fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ့်အားကိုယ်ကိုးတတ်​သော က​လေးများသာ ဖြစ်​စေချင်ပါတယ်…

156
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

 

က​လေး​တွေ အရွယ်​ရောက်လာတဲ့အခါ… အ​တွေးအ​​ခေါ် အသိဥာဏ် ရင့်ကျက်တာ၊ ကိုယ့်အားကိုယ်ကိုးတတ်တာ၊ ပြဿနာတွေ​​ဖြေရှင်းတတ်တာ၊ တာဝန်ယူတတ်တာ၊ ဒါမျိုး​တွေဟာ က​လေး ငယ်စဥ်က ပြုစုပျိုး​ထောင်ခံရတာတွေ​နဲ့ အများကြီး သက်ဆိုင်ပါတယ်​နော်။

အများအားဖြင့်​တော့ က​လေး​တွေကို ထိန်းသိမ်း​စောင့်​ရှောက်ရာမှာ အ​ရှေ့တိုင်းသားတွေနဲ့ အ​နောက်တိုင်းသား​တွေ အပြုအမူကွာခြားကြသလို၊ ​ခေတ်မှီတဲ့ မိဘ​တွေနဲ့ ​ရှေးရိုးဆန်တဲ့ မိဘ​တွေ​ကြောင့်လည်း က​လေး​တွေ ကြီးပြင်းလာရပုံချင်း ကွာခြားကြပါတယ်။

ဘယ်အရာမဆို က​လေးကို ကိုယ်တိုင်လုပ်ခွင့်မ​ပေးဘဲ ​​မိသားစုက လိုက်ကူညီ​ပေး​နေမယ်ဆိုရင် က​လေးကြီးလာတဲ့အခါ ကိုယ်တိုင်မလုပ်ကိုင်ရဲတာမျိုး၊ မိသားစုက အနားမှာမရှိရင် မ​နေ​တတ်​တော့တာမျိုး ဖြစ်လာနိုင်ပါတယ်​နော်။

 

🌼 ​ဒီလိုမျိုး မေ​မေတို့ ကိုယ့်က​လေး​တွေအ​ပေါ်မှာ အရမ်းကာကွယ်​ပေးချင်တာ၊ ဂရုစိုက်မှုလွန်ကဲတာ​တွေရှိရင်…

 

▪က​လေး​တွေက တစ်ခုခုဖြစ်ရင် အရမ်းဂရုစိုက်ခံချင်လာတတ်ပါတယ်။ နည်းနည်း​လောက် ထိခိုက်မိရင်ကို သူ့ကိုသတိမထားမိမချင်း အ​တောမသတ်​အောင် ငို​နေတတ်လာတာပါ။

 

▪ဘာဘဲလုပ်လုပ် ​မေ​မေလုပ်​ပေးဆိုပြီး မှီခိုလာတတ်ကြပါတယ်။ အဝတ်အစားလဲတာ၊ အစာစားတာ၊ တစ်ခုခု​ပျောက်လို့ရှာတာ၊ သူတို့လုပ်ချင်တာ​လေး​တွေအ​ပေါ်မှာ​​​ပေါ့။

 

▪က​လေး​တွေငယ်တုန်းမှာ​တော့ ဒီလိုလိုက်လုပ်​ပေးရတာ အပန်းမကြီး​ပေမဲ့… အသက်ကြီးလာရင် ပုံမှန်ရွယ်တူ​ ကလေး​တွေ​လောက် ဘာမှမလုပ်တတ်၊ မကိုင်​တတ်ဖြစ်​နေပါလိမ့်မယ်။

 

▪သူစိမ်းတွေကြား မ​နေတတ်တာ၊ ​​မေ​​မေ့ကိုပဲ ဖက်တွယ်​နေတာ၊ ကျောင်းသွားရင် ​မေ​မေမရှိလို့ ငို​နေတာမျိုး၊ ဒီလိုမျိုး​လေး​တွေလည်း ဖြစ်တတ်တာ​ပေါ့။

 

▪ဒါ့အပြင် အရွယ်​ရောက်လာတဲ့အထိ ဘယ်မှမသွားရဲ၊ မလာရဲ၊ မစဥ်းစား၊ မဆုံးဖြတ်ရဲ၊ မစွန့်စားရဲတော့တာတွေလည်း ရှိတတ်ပါတယ်။

 

⚠️ ဒါ​ပေမဲ့ က​လေးအ​ပေါ် လုံ​လောက်တဲ့ ဂရုစိုက်မှု​တွေမ​ပေးတာ၊ မချစ်​ပေးတာ၊ အတူမရှိ​နေနိုင်တာ​တွေ များလာရင်လည်း…

 

– က​လေးမှာ စိတ်ထိခိုက်မှု​တွေ ရှိလာနိုင်ပါတယ်။

– သိမ်ငယ်စိတ်​တွေဝင်လာတာ၊ အချစ်ခံရတာကို ​တောင့်တတာ၊ အထီးကျန်တာ၊ သူများ​တွေကို အားကျတာ

– ဒါ့အပြင် အရွဲ့တိုက်ချင်စိတ်​တွေ၊ သူများကို အနိုင်ကျင့်ချင်တာ၊ လိမ်ညာပြီး လူ​တွေရဲ့ ဂရုစိုက်မှု၊ စိတ်ဝင်စားမှု​တွေရ​အောင် လုပ်တာ​တွေအထိပါ ဖြစ်လာနိုင်ပါတယ်​နော်။

 

🌼 ဒါ့​ကြောင့် ​မေ​မေတို့ က​လေးကို ဂရုစိုက်တာ၊ ချစ်​ပေးတာ၊ တိုင်ပင်​ဖော်အဖြစ်လည်း ​နေ​ပေးသင့်သလို… ကြီးလာတဲ့အခါ ကိုယ့်ကိုကိုယ်အားကိုးတတ်ဖို့အတွက်လည်း က​လေးငယ်စဥ်တည်းက ​လေ့ကျင့်သင်ကြား​ပေးသင့်ပါတယ်။

🌼 ဘယ်​လို​လေး​တွေ စပြီးသင်​ပေးရမလဲဆိုရင်…

 

▪က​လေး​တွေရဲ့ ကြိုးစားအားထုတ်မှုရလဒ်​အ​ပေါ်မှာ ချီးကျူးပေးပါ။

  • ဒီလို ​မေ​မေတို့ရဲ့ ချီးကျူးတာကို ခံရတဲ့အတွက် က​လေးမှာ ကြိုးစားချင်စိတ်​တွေ ​ပေါ်လာမှာပါ။

 

▪ဘာမဆို ကိုယ့်ဘာသာလုပ်နိုင်​အောင် သင်​ပေးပါ။

  • က​လေးရဲ့ အသက်အရွယ်​ပေါ်လိုက်ပြီး နည်းနည်းစီ သင်​ပေးရမှာပါ​နော်။

 

▪ကိုယ့်ဘာသာ အစာစားတတ်​အောင် ​လေ့ကျင့်​ပေးပါ။

– မေ​မေတို့ က​လေးကို အမြဲခွံ့ကျွေးရင် အကျင့်ပါပြီး က​လေးက ကိုယ့်ဘာသာမစားတတ်​​တော့ပါဘူး။

– ဒါ့​အပြင် အစာစားဖို့ စိတ်ဝင်စား​အောင် က​လေးကြိုက်မဲ့အစားအစာ​တွေကို အရုပ်​ပုံ​လေး​ဖော်ထား​တာမျိုး လုပ်​ပေးသင့်ပါတယ်။

 

▪အင်္ကျီ၊ ​ဘောင်းဘီ ဝတ်တတ်​အောင် သင်​ပေးရပါမယ်။

  • အဝတ်ဝတ်တာ၊ ချွတ်တာကို က​လေးဘာသာလုပ်ခိုင်းကြည့်ပါ။ ပြီးရင် ​တော်​ကြောင်း ချီးကျူးပြီး က​လေးကို ဆုချတဲ့အ​နေနဲ့ သူ့ကို အနမ်း​ပေးတာ၊ သူကြိုက်တဲ့မုန့်​ ကျွေးတာမျိုးလုပ်​ပေးပါ။

 

▪ပြီးရင် ​နောက်တစ်ဆင့် ကြယ်သီး​လေး​တွေ တပ်တတ်​အောင် သင်​ပေးရပါမယ်။

  • ဒါက က​လေးရဲ့ လက်​ချောင်း​လေး​တွေ အလုပ်လုပ်တာကို တိုးတက်​စေပါတယ်။

 

▪ဒါ့အပြင် သန့်သန့်ရှင်းရှင်း​နေတတ်​အောင်လည်း သင်​ပေးရပါမယ်။

– ဆော့ပြီးရင် အရုပ်​လေး​တွေ ပြန်သိမ်းတတ်​အောင်

– မျက်နှာသစ်၊ သွားတိုက်တတ်​အောင်

– အစာစားပြီးရင် လက်​ဆေးတာ၊ ပလုတ်ကျင်းတာ အကျင့်ပါ​အောင်

– စားပြီးတဲ့ ပန်းကန်​လေး​တွေ ကူသိမ်း​ပေးတတ်​အောင်

– အိမ်သန့်ရှင်း​ရေး ကူလုပ်တတ်​အောင်

– အဝတ်​​တွေ​ခေါက်တတ်​အောင်

 

▪​မေ​မေတို့ စဥ်းစားမိသ​လောက် က​လေးအန္တရာယ်ဖြစ်နိုင်တာ​တွေကလွဲပြီး ကျန်တာ​လေး​တွေ လုပ်တတ်​အောင်၊ မိသားစုကို ကူညီနိုင်​အောင် သင်​ပေးသင့်ပါတယ်​နော်။

 

🌼 ပြီး​တော့ ကိုယ့်ကိုကိုယ်အားကိုးတတ်ရုံမကဘဲ တာဝန်ယူတတ်တဲ့စိတ်ပါရ​အောင် သွန်သင်​ပေးရမှာပါ​နော်။

 

▪တစ်ခုခုအမှားလုပ်မိရင် (​ဥပမာ- အရုပ်ပျက်စီးသွားတာ၊ ​ရေခွက်ကွဲသွားတာ) အပြစ်ဝန်ခံတတ်​အောင်..

– ​မေ​မေတို့အ​နေနဲ့ က​လေးကို မဆူပါနဲ့။

– ဘယ်လိုဖြစ်သွားလည်းဆိုတာ က​လေးကို​ပြောပြခိုင်းပြီး နား​ထောင်​ပေးပါ။

– ပြီးရင် အမှားကို ဝန်ခံတတ်​အောင် သင်​ပေးပါ။

 

▪သူများပစ္စည်းယူတာ၊ သူများကိုအနိုင်ကျင့်တာ​တွေက မ​ကောင်းဘူးဆိုတာလည်း သိ​အောင်​ပြောပြရပါမယ်။

 

▪မိဘ၊ ​မောင်နှမချင်း ကူညီတတ်အောင်၊ ချစ်ချစ်ခင်ခင်​နေတတ်​အောင်၊ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာမျိုး မရှိရ​အောင်​လည်း သင်​ပေးရမှာပါ​နော်။

  • မေ​​မေတို့အ​နေနဲ့ က​လေး​တွေအ​ပေါ်မှာ မျှမျှတတဆက်ဆံပြီး ဂရုစိုက်​ပေးရပါမယ်​။

 

▪ကတိ​ပေးထားတဲ့ အလုပ်ကို ပြီး​မြောက်​အောင် လုပ်တတ်ဖို့လည်း သင်​ပေးရမှာပါ​နော်။ က​လေးနားလည်မဲ့ စကားလုံး​လေး​တွေ​ရွေးပြီး ​ပြောပြလို့ရပါတယ်။

 

❤ ဒီလို​လေး​တွေ က​လေးအသက်အရွယ်အလိုက် သင်​ထား​ပေးရင် ကြီးလာတဲ့အခါ…

မိသားစုက အားကိုးရတဲ့၊ ကိုယ့်အားကိုယ်ကိုးတတ်တဲ့၊ ဘာမဆိုလုပ်ကိုင်တတ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့၊ ​ကောင်းမွန်တဲ့ အမူအကျင့်​တွေရှိတဲ့သူ​လေး​တွေ ဖြစ်လာမှာပါ​​နော်။

 

ပိုင်/π (​ဆေး ၁)

Previous Post

ကလေးတစ်ယောက်ရဲ့ အနာဂတ်(သို့မဟုတ်)DHA

Next Post

သဘာဝတရားကို သားသားမီးမီးတိုင်း ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်​စေဖို့…

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
126
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာဝတရားကို သားသားမီးမီးတိုင်း ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်​စေဖို့...

မိသားစုနှင့် လုပ်ငန်းခွင်အတွက်တာဝန်ကျေတဲ့ စူပါမေမေ

ကလေးငယ်တို့ဟင်းသီးဟင်းရွက်သစ်သီး၀လံများကြိုက်နှစ်သက်အောင်မေမေတို့ဘာ့ကြောင့်လေ့ကျင့်ပေးထားသင့်သလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.