fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သားသားမီးမီးတို့ရဲ့ ကိုယ်ခံစွမ်းအားနှင့် Covid 19

22
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, ကိုဗစ်ရောဂါ, မိခင်နှင့်ကလေးကျန်းမာရေး, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ကျွန်ုပ်တို့ဟာ နေ့စဉ်နဲ့အမျှ ရောဂါပိုးမွှားတွေနဲ့ ထိတွေ့နေရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို အမြဲတစေ ခံစားရခြင်း မရှိကြပါဘူး။ ထိုကဲ့သို့ ဘေးကင်းအောင် ကိုယ်တွင်းရှိခုခံအားစနစ်က ကျွန်ုပ်တို့ကို ကာကွယ်ပေးနေတဲ့အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်။ လူကြီးတွေမှာ ပြီးပြည့်စုံတဲ့ ခုခံအားစနစ်တွေ ရှိတတ်ပေမယ့် ငယ်ရွယ်တဲ့ ကလေးသူငယ်တွေ အထူးသဖြင့် မွေးကင်းစလေးများနဲ့ အလွန်ငယ်သေးတဲ့ကလေးတွေမှာ ခုခံအားစနစ်တွေဟာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့် ကလေးတွေဟာ လူကြီးတွေထက် ရောဂါပိုးတွေ ခဏခဏဝင်ရောက်တာ၊ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။

➡️ သားသားမီးမီးတို့ဟာ ကိုယ်ခံအားစနစ်ကို သဘာဝအားဖြင့် ဘယ်က ရကြသလဲ ❓
သန္ဓေသားတွေဟာ မိခင်ရဲ့ သားအိမ်မှာ သန္ဓေတည်ပြီးချိန်မှစပြီး မွေးဖွားသည်အထိ အစာအာဟာရနဲ့ မိခင်ဆီမှ အသင့်လုပ်ခုခံအား (Passive Immunity) တွေကို အချင်းကတဆင့် ရရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လမစေ့ဘဲ မွေးဖွားတဲ့ကလေးတွေမှာ မိခင်ဆီမှ လုံလောက်တဲ့ခုခံအား မရရှိလိုက်ကြရတဲ့အတွက် ရောဂါမျိုးစုံကို ပိုမိုခံစားရစေနိုင်ပါတယ်။

မွေးကင်းစကလေးတွေမှာ ခုခံအားစနစ်ဟာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးပေမယ့် ၇ နှစ်ကနေ ၈ နှစ်အကြာမှာတော့ ပြည့်စုံတဲ့ခုခံအားစနစ်ကို ရရှိပါတယ်။ မွေးကင်းစတွေမှာ သန္ဓေသားဘဝထဲက စုဆောင်းထားတဲ့ မွေးရာပါခုခံအားစနစ် (Innate Immunity) ပါရှိလာပြီး ထိုခုခံအားစနစ်ဟာ မွေးကင်းစတွေနဲ့ အလွန်ငယ်သေးတဲ့ကလေးတွေအတွက် အဓိကကျန်းမာရေးစစ်တပ်ကြီးအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ ထို့နောက် ကလေးငယ်တွေ တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာတဲ့အချိန်မှာတော့ ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို ပြန်လည်တိုက်ခိုက်ရင်း Adaptive Immunity လို့ခေါ်တဲ့ ခုခံအားစနစ်အသစ်ကိုပါ ရရှိလာတတ်ပါတယ်။

ထို့ပြင် သဘာဝကပေးတဲ့ မိခင်နို့မှာလဲ ကလေးငယ် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့အာဟာရတွေအပြင် အသင့်လုပ်ခုခံအားစနစ်နဲ့ ကလေးရဲ့ကိုယ်ပိုင်ခုခံအားစနစ် မြန်မြန်ဖွံ့ဖြိုးအောင် အားပေးတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် မိခင်နို့ လုံလောက်စွာ မရရှိတဲ့ကလေးငယ်တွေမှာ ရောဂါပိုးမွှားဝင်ရောက်ခြင်းကို ပိုမိုခံစားရစေပါတယ်။

➡️ ကလေးများနှင့် Covid 19 ❗️
အခုအချိန်မှာဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေမှာ ပြင်းထန်အသက်ရှုလမ်းကြောင်းပိုး Corona virus (SARS-CoV-2) ကူးစက်မှုကြောင့် Covid 19 ဆိုတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပေါ်လျက်ရှိပါတယ်။ လူသားတွေမှာ ထိုရောဂါအတွက် သီးသန့်ခုခံအားမရှိသေးတဲ့အတွက် ကူးစက်ခံရတဲ့ ကလေးလူကြီးမရွေး ရောဂါခံစားနေကြရပါတယ်။

သို့သော် CDC (Center for Disease Control and Prevention) ရဲ့ လေ့လာတွေ့ရှိမှုတွေအရ ခန့်မှန်း အသက် ၁၀ – ၁၄ နှစ်အောက် ကလေးတွေမှာ လူကြီးတွေထက် Covid 19 ရောဂါ ကူးစက်မှုနှုန်း လျော့နည်းပြီး ကူးစက်ခံရသော သာမန်ကလေးအများစုမှာလဲ ရောဂါလက္ခဏာ လုံးဝမပြ (သို့) လူကြီးတွေလောက် ပြင်းထန်သော လက္ခဏာမပြကြောင်း ကောက်နုတ်ထားပါတယ်။ သို့သော် မွေးရာပါရောဂါများဖြစ်သော မွေးရာပါနှလုံးရောဂါ၊ မျိုးရိုးလိုက်သောရောဂါနှင့် အခြားခုခံအားကျဆင်းစေတဲ့ ရောဂါအခံရှိသော ကလေးများမှာ ရောဂါကူးစက်ခံရပါက ပြင်းထန်နိုင်ပြီး အသက်အန္တရာယ်ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။

Covid 19 ရောဂါ ကူးစက်ခံရတဲ့ ကလေးတွေမှာ လူကြီးများနဲ့ တူညီတဲ့ ရောဂါလက္ခဏာများ ပြတတ်သော်လည်း လူကြီးများကဲ့သို့ မပြင်းထန်ဘဲ အများအားဖြင့် ၁ ပတ်ကနေ ၂ ပတ်အတွင်း ပြန်လည်သက်သာတတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့ –
• ဖျားနာခြင်း
• နှာပိတ်ခြင်း (သို့) နှာရည်ယိုခြင်း
• ချောင်းဆိုးခြင်း
• လည်ချောင်းနာခြင်း
• အသက်ရှုမဝခြင်း (သို့) အသက်ရှုရခက်ခဲခြင်း
• အနံ့ (သို့) အရသာ မရခြင်း
• အစားကျွေး၍မရခြင်း (သို့) ပါးစပ်ပျက်ခြင်း
• နွမ်းနယ်ခြင်း (သို့) ယခင်ကဲ့သို့ သွက်သွက်လက်လက် ဆော့ကစားခြင်းများ မရှိခြင်း (သို့) အချိန်မရွေး မှိန်းနေခြင်း
• ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း
• အော့အန်ခြင်း
• ဝမ်းပျက်ဝမ်းလျှောခြင်း
• ဗိုက်နာခြင်း
• မျက်လုံးများ နီရဲလာခြင်းတို့ဘဲ ဖြစ်ပါတယ်။

➡️ Covid 19 အား ကာကွယ်ခြင်း ❗️
ကလေးတွေမှာ လူကြီးတွေလောက် ရောဂါမပြင်းထန်ဟုဆိုသော်လည်း မိမိနဲ့အတူ မိမိရဲ့မိသားစု၊ ရင်သွေးငယ်များ ရောဂါမကူးစက်လေရအောင် ကာကွယ်ခြင်းများ ပြုလုပ်သင့်ပါတယ်။ မိမိကလေးများကိုလဲ ပြောပြပါ။ သင်ပေးပါ။ ၎င်းတို့မှာ –
✅ လက်ကို သန့်ရှင်းအောင် ထားပါ။
– အပြင်က ပြန်လာပြီးတိုင်း၊ အပြင်မှ ပစ္စည်း အရာဝတ္ထုတစ်ခုခုကို ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး စက္ကန့် ၂၀ ခန့် ဆေးပေးပါ။ (သို့) အနဲဆုံး Alcohol 60% ပါရှိသောလက်သန့်ဆေးရည်ဖြင့် သန့်စင်ပေးပါ။
– ကလေးများကို မှန်ကန်သော လက်ဆေးနည်းကို သင်ပေးပါ။

✅ နှာစေးချောင်းဆိုးတိုင်း မိမိနှာခေါင်းနှင့် ပါးစပ်တို့ကို တစ်ရှုး (သို့) မိမိ၏တံတောင်ဆစ်ဖြင့် အုပ်ပါ။

✅ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မလိုအပ်ဘဲ မထိပါနှင့်!

✅ Maskကို နည်းလမ်းမှန်ကန်စွာတပ်ပါ။
– အပြင်ထွက်လျှင် မည်မျှပင် နီးသည့်ခရီးဖြစ်စေကာမူ Mask တပ်ပါ။
– ပစ္စည်းလာပို့ခြင်းများကို လက်ခံလျှင်လဲ Mask တပ်ပြီးမှ တွေ့ဆုံပါ။
– ကလေးငယ်များအတွက် ကလေးသုံး Mask များ ပြင်ဆင်ပေးပါ။
– ၂ နှစ်အောက် ကလေးငယ်များ၊ အသက်ရှုသည့်ပုံစံနှင့် ပက်သက်၍ ပြဿနာရှိသော ကလေးများအား အတင်းအကြပ် Mask တပ်ပေးခြင်းများ ရှောင်ရှားပါ။

✅ တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေပါ။
– ဖျားနာနေသောသူ (သို့) ရောဂါလက္ခဏာရှိသူများနှင့် အနဲဆုံး ၆ ပေ (သို့) ၃ မီတာခန့် ခွာနေပေးပါ။
– သာမာန်လူအချင်းချင်း အနဲဆုံး ၃ ပေခြားနေပါ။
– အိမ်အပြင်သို့ ထွက်ခြင်းများအား လျှော့ချပါ။ အပြင်ထွက်လျှင် ကလေးများအား မခေါ်သွားပါနှင့်။
– ကလေးများအား အပြင်မှ လူများနှင့် ဖြစ်နိုင်လျှင် မထိတွေ့ပါစေနှင့်။
– အိမ်တွင်၊ မိမိခြံဝန်းထဲတွင် မိမိကလေး ပျော်ရွှင်စွာ ဆော့ကစားနိုင်စေရန် စီစဉ်ပေးပါ။

✅ မိမိအိမ်အား မကြာခဏ သန့်ရှင်းပေးပါ။
– အထူးသဖြင့် နေ့စဉ် အသုံးများသော၊ အထိအတွေ့များသော နေရာများ၊ အရာများ (စားပွဲ၊ တံခါးလက်ကိုင်၊ မီးခလုတ်၊ ရီမုတ်၊ အိမ်သာ၊ ဘေစင်) များအား သန့်ရှင်းပေးပါ။
– မိမိကလေး၏ အသုံးအဆောင်များ၊ အရုပ်များ၊ ပါးစပ်ထဲထည့်တတ်သော ပစ္စည်းများကို သန့်စင်စွာ ထားပါ။
ကလေးတွေကို ဤကဲ့သို့ ကာကွယ်နည်းလမ်းများကို လိုက်နာလာအောင် သင်ကြားပေးရခြင်းဟာ ခက်ခဲပါလိမ့်မယ်။ သို့သော် စိတ်ရှည်စွာ သင်ကြားပြသပြီး အလေ့အကျင့်ပြုလုပ်ပေးပါ။

ကလေးများအတွက် တစ်ဖက်က ရောဂါမကူးစက်အောင် ကာကွယ်သလို နောက်တစ်ဖက်ကလဲ မိမိရင်သွေးရဲ့ ခုခံအားစနစ် တိုးတက်အောင် အလေ့အကျင့်များကို ပြုလုပ်ပေးရပါမယ်။ ကလေးများကို –
🔸အစာအာဟာရ မျှတအောင် ကျွေးပါ !
🔸အိပ်ရေးဝအောင် အိပ်ခိုင်းပါ !
🔸ငယ်ရွယ်သော ကလေးများအတွက် မိခင်နို့ကိုသာ တိုက်ကျွေးပါ !
🔸ကိုယ်လက်လှုပ်ရှား ဆော့ကစားခိုင်းပါ !
🔸ရောဂါပိုးမွှားများ မဝင်အောင် ကာကွယ်နေထိုင်နည်းများကို သင်ကြားပေးပါ ! တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထားပါ !
🔸မိမိရင်သွေး၏ ကာကွယ်ဆေးများကို အချိန်အခါအလိုက် ပြည့်မှီအောင် ထိုးပေးပါ။
🔸မိသားစုဝင်များမှ အိမ်တွင်းဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ပေးပါ။

Author : Dr. Aye Chan Moe

Previous Post

ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အစားအစာများ

Next Post

Stay at Home ကာလမှာ မဖြစ်မနေဖန်တီးပေးသင့်သည့် သားသားမီးမီးတို့အတွက် ကိုယ်လက်လှုပ်ရှား အားကစား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
383
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Stay at Home ကာလမှာ မဖြစ်မနေဖန်တီးပေးသင့်သည့် သားသားမီးမီးတို့အတွက် ကိုယ်လက်လှုပ်ရှား အားကစား

ရောဂါပိုးဝင်သောအနာများကို ဘယ်လိုကုသမလဲ

လေထိုး၊ လေပွခြင်းရဲ့ အန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.