fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

အမျှင်ဓာတ်က ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘာကြောင့်အရေးကြီးတာလဲ

161
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/11/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်မိခင်လောင်း သို့မဟုတ် အနီးကပ်စောင့်ရှောက်သူ မိသားစုဝင်များအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ကျန်းမာရေးအတွက် နေ့စဉ်စားသုံးတဲ့အစားအသောက်ဟာ အရေးကြီးကြောင်း သိရှိထားသင့်ပါတယ်။ ကျန်းမာသော ကိုယ်ဝန်ဆောင်မိခင်နဲ့ ရင်သွေးမွေးဖွားဖို့ရာ အစာအာဟာရမျှတပြီး ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ အစာအာဟာရ စားသုံးရာမှာလည်း လိုအပ်တဲ့အသား၊အသီးအရွက်၊ ဗီတာမင်၊ သတ္တုဓာတ်စုံလင်စွာ ပါဝင်ဖို့ လိုအပ်ပါတယ်။

နေ့စဉ်စားသုံးတဲ့အစားအစာမှ ရရှိနိုင်တဲ့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးကတော့ အမျှင်ဓာတ် Fiber ပဲဖြစ်ပါတယ်။ အမျှင်ဓာတ်က  နှလုံးနဲ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ဆီးချိုဖြစ်ပွားနှုန်းနဲ့ သွေးပေါင်ချိန်မြင့်တက်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ကို လျော့နည်းစေသော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အစာစားပြီး အစာအိမ်မှသွေးတွင်းသို့ သကြားဓာတ်စုပ်ယူမှုကို ထိန်းညှိပေးသဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းမဖြစ်စေဘဲ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါအမျိုးအစားကို ဖြစ်ပွားနှုန်းလျော့စေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းရှိ ကိုလက်စထရောကဲ့သို့ မကောင်းသောအဆီများကို ကျစေနိုင်ပါတယ်။

ဒါ့ပြင် ကိုယ်ဝန်ဆောင်ကာလမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဟော်​မုန်းအ​ပြောင်း​အ​လဲ​ကြောင့် ​​ဝမ်းမမှန်ခြင်း၊ ဝမ်းချုပ်ခြင်းကို လျော့နည်းစေပြီး အစာအိမ်အူလမ်းကြောင်း ဇီဝကမ္မဖြစ်စဉ်များကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်စားသုံးခြင်းဖြင့် အဆာပိုခံနိုင်ပြီး ကယ်လိုရီပမာဏမများပဲ အာဟာရဓာတ် စုံလင်စွာရရှိနိုင်သောကြောင့် ကိုယ်ဝန်ဆောင်ကာလတွင် ကိုယ်အလေးချိန် အလွန်များလာခြင်းကိုလည်း လျော့နည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်များ ကိုယ်အလေးချိန်တက်လာတာနဲ့ ဖြစ်လေ့ရှိတဲ့ လိပ်ခေါင်းဖြစ်ပွားနိုင်မှုကိုလည်း အမျှင်ဓာတ်စားသုံးမှုက လျော့ချပေးနိုင်တယ်။ လိပ်ခေါင်းပြဿနာကြုံတွေ့နေရတဲ့ ကိုယ်ဝန်ဆောင်တွေမှာ အမျှင်ဓာတ်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီး ရောဂါအခြေအနေဆိုးမလာအောင် ထိန်းပေးနိုင်ပါသည်။

တစ်နေ့တာလိုအပ်တဲ့အမျှင်ဓာတ်ပမာဏ ၂၅-၃၀ ဂရမ်ကို ပြည့်မီအောင် ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဖရဲသီး၊ အရွက်အမျိုးမျိုး၊ ဆန်လုံးညို၊ Oat Cereal အုတ်ဂျုံကြမ်း၊ ပဲအမျိုးမျိုးစတဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများ စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ အစာချေဖျက်သည့်နှုန်း နှေးတတ်သဖြင့် ပမာဏနည်းနည်းကို အကြိမ်ရေများများ စားပေးသင့်ပါတယ်။ ဒါ့ပြင် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက် အစာချေဖျက်ရွေ့လျားမှု ပိုကောင်းအောင် ရေများများသောက်ပေးရန် လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ သွေးပေါင်တက်ခြင်း၊ ဆီးတွင်အသားဓာတ် ပါဝင်မှုများခြင်းစတဲ့ လက္ခဏာများဖြင့် လာလေ့ရှိတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း Preeclampsia ရောဂါဟာ မိခင်ရောရင်သွေးအတွက်ပါ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ သုတေသနများအရ အမျှင်ဓာတ်လုံလောက်စွာစားသုံးတဲ့ကိုယ်ဝန်ဆောင်တွေမှာ လုံလောက်မှုမရှိသူတွေထက် ကိုယ်ဝန်ဆိပ်တက်ခြင်း  ဖြစ်ပွားမှုနှုန်းပိုနည်းကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင်င့ ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်ပေးနိုင်တဲ့ ရောဂါအခြေအနေများ လျော့နည်းစေပြီး ကျန်းမာသောကိုယ်ဝန်ဆောင်ဘဝကို ရရှိစေနိုင်မယ့် အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်တဲ့ အမျှင်ဓါတ်ကို လုံလောက်အောင် စားသုံးပေးနိုင်စေရန်  ရေးသားမျှဝေလိုက်ရပါတယ်။

Author: Dr. Ye Mon

Previous Post

အရက်စွဲနေတဲ့သူလား

Next Post

နာတာရှည်ချောင်းဆိုးဝေဒနာဖြစ်ပွားရသည့် အကြောင်းရင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
595
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
356

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
567

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

4 years ago
457

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

4 years ago
497

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

4 years ago
267

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နာတာရှည်ချောင်းဆိုးဝေဒနာဖြစ်ပွားရသည့် အကြောင်းရင်း

မိုဘိုင်းဖုန်းကပေးတဲ့ အိပ်ပျော်ရန်ခက်ခဲခြင်းပြဿနာ

ကန်စွန်းရွက်က ကျန်းမာရေးအတွက်ဘာကောင်းလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.