fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကာလမှာ ကယ်လ်စီယမ် ဘယ်လောက်လိုအပ်လဲ

103
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/11/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကယ်စီယမ်ဓာတ်ဟာ ကိုယ်ဝန်​ဆောင်ကာလမှာ အထူးလိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်​ဆောင်ကာလမှာ ​မေ​မေတို့ရဲ့စိတ်သာမက ​မေ​မေတို့ရဲ့ခန္ဓာကိုယ်ကပါ က​လေးလေးကို လိုအပ်သမျှဖြည့်ဆည်း​ပေးဖို့အသင့်ရှိ​နေပါတယ်။ အခြားအာဟာရ​တွေနည်းတူ ကယ်လ်စီယမ်ဓာတ်ကိုလည်း က​လေး​လေး​တွေဟာ ​မေ​မေတို့ခန္ဓာကိုယ်ကမှတစ်ဆင့်ရရှိတာဖြစ်လို့ ​မေ​မေတို့က ကယ်လ်စီယမ်ဓာတ်ကို လုံ​လောက်​အောင်စားသုံး​ပေးဖို့ အ​ရေးကြီးပါတယ်။

မေ​မေတို့ တစ်​နေ့ ကယ်လ်စီယမ်ဘယ်​လောက်လိုလဲ

ကိုယ်ဝန်​ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေရဲ့ ကယ်လ်စီယမ်လိုအပ်မှုပမာဏဟာ အတူတူပဲဖြစ်ပါတယ်။

အသက်၁၈နှစ်​ကျော်ပြီဖြစ်တဲ့ ကိုယ်ဝန်​ဆောင်​မေ​မေ​တို့နဲ့နို့တိုက်မိခင်တို့ဟာ တစ်​နေ့ကိုကယ်လ်စီယမ် ၁၀၀၀ mg ​လောက်စားသုံး​ပေးဖို့လိုအပ်ပါတယ်။ ငယ်ရွယ်လွန်းတဲ့​မေ​မေတို့(အသက်၁၈နှစ်​အောက်)က​တော့ ကယ်လ်စီယမ်ကို တစ်​နေ့ ၁၃၀၀ mg ​လောက်လိုအပ်ပါတယ်။ က​လေး​မွေးဖွားပြီးသွားသည့်တိုင်​အောင် ​မေ​မေတို့အရိုး​တွေကြံ့ခိုင်ဖို့နဲ့အရိုးပွ​ရောဂါကို ကာကွယ်နိုင်ဖို့ ကယ်လ်စီယမ်ကို လုံ​လောက်​အောက် ဆက်လက်စားသုံး​ပေးဖို့လိုပါတယ်။

ကယ်လ်စီယမ်က က​လေးအတွက်ဘာ​တွေအကျိုးရှိ​စေလဲ

ဝမ်းဗိုက်အတွင်းဖွံ့ဖြိုးဆဲက​လေးလေးရဲ့ အရိုးများနဲ့ သွားများသန်မာစွာတည်​ဆောက်နိုင်ဖို့အတွက် ကယ်လ်စီယမ် လိုအပ်ပါတယ်။ ဒါ့ပြင် ကယ်လ်စီယမ်ဟာ ကလေးအတွက် ကျန်းမာသန်စွမ်းသောနှလုံး၊ အာရုံကြောများနှင့်ကြွက်သားများကို ကြီးထွား​စေတဲ့အပြင် နှလုံးခုန်နှုန်းပုံမှန်ဖြစ်​စေဖို့အ​ထောက်အပံ့ဖြစ်​​စေပါတယ်။ က​လေး​လေးတို့အရိုး​တွေသန်မာစွာတည်​ဆောက်နိုင်ဖို့ ကယ်လ်စီယမ်လိုအပ်မှုအရှိဆုံးဖြစ်တယ်။ ကိုယ်ဝန်​ဆောင်ကာလနောက်ဆုံးသုံးလအတွင်းမှာ ​မေ​မေတို့က ကယ်လ်စီယမ်ကိုလုံလောက်စွာစားသုံး​ပေးဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။

မေ​မေတို့က​ရော ကယ်လ်စီယမ်ဓာတ်လုံ​လောက်ဖို့ ဘာလို့အ​ရေးကြီးတာလဲ

ကယ်လ်စီယမ်ဓာတ်ဟာ ​​သွေးတိုး​ရောဂါနဲ့ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ ဖြစ်ပွားနိုင်​ခြေကိုလျှော့ချ​ပေးပါတယ်။ မေ​မေတို့ဟာ ပြင်ပမှကယ်လ်စီယမ်လုံ​လောက်​အောင်မစားရင်​တောင်မှ ​မေ​မေတို့ခန္ဓာကိုယ်က အရိုး​တွေသွား​တွေမှာရှိတဲ့ကယ်လ်စီယမ်​တွေကို က​လေး​လေးဆီပေး​နေမှာပဲဖြစ်ပါတယ်။ ဒါ​ကြောင့် လိုအပ်တဲ့ကယ်လ်စီယမ်ပမာဏကို ပြန်ဖြည့်​နိုင်​အောင် မစားသုံးနိုင်ရင် ​မေ​မေတို့မှာ အရိုးပွတာကဲ့သို့​​သော အရိုးကျန်းမာ​ရေးပြဿနာ​တွေကြုံ​တွေ့လာရနိုင်ပါတယ်။

ကယ်လ်စီယမ်ကို ဘယ်အစားအစာ​တွေက​နေရရှိနိုင်လဲ

ပိုးသတ်ထား​တဲ့နို့နဲ့နို့ထွက်ပစ္စည်းများ၊ ချိစ်၊ ဒိန်ချဥ်၊ ကိုက်လန်၊ ပန်းစိမ်း၊ ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါး၊ တူနာငါးများ၊ တို့ဖူး၊ သခွားသီးနဲ့အစိမ်းရင့်​ရောင်ရှိ​သောအရွက်များ စတာ​​တွေက​နေ ကယ်လ်စီယမ်ဓာတ်ရရှိနိုင်ပါတယ်။ ကယ်လ်စီယမ်လုံ​လောက်စွာရရှိနိုင်ဖို့ အထက်ပါအစားအစာ​တွေကို အလှည့်ကျနဲ့ အကြိမ်​ရေများများစားသုံး​ပေးဖို့လိုပါတယ်။ ဘုံဘိုင်​ရေနဲ့တွင်း​ရေတို့မှလည်း ကယ်လ်စီယမ်ဓာတ်ရရှိနိုင်တာဖြစ်လို့ ​ရေများများ​သောက်​ပေးဖို့လိုပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်း​တွေစား​သုံးမယ်ဆိုရင်ပိုးသတ်ပြီးသားဖြစ်ဖို့​တော့အ​ရေးကြီးပါတယ်။

ဒါ့ပြင်ကိုယ်ဝန်​ဆောင်​မေ​မေတို့က မာကျူရီပါဝင်နိုင်တဲ့ငါး​တွေကို ​ရှောင်ရှားရမှာဖြစ်ပါတယ်။ အကယ်၍ မိမိကသတ်သတ်လွတ်စားလို့ဘဲဖြစ်ဖြစ် ကယ်လ်စီယမ်ကို အစားအစာ​တွေက​နေလုံ​လောက်​အောင် မစားသုံးနိုင်ရင် ကယ်လ်စီယမ်ပါဝင်တဲ့ အား​ဆေး​တွေ​သောက်သုံးလို့ရပါတယ်။ ဒါပေမဲ့ ​သင့်​တော်တဲ့ပမာဏကို ဆရာဝန်နဲ့တိုင်ပင်​မေးမြန်းပြီးမှ ​သောက်သုံးရမှာဖြစ်ပါတယ်။

ကယ်လ်စီယမ်ဓါတ်လုံ​လောက်စွာမစားသုံးရင် ဘာ​တွေဖြစ်လာနိုင်လဲ

ကယ်လ်စီယမ်လုံ​လောက်​အောင်မစားသုံးရင် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ လမ​စေ့ဘဲ​မွေးခြင်း၊ ​ပေါင်မပြည့်​သောက​လေး​မွေးခြင်း၊ က​လေးအရိုးနှင့်ကြွက်သားများဖွံ့ဖြိုးမှုအားနည်းခြင်း၊ ကြွက်တက်ခြင်း၊ နှလုံး​ရောဂါ၊ အရိုးပွ​​ရောဂါတို့ ဖြစ်​ပေါ်လာနိုင်ပါတယ်။

ကယ်လ်စီယမ်အလွန်အကျွံစားသုံးရင် ဘာ​တွေဖြစ်လာနိုင်လဲ

အစားအစာ​တွေက​နေကယ်လ်စီယမ်အလွန်အကျွံစားမိတာမျိုးက​​တော့ ဖြစ်နိုင်​ခြေအလွန်နည်းပါတယ်။ ဒါပေမဲ့ ကယ်လ်စီယမ်အားဖြည့်​ဆေးလုံး​တွေ အလန်အကျွံ​​သောက်မိရင်​တော့ ဝမ်းချုပ်ခြင်း၊ ​လေပွခြင်း၊ ​ကျောက်ကပ်မှာ​ကျောက်တည်ခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း။ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ခန္ဓာကိုယ်မှသံဓာတ်နဲ့ ဇင့်ဓာတ်ကဲ့သို့သောအခြားသတ္တုဓာတ်​တွေစုပ်ယူဖို့ခက်ခဲသွားခြင်းစတဲ့ဆိုးကျိုး​တွေ ကြုံ​တွေ့လာရနိုင်ပါတယ်။

မေ​မေတို့ကယ်လ်စီယမ်နည်း​နေရင် ဘယ်လိုလက္ခဏာ​တွေပြနိုင်လဲ

​သွေးတွင်းမှာကယ်လ်စီယမ်ဓာတ်​လျော့နည်း​နေရင် ကြွက်တက်ခြင်း၊ ​လက်​ချောင်းခြေ​ချောင်း​တွေထုံကျင်ခြင်း၊ လမ်း​လျှောက်ချိန်တမှာ ပေါင်နဲ့လက်​မောင်းများနာကျင်ခြင်း၊ အ​မောမခံနိုင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အသားအ​ရေ​ခြောက်ခြင်း၊ လက်သည်းများကြွပ်ဆပ်ခြင်း စတဲ့လက္ခဏာ​တွေဖြစ်​ပေါ်နိုင်ပါတယ်။ ​မေ​မေတို့မှာ ကယ်လ်စီယမ်ဓာတ်လိုအပ်လာပြီလို့ထင်ရင် အစားအစာ​တွေက​နေ လုံ​လောက်​အောင်ပြန်လည်စားသုံးတာသို့မဟုတ် ဆရာဝန်နဲ့တိုင်ပင်ပြီးအား​ဆေး​သောက်သုံးတာ​တွေပြုလုပ်လို့ရပါတယ်။

ကိုယ်ဝန်​ဆောင်​မေ​မေတို့အ​နေနဲ့ ကယ်လ်စီယမ်အပါအဝင် တခြားဗီတာမင်နဲ့သတ္တုဓာတ်​တွေလုံ​လောက်စွာရရှိနိုင်ဖို့ အာဟာရမျှတ​အောင်စုံစုံလင်​လင်စားသုံး​ပေးခြင်းက အ​ရေးကြီးဆုံးပဲဖြစ်ပါတယ်။ အာဟာရပြည့်ဝစွာစားသုံးခြင်းက ​မေ​မေတို့ကိုကျန်းမာ​စေပြီး က​လေး​မွေးဖွားဖို့အတွက်ခွန်အားဖြစ်​စေသလို နို့တိုက်ဖို့ရာအတွက်လည်းအ​​​ထောက်အပံ့ဖြစ်​စေပါတယ်။ ဒါ​ကြောင့် ကျန်းမာကြံ့ခိုင်တဲ့က​လေး​လေး​မွေးဖွားနိုင်ဖို့အတွက် အစာအာဟာရတွေကို စုံလင်စွာစား​သောက်ဖို့တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

Author: Dr. Aye Myat

Previous Post

သံဓာတ်ကြွယ်ဝ​တဲ့ အစားအစာများ

Next Post

အရိုးအဆစ်နဲ့ကြွက်သားနာကျင်စေတတ်တဲ့ လုပ်ငန်းခွင်ထဲကအမူအကျင့်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရိုးအဆစ်နဲ့ကြွက်သားနာကျင်စေတတ်တဲ့ လုပ်ငန်းခွင်ထဲကအမူအကျင့်များ

ဆောင်းရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲ

ဆောင်းရာသီမှာ နှာစေးနှာပိတ်သက်သာအောင် ကာကွယ်ဖို့ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.