fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

448
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2022
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

လမစေ့ဘဲမွေးဖွားခြင်းဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင် မွေးဖွားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

လမစေ့ဘဲမွေးဖွားသည့်အခါ ပေါင်ချိန်မပြည့်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရခြင်း၊ နို့တိုက်ရခက်ခဲခြင်း၊ ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပွားသည့် CP ရောဂါဖြစ်ခြင်း၊ သင်ကြားခြင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရခြင်း၊ စဉ်းစားတွေးခေါ်ခြင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရခြင်း၊ လှုပ်ရှားမှုများ မသွက်လက်သည့်ပြဿနာများ ကြုံတွေ့ရခြင်း၊ အမြင်အာရုံပိုင်းဆိုင်ရာ၊ အကြားအာရုံပိုင်းဆိုင်ရာပြဿနာများ ကြုံတွေ့ရခြင်း စသည့်ပြဿနာပေါင်းစုံ ကြုံတွေ့ရတတ်ပါသည်။

ထို့ကြောင့် လမစေ့ဘဲမွေးဖွားခြင်းကို ကာကွယ်ရန်အတွက် ၎င်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းများနှင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို ဖော်ပြလိုက်ရပါသည်။

 

ကိုယ်ဝန်ဆောင် မိခင် အာဟာရပြည့်ဝမှုမရှိခြင်း

ကိုယ်ဝန်မဆောင်မီကာလနှင့် ကိုယ်ဝန်ဆောင်နေသည့်ကာလများတွင် မိခင်များ အာဟာရပြည့်ဝစွာ စားသောက်မှု မရှိခြင်းသည် လမစေ့ဘဲ မွေးဖွားခြင်းနှင့် များစွာဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် သံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ အိုင်အိုဒင်းဓာတ်၊ ဖောလိတ်ဓာတ်နှင့် ဇင့်ဓါတ်တို့ ချို့တဲ့ပါက ပိုမိုဖြစ်ပွားတတ်ပါသည်။

ထိုသို့ အာဟာရမပြည့်ဝခြင်းသည် လမစေ့ဘဲမွေးဖွားခြင်းကို ဖြစ်စေနိုင်သကဲ့သို့ သွေးအားနည်းခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သွေးသွန်ခြင်း၊ ဗိုက်ထဲမှ ရင်သွေးငယ်၏ကြီးထွားနှုန်း နှေးကွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ ကလေးအသေ မွေးဖွားခြင်း စသည့်ပြဿနာများကိုလည်း ပိုမို ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်သည့် မိခင်များအနေဖြင့် အာဟာရပြည့်ဝအောင် ဂရုပြု၍စားသောက်ရမည့်အပြင် ကိုယ်ဝန်ဆောင် အားဆေးများကိုပါသောက်သုံးသင့်ပါသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသည့် အမျိုးသမီးများသည်လည်း အာဟာရပြည့်ဝစေရန် တင်ကြို၍ စီစဉ်စားသောက်သင့်ပါသည်။

 

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာကို ဖြစ်ပွားစေနိုင်ကြောင်း လူအတော်များများ သိပြီးဖြစ်ပါလိမ့်မည်။ ထိုမျှသာမက ဆေးလိပ်သောက်ခြင်းသည် မိခင်၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေသားကိုလည်း ဒုက္ခများစွာပေးစွမ်းနိုင်သလို လမစေ့ဘဲ မွေးဖွားခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။

ထို့ပြင် ဆေးလိပ်မီးခိုးတွင် ပါဝင်သောဓာတုပစ္စည်းများသည် သန္ဓေသား၏ ဦးနှောက်နှင့် အဆုတ် ဖွဲ့စည်းတည်ဆောက်ခြင်းကို များစွာအနှောင့်အယှက်ပေးပါသည်။ မွေးဖွားသည့်အခါတွင်လည်း ပေါင်မပြည့်ခြင်းကို ဖြစ်စေနိုင်ပါသည်။

မွေးဖွားလာသည့်ကလေးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကဲ့သို့သော မွေးရာပါ ချို့ယွင်းချက်များကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ပြင် မွေးဖွားပြီးနောက် ကလေးငယ်ရုတ်တရက် သေဆုံးခြင်း (Sudden Infant Death Syndrome-SIDS) ကိုလည်း ပိုမို ဖြစ်ပွားစေကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်မည့် မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်မဆောင်မီကာလကပင် ကြိုတင်ကာ ဆေးလိပ်ဖြတ်သင့်ပါသည်။ မိမိကိုယ်တိုင်သောက်ခြင်းကို ဖြတ်ရုံသာမက အခြားသူများ သောက်သည့် ဆေးလိပ်မီးခိုးငွေ့များနှင့်လည်း ကင်းဝေးအောင် နေထိုင်သင့်ပါသည်။

 

မူးယစ်ဆေးနှင့် အရက်သောက်ခြင်း

မူးယစ်ဆေးနှင့် အရက်များကို အလွန်အကျွံသောက်သုံးပါကလည်း လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ဖြစ်စေနိုင်ပါသည်။ အရက်နှင့် မူးယစ်ဆေးဝါးသည် ဆေးလိပ်ကဲ့သို့ပင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမ ဖွဲ့စည်းတည်ဆောက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ထို့ပြင် အခြား အင်္ဂါအစိတ်အပိုင်းများ ဖွဲ့စည်းတည်ဆောက်ခြင်းကိုလည်း အနှောင့်အယှက်များစွာ ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် လမစေ့ဘဲ ကလေးမွေးဖွားခြင်းအပြင် ကိုယ်ဝန်ပျက်ကျခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။ မွေးဖွားလာသည့်ကလေးတွင်လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာများ များစွာပါရှိတတ်ပြီး ထိုပြဿနာများကြောင့် နှစ်ပေါင်းများစွာ ကြာသည်အထိ အဆင်မပြေမှုများစွာ ဖြစ်ပွားစေနိုင်ပါသည်။

ထို့ကြောင့် ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်နေသည့်ကာလအတွင်းတွင် အရက်နှင့်မူးယစ်ဆေးဝါးများ သောက်သုံးခြင်း၊ သုံးစွဲခြင်းကို အထူးရှောင်ရှားသင့်ပါသည်။

 

ရောဂါပိုးများဝင်ရောက်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ရေမွှာအမြှေးပါး ပိုးဝင်ခြင်း၊ မွေးလမ်းကြောင်း ရောင်ရမ်းခြင်းကဲ့သို့သော ရောဂါပိုးများဝင်ရောက်သည့်အခါတွင်လည်း လမစေ့ဘဲ မွေးဖွားခြင်း ဖြစ်ပွားတတ်ပါသည်။

တစ်ခါတစ်ရံ ပြင်ပမှ ရောဂါပိုးများဝင်ရောက်ခြင်း မဟုတ်ဘဲ မွေးလမ်းကြောင်းနှင့် သားအိမ်ခေါင်းတွင် သဘာဝအတိုင်းရှိနေသော ဗက်တီးရီးယားပိုးများကို ခန္ဓာကိုယ်၏ ရောင်ရမ်းသည့်စနစ်များ၏ မူမမှန်သည့် တုန့်ပြန်မှုများကြောင့်လည်း လမစေ့ဘဲမွေးဖွားခြင်း ဖြစ်ပွားတတ်ပါသည်။ တစ်ခါတစ်ရံတွင်မူ သွားဖုံးနှင့် သွားများရောင်ရမ်းခြင်းကြောင့်လည်း လမစေ့ဘဲ မွေးဖွားခြင်း ဖြစ်ပွားတတ်ပါသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်နေသည့် ကာလတွင် ရောင်ရမ်းခြင်း၊ ဖျားနာခြင်းများ ဖြစ်ပွားခဲ့ပါက မပေါ့ဆဘဲနှင့် ဆရာဝန်များနှင့် ပြသသင့်ပါသည်။

 

သားအိမ်နှင့် သားအိမ်ခေါင်း ပုံမှန်မဟုတ်ခြင်း

သားအိမ်နှင့် သားအိမ်ခေါင်း ပုံမမှန်ခြင်းကလည်း လမစေ့ဘဲ မွေးဖွားခြင်းကို ဖြစ်စေနိုင်ပါသည်။ သားအိမ်အနေအထား၊ အငိုက်အစောင်း မမှန်ခြင်းကြောင့်လည်း ဖြစ်ပွားတတ်သကဲ့သို့ သားအိမ်ခေါင်း ပုံမှန်ထက်အားလျော့ကာ ကြွက်သားများ စောစီးစွာ ပွင့်ခြင်းကြောင့်လည်း လမစေ့ဘဲ မွေးဖွားနိုင်ပါသည်။

အဆိုပါ ပြဿနာများကို သားဖွားမီးယပ် ဆရာဝန်ဖြင့် ပုံမှန်ပြသခြင်းအားဖြင့် လိုအပ်သောလုပ်ဆောင်ချက်များကို ကြိုတင်ပြုလုပ် ကာကွယ်နိုင်ပါသည်။

 

ဒေါက်တာမိုး (ဆေး ၁)

 

 

Previous Post

သင်သိထားသင့်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေအကြောင်း

Next Post

မနက်အိပ်ရာထရင် နှာခေါင်းပိတ်ပိတ်နေတာ ဘာကြောင့်လဲ ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
570
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
350

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
542

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
488

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
261

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

3 years ago
159

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မနက်အိပ်ရာထရင် နှာခေါင်းပိတ်ပိတ်နေတာ ဘာကြောင့်လဲ ?

သတိပြုစရာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာ

ကော်ဖီအလွန်အကျွံသောက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.