fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/02/2021
in အထွေထွေရောဂါများအကြောင်း, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ဆောင်းရာသီတွင် အဖြစ်များလေ့ရှိသည့် ရောဂါများနဲ့ နာကျင်ကိုက်ခဲခြင်းများမှာ အောက်ဖော်ပြပါတို့  ဖြစ်ကြပါသည်။

 

( ၁ )     လည်ချောင်းနာရောဂါ

လည်ချောင်းနာရောဂါသည် ဆောင်းရာသီတွင် အဖြစ်အများဆုံးရောဂါများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အများအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက်ခံရခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၎င်းသည် အအေးမိတုပ်ကွေးရောဂါ၏ ကနဦးရောဂါလက္ခဏာတစ်ခုအဖြစ် တွေ့ရလေ့ ရှိပါသည်။

 

ရောဂါဖြစ်ရသည့် အကြောင်းရင်းများ။

            Group A Streptococcus ဟူသည့် ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်လည်း လည်ချောင်းနာ ရောဂါ ဖြစ်စေနိုင်ကြောင်းကို တွေ့ရှိရပါသည်။

 

အခြားအကြောင်းရင်းများမှာ

– ဓာတ်မတည့်ခြင်း

– နေထိုင်သည့် နေရာပတ်ဝန်းကျင်သည် ခြောက်သွေ့နေခြင်း

– လေထုညစ်ညမ်းခြင်း

– လည်ချောင်းတွင် အကျိတ်ဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

 

ရောဂါလက္ခဏာများမှာ

– လည်ချောင်းတွင် အလွန်နာကျင်သည့် ဝေဒနာခံစားရခြင်း

– လည်ပင်းရောင်ရမ်းနေခြင်း

– အာသီးရောင်ရမ်းခြင်း

– လည်ချောင်းတွင် အဖြူအကွက်များဖြစ်ခြင်း

– အာသီးတွင် ပြည်ပုပ်များဖြစ်ခြင်း စသည့် လက္ခဏာများကို တွေ့ရှိရပါသည်။

၎င်းရောဂါလက္ခဏာကို သက်သာစေရန် ဆားရည်နွေးနွေးဖြင့် လည်ချောင်းကို ပလုတ်ကျင်း ပေးခြင်းပြုလုပ်ပေးနိုင်ပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် ရောဂါပိုးများကို  ဖယ်ရှားပေးနိုင်ခြင်း မရှိသော်လည်း ရောဂါဝေဒနာကို သက်သာလျော့နည်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။

 

( ၂ )      အဆုတ်ရောင်ရောဂါ ( နမိုးနီးယားရောဂါ )

‌ဆောင်းရာသီတွင် ဖြစ်သည့်ရောဂါများအနက် နမိုးနီးယားရောဂါသည် ဘက်တီးရီးယား

ရောဂါပိုးများကြောင့်ဖြစ်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၎င်းရောဂါသည် အသက်အန္တရာယ်ဖြစ်စေနိုင်သည့်ရောဂါတစ်မျိုးဖြစ်သဖြင့် စနစ်တကျ ထိရောက်စွာ ကုသမှုခံယူရန် အလွန်အရေးကြီးသည့် ရောဂါဖြစ်ပါသည်။

အထူးသဖြင့် ငယ်ရွယ်သောသူများထက် အသက်အရွယ်အိုမင်းသည့်သူများတွင် ပို၍ဂရုစိုက်ရန် လိုအပ်ကြောင်းလည်း တွေ့ရှိရပါသည်။

 

ရောဂါဖြစ်သည့် အကြောင်းရင်းများ။

            နမိုးနီးယားအဆုတ်ရောင်ရောဂါသည် အဆုတ်ရှိလေအိတ်ငယ်လေးများတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများ ပွားများခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။

ရောဂါလက္ခဏာများမှာ

– အလွန်အမင်းချောင်းဆိုးခြင်း

– အစိမ်းရောင်ချွဲသလိပ်များထွက်ခြင်း

– အဖျားကြီးခြင်း

– အသက်ရှူမ၀ခြင်း

– ချမ်းတုန်ခြင်း

– ခေါင်းကိုက်ခြင်း

– ဝမ်းလျှောခြင်း

– အန်ခြင်း

– ကြွက်သားနာကျင်ခြင်း

– ချွေးအလွန်ထွက်ခြင်း စသည်တို့ဖြစ်ကြပါသည်။

 

( ၃ )     နားတွင် ရုတ်တရက်ပြင်းထန်သည့်  ရောဂါပိုးကူးစက်ခံရခြင်း။

၎င်းသည် နားလမ်းကြောင်းအလယ်ပိုင်းတွင် ဘက်တီးရီးယားပိုးများကူးစက်ခံရခြင်းကြောင့်‌ ဖြစ်သည့်ရောဂါတစ်မျိုး ဖြစ်ပါသည်။

နားတွင် ရောဂါပိုးကူးစက်ခံရခြင်းရောဂါတွင် နာတာရှည်ဖြစ်ခြင်းနှင့် ရုတ်တရက်ပြင်းထန်စွာ ဖြစ်ခြင်းဟူ၍နှစ်မျိုးရှိပြီး ဆောင်းရာသီတွင် ရုတ်တရက်ပြင်းထန်စွာဖြစ်သည့် အမျိုးအစားကို တွေ့ရှိရပါသည်။

ရောဂါဖြစ်ပွားသည့်အကြောင်းရင်းများ။

            ၎င်းရောဂါဖြစ်သောသူများတွင်  ရောဂါပိုးများကြောင့် နားအလယ်ပိုင်း၌ အရည်များစုဝေး ပိတ်ဆို့နေခြင်း လက္ခဏာကို တွေ့ရှိရပါသည်။

            – ရာသီဥတုအေးခြင်း

– မျက်နှာအရိုးခွက်များတွင် ရောဂါပိုးဝင်ခြင်း

– ဆေးလိပ်သောက်ခြင်း

– ရာသီဥတုအခြေအနေများပြောင်းလဲခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။

 

ရောဂါလက္ခဏာများ

– နားတွင် အလွန်နာကျင်သည့် ဝေဒနာဖြစ်ခြင်း

– နားတွင် မအီမသာခံစားရခြင်း

– နားတွင် ပြည်ပုပ်များဖြင့် ပြည့်နေသည်ဟု ခံစားရခြင်း

– နားမကြားခြင်း စသည့်တို့ကို ခံစားရလေ့ရှိပါသည်။

( ၄ )     ပန်းနာရင်ကြပ်ရောဂါ။

            ပန်းနာရင်ကြပ်ရောဂါသည် ချမ်းအေးသည့် ရာသီဥတုအခြေအနေတွင် ရောဂါလက္ခဏာကို ပိုမိုဆိုးရွားစေတတ်သောကြောင့် ရောဂါရှိသူများအနေနှင့် သောက်ဆေး၊ ရှူဆေးများကို အမြဲမပြတ် အဆင်သင့်ဆောင်ထားရန် လိုအပ်ပါသည်။

 

ရောဂါဖြစ်သည့်အကြောင်းရင်းများ။

– မျိုးရိုးတွင် ပန်းနာရင်ကြပ်ရောဂါရှိသည့် ရာဇဝင်ရှိခြင်း

– မိဘများ သို့မဟုတ် မိသားစုတွင် ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသည့် ကျန်းမာရေးရာဇဝင်ရှိခြင်း

– ပန်းနာရင်ကြပ်ဖြစ်စေသော ဓာတ်မတည့်ဖြစ်စေသည့်အရာများနှင့် မကြာခဏထိတွေ့ခြင်း စသည့်အကြောင်းရင်းများကို တွေ့ရှိရပါသည်။

ရောဂါလက္ခဏာများ။

– ညဘက်တွင် အလွန်အမင်း ချောင်းဆိုးခြင်း

– အသက်ရှူလျှင် ရွှီရွှီမြည်ခြင်း

– ရင်ဘတ်တွင် တင်းကြပ်ကြပ်ဖြစ်ခြင်း

– အသက်ရှူမ၀ခြင်း

– အလွန်အမင်းမောပန်းခြင်း စသည့်ရောဂါလက္ခဏာများကို ခံစားရတတ်ပါသည်။

 

( ၅ )     နှလုံးရုတ်တရက်ရပ်ခြင်း။

            နှလုံးရုတ်တရက်ရပ်ခြင်းရောဂါသည် ဆောင်းရာသီတွင် အခြားရာသီများထက် ပို၍ဖြစ်လေ့ရှိကြောင်း တွေ့ရှိရပါသည်။

ဆောင်းရာသီ၏ အအေးဓာတ်သည် သွေးတိုးရောဂါရှိသောသူများအား နှလုံးကို ပို၍အားစိုက် ခြင်းဖြစ်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

 

ရောဂါဖြစ်စေသည့် အကြောင်းရင်းများ။

            နှလုံးရပ်ခြင်းဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများအနက် တစ်ခုမှာ သွေးလွှတ်ကြော နံရံများထူထဲလာသဖြင့်  ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှုနှေးကွေးသွားခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။

– ဆေးလိပ်သောက်ခြင်း

– အ၀လွန်ခြင်း

– ချိုလွန်း ၊ငန်လွန်း ၊ အဆီများလွန်းသည့် အစားအစာများကို စားသုံးလေ့ရှိခြင်း

– သွေးတိုးရောဂါရှိခြင်း

– ဆီးချိုသွေးချိုရောဂါရှိခြင်း

– မျိုးရိုးထဲတွင် နှလုံးရောဂါရှိသည့် ကျန်းမာရေးရာဇဝင်ရှိခြင်း စသည်တို့သည် နှလုံးရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းများ ဖြစ်ကြပါသည်။

 

ရောဂါလက္ခဏာများ။

– ရင်ဘတ်အလယ် သို့မဟုတ် ဘယ်ဘက်တွင် လက်ဖြင့် ဖျစ်ညှစ်ထားသကဲ့သို့ ခံစားရခြင်း

– လည်ပင်း၊ လက်မောင်း၊ မေးရိုး၊ ကျော နှင့် အစာအိမ်နေရာတွင် အလွန်နာကျင်သည့် ဝေဒနာခံစားရခြင်း

– ရုတ်တရက်အသက်ရှူမ၀ဖြစ်ခြင်း

– ပျို့ခြင်းစသည့် လက္ခဏာများကို တွေ့ရှိရပါသည်။

 

( ၆ )     အရိုးအဆစ်များနာကျင်ခြင်း။

            အများစုသည် ဆောင်းရာသီတွင် အရိုးအဆစ်များနာကျင်သည့် ရောဂါလက္ခဏာကို ခံစားရလေ့ရှိကြောင်း တွေ့ရှိရပါသည်။

၎င်းရောဂါကို သက်သာလျော့နည်းစေရန်အတွက် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ မှန်ကန်သည့် နေထိုင်မှုပုံစံဖြင့် ပြောင်းလဲနေထိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။

 

ရောဂါဖြစ်ရသည့်အကြောင်းရင်းများ။

– အဆစ်အမြစ်ရောင်ဂေါက်ရောဂါရှိခြင်း

– ဒူးအစွပ်တွင်ရှိသည့် အရိုးနုများပျက်စီးခြင်း

– အရိုးအဆစ်များ ရောင်ရမ်းခြင်း

– အသည်းရောင်ရမ်းသည့်ရောဂါရှိခြင်း

– အသက်ငယ်ရွယ်သည့်အချိန်တွင် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာဖြစ်ဖူးခြင်း  စသည့်အကြောင်းရင်းများကို တွေ့ရှိရပါသည်။

 

ရောဂါလက္ခဏာများ။

– အရိုးအဆစ်များပုံမှန်မဟုတ်ဘဲ ပုံပျက်နေခြင်း

– ဒူးဆစ်များရောင်နေခြင်း

– အရိုးအဆစ်များလှုပ်ရှားရခက်ခဲခြင်း

– အရိုးအဆစ်များတွင် ပြင်းထန်စွာ နာကျင်ခြင်းစသည့်လက္ခဏာများဖြစ်ကြပါသည်။

Author : Dr. မွန်

Previous Post

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

Next Post

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
878
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
851
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

cffyjdyrjdcycfy vffuvgujvg hyigbi hyiyhi

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

စိတ်ဖိစီးမှုလျော့ကျစေဖို့အတွက် အကောင်းဆုံးအစာအာဟာရများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.