fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ဂနိုလား ဆစ်ဖလစ်လား

ဂနိုလား ဆစ်ဖလစ်လား

လူတော်တော်များမျာက ဂနိုနဲ့ ဆစ်ဖလစ်ကို တူတူပဲလို့ ထင်နေကြပါတယ်။ အမှန်တော့ ဂနိုက ဂနို (ဆီးပူညောင်းကျရောဂါ) ဟုလည်း ခေါ်တတ်ကြတယ်။ ဆစ်ဖလစ်က ကာလသား ရောဂါပါ။ အဲဒီနှစ်ခုမှာ တူတဲ့ အချက်ဆိုလို့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တာပဲ တူတာပါ။ နောက်တစ်ချက်က ဒီရောဂါနှစ်ခုလုံးက အများသုံး အိမ်သာတွေ ကတဆင့် ကူးတာမျိုး ၊ ပွေ့ဖက်ရုံ နမ်းရုံကတဆင့် ကူးတာမျိုးတွေ မဟုတ်တဲ့ အချက်ပါပဲ။

နှစ်ခုလုံးက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေတဆင့် ကူးစက်တတ်ပါတယ်။ ဒါမှမဟုတ်ရင် လိင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ၊ အရုပ်တွေကို ဆေးကြောသန့်စင်ခြင်းမရှိဘဲ မျှဝေသုံးစွဲမိရင်လည်း ကူးတတ်ပါတယ်။ အဝတ်အစားနဲ့ အသုံးအဆောင်တွေ မျှဝေသုံးစွဲတာတွေ၊ ရေကူးကန်မှာ ရေအတူတူကူးတာတွေကနေ မကူးတတ်ပါဘူး။

ဂနိုခေါ် ဆီးပူညောင်းကျရောဂါကို ဖြစ်စေတဲ့ ပိုးက gonococcus ပိုး ဖြစ်ပြီးတော့ ဆစ်ဖလစ်ကို ဖြစ်စေတဲ့ ပိုးကတော့ Treponema Pallidum ပဲဖြစ်ပါတယ်။ ဂနိုက ရောဂါပိုးကူးစက်ခံရပြီး ၂ ပတ်လောက်မှာ စပြီး ရောဂါ လက္ခဏာပြတတ်ပေမယ့် ဆစ်ဖလစ်ကတော့ ၃ ပတ် ၄ ပတ်လောက်ကြာမှ ရောဂါလက္ခဏာ ပြတာပါ။ နှစ်ခုလုံးက တစ်ခါတစ်လေမှာ ရောဂါ လက္ခဏာ မပြတာလည်း ရှိနိုင်ပါတယ်။

ဂနိုကို ဆီးပူညောင်းကျလို့ ခေါ်တဲ့အတိုင်း ဂနိုဖြစ်တဲ့အခါမှာ ဆီးသွားရင် ပူတာ ကျဉ်တာ နာတာတွေ ဖြစ်လာတယ်။ လိင်တံ ဒါမှမဟုတ် မိန်းမကိုယ်ကနေ ပြည်လိုအရည်တွေ ထွက်လာတယ်။ လိင်အင်္ဂါတွေ ရောင်ရမ်းလာမယ်။ ဆီးသွားချင်ရင် မထိန်းနိုင်တာတွေ ဖြစ်လာမယ်။ အမျိုးသမီးတွေမှာဆို ရာသီသွေးဆင်းများတာတွေ ဖြစ်လာမယ်။ ပုံမှန်လာရမယ့်ရက်မဟုတ်ဘဲ သွေးဆင်းတာတွေ ဖြစ်နိုင်တယ်။ အာသီးရောင်တာ ဖျားတာတွေ ဖြစ်လာတတ်တယ်။ မကုဘဲထားလိုက်ရင် မျိုးပွားအင်္ဂါတွေ ရောင်ရမ်းလာတာမျိုး၊ ကလေးမရတော့တာမျိုး ဒါမှမဟုတ် သားအိမ်ပြင်ပ သန္ဓေတည်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဆစ်ဖလစ်မှာကျ ပထမဆုံး လိင်အင်္ဂါနားမှာ ဒါမှမဟုတ် ကူးစက်ခံရတဲ့ နေရာမှာ ( ပါးစပ်ကနေတဆင့် ကူးစက်ခံခဲ့ရရင် ပါးစပ်မှာ ၊ လိင်ကနေတဆင့် ကူးစက်ခံခဲ့ရရင် လိင်အင်္ဂါမှာ၊ စအိုကနေတဆင့် ကူးစက်ခံခဲ့ရရင် စအိုနားမှာ) အနာ သေးသေးလေး စဖြစ်လာတယ်။ နောက်ပိုင်းမှာ အနီစက်တွေ ထွက်လာတတ်တယ်။ အနီစက်တွေကို လက်ဖဝါးတွေ ခြေဖဝါးတွေမှာ အဓိက တွေ့ရပေမယ့် တစ်ကိုယ်လုံးမှာလည်း တွေ့ရတတ်တယ်။ ဖျားလာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ အဆစ်တွေ နာကျင်ကိုက်ခဲတာမျိုးတွေ ရှိလာနိုင်တယ်။ မကုဘဲထားရင် နောက်ပိုင်းမှာ နှလုံးရောဂါတွေ၊ အမြင်အာရုံ အကြားအာရုံ ချို့ယွင်းတာတွေထိ ဖြစ်လာနိုင်ပါတယ်။

ဒီရောဂါတွေ ရှိမရှိ သိစေဖို့ ဆစ်ဖလစ်ရောဂါမှာ သွေးစစ်တာတွေ လုပ်လို့ရသလို ဂနိုရောဂါမှာဆို ထွက်လာတတ်တဲ့ ပြည်လိုအရည်တွေကို စစ်ဆေးတာ ဆီးစစ်တာတွေ လုပ်လို့ ရပါတယ်။ ရောဂါနှစ်ခုလုံးကတော့ သေချာစမ်းသပ် ကုသဖို့ လိုပါတယ်။ ပိုးသတ်ဆေးသောက်တာတွေ ဆေးထိုးတာတွေ လုပ်လို့ရပါတယ်။

ကာကွယ်တဲ့ နည်းလမ်း အနေနဲ့တော့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်လို့ လိင်ဆက်ဆံဖော်ကို အများကြီး မထားသင့်ပါဘူး။ အိမ်သူသက်ထားမှအပ တစ်ပါးသူနဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပေးသင့်ပါတယ်။ မိမိမှာ မသင်္ကာစရာ ရောဂါ လက္ခဏာ တစ်ခုခု ရှိနေပြီဆိုရင်လည်း အရှက်အကြောက်တွေ ခဏဘေးဖယ်ပြီး တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ ဆေးကုသမှု သေချာခံယူသင့်ပါကြောင်း ………..

Author : Dr. မေ


ဆရာဝန်ကြီးများနှင့်မေးမြန်းရာမှာ အသုံးပြုနိုင်ဖို့
အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး
လက်ဆောင် ၁၅ ပွိုင့်ပါ တခါတည်း ရယူလိုက်ပါ

ဆက်စပ် ဆောင်းပါးများ