သွေး၌ သွေးနီဥအရေအတွက်သည်ရှိသင့်ရှိထိုက်သည်ထက်လျော့နည်းလျှင် သွေးအားနည်းခြင်း(Amaemia)ဟုသတ်မှတ်သည်။သို့မဟုတ် ဟေမိုဂလိုဘင်ပမာဏ(Haemoglobin) လျော့နည်းခြင်းကို ခေါ်ဆိုသည်။ ဟေမိုဂလိုဘင်မှာ သွေးနီဥများရှိ ရောင်ခြယ်ပစ္စည်းများ ဖြစ်ပြီး အောက်ဆီဂျင်သယ်ပေးသည်။
သွေးအားနည်းခြင်း၏ ဇာတ်မြစ်များ
• အာဟာရချို့တဲ့ခြင်း ဥပမာ – သံဓာတ်၊ ဗီတာမင် B12 ၊ ဖောလစ်အက်စစ် (Folic acid)၊ ပရိုတင်းချို့တဲ့ခြင်း
•ရိုးတွင်းခြင်ဆီလုပ်ငန်းပျက်ယွင်းခြင်း ဥပမာ – ဆေးဝါးများ၊ အဆိပ်များ၊ ဓာတ်ရောင်ခြည်၊ ကင်ဆာ စသည်တို့ကြောင့် ဖြစ်တတ်သည်။
• သွေးနီဥများအလွယ်တကူပျက်ဆီးခြင်း ဥပမာ – သွေးနီဥ၌ ဇီဝဓာတ်ကူပစ္စည်း ချို့တဲ့ခြင်း
• သွေးနီဥများဖျက်ဆီးခံရခြင်းဥပမာ- ဘေလုံး(Spleen)အလုပ်လွန်ကဲခြင်း • သွေးနီဥတည်ဆောက်မှုအတွက် လိုအပ်သော ဟော်မုန်းချို့တဲ့ခြင်းဥပမာ- ကျောက်ကပ်ရောဂါတချို့
• သွေးဆုံးရှူံးမှုဖြစ်ခြင်းခန္ဓာကိုယ်မှ သွေးများရုတ်တရက်ဖြစ်စေ၊နာတာရှည်ဖြစ်စေဆုံးရှုံးခြင်း သွေးဆုံးရှုံးခြင်း၏ လက္ခဏာများ
• မောပန်းနွမ်းနယ်ခြင်း
• အသက်ရှူမဝခြင်း
• ခြေချင်းဝတ် ဖောရောင်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• မြူးကပ်စ်လွှာများ အရောင်အသွေးဖျော့နေခြင်း
• နှလုံးခုန်မြန်ခြင်း
• အသက်ရှူနှုန်းမြန်ခြင်း
•လဲလျောင်းရာမှရုတ်တရက်ထသောအခါ သွေးဖိအားကျခြင်းကုသခြင်း သွေးအားနည်းခြင်းသည် ရောဂါများ၏ လက္ခဏာတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ဇာတ်မြစ်ကို ရှာဖွေ ဖော်ထုတ်ပြီး ကုသရန်လိုအပ်သည်။ အာဟာရချို့တဲ့၍ဖြစ်သော သွေးအားနည်းခြင်းကိုသာအားဆေးများထိုးခြင်း၊တိုက်ကျွေးခြင်းဖြင့်သက်သာစေနိုင်သည်။ထို့ကြောင့် သွေးအားနည်းလျှင်အားဆေးသောက်ရုံဖြင့်လုံလောက်မည်မဟုတ်ပါ။ ဖြစ်ပွားရခြင်း၏ ဇာတ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ဖယ်ရှားပစ်ရန် အရေးကြီးဆုံးဖြစ်ပါသည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)