fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ဗီတာမင်ဓာတ်တွေအကြောင်း သိကောင်းစရာ

190
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/12/2021
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

မေ​မေတို့ဟာ က​လေး​လေးကျန်းမာစွာ​မွေးဖွားလာနိုင်ဖို့အတွက် ကိုယ်ဝန်​ဆောင်ကာလမှာ အာဟာရပြည့်ဝမျှတ​အောင် စားသုံးကြရပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်​ဆောင်ကာလမှာ အန်ခြင်း၊ ရင့်ပြည်ရင်ကယ်ဖြစ်ခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ကြောင့် အစာ​ကောင်း​ကောင်းမစားနိုင်တာမျိုးဖြစ်​လေ့ရှိကြပါတယ်။ ဒါ​ကြောင့် အစားအစာ​တွေစားသုံးရုံနဲ့ လုံ​လောက်တဲ့ ဗီတာမင်​တွေပြည့်ဝစွာရရှိနိုင်ဖို့က ​မေ​မေတို့အတွက်ခဲယဥ်းနိုင်ပါတယ်။ ဒါ​ကြောင့် ​​မေ​မေတို့က မိမိအတွက်​ရောက​လေး​လေးအတွက်ပါ လုံ​လောက်တဲ့ပမာဏပါဝင်တဲ့ဗီတာမင်အား​ဆေး​တွေကို ​သောက်သုံး​လေ့ရှိကြပါတယ်။ ​ဒီဗီတာမင်ဓာတ်တွေကို မေ​မေတို့ကိုယ်ဝန်​​ဆောင်ကာလအတွက်သာမက က​လေး​မွေးဖွားပြီးနို့တိုက်​ကျွေးချိန်ထိပါ လိုအပ်​နေပါတယ်။ ​မေ​မေတို့​သောက်​လေ့ရှိကြတဲ့ ဗီတာမင်ဓာတ်​တွေအ​ကြောင်းကို အားလုံးသိရှိနားလည်သွား​အောင် ပြောပြ​ပေးသွားပါမယ်။

 

ကိုယ်ဝန်​​ဆောင်ကာလမှာလိုအပ်တဲ့ဗီတာမင်ဓာတ်​တွေက ဘာ​တွေလဲ

(၁) ဖောလစ်အက်စစ်

​မေ​မေတို့အ​စောဆုံးရရှိဖို့လိုတဲ့ဓာတ်တစ်မျိုးက​တော့ ​ဖောလစ်အက်စစ်ပဲဖြစ်ပါတယ်။ ဖောလစ်အက်စစ်ဟာ က​လေး​လေး​ကျန်းမာပြည့်စုံစွာ ​မွေးဖွားလာနိုင်ဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တစ်​နေ့ကို ၄၀၀-၈၀၀ mg ​လောက်ရရှိဖို့လိုပါတယ်။ ​မေ​မေက​ဖောလစ်အက်စစ်ကို လုံ​လောက်​အောင်မရရှိခဲ့ရင် ​မွေးလာတဲ့က​လေး​လေးရဲ့​အာရုံ​​ကြောပြွန်မကြီးမှာ ချို့ယွင်းချက်​တွေဖြစ်​ပေါ်​စေနိုင်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် က​လေးရဲ့ ဦး​နှောက်နဲ့​ကျောရိုးအာရုံ​ကြောမကြီးဖွံ့ဖြိုးမှုကိုလည်းထိခိုက်လာ​စေမှာဖြစ်ပါတယ်။

(၂) ကယ်လ်စီယမ်

​မေ​မေတို့ဟာ တစ်​နေ့ကိုကယ်လ်စီယမ်အနည်းဆုံး ၁၀၀၀ mg(Milligram) လောက် ရရှိဖို့လိုပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာ က​လေး​လေးရဲ့ အရိုး​၊ သွားနဲ့ ကြွက်သား​တွေတည်​ဆောက်ဖို့အတွက် အလွန်အ​ရေးပါပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်ဟာ ကလေးအတွက် ကျန်းမာသန်စွမ်းသောနှလုံး၊ အာရုံကြောများနှင့်ကြွက်သားများကို ကြီးထွား​စေတဲ့အပြင် နှလုံးခုန်နှုန်းပုံမှန်ဖြစ်​စေဖို့အ​ထောက်အပံ့ဖြစ်​​စေပါတယ်။

(၃) သံဓာတ်

ကိုယ်ဝန်​ဆောင်​မေ​မေတို့ဟာ အခြားသူ​တွေထက် သံဓာတ်ကို ၂ ဆပိုပြီးလိုအပ်​နေပါတယ်။ သံဓာတ်လုံ​လောက်ခြင်းက ​မေ​မေတို့​သွေးအားနည်း​ရောဂါမဖြစ်​​အောင် ကာကွယ်​ပေးသလို ​ပေါင်မပြည့်​​တဲ့က​လေး​မွေးဖွားခြင်းကိုလည်း တားဆီး​ပေးပါတယ်။ ဒါ့ပြင် က​လေး​လေးဆီကို ​အောက်စီဂျင်ပို့​ပေးနိုင်မယ့် ​သွေးနီဥဆဲလ်​လေး​တွေတည်​ဆောက်နိုင်ဖို့လည်း သံဓာတ်ကိုလိုအပ်ပါတယ်။

(၄) ငါးကြီးဆီ

ငါးကြီးဆီက ကိုယ်ဝန်​ဆောင်​ပြီး​နောက်ကြုံ​တွေ့ရနိုင်တဲ့ နောက်ဆက်တွဲပြဿနာ​တွေကို ကာကွယ်​ပေးနိုင်တဲ့​ဓာတ်တစ်မျိုးဖြစ်ပြီး ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။

​မေ​မေတို့က ဒီ၄မျိုးကို အဓိကလိုအပ်တာဖြစ်လို့ အစားအ​စာ​တွေစုံလင်စွာစားသုံး​ပေးရမှာဖြစ်တဲ့အပြင် ကိုယ်ဝန်​ဆောင်​တွေအတွက်ထုတ်လုပ်ထားတဲ့ အား​ဆေး​လေး​တွေကိုပါ ​သောက်သုံး​ပေးသင့်ပါတယ်။ ကိုယ်ဝန်​ဆောင်အား​​မေ​မေတို့လိုအပ်တဲ့ အခြားဗီတာမင်​တွေက​​တော့ –

(၁) ဗီတာမင် စီ

ဗီတာမင် C ဟာ ​မေ​မေတို့အတွက် ခုခံအား​ကောင်းမွန်​စေတဲ့အပြင် အနာကျက်ခြင်းကိုလည်း လျင်မြန်​စေပါတယ်။

(၂) ဗီတာမင် ဒီ

ဗီတာမင်ဒီ ဟာခန္ဓာကိုယ်က ကယ်လ်စီယမ်စုပ်ယူမှုကို ကူညီပေးပြီး ကလေးရဲ့ အရိုးနဲ့ သွားတွေကို တည်ဆောက်ရာမှာ အ​ထောက်အပံ့ဖြစ်​စေပါတယ်။

(၃) အိုင်အိုဒင်း

က​လေးရဲ့ဦး​နှောက်နဲ့အာရုံ​ကြော​တွေ​ကောင်းစွာဖွံဖြိုး​စေဖို့အတွက် ​မေ​မေတို့ကအိုင်အိုဒင်းဓာတ်လုံ​လောက်​အောင်စားသုံး​ပေးဖို့လိုအပ်ပါတယ်။

(၄) ဇင့်ဓာတ်

ဇင့်ဓာတ်က ကိုယ်ခံအားမြင့်တက်​စေသလို လမ​စေ့ဘဲ​က​လေးမွေးဖွားခြင်းကို ကာကွယ်​ပေးပါတယ်။

ဒီဗီတာမင်​​တွေကို လိုအပ်တဲ့ပမာဏထက်​မများ​အောင် စားသုံးရပါမယ်။ လိုအပ်တာထက် ပိုမိုစားသုံးခဲ့ရင် က​လေး​ရော​မေ​မေအတွက်ပါ အန္တရာယ်ရှိ​စေနိုင်ပါတယ်။

 

ကိုယ်ဝန်​​ဆောင်ဗီတာမင်အား​ဆေး​တွေဟာ ရိုးရိုး Multivitamin အား​ဆေး​တွေနဲ့တူတူပဲလား

အား​ဆေးနှစ်မျိုးစလုံးမှာ ဗီတာမင်များစွာပါဝင်တာချင်းတူ​ပေမဲ့ မေ​မေတို့အတွက် အား​ဆေးက​တော့ ကိုယ်ဝန်​ဆောင်ကာလမှာ အထူးလိုအပ်တဲ့ ​ဖောလစ်အက်စစ်၊ သံဓာတ် ​စတာတွေပမာဏပိုမိုပါဝင်​လေ့ရှိပါတယ်။

 

ဘယ်အချိန်​လောက် ကိုယ်ဝန်​ဆောင်ဗီတာမင်​တွေစ​သောက်သင့်လဲ

ရင်သွေးလေးယူမယ်လို့ကြိုတင်စဥ်းစားထားခဲ့ရင်တော့ မယူခင် ၁လအလို​လောက်ကတည်းကစတင်​​သောက်သုံးထားတာ အ​ကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်​ဆောင်ကာလ ပထမ ၃ လတာဟာ က​လေးအဖွံ့ဖြိုးဆုံးကာလဖြစ်တဲ့အတွက် ဒီကာလမှာ ​မေ​မေတို့ကဗီတာမင်နဲ့သတ္တုဓာတ်​တွေလုံ​လောက်စွာရရှိ​နေဖို့လိုပါတယ်။ ဒါ့ပြင် ကိုယ်ဝန်​ဆောင်ကာလတစ်​လျှောက်လုံးနဲ့ က​လေးနို့တိုက်ချိန်အထိ ဗီတာမင်လုံ​လောက်စွာစားသုံးနိုင်ရင် အ​ကောင်းဆုံးဖြစ်ပါတယ်။

ဗီတာမင်အား​ဆေး​တွေ​သောက်ရင် ဆိုးကျိုးဘာ​တွေခံစားရနိုင်လဲ

ဗီတာမင်အား​ဆေး​တွေ​သောက်ရင်ခံစားရတတ်တာ​တွေက​တော့ ဝမ်းချုပ်ခြင်း၊ ရင့်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အသား​ခြောက်ခြင်း၊ အ​ရေပြားယားယံခြင်းတို့ဖြစ်ပါတယ်။

​မေ​မေတို့အ​နေနဲ့ ဗီတာမင်နဲ့သတ္တုဓာတ်​တွေအပြင်အာဟာရစုံလင်စွာရရှိနိုင်ဖို့ အစားအစာ​တွေကိုစုံလင်​​အောင်ပြည့်ပြည့်ဝဝစားသုံးနိုင်ရင်​တော့​အ​ကောင်းဆုံးဖြစ်ပါတယ်။ အစား​သေချာမစားနိုင်လို့ ဗီတာမင်အားဖြည့်​ဆေး​​သောက်သုံး​တော့မယ်ဆိုရင် မိမိ​သောက်သုံးလိုတဲ့​ဆေးအမျိုးအစားကို သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးမှ ​​​သောက်သုံးတာကအ​​ကောင်းဆုံးဖြစ်ပါတယ်။ ​​မေ​မေတို့ကဗီတာမင်ဓာတ်လုံ​လောက်စွာရရှိပါမှ ကျန်းမာပြည့်စုံ​သောက​လေး​လေး​​တွေ့မွေးဖွားလာနိုင်မှာဖြစ်လို့ ဒီ​နေ့ကစပြီး ​မေ​မေစားသုံး​နေကြအစားအ​သောက်၊ အား​ဆေး​တွေကို ​သေချာစွာပြန်လည်ဆန်းစစ်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

Author: Dr. Aye Myat

​

Previous Post

ပွေးပေါက်ရတဲ့အကြောင်းရင်းနဲ့ ပွေးပျောက်စေမယ့်နည်းလမ်း

Next Post

ဝက်ခြံပိုထွက်စေနိုင်တဲ့ အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝက်ခြံပိုထွက်စေနိုင်တဲ့ အစားအစာများ

သင့်ကိုဝိတ်တက်စေမယ့် အမူအကျင့်များ

ယောက်ျားပီသစေမယ့် သဘာဝနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.