fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

နွေရာသီနှင့် ရေကျောက်ရောဂါ

(Unicode)

နွေရာသီနှင့် ရေကျောက်ရောဂါ
မကြာမီ အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲများပြီးဆုံးပြီး နွေရာသီ ရက်ရှည်ကျောင်းပိတ်တော့မည်ဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်တွင်  ကျောင်းသားများအနေနှင့် အတန်းဖော် သူငယ်ချင်းများနှင့်အတူ လေ့လာရေးခရီးများ၊ ဘုရားဖူးခရီးစဉ်များနှင့် အပန်းဖြေခရီးစဉ်များ သွားလေ့ရှိကြသည်။ အချို့သော ကျောင်းသားများ အနေနှင့် ကျောင်းပိတ်ရက်များတွင် အများနည်းတူ ခရီးမထွက်နိုင်ပဲ ကျန်းမာရေးပြဿနာ များကြောင့် အိမ်တွင် ကျန်နေခဲ့ရသည်များလည်းရှိသည်။ အဆိုပါပြဿနာများထဲမှ  နွေရာသီကျောင်းပိတ်ရက်များအတွင်း  ကျောင်းသားအရွယ် ကလေးငယ်များတွင် အဖြစ်အများဆုံး  ဖြစ်သော ပဲသီတာခေါ် ရေကျောက်ရောဂါ အကြောင်း သိသင့်သည်များ ဖော်ပြပေး လိုက်ပါသည်။

ဆောင်းအကုန်နွေအကူး နွေဦးရာသီများဖြစ်သော မတ်လနှင့် ဧပြီလများအတွင်း အများဆုံးဖြစ်ပွားလေ့ရှိပြီး ကလေးများတွင် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ မြင်တွေ့ရသော ကူးစက် ရောဂါတမျိုးဖြစ်သည်။ အင်္ဂလိပ်အမည် Chicken Pox ဟုခေါ်ဆိုပြီး မြန်မာလို ပဲသီတာ (သို့မဟုတ်) ရေကျောက်ရောဂါဟု ခေါ်ဆိုသည်။

ရေကျောက်ရောဂါသည် ဗေရီဆဲလားဇိုစတာ (Varicella Zoster) ခေါ် ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ကာ ကလေးငယ်များတွင် အများဆုံးဖြစ်ပွားနိုင်သည်။ ရောဂါ ဖြစ်ပွားသူများ၏ ၉၀% သည် အသက် ၉နှစ်မှ ၁၄ နှစ်အရွယ် ကလေးများဖြစ်သည်။ ကျန်းသော ၁၀% သည်လည်း အသက် ၁၈နှစ်အောက် လူငယ်လူရွယ်များသာဖြစ်ကာ မိန်းကလေးများထက် ယောကျာ်းလေးများတွင် ပိုမို ဖြစ်ပွားနိုင်သည်။

ကလေးငယ်များတွင် ထိုဗိုင်းရပ်စ်ပိုးကူးစက်ခံရလျှင် ခန္ဓာကိုယ်တွင် (အထူးသဖြင့် ရင်ဘက်၊ ဝမ်းဗိုက်များတွင်) အနီစက် အဖုအပိန့်များ ထွက်လာတတ်ကာ မနေနိုင် မထိုင်နိုင်အောင် ကုတ်မိနေခြင်းနှင့် အလွန်အမင်းယားယံခြင်းကြောင့် စတင်သတိထား မိနိုင်သည်။

 

ရေကျောက်ရောဂါ၏ အဆင့်များ
ရောဂါပိုးစတင်ဝင်ရောက်ပြီး တစ်ရက်အတွင်း ရုတ်တရက်ဗိုင်းရပ်စ်ပိုး ကူးစက် ဝင်ရောက်ခြင်းကြောင့်ဖြစ်သော လက္ခဏာများဖြစ်သည့်  ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ကိုယ်ပူခြင်းစသည့် လက္ခဏာများ ခံစားရနိုင်သည်။ ထို့နောက် တကိုယ်လုံးအနှံ့ အနီစက်အဖုလေးများ အုပ်စုလိုက် ထွက်လာတတ်ပြီး ၎င်းအနီစက်အဖုလေးများမှ အရည်ကြည်ဖုလေးများ ဖြစ်သွားတတ်သည်။

အချို့သော ကလေးများတွင်တော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး နာရီပိုင်းအတွင်း အရည်ကြည်ဖုလေးများဖြစ်လာတတ်သည်။ ဗိုင်းရပ်ပိုးကူးစက်ခံရပြီး ရက်သတ္တပတ် အတွင်း အရည်ကြည်ဖုလေးများ တဖြည်းဖြည်းခြောက်သွားနိုင်ပြီး (၇)ရက် ကျော်လာသည်နှင့် အကုန်လုံးခြောက်ကာ ကွာကျ သွားလိမ့်မည်။ နောက်ပိုင်းတွင် အမာရွတ်ပါမကျန် သူ့အလိုလို ပျောက်ကင်းသွားနိုင်သည်။

အခြားလက္ခဏာများ
ရေကျောက်ရောဂါဖြစ်ပွားခံစားရသော ကလေးငယ်များအနေနှင့်  ဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်သော အခြားလက္ခဏာများဖြစ်သည့်

–  ကိုယ်ပူခြင်း၊ တခါတရံ အပြင်းဖျားခြင်း

–  ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း

–  ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း

–  ကြွက်သားများ နာကျင်ခြင်း

–  တကိုယ်လုံး မလှုပ်ချင်၊ မသယ်ချင်အောင် နုံးချိနေခြင်း စသည့် လက္ခဏာ များကိုလည်း ခံစားရနိုင်သည်။

ရောဂါကူးစက်ပုံ
ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသောသူမှ ချောင်းဆိုး၊ နှာချေ လိုက်သောအခါ ထွက်လာသော အရည်၊ အမှုန်များတွင်ပါလာသည့် ပိုးများကို ရှုရှိုက်မိခြင်း ကြောင့်သော် လည်းကောင်း

ရောဂါရှိသူ၏ အနီစက်၊ ရည်ကြည်ဖုတွေမှထွက်သော အရည်ကို တိုက်ရိုက်ထိတွေ့မိခြင်းကြောင့်သော်လည်းကောင်း ကူးစက်နိုင်ပါတယ်။

ရေကျောက်ရောဂါဖြစ်ပွားခံစားရလျှင်သိရှိရန်
(၁) ရေကျောက်ခေါ် ပဲသီတာဟာ အန္တရာယ်မရှိလှသလို သိပ်ပြီး စိုးရိမ်စရာလည်း မလိုပါ။ အရည်ကြည်ဖုလေးများပျောက်ကင်းရန် မည်သည့်ဆေးမျှ လိမ်းရန်မလိုသလို သနပ်ခါးလည်း လိမ်းရန်မလိုပါ။

(၂) အရည်ကြည်ဖုလေးများသည် အချိန်တန်လျှင်ကွာကျသွားမည်ဖြစ်ပြီး အမာရွတ်ပါ မကျန် ပျောက်ကင်းသွားမည်ဖြစ်သည်။

(၃) လက်သည်းဖြင့်ကုတ်ခြင်းနှင့် သန့်ရှင်းမှုအားနည်းခြင်းကြောင့်သာ အနာအတွင်း ပိုးဝင်သွားနိုင်ပြီး အမာရွတ်သေးသေးကျန်တတ်သည်။ ထို့ကြောင့်သန့်ရှင်းစွာနေထိုင်ရန် လိုသည်။

ရေကျောက်ရောဂါရှင်လူနာအားပြုစုရန်
(၁) ရေချိုးလျှင် ရေနွေးနွေးနှင့်ချိုးပေးပါ(သို့) ရေနွေးစိမ်အဝတ်နှင့် ရေပတ်တိုက်ပေးပါ။

(၂) ဗိုက်တာမင်စီ၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင်အီးစသည့်တို့ပါဝင်သော အားဆေးများ တိုက်ကျွေးနိုင်သည်။

(၃) အုန်းရည်တိုက်ခြင်း၊ ရေများများတိုက်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော သီးနှံများ စားသုံးခြင်းဖြင့်လည်း ကိုယ်ခံအားစနစ်တက်စေရုံသာမက ရောဂါသက်သာစေနိုင်သည်။

(၄) အဖျားရှိ(ကိုယ်ပူ)ပါက Paracetamol (အရည်/အခဲ) တိုက်ကျွေးနိုင်သည်။

(၅) လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ်ကျင်းပေးနိုင်သည်။

(၆) အလွန်အမင်းယားယံ၍   နေရခတ်နေလျှင် အဝတ်သန့်သန့်ကို ရေနွေးဖြင့်တို့၍ သန့်စင်ပေးနိုင်သည်။ Calamine, Caladryl စသည့် ဆေးများလည်း လိမ်းပေးနိုင်သည်။

(၇) ယားယံမှုသိပ်ဆိုးလျှင် Antihistamine ခေါ် ယားယံခြင်းကိုသက်သာစေသည့် ဆေးများ တိုက်ကျွေးနိုင်သည်။ (Steroid ဆေးဝါးများ (သောက်ဆေး၊ လူးဆေး) အသုံး မပြုသင့်ပါ)

(၈) ရေကျောက်အဖုလေးများကို ယားယံ၍ကုတ်မိရာမှ လက်သည်းမှတဆင့် ပိုးဝင် ရောက်ကာ  ပြည်တည်ခြင်းနှင့် အမာရွတ်များဖြစ်စေနိုင်သဖြင့် ကလေးလက်သည်းကို ညှပ်ပေးထားရန်လိုသည်။ လက်သည်းညှပ်ပြီးလျှင်လည်း စူးရှမနေစေရန် တံစဉ်းဖြင့် ညှိပေးထားသင့်သည်။

(၉) ရေကျောက်ရောဂါရှင်၏ အဝတ်အစားများကိုလည်း သီးသန့်လျှော်ဖွပ်ပေးရမည်။

(၁၀) အဖျားမကျလျှင်၊ ရောဂါကူးစက်မှုပြင်းထန်လျှင်နှင့် အဖုများ၊ အနာများပိုးဝင်ပြီး ပြည်တည်နာများ ဖြစ်နေလျှင် လိုအပ်သောကုသမှုခံယူနိုင်ရန်အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍ ဆရာဝန်နှင့်စနစ်တကျ တိုင်ပင်ကုသမှုခံယူရမည်။

ရောဂါကာကွယ်လိုသူများအနေနှင့်
(၁) အသက်(၅)နှစ်အောက်ကလေးငယ်များအား အသက်(၁)နှစ်တွင်တကြိမ် (၅)နှစ် တွင်တကြိမ် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်သည်။

(၂) ရေကျောက်လုံးဝမဖြစ်ဖူးသူ အသက်(၁၈)နှစ်အောက်လူငယ်များတွင်လည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ကာကွယ်ဆေးကြိုတင် ထိုးနှံထားနိုင်သည်။

(၃) ရေကျောက်ရောဂါဖြစ်ပွားဖူးခြင်းမရှိသော မိခင်လောင်းများအနေနှင့် ကိုယ်ဝန်မဆောင်ခင် တလအလိုကတည်းက ကာကွယ်ဆေးများပြည့်စုံအောင် ထိုးထားခြင်းဖြင့် မွေးဖွားလာမည့်ကလေးအတွက် ကြိုတင်ကာကွယ်ပေးထားနိုင်သည်။

ကျောင်းပိတ်ရက်များအတွင်း ရေကျောက်ရောဂါကင်းစင်သူများ ဖြစ်ကြပါစေ….

Author : တင့်တယ်

(Zawgyi)

ေႏြရာသီႏွင့္ ေရေက်ာက္ေရာဂါ
မၾကာမီ အေျခခံပညာေက်ာင္းမ်ားတြင္ အတန္းတင္စာေမးပြဲမ်ားၿပီးဆံုးၿပီး ေႏြရာသီ ရက္ရွည္ေက်ာင္းပိတ္ေတာ့မည္ျဖစ္သည္။ ေႏြရာသီေက်ာင္းပိတ္ရက္တြင္  ေက်ာင္းသားမ်ားအေနႏွင့္ အတန္းေဖာ္ သူငယ္ခ်င္းမ်ားႏွင့္အတူ ေလ့လာေရးခရီးမ်ား၊ ဘုရားဖူးခရီးစဥ္မ်ားႏွင့္ အပန္းေျဖခရီးစဥ္မ်ား သြားေလ့ရွိၾကသည္။ အခ်ိဳ႕ေသာ ေက်ာင္းသားမ်ား အေနႏွင့္ ေက်ာင္းပိတ္ရက္မ်ားတြင္ အမ်ားနည္းတူ ခရီးမထြက္ႏိုင္ပဲ က်န္းမာေရးျပႆနာ မ်ားေၾကာင့္ အိမ္တြင္ က်န္ေနခဲ့ရသည္မ်ားလည္းရွိသည္။ အဆိုပါျပႆနာမ်ားထဲမွ  ေႏြရာသီေက်ာင္းပိတ္ရက္မ်ားအတြင္း  ေက်ာင္းသားအရြယ္ ကေလးငယ္မ်ားတြင္ အျဖစ္အမ်ားဆံုး  ျဖစ္ေသာ ပဲသီတာေခၚ ေရေက်ာက္ေရာဂါ အေၾကာင္း သိသင့္သည္မ်ား ေဖာ္ျပေပး လိုက္ပါသည္။

ေဆာင္းအကုန္ေႏြအကူး ေႏြဦးရာသီမ်ားျဖစ္ေသာ မတ္လႏွင့္ ဧၿပီလမ်ားအတြင္း အမ်ားဆံုးျဖစ္ပြားေလ့ရွိၿပီး ကေလးမ်ားတြင္ ျဖစ္ရိုးျဖစ္စဥ္က့ဲသို႔ ျမင္ေတြ႕ရေသာ ကူးစက္ ေရာဂါတမ်ိဳးျဖစ္သည္။ အဂၤလိပ္အမည္ Chicken Pox ဟုေခၚဆိုၿပီး ျမန္မာလို ပဲသီတာ (သို႔မဟုတ္) ေရေက်ာက္ေရာဂါဟု ေခၚဆိုသည္။

ေရေက်ာက္ေရာဂါသည္ ေဗရီဆဲလားဇိုစတာ (Varicella Zoster) ေခၚ ဗိုင္းရပ္စ္ ပိုးေၾကာင့္ျဖစ္ပြားရျခင္းျဖစ္ကာ ကေလးငယ္မ်ားတြင္ အမ်ားဆံုးျဖစ္ပြားႏိုင္သည္။ ေရာဂါ ျဖစ္ပြားသူမ်ား၏ ၉၀% သည္ အသက္ ၉ႏွစ္မွ ၁၄ ႏွစ္အရြယ္ ကေလးမ်ားျဖစ္သည္။ က်န္းေသာ ၁၀% သည္လည္း အသက္ ၁၈ႏွစ္ေအာက္ လူငယ္လူရြယ္မ်ားသာျဖစ္ကာ မိန္းကေလးမ်ားထက္ ေယာက်ာ္းေလးမ်ားတြင္ ပိုမို ျဖစ္ပြားႏိုင္သည္။

ကေလးငယ္မ်ားတြင္ ထိုဗိုင္းရပ္စ္ပိုးကူးစက္ခံရလွ်င္ ခႏၶာကိုယ္တြင္ (အထူးသျဖင့္ ရင္ဘက္္၊ ဝမ္းဗိုက္မ်ားတြင္) အနီစက္ အဖုအပိန္႔မ်ား ထြက္လာတတ္ကာ မေနႏိုင္ မထိုင္ႏိုင္ေအာင္ ကုတ္မိေနျခင္းႏွင့္ အလြန္အမင္းယားယံျခင္းေၾကာင့္ စတင္သတိထား မိႏိုင္သည္။

ေရေက်ာက္ေရာဂါ၏ အဆင့္မ်ား
ေရာဂါပိုးစတင္ဝင္ေရာက္ၿပီး တစ္ရက္အတြင္း ရုတ္တရက္ဗိုင္းရပ္စ္ပိုး ကူးစက္ ဝင္ေရာက္ျခင္းေၾကာင့္ျဖစ္ေသာ လကၡဏာမ်ားျဖစ္သည့္  ေခ်ာင္းဆိုးျခင္း၊ ႏွာေစးျခင္း၊ ကိုယ္ပူျခင္းစသည့္ လကၡဏာမ်ား ခံစားရႏိုင္သည္။ ထို႔ေနာက္ တကိုယ္လံုးအႏွ႔ံ အနီစက္အဖုေလးမ်ား အုပ္စုလိုက္ ထြက္လာတတ္ၿပီး ၎အနီစက္အဖုေလးမ်ားမွ အရည္ၾကည္ဖုေလးမ်ား ျဖစ္သြားတတ္သည္။

အခ်ိဳ႕ေသာ ကေလးမ်ားတြင္ေတာ့ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရၿပီး နာရီပိုင္းအတြင္း အရည္ၾကည္ဖုေလးမ်ားျဖစ္လာတတ္သည္။ ဗိုင္းရပ္ပိုးကူးစက္ခံရၿပီး ရက္သတၱပတ္ အတြင္း အရည္ၾကည္ဖုေလးမ်ား တျဖည္းျဖည္းေျခာက္သြားႏိုင္ၿပီး (၇)ရက္ ေက်ာ္လာသည္ႏွင့္ အကုန္လံုးေျခာက္ကာ ကြာက် သြားလိမ့္မည္။ ေနာက္ပိုင္းတြင္ အမာရြတ္ပါမက်န္ သူ႔အလုိလို ေပ်ာက္ကင္းသြားႏိုင္သည္။

အျခားလကၡဏာမ်ား
ေရေက်ာက္ေရာဂါျဖစ္ပြားခံစားရေသာ ကေလးငယ္မ်ားအေနႏွင့္  ဗိုင္းရပ္ပိုး ကူးစက္ခံရျခင္းေၾကာင့္ျဖစ္ေသာ အျခားလကၡဏာမ်ားျဖစ္သည့္

–  ကိုယ္ပူျခင္း၊ တခါတရံ အျပင္းဖ်ားျခင္း

–  ေခါင္းကိုက္ျခင္း၊ နားကိုက္ျခင္း

–  ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း

–  ၾကြက္သားမ်ား နာက်င္ျခင္း

–  တကိုယ္လံုး မလႈပ္ခ်င္၊ မသယ္ခ်င္ေအာင္ ႏံုးခ်ိေနျခင္း စသည့္ လကၡဏာ မ်ားကိုလည္း ခံစားရႏိုင္သည္။

ေရာဂါကူးစက္ပံု
ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရေသာသူမွ ေခ်ာင္းဆိုး၊ ႏွာေခ် လိုက္ေသာအခါ ထြက္လာေသာ အရည္၊ အမႈန္မ်ားတြင္ပါလာသည့္ ပိုးမ်ားကို ရႈရိႈက္မိျခင္း ေၾကာင့္ေသာ္ လည္းေကာင္း

ေရာဂါရွိသူ၏ အနီစက္၊ ရည္ၾကည္ဖုေတြမွထြက္ေသာ အရည္ကို တိုက္ရိုက္ထိေတြ႔မိျခင္းေၾကာင့္ေသာ္လည္းေကာင္း ကူးစက္ႏိုင္ပါတယ္။

ေရေက်ာက္ေရာဂါျဖစ္ပြားခံစားရလွ်င္သိရွိရန္
(၁) ေရေက်ာက္ေခၚ ပဲသီတာဟာ အႏၱရာယ္မရွိလွသလို သိပ္ၿပီး စိုးရိမ္စရာလည္း မလိုပါ။ အရည္ၾကည္ဖုေလးမ်ားေပ်ာက္ကင္းရန္ မည္သည့္ေဆးမွ် လိမ္းရန္မလိုသလို သနပ္ခါးလည္း လိမ္းရန္မလိုပါ။

(၂) အရည္ၾကည္ဖုေလးမ်ားသည္ အခ်ိန္တန္လွ်င္ကြာက်သြားမည္ျဖစ္ၿပီး အမာရြတ္ပါ မက်န္ ေပ်ာက္ကင္းသြားမည္ျဖစ္သည္။

(၃) လက္သည္းျဖင့္ကုတ္ျခင္းႏွင့္ သန္႔ရွင္းမႈအားနည္းျခင္းေၾကာင့္သာ အနာအတြင္း ပိုးဝင္သြားႏိုင္ၿပီး အမာရြတ္ေသးေသးက်န္တတ္သည္။ ထို႔ေၾကာင့္သန္႔ရွင္းစြာေနထိုင္ရန္ လိုသည္။

ေရေက်ာက္ေရာဂါရွင္္လူနာအားျပဳစုရန္
(၁) ေရခ်ိဳးလွ်င္ ေရေႏြးေႏြးႏွင့္ခ်ိဳးေပးပါ(သို႔) ေရေႏြးစိမ္အဝတ္ႏွင့္ ေရပတ္တိုက္ေပးပါ။

(၂) ဗိုက္တာမင္စီ၊ ဗိုက္တာမင္ေအ၊ ဗိုက္တာမင္အီးစသည့္တို႔ပါဝင္ေသာ အားေဆးမ်ား တိုက္ေကၽြးႏိုင္သည္။

(၃) အုန္းရည္တိုက္ျခင္း၊ ေရမ်ားမ်ားတိုက္ျခင္း၊ သန္႔ရွင္းလတ္ဆတ္ေသာ သီးႏွံမ်ား စားသံုးျခင္းျဖင့္လည္း ကိုယ္ခံအားစနစ္တက္ေစရံုသာမက ေရာဂါသက္သာေစႏိုင္သည္။

(၄) အဖ်ားရွိ(ကိုယ္ပူ)ပါက Paracetamol (အရည္/အခဲ) တိုက္ေကၽြးႏိုင္သည္။

(၅) လည္ေခ်ာင္းနာလွ်င္ ဆားရည္ျဖင့္ ပလုတ္က်င္းေပးႏိုင္သည္။

(၆) အလြန္အမင္းယားယံ၍   ေနရခတ္ေနလွ်င္ အဝတ္သန္႔သန္႔ကို ေရေႏြးျဖင့္တို႔၍ သန္႔စင္ေပးႏိုင္သည္။ Calamine, Caladryl စသည့္ ေဆးမ်ားလည္း လ္ိမ္းေပးႏိုင္သည္။

(၇) ယားယံမႈသိပ္ဆိုးလွ်င္ Antihistamine ေခၚ ယားယံျခင္းကိုသက္သာေစသည့္ ေဆးမ်ား တိုက္ေကၽြးႏိုင္သည္။ (Steroid ေဆးဝါးမ်ား (ေသာက္ေဆး၊ လူးေဆး) အသံုး မျပဳသင့္ပါ)

(၈) ေရေက်ာက္အဖုေလးမ်ားကို ယားယံ၍ကုတ္မိရာမွ လက္သည္းမွတဆင့္ ပိုးဝင္ ေရာက္ကာ  ျပည္တည္ျခင္းႏွင့္ အမာရြတ္မ်ားျဖစ္ေစႏိုင္သျဖင့္ ကေလးလက္သည္းကို ညႇပ္ေပးထားရန္လိုသည္။ လက္သည္းညႇပ္ၿပီးလွ်င္လည္း စူးရွမေနေစရန္ တံစဥ္းျဖင့္ ညႇိေပးထားသင့္သည္။

(၉) ေရေက်ာက္ေရာဂါရွင္၏ အဝတ္အစားမ်ားကိုလည္း သီးသန္႔ေလွ်ာ္ဖြပ္ေပးရမည္။

(၁၀) အဖ်ားမက်လွ်င္၊ ေရာဂါကူးစက္မႈျပင္းထန္လွ်င္ႏွင့္ အဖုမ်ား၊ အနာမ်ားပိုးဝင္ၿပီး ျပည္တည္နာမ်ား ျဖစ္ေနလွ်င္ လိုအပ္ေသာကုသမႈခံယူႏိုင္ရန္အတြက္ နီးစပ္ရာေဆးရံု၊ ေဆးခန္းသို႔သြား၍ ဆရာဝန္ႏွင့္စနစ္တက် တိုင္ပင္ကုသမႈခံယူရမည္။

ေရာဂါကာကြယ္လိုသူမ်ားအေနႏွင့္
(၁) အသက္(၅)ႏွစ္ေအာက္ကေလးငယ္မ်ားအား အသက္(၁)ႏွစ္တြင္တႀကိမ္ (၅)ႏွစ္ တြင္တႀကိမ္ ကာကြယ္ေဆးႏွစ္ႀကိမ္ ထိုးႏွံျခင္းျဖင့္ ကာကြယ္ႏိုင္သည္။

(၂) ေရေက်ာက္လံုးဝမျဖစ္ဖူးသူ အသက္(၁၈)ႏွစ္ေအာက္လူငယ္မ်ားတြင္လည္း ဆရာဝန္ႏွင့္တိုင္ပင္ၿပီး ကာကြယ္ေဆးႀကိဳတင္ ထိုးႏွံထားႏိုင္သည္။

(၃) ေရေက်ာက္ေရာဂါျဖစ္ပြားဖူးျခင္းမရွိေသာ မိခင္ေလာင္းမ်ားအေနႏွင့္ ကိုယ္ဝန္မေဆာင္ခင္ တလအလိုကတည္းက ကာကြယ္ေဆးမ်ားျပည့္စံုေအာင္ ထိုးထားျခင္းျဖင့္ ေမြးဖြားလာမည့္ကေလးအတြက္ ႀကိဳတင္ကာကြယ္ေပးထားႏိုင္သည္။

ေက်ာင္းပိတ္ရက္မ်ားအတြင္း ေရေက်ာက္ေရာဂါကင္းစင္သူမ်ား ျဖစ္ၾကပါေစ….

Author : တင့္တယ္

 

ဆက်စပ် ဆောင်းပါးများ