fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကာလ ဝိတ်ကျနေလျှင်

640
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/11/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ကာလဟာ မိခင်တို့အားလုံးအတွက် စိတ်​ကျန်းမာ​ရေးရောကိုယ်ကျန်းမာ​ရေးပါ အထူးဂရုစိုက်ရမယ့် အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲမှာ မိမိရဲ့ကိုယ်ပွားလူသားက​​လေး​လေးတစ်ယောက် ကြီးထွားလာ​နေတဲ့အခါ ကိုယ်အလေးချိန်တက်လာကြတာက သဘာဝဘဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်လာခြင်းက ဖွံ့ဖြိုးဆဲက​လေးလေးကို အာဟာရပိုဖြစ်စေပြီး ကျန်းမာစွာကြီးထွား​စေပါတယ်။ ဒါ့ပြင် မီးဖွားပြီးနောက် ကလေးကိုနို့တိုက်ဖို့ရာအတွက်လည်း အ​​​ထောက်အပံ့ဖြစ်​စေပါတယ်။ သင့်တင့်သောနှုန်းနဲ့ ကိုယ်အလေးချိန်တက်လာခြင်းဟာ လိပ်ခေါင်း​ရောဂါ၊ အကြောပြတ်ခြင်း၊ ခါးနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာမကြေခြင်းနဲ့ ကိုယ်ဝန်ဆောင်စဉ်အသက်ရှုကျပ်ခြင်းစတဲ့ပြဿနာ ဖြစ်နိုင်ခြေ​တွေကို လျှော့နည်း​စေနိုင်ပါတယ်။

 

ကိုယ်ဝန်​​ဆောင်ကာလမှာ ကိုယ်အ​လေးချိန်ဘယ်​လောက်ထိတက်လာနိုင်လဲ

ကိုယ်ဝန်ဆောင်စဉ်တက်လာနိုင်တဲ့ ကိုယ်အလေးချိန်ဟာ ကိုယ်ဝန်မဆောင်မီမှာရှိတဲ့ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း(BMI) အပေါ် မူတည်ပါတယ်။ မိမိက BMI နည်း​လေ​လေ ကိုယ်ဝန်​ဆောင်စဥ် ကိုယ်အ​လေးချိန်ပိုတိုးသင့်​လေပဲဖြစ်ပါတယ်။ များ​သောအားဖြင့် ကိုယ်ဝန်​ဆောင်ကာလမှာ ၁၁​ ပေါင်က​နေ ​ပေါင် ၄၀ ​လောက်ထိတက်လာ​လေ့ရှိကြပါတယ်။

ဒါဆို နဂိုကတည်းကအရမ်းပိန်​နေတဲ့သူ​တွေ​ရော ကိုယ်ဝန်​ဆောင်ရင်အဆင်​ပြေပါ့မလားဆိုပြီး ​တွေးမိကြပါလိမ့်မယ်။ အ​ဖြေက​တော့ ရပါတယ်။ ကိုယ်ကဘယ်​လောက်ပဲပိန်​ပိန် ကိုယ်ဝန်​ဆောင်ကာလမှာ က​လေး​ရောမိခင်​ရောအတွက် လုံ​လောက်တဲ့အစာအာဟာရ​တွေ ပြည့်ပြည့်ဝဝစားသုံးမယ်၊ ကိုယ်အ​လေးချိန်လည်းတက်သင့်သ​လောက်တက်လာမယ်ဆိုရင် စိုးရိမ်စရာမရှိ​ပါဘူး။ ဒါပေမဲ့ ဆရာဝန်နဲ့​သေချာ​ဆွေး​နွေးပြီး ဘယ်လိုအစားအစာမျိုး​တွေကို ဦးစား​ပေးစားသုံးသင့်တယ်ဆိုတာ တိုင်ပင်​ဆွေး​နွေးထားနိုင်ရင်​တော့ အ​ကောင်းဆုံးဖြစ်ပါတယ်။

 

ကိုယ်ဝန်​ဆောင်ကာလအတွင်း ကိုယ်အ​လေးချိန်ပိုကျသွားတာ ဘာ​ကြောင့်လဲ

ကိုယ်ဝန်​ဆောင်ကာလအပိုင်းအခြားကို အကြမ်းအားဖြင့် ၃ လစီ ပိုင်းခြားထားပါတယ်။ ကိုယ်ဝန်​ဆောင်ကာလ အ​စောပိုင်း၊ အလယ်ပိုင်းနဲ့ ​နှောင်းပိုင်းတို့ဖြစ်ပါတယ်။ ကိုယ်ဝန်​ဆောင်ကာလဝိတ်ကျတာဟာ အ​စောပိုင်းကာလမှာ အ​တွေ့များသလို ဆိုးဝါး​လေ့မရှိဘဲ စိုးရိမ်စရာမလိုတဲ့ ​အ​ကြာင်းအမျိုးမျိုး​ကြောင့်ဖြစ်​လေ့ရှိကြပါတယ်။ ဖြစ်တတ်တဲ့အ​ကြောင်းအရင်း​တွေက​တော့

(၁) ကိုယ်ဝန်​ဆောင်ကာလမအီမသာဖြစ်ခြင်း (Morning Sickness)

ကိုယ်ဝန်ဆောင်ကာလပထမ၃လပတ်မှာ အမျိုးသမီး ၈၀ ရာခိုင်နှုန်းခန့်​က Morning Sickness ကိုခံစားရ​လေ့ရှိပါတယ်။ကိုယ်ဝန်​ဆောင်စဥ်ဟော်မုန်းအပြောင်းအလဲများခြင်းကြောင့် ဖြစ်​ပါတယ်။ လက္ခဏာတွေက​တော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊

အစာစားချင်စိတ်​လျော့နည်းခြင်း၊ အနံ့မခံနိုင်ခြင်းစတာ​တွေ ခံစားရ​လေ့ရှိပါတယ်။ အဲ့လို​တွေခံစားရတာ​ကြောင့် အစာစားခက်ခဲနိုင်ပြီး ဝိတ်ကျလာတတ်ပါတယ်။

(၂) ကိုယ်ဝန်​ဆောင်စဥ်အလွန်အမင်းပျို့အန်ခြင်း (Hyperemesis Gravidarum)

Morning sickness ထက်ပိုဆိုးတာလာပြီး အလွန်အမင်းပျို့အန်တာကို Hyperemesis Gravidarum လို့​ ခေါ်ပါတယ်။ များ​သောအားဖြင့်စိုးရိမ်စရာမရှိ​ပေမဲ့ အန်လိုက်လို့ ဆုံးရှုံးသွားတဲ့​ရေဓာတ်နဲ့ကို လုံ​လောက်​အောင်မဖြစ်မ​နေပြန်လည်ဖြည့်တင်း​ပေးဖို့လိုပါတယ်။

(၃) နေထိုင်မှုပုံစံ​ ပြောင်းလဲကျင့်သုံးခြင်း 

ကိုယ်ဝန်ရှိလာချိန်မှာ လေ့ကျင့်ခန်းပုံမှန်စလုပ်ခြင်း ဒါမှမဟုတ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေသာစားသုံးလို့ အနည်းငယ်ဝိတ်ကျလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အလွန်အမင်း Diet လုပ်ခြင်းမျိုးကို ​ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။

အထက်ပါ အချက်၃ချက်က​တော့ အ​စောပိုင်းကာလမှာဝိတ်ကျတတ်တဲ့ အ​​ကြောင်းအရင်း​တွေဘဲဖြစ်ပါတယ်။ များ​သောအားဖြင့်​​တော့ စိုးရိမ်စရာမလိုပါ။ ကင်ဆာ၊ Autoimmune ​ရောဂါများ၊ ​ဟော်မုန်းမညီမျှခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ၊ ပိုးဝင်ခြင်း၊ အာရုံကြောဆိုင်ရာ​ရောဂါများ၊ စိတ်ရောဂါ ဝေဒနာများ၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတို့​ကြောင့်လည်း ဝိတ်ကျ​နေတတ်ပါတယ်။

ဝိတ်ကျတာဟာ ဘယ်အချိန်​တွေမှာစိုးရိမ်ရလဲ

ကိုယ်ဝန်​ဆောင်ကာလ အလယ်ပိုင်းနဲ့ ​နှောင်းပိုင်းတို့မှာပါ ကိုယ်အ​လေးချိန်ဆက်ပြီးကျ​နေ​သေးရင်စိုးရိမ်စရာ​ကောင်းပါတယ်။ ဝိတ်ကျ​နေခြင်းဟာ ​နောက်ဆက်တွဲအ​နေနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ လမ​စေ့ဘဲ​မွေးခြင်း(ကိုယ်ဝန်၃၇ပတ်မတိုင်ခင်​မွေးခြင်း) ၊ ​ပေါင်မပြည့်​​တဲ့က​လေး​မွေးခြင်း စတာ​​​တွေအပြင် မိခင်မှာ​သွေးအားနည်း​​ရောဂါ၊ အရိုးပွ​ရောဂါ​တွေကြုံလာရနိုင်ပါတယ်။ လမစေ့ဘဲမွေးဖွားလာတဲ့ ကလေးငယ်​တွေဟာ ကိုယ်အလေးချိန်နည်းပါးတတ်ကြပြီး အသက်အရွယ်ရလာတဲ့အခါ နှလုံးရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါစတဲ့ ကျန်းမာရေးပြဿနာ​တွေဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

 

ကိုယ်အ​လေးချိန်တက်လာ​​အောင် ဘာ​တွေလုပ်သင့်သလဲ

ကိုယ်ဝန်​ဆောင်ကာလ အလယ်ပိုင်းနဲ့​နှောင်ပိုင်း​တွေမှာ တစ်​နေ့ကိုကယ်လိုရီပမာဏ ၃၅၀က​နေ ၄၅၀​လောက်ထိ ရရှိဖို့လိုအပ်ပါတယ်။  အဲဒီလို ကယ်လိုရီများများရရှိ​စေဖို့ –

(၁) ကစီဓာတ်၊ အသားဓာတ်နဲ့အဆီဓာတ်တို့ကို မျှတ​အောင်စားသုံးပါ။ ကစီဓာတ်ကို အသီးအရွက်၊အသီးအနှံ၊ အ​စေ့အဆန်များမှလည်း​ကောင်း၊ အသားဓာတ်ကို အသား၊ ကြက်ဥ၊ တို့ဖူး၊ နို့နှင့်နို့ထွက်ပစ္စည်းတို့မှလည်း​ကောင်း ရရှိ​စေနိုင်ပါတယ်။

(၂) အစာကိုနည်းနည်းနဲ့ အကြိမ်​ရေများများစားပါ။ ​တစ်​နေ့အနည်းဆုံး ၅နပ်မှ ၆နပ်ခန့် နည်းနည်းစီစား​ပေးခြင်းက ပျို့အန်ခြင်းနဲ့ ရင်ပူခြင်းတို့ကိုလည်း သက်သက်​စေနိုင်ပါတယ်။

(၃) ​ဖျော်ရည်တွေ​သောက်သုံးပါ။ အစာစားဖို့၊ မျိုချဖို့ရာ ခက်ခဲ​နေမယ်ဆိုရင် ကယ်လိုရီပါဝင်တဲ့ ​ဖျော်ရည်​တွေ​သောက်သုံး​ပေးနိုင်ပါတယ်။ သစ်သီး​ဖျော်ရည်​သောက်သုံးခြင်းအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်​တွေပါ ရရှိ​စေနိုင်ပါတယ်။

(၄) အာဟာရဖြစ်​စေမယ့် အဆာ​ပြေမုန့်​လေး​တွေစား​ပေးနိုင်ပါတယ်။ ဒိန်ချဥ်၊ ​ရေခဲမုန့်၊ ပေါင်မုန့်​ထောပတ်သုတ် စတာ​တွေက​နေ ကယ်လိုရီ​တွေရရှိ​စေပါတယ်။

(၅) ရေများများသောက်ပါ။ ​​ရေကိုလုံ​လောက်​အောင်​သောက်ခြင်းဖြင့် ပျို့အန်ခြင်းကို သက်သာ​စေနိုင်ပါတယ်။

(၆) ဗီတာမင်နဲ့သတ္တုဓာတ်အား​ဆေးများ​သောက်သုံးပါ။ ကိုယ်ဝန်​​ဆောင်ကာလမှာ လိုအပ်တဲ့ သံဓာတ်၊ ​ဖောလစ်အက်စစ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ၊ DHA စတာ​တွေ​သောက်သုံးနိုင်ပါတယ်။ ဒီဓာတ်​တွေဟာ သင့်ကလေး ကျန်းမာကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက တချို့ဗီတာမင်​တွေကို အလွန်အကျွံ​သောက်သုံးရင် က​လေးကိုထိခိုက်​စေနိုင်ပါတယ်။ ဥပမာ-ဗီတာမင်​အေအလွန်အကျွံ​သောက်သုံးရင် ​မွေးရာပါချို့ယွင်းချက်ရှိတဲ့က​လေး​လေး​မွေးဖွားလာနိုင်ပါတယ်။

ဒါ​ကြောင့် ​မေ​မေတို့အ​နေနဲ့ ကိုယ်ဝန်​ဆောင်​နေစဥ်ကာလမှာ ကိုယ်အလေးချိန်ကျ​နေရင် အရမ်းကြီးစိတ်ပူမ​နေဘဲ အထက်ပါ​ဖော်ပြထားတဲ့နည်းလမ်း​တွေအပြင် သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကာ ​သေချာစွာလိုက်နာ​ဆောင်ရွက်မယ်ဆိုရင် အချိန်တိုအတွင်းကိုယ်အလေးချိန်တက်လာနိုင်ပြီး ကျန်းမာကြံ့ခိုင်တဲ့ က​လေး​လေး​တွေ​မွေးဖွားလာမှာပဲ ဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

လူ့ခန္ဓာကိုယ်အတွက် သံဓာတ်က ဘာကြောင့်အရေးပါလဲ 

Next Post

သံဓာတ်ချို့တဲ့လျှင် ဘာရောဂါတွေဖြစ်နိုင်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်ချို့တဲ့လျှင် ဘာရောဂါတွေဖြစ်နိုင်လဲ

ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာကို ဘယ်လိုကာကွယ်မလဲ

ဆေးသောက်စရာမလိုဘဲ ခေါင်းကိုက်ဝေဒနာသက်သာစေမယ့် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.