောဂါအခံတစ်ခုခုကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဒီမှာတော့ လက်တစ်ဖက်ချင်းစီပဲ ဖြစ်တတ်ပါတယ်။

အဖြစ်များဆုံးရောဂါကတော့ Connective tissue disease အမျိုးအစားတွေဖြစ်တဲ့ Scleroderma, SLE ( အရေပြားလေးဘက်နာ) နဲ့ သွေးလေးဘက်နာရောဂါ, သွေးကင်ဆာ ( leukaemia), သွေးပျစ်ရောဂါတွေ (သွေးနီဥ နဲ့ သွေးဥမွှား များတဲ့ ရောဂါတွေ ), Cervical rib စတဲ့ ရောဂါတွေနဲ့ တွဲတတ်ပါတယ်။

ဒါ့အပြင် တုန်ခါတဲ့ ပစ္စည်းတွေကို ကိုင်တွယ် အသုံးပြုရတဲ့သူတွေ, ကိုယ်ဝန်တားဆေးတို့ B blocker တို့ သောက်တဲ့သူမှာ ပိုဖြစ်နိုင်ပါတယ်။

ရောဂါအခံတွေကြောင့် ဖြစ်လာတာက ရောဂါရဲ့ တစ်ခြားသော လက္ခဏာတွေကိုလည်း ခံစားရတတ်ပါတယ်။
– ပါးစပ်ထဲအနာဖြစ်နိုင်တယ်
– မျက်နှာမှာ အနီကွက်တွေ ဖြစ်နိုင်တယ်
– လက်ထိပ်တွေ ခဲပြီးနာတတ်တယ်
– အဆစ်ရောင်တတ်တယ်
– နုန်းနေတတ်တယ်
– လည်ပင်းတွေ နာတတ်ပါတယ်

ဒီလိုမျိုး ဖြူပြာနီနာ ဝေဒနာကို ခံစားရပြီဆိုရင် အလိုအလျောက်ဖြစ်လာတာလား တစ်ခြားရောဂါတွေနဲ့ ဆိုင်မလား ဆိုတာကို အကြမ်းဖျင်းခွဲခြားနိုင်ပေမယ့် အကြောင်းသေချာသိဖို့ကတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ရပါတယ်။ အလုပ်အကိုင်နဲ့ ဘာဆေးတွေ သောက်နေလဲကိုလည်း ပြန်ကြည့်ပါတယ် ။

ဖြူပြာနီနာဝေဒနာကို သက်သာဖို့အတွက် ဆေးသောက်ဆေးထိုးလုပ်လို့ ရပါတယ်။ အပြီးပျောက်တယ် မပျောက်ဘူးကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာပေါ်မူတည်ပါတယ်။ ရောဂါအခံကြောင့်ဖြစ်တာဆိုရင်တော့ ရောဂါကိုပါ တောက်လျှောက်ကုပေးဖို့ လိုပါတယ် ။

Dr. CST

Previous Post

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့အကြောင်းအရင်း

Next Post

ကင်ဆာ  ကကြီးခကွေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကင်ဆာ  ကကြီးခကွေး

ကိုယ်ဝန်ဆောင်စဉ် ဗိုက်ပြင်ခြင်း

ဘယ်အချိန်ဆို  အပျိုဖြစ်ပြီလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.