fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

DHA ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘာကြောင့်အရေးကြီးသလဲ

195
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

DHA (Docosahexaenoic acid) ခေါ် Omega 3 Fatty Acids ဟာ လူ့ ဦးနှောက်၊ မျက်စိနဲ့ အရေပြားတွေ ဖွဲ့စည်းတည်ဆောက်ရာမှာ အခြေခံကျတဲ့ အဆီဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Omega3 သို့မဟုတ် DHA ဟာ ပင်လယ်စာ ဖြစ်တဲ့ ငါးအမျိုးမျိုး၊ ပုစွန်၊ ရေညှိ စတာတွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လူတစ်ဦးကျန်းမာဖို့ရာ DHA ကို တစ်နေ့ 250mgကနေ 500mgထိ လိုအပ်တယ်လို့ ဆိုထားပါတယ်။ နှလုံးကျန်းမာရေး၊ ဦးနှောက် အာရုံကြော ပိုင်းဆိုင်ရာလုပ်ငန်းများကို ကောင်းမွန်စေခြင်း၊ မွေးကင်းစကလေးငယ်တွေရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက် အရေးပါခြင်းတွေဟာ DHA ရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်အရ DHA သောက်သုံးမိလို့ ဖြစ်လာရတဲ့ ဆိုးကျိုးဆိုတာ ရှာမတွေ့သေးပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေမှာဆိုရင်လည်း DHA လုံလုံလောက်လောက် ရရှိထားတဲ့ သန္ဓေသားဟာ မွေးဖွားလာတဲ့အခါ အခြား ကလေးငယ်များထက်စာရင် ပိုပြီး ထက်မြက်တဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့အာဟာရတွေထဲမှာ DHA ဟာ အရေးအကြီးဆုံးအနေနဲ့ ပါဝင်နေပါတယ်။

အထူးသဖြင့် ဗိုက်ထဲက ရင်သွေးရဲ့ ဦးနှောက် အာရုံကြော အဖွဲ့အစည်းတွေနဲ့ အမြင်အာရုံတို့  အဖွံ့ဖြိုးဆုံးချိန်ဖြစ်နေတဲ့ ကိုယ်ဝန် ၇ လ နဲ့ နောက်ပိုင်း ( Third Trimester )မှာ DHA ကို ပိုမို လိုအပ်ပါတယ်။

တိတိကျကျ ပြောရမယ်ဆိုရင် –

သန္ဓေသားရဲ့ ဦးနှောက်ဟာ သန္ဓေစတည်ပြီး ရက်သတ္တပတ် ၅ပတ်မြောက်ကနေ စတင် ဖွံ့ဖြိုးပါတယ်။ ဒီလိုအချိန်ကတည်းကစပြီး DHA ဟာ –

  • တွေးခေါ်နိုင်စွမ်း၊ မှတ်သားနိုင်စွမ်း နဲ့ ခံစားချက်အပိုင်းကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ကြီး ပိုင်း (Cerebrum)
  • ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ ထိန်းချုပ်ပေးတဲ့ ဦးနှောက်ငယ်အပိုင်း(Cerebellum)
  • လူသားတစ်ဦး အသက်ရှင်သန်ရန် အဓိကလိုအပ်တဲ့ နှလုံးသွေးကြောစနစ်၊ အသက်ရှူစနစ်တွေကို ထိန်းချုပ်ပေးနိုင်တဲ့ ပင်မနေရာဖြစ်တဲ့ Brain Stem

စတဲ့ ဦးနှောက် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းရဲ့ ဖွံ့ဖြိုးမှုမှာ အဓိကပါဝင်ပါတယ်။

ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးပါသလို အမြင်အာရုံကောင်းမွန်မှုအတွက်လည်း အရေးကြီးပါသေးတယ်။ Retina လို့ ခေါ်တဲ့ အမြင်အာရုံအတွက်လိုအပ်တဲ့ မျက်စိနောက်ဘက်ခြမ်းက အစိတ်အပိုင်း ကောင်းမွန်စွာဖွံ့ဖြိုးဖို့ရာမှာလည်း DHA က အဓိက ပါဝင် နေပြန်ပါတယ်။

သန္ဓေသားဟာ သူ့ရဲ့ ဦးနှောက်နဲ့  အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် တစ်နေ့ကို  DHA 70mg လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းမှရတဲ့ DHA ကိုသာ သန္ဓေသားက အသုံးချနိုင်တာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ DHA ကို အနည်းဆုံး 70mg အထက်ရအောင် စားသုံးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ လုံလောက်တဲ့ DHA ပမာဏ မရခဲ့ရင် မွေးလာမယ့်ကလေးမှာ သင်ယူရန် ခက်ခဲခြင်း၊ ရန်လိုတတ်ခြင်း၊ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းသည့် ရောဂါနှင့် အခြားသူများနဲ့ ဆက်ဆံရေးပိုင်းဆိုင်ရာမှာ အားနည်းခြင်း စတဲ့ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ DHA ကို လုံလောက်အောင် ရရှိအောင် DHA ကြွယ်ဝတဲ့ အစားအသောက်တွေကို ကိုယ်ဝန် စဆောင်ချိန်ကစပြီး စားသုံးနေထိုင်သင့်ပါတယ်။

Author: Dr. Aye Myat

Previous Post

အမျိုးသမီးတွေမှာ မထင်မရှားရှိနေတတ်တဲ့ သံဓာတ်ချို့တဲ့လက္ခဏာများ

Next Post

ကိုယ်ဝန်ဆောင်တွေအတွက် အရေးပါတဲ့ Lutein ဓာတ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်တွေအတွက် အရေးပါတဲ့ Lutein ဓာတ်

ဗိုက်ထဲကရင်သွေးလေးက မိခင်ထံကနေ အဟာရဓာတ်တွေ ဘယ်လိုရလဲ

ကိုယ်ဝန်ဆောင်မိခင်တွေ Morning Sickness သက်သာစေမယ့် အစားအသောက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.