fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မတ်မတ်တို့ အစာစားချင်စိတ်နည်းနေလျှင်

563
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/08/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ချိန်မှာ အစားစားချင်စိတ်နည်းနေတာမျိုး သင် ဖြစ်နေပါသလား??
အခုလို အစားစားချင်စိတ်နည်းတာဟာ သင်တစ်ယောက်တည်းဖြစ်နေတာတော့မဟုတ်ပါဘူး။
လေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင် အမျိုးသမီး ဆယ်ဦးအနက် ခြောက်ဦးလောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အစားစားချင်စိတ်မရှိခြင်း၊ အစားသောက် အနံ့ရရင် ပျို့ခြင်း စတာတွေကို ကြုံတွေ့ခံစားကြရပါတယ်။

အစားစားချင်စိတ် နည်းစေတဲ့ အမျိုးမျိုးသော အကြောင်းတွေကို ပြောရမယ်ဆိုရင်-

– ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်နေတတ်ခြင်းကို ကိုယ်ဝန် ပထမသုံးလ (First Trimester) မှာ အတွေ့ရများပါတယ်။ Morning Sickness လို့ လူသိများကြပါတယ်။ တချို့ အမျိုးသမီးများမှာ‌တော့ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး ပျို့အန်ခြင်းကို ခံစားရတတ်ပါတယ်။

လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်စဉ်မှာ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ Leptin Hormone နဲ့ Human Chorionic Gonadotropin (HCG) hormone တွေရဲ့ အတက်အကျ ပြောင်းလဲမှုကြောင့် အစားစားချင်စိတ်ကို လျော့နည်းစေပြီး ပျို့ခြင်း၊ အန်ခြင်းတွေကို ဖြစ်စေတယ်လို့ သိရပါတယ်။

– စိတ်ပိုင်းဆိုင်ရာ အခြေအနေများ
ကိုယ်ဝန်ဆောင်စဉ်မှာ အမျိုးသမီး အများစုဟာ စိတ်ဓာတ်ကျခြင်း၊ အလိုလိုနေရင်း စိတ်အားငယ်လာခြင်းတွေကို ခံစားရတတ်ပါတယ်။ သည်လို စိတ်ဓာတ်ကျတဲ့အခါမှာ အစားစားချင်စိတ်တွေပါ လျော့နည်းလာတတ်ပါတယ်။ ဒါ့ပြင် စိတ်ဓာတ်ကျနေတဲ့အခါ အာဟာရမဖြစ်တဲ့ မုန့်သရေစာတွေကိုသာ အလွန်အကျွံစားနေမိပြီး မိမိရော သန္ဓေသားအတွက် အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို စားမဝင်ပဲနေရာကနေ ရသင့်တဲ့ အာဟာရဓာတ်တွေမရရှိပဲ ဖြစ်နေတတ်ပါတယ်။

– ရောဂါအခံနှင့် သောက်သုံးနေသော ဆေးဝါးများ
စိတ်ကျန်းမာရေးပြဿနာအချို့မှာ သောက်သုံးနေရသော SSRIs (Serotonin Selective Receptor Inhibitors) ,Olanzapine, buprenorphine စတဲ့ ဆေးဝါးတွေဟာ အစားစားချင်စိတ်ကို လျော့နည်းစေတတ်ပါတယ်။

– အခြားပြဿနာများ
ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့မှာ Eating Disorder တွေဖြစ်တဲ့ စားစရာမြင်ရင် ပျို့ခြင်း၊ အစားစားပြီး ချက်ချင်း အန်ထွက်ခြင်း စတဲ့ပြဿနာတွေကိုလည်း ခံစားရတတ်ပါတယ်။ အမျိုးသမီး လေးယောက်မှာ တစ်ယောက်လောက် ဖြစ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုများပြားခြင်း၊ အစာအိမ်‌ရောဂါကဲ့သို့ အခြားသောကျန်းမာရေး ပြဿနာ‌တွေရှိခဲ့ရင်လည်း အစားစားချင်စိတ် လျော့နည်းနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အစားစားချင်စိတ်နည်းနေရင် ဘယ်လိုလုပ်ရမလဲ
• အစားစားခါနီး (သို့မဟုတ်) အစား အသောက်အနံ့ရတိုင်း ပျို့အန်တတ်သူတွေအနေနဲ့ အဆီ၊အဆိမ့် အလွန်များသော ဟင်းပွဲများ၊ ငန်ပြီး အစပ်များသော စားစရာများဟာ ပိုဆိုးစေတတ်ပါတယ်။ စားရလွယ်တဲ့ ခပ်ပျော့ပျော့ အစားစာတွေကို နည်းနည်းစီ အကြိမ်ရေများများ ခွဲစားပေးပါ။ ဗိုက်ပြည့်လွယ်တဲ့ အရည်တွေကို အစားစားချိန်နဲ့ ခပ်ဝေးဝေး အချိန်မှာမှ သောက်သင့်ပါတယ်။ အစားလုံးဝမဝင်တော့ဘဲ ဆက်တိုက်ပျို့အန်နေတာမျိုးတွေ ကြုံလာရရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။


အစားစားချင်စိတ်နည်းနေတဲ့အခါ ဘာတွေစားမလဲ
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အစားစားချင်စိတ်နည်းနေတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အရမ်း မအီဘဲ ချိုတာလေးတွေဟာ ပိုသင့်တော်ပါတယ်။ (ဥပမာ- Plain Cake, အဆီထုတ်ထားသော နွားနို့၊ ပေါင်မုန့်၊ Cracker စသည်)

ထမင်းစားချိန်မှာဆိုရင် ထမင်းပူပူပျော့ပျော့နဲ့ အမျှင်နွှာထား‌တဲ့ကြက်သားပေါင်း၊ပဲနှပ် ဟင်းသီးဟင်းရွက် ပြုတ်၊ အာလူးနှပ်၊ ကြက်ဥပြုတ်နဲ့ ကြက်သားဆန်ပြုတ် ပူပူလေး၊ သီးရွက်စုံချဉ်ရည်ဟင်း၊ ငါးကလေးကြွပ်ကြော် စသဖြင့် အီလည်းမအီစေဘဲ အာဟာရရှိစေမယ့် အစားအစာတွေကို ပိုမို စားသုံးသင့်ပါတယ်။

တစ်ခါတရံ ထမင်းဟင်းစားရတာ ရင်ပြည့်‌တယ်လို့ ခံစားရရင် အာရုံလွှဲတဲ့အနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားတွေကို မိမိစားသုံးနေကျပမာဏအတိုင်း ရောကြိတ်ပြီး သစ်သီးဖျော်ရည်လိုလည်း သောက်သုံးနိုင်ပါတယ်။

အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ Gas ပါဝင်တဲ့အချိုရည်တွေဟာ အာဟာရပြည့်ဝမှုမရှိဘဲ ပျို့အန်တာကို ပိုဆိုးစေတာကြောင့် အစားစားချင်စိတ်ကို ပိုမိုလျော့နည်းစေပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်ခါတရံ အစားစားချင်စိတ်နည်းနေတာဟာ စိုးရိမ်စရာမလိုပေမဲ့ လုံးဝအစားမစားနိုင်ရင် အာဟာရပြည့်ဝမှုမရှိတော့ဘဲ သွေးအားနည်းခြင်း၊ မွေးလာမယ့် ကလေးငယ်မှာ ချို့ယွင်းချက်တွေပါလာတတ်ခြင်း၊ ကလေးစောမွေးခြင်း၊ ပေါင်မပြည့်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်‌လာနိုင်ပါတယ်။ ဒါကြောင့် ရက်ရှည် အစားစားချင်စိတ်လျော့နည်းနေခဲ့ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ စောစီးစွာကုသမှုခံယူဖို့ အကြံပေးလိုက်ပါတယ်။

Author: Dr. Aye Myat

Previous Post

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း

Next Post

ကိုယ်ဝန်ဆောင်တွေ အ၀လွန်လျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်တွေ အ၀လွန်လျှင်

"ကိုဗစ်ကို အခက်အခဲကြားက အနိုင်တိုက်ခဲ့ကြသူများ"

သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးစေမယ့်နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.