fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

Headaches that are common to expectant mothers
343
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/04/2022
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းမေမေတွေဟာ ကိုယ်ဝန်ကာလအစောပိုင်းမှစ မီးဖွားသည်ထိ အမျိုးမျိုးသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဝေဒနာများကို ခံစားရလေ့ရှိပါသည်။ ထိုဝေဒနာများအနက် အဖြစ်များသော လက္ခဏာတစ်ခုမှာ ခေါင်းကိုက်ဝေဒနာ ဖြစ်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ပထမ၃လနှင့် ကိုယ်ဝန်ဆောင် သက်တမ်းနှောင်းပိုင်းကာလများတွင် အဖြစ်အများဆုံးဖြစ်သည်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာတွေဟာ ဟော်မုန်းပမာဏ ရုတ်တရက်ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ်တွင်း သွေးလည်ပါတ်မှုပမာဏတိုးလာခြင်းတို့နှင့် ဆက်နွယ်သည်။

ကိုယ်ဝန်ဆောင်အစောပိုင်းကာလ ခေါင်းကိုက်ခြင်းသည် ခန္ဓာကိုယ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအရ စိတ်ဖိစီးမှုများလာခြင်းကြောင့်လည်း ပိုဆိုးတတ်သည်။ ကာဖင်းဓါတ်ပါသော လက်ဖက်ရည်၊ ကော်ဖီသောက်လေ့ရှိသူသည် ကိုယ်ဝန်ဆောင်စဉ် ကာဖင်းဓါတ်ကို ရုတ်တရက် ဖြတ်လိုက်ခြင်းကြောင့်လည်း ခေါင်းကိုက်ဝေဒနာခံစားရနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ကာလတွင် အဖြစ်များသော ခန္ဓာကိုယ်ရှိသကြားဓါတ်လျော့နည်းခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် ရေဓါတ်ခမ်းခြောက်ခြင်းတို့သည်လည်း ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ဝေဒနာ Tension headache ခံစားရတတ်သူများသည် ကိုယ်ဝန်ဆောင်ကာလတွင် ပိုဆိုးတတ်သည်။

ကိုယ်ဝန်ဆောင် နှောင်းပိုင်းကာလခေါင်းကိုက်ဝေဒနာ ခံစားရခြင်းသည် သန္ဓေသားကြီးထွားလာသည်နှင့်အမျှ ကိုယ်အလေးချိန်မြင့်တက်လာခြင်းနှင့် ကိုယ်နေဟန်ထား ပုံမမှန်ဖြစ်ခြင်းတို့ကြောင့်ဖြစ်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်ကာလတွင် အန္တရာယ်ရှိသည့် အခြေအနေတစ်ခုဖြစ်သော ကိုယ်ဝန်ဆိပ်တက်ခြင်းခေါ် သွေးတိုးခြင်းနှင့် ဆီးတွင်းအသားဓါတ် ပါခြင်းကြောင့်လည်း ခေါင်းကိုက်ခြင်းဖြစ်တတ်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးခြင်း သွေးပေါင်ချိန်ပုံမှန်တိုင်းခြင်း ပြုလုပ်ရန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်ကာလတွင် စားသောက်မှုပုံစံသည်လည်း ခေါင်းကိုက်ခြင်းနှင့် ဆက်စပ်မှုရှိသည်။ အာဟာရမမျှတခြင်း၊ ဆိုဒီယမ် ဆားဓါတ်များသော အစားအစာများ၊ Monosodium glutamate-MSG အချိုမှုန့်၊ ချောကလက်၊ ဒိန်ချဉ်၊ချိစ်ကဲ့သို့ နို့ထွက်ပစ္စည်းများ၊ တစေးပါသော ပေါင်မုန့်၊ တာရှည်ခံအောင်ပြုပြင်ထားသော အသားများ၊ အချဉ်ဖောက်ထားသော အစားအစာများ၊ ချဉ်သောခရင်မ်များ၊ အရက်၊ ဘီယာ ယမကာများ၊ ဒူးရင်းသီးကဲ့သို့ အနံ့ပြင်းသောအစားအစာများသည် ခေါင်းကိုက်စေနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းသက်သာအောင် အစာကိုပမာဏနည်းနည်းနှင့် မကြာခဏစားပေးခြင်း၊ အစာအာဟာရ သင့်တင့်မျှတစွာစားသောက်ခြင်း၊ ရေဓါတ်ဖြည့်ခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူခြင်း၊ စိတ်ဖိစီးမှုလျော့နည်းအောင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေး သောက်ခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ အခြားအကိုက်အခဲပျောက်ဆေးနှင့် ခေါင်းကိုက်ပျောက်ဆေးများကိုမူ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။

ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်ခြင်းဟာ ဖြစ်လေ့ရှိသောဝေဒနာဖြစ်သော်လည်း မခံမရပ်နိုင်အောင် ရုတ်တရက် ပြင်းထန်စွာကိုက်ခြင်း၊ မျက်နှာနှင့်ခြေလက် ဖောယောင်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ အမြင်ချို့ယွင်းခြင်း၊ အလင်းတန်းများမြင်ခြင်း၊ ခြေလက်များ ရုတ်တရက်လေးလံပြီး လှုပ်မရခြင်း၊ တက်ခြင်း၊ ရုတ်တရက်မပျို့ပဲထိုးအန်ခြင်း၊ သတိလစ်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်လာခဲ့လျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားရောက် စစ်ဆေးရန်လိုအပ်ပါသည်။

Dr. Yee Mon

Previous Post

အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၏ အကျိုးကျေးဇူးများ

Next Post

ဇင့်ကိုဘယ်လိုအချိန်မှာ ​သောက်ရင်အ​ကောင်းဆုံးလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
560

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
533

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
443

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
484

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

3 years ago
158

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
when-is-the-best-time-to-take-zinc

ဇင့်ကိုဘယ်လိုအချိန်မှာ ​သောက်ရင်အ​ကောင်းဆုံးလဲ?

Frequent coughing and weakened immune system

မကြာခဏ ချောင်းဆိုးခြင်းနှင့် အားနည်းသော ကိုယ်ခံအားစနစ် immune system အကြောင်း

Summer and ice danger

နွေရာသီနှင့် ရေခဲအန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.