fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ကိုဗစ်တစ်ကြိမ်ဖြစ်ပြီးရင် နောက်ထပ်ပြန်ဖြစ်နိုင်လား

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2021
in ကိုဗစ်ရောဂါ, ရောဂါကြီးများ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

မြန်မာနိုင်ငံမှာ ယခုချိန်ထိဆိုလျှင် covid-19 ဟာ တတိယလှိုင်း အဖြစ်ပင် ‌‌ရောက်နေခဲ့ပါပြီ။ ဒီအချိန်ထိဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးစိတ်တွေဟာလည်း တစ်ခုပြီးတစ်ခု အသစ်အသစ်တွေ ပြောင်းလဲလာတာကိုလည်း တွေ့လာရပါတယ်။ အဲဒီလို အ‌ခြေအနေမှာ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ တချို့သောသူတွေနဲ့  ကိုဗစ်ကာကွယ်‌ဆေး နှစ်လုံးစလုံးထိုးထားပြီး‌သူတွေမှာလည်း ယခုတတိယလှိုင်းမှာ ပြန်လည် ဖျားနာကြတာကို တွေ့ရပြန်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် ကိုဗစ်ဖြစ်ပြီးသူတွေဟာ နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်ကြလား ဆိုတာကို လူ တော်တော်များများ သိချင်လာကြပါတယ်။

WHO ရဲ့ ပြောကြားချက်အရ ကိုဗစ်ဖြစ်ပြီးသားသူတွေမှာ နောက်တစ်ကြိမ် ကိုဗစ်ပြန်ဖြစ်တယ်ဆိုတာ ရှားတယ်ဆိုပေမဲ့ ကိုဗစ်ဖြစ်ပြီးသားသူတွေအနေနဲ့ ခန္ဓာကိုယ်မှာ  ‌COVID Antibody ပမာဏဟာ အချိန်ကြာလာတာနဲ့အမျှ လျော့နည်းလာတဲ့အခါ နောက်တစ်ကြိမ် ပြန်လည်ကူးစက်နိုင်ပါတယ်။

COVID ဖြစ်ဖူးသူတွေအနေနဲ့ COVID ပိုးကို မိမိရဲ့ ခုခံအားက တိုက်ထုတ်လို့ ထွက်လာတဲ့ Antibody ရှိနေပြီဆိုရင် နောက် အနည်းဆုံး သုံးလကနေ ခြောက်လအထိ နောက်တစ်ကြိမ် ကိုဗစ်ပြန်မဖြစ်နိုင်တော့ပါဘူး။ COVID Vaccine ထိုးထားလို့ Antibody ထွက်တဲ့ သဘောနဲ့ ဆင်ပါတယ်။

တချို့သူတွေမှာလည်း ကိုဗစ်ဖြစ်ပြီးတာတောင် Antibody မထွက်တာမျိုးရှိပါတယ်။ ဒါဟာလည်း တယောက်နဲ့တယောက် ကိုယ်ခံအားစနစ်တွေ မတူညီတာကြောင့် ဖြစ်ပါတယ်။ တချို့တလေမှာတော့ Antibody Test Kit နဲ့စစ်ရာမှာ False Negative ထွက်ခြင်း၊ Antibody ထွက်တာနောက်ကျခြင်းတွေကြောင့် စစ်ကြည့်တဲ့အခါမှာ မပေါ်တာမျိုးလည်းဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုဗစ် နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာဟာလည်း လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ သက်ဆိုင်နေပါတယ်။

နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ခြေအရှိဆုံးသူများမှာ- နဂိုကတည်းက ခုခံအားကျဆင်းနေသူများ( Immunocompromised Patients) ၊ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားသော ဆေးဝါးများ သောက်သုံးနေရသူများ ကိုဗစ်လူနာတွေနဲ့ အများဆုံးထိတွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းများ စသူတို့ဖြစ်ကြပါတယ်။

လေ့လာချက်တွေအရ ကိုဗစ်တကြိမ်ဖြစ်ပြီးပေမဲ့ နောက်ထပ်တစ်ကြိမ် ပြန်ဖြစ်တဲ့ဖြစ်ရပ်တွေ ကမ္ဘာတစ်ဝန်း ရှိနေခဲ့ပါတယ်။

COVID Reinfection လို့ ခေါ်တဲ့ ကိုဗစ်ဖြစ်ပြီးသူတွေမှာ နောက်တစ်ကြိမ် ပြန်ဖြစ်ရခြင်း အကြောင်းတွေထဲမှာ

  • အရင်တစ်ခါဖြစ်တဲ့အခါတုန်းက Mild infection အနေနဲ့သာ ကူးစက်ခံခဲ့ရပြီး Antibody အထွက်နည်းခဲ့ခြင်း
  • အချိန်ကြာလာတာတဲ့ အမျှ Antibody ပမာဏ လျော့နည်းလာခြင်း
  • ခုခံအားကျဆင်းနေသူများ
  • ကိုဗစ်ပိုးမျိုးစိတ်သစ် ဥပမာ- Delta Variant ကူးစက်ခံရခြင်း

နောက်တစ်ကြိမ်ပြန်ဖြစ်သူတွေမှာ သတင်းကောင်းတစ်ခုကတော့ ပြန်ဖြစ်တဲ့အခါမှာ အများစုက သေစေနိုင်လောက်ထိ ဆိုးရွား ပြင်းထန် လက္ခဏာ‌တွေ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ရောဂါအခံရှိသူတွေမှာတော့ နောက်တစ်ခါပြန်ဖြစ်တဲ့အခါ အနည်းစုက ရောဂါပြင်းထန်ပြီး သေဆုံးနိုင်တာမျိုးက ရှိနေနိုင်ပါသေးတယ်။

 

COVID ဖြစ်ပြီးသူတွေ ကိုဗစ်ကာကွယ်ဆေးထိုးသင့်သလား??

ကိုဗစ်ကာကွယ်ဆေးကို covid ဖြစ်ပြီးသူတွေ ထိုးသင့်သလားဆိုရင် ထိုးသင့်ပါတယ်။ ကိုဗစ်ဖြစ်ပြီးသားကို ကာကွယ်ဆေးထိုးတာဟာ မိမိရဲ့ Antibody ပမာဏကိုပါ မြှင့်တင်ပေးသလို ဖြစ်စေပါတယ်။

ဒါပေမဲ့ လက်ရှိဖျားနေသူ၊ ရောဂါလက္ခဏာပြနေသူတွေအနေနဲ့ က မိမိရဲ့ ရောဂါလက္ခဏာတွေ လုံးဝသက်သာ ပျောက်ကင်းသွားပြီးမှသာ ကာကွယ်ဆေးကို ထိုးသင့်ပါတယ်။ Monoclonal antibody၊ သို့မဟုတ် သွေးရည်ကြည် (Convalescent Plasma)နဲ့ ကုသထားသူတွေဆိုရင်တော့ အနည်းဆုံး ရက် ၇၀ ခန့်ကြာမှ ထိုးသင့်တယ်လို့ဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ဖြစ်ပြီးသားသူတွေအနေနဲ့ ကိုယ် ဖြစ်ပြီးသားဆိုပြီး ပေါ့ဆလို့ မရပါဘူး။ အခြေခံ ကာကွယ်နည်းတွေဖြစ်တဲ့ လက်ကိုသေချာဆေးကြောခြင်း၊ အပြင်သွားတိုင်း Mask ကိုဝတ်ထားခြင်း၊ Social Distancing စတာတွေကို အချိန်တိုင်း  အမြဲလိုက်နာနေသင့်ပါတယ်။

Dr. Aye Myat

 

 

Previous Post

ရေကြီးမှုဖြစ်ပြီးရင် သတိထားသင့်တဲ့ နောက်ဆက်တွဲရောဂါတွေ

Next Post

‌အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
375

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
671

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
683
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

‌အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါ

ကော်ဖီသောက်ခြင်းက အစာခြေစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

အသားအရေလျော့တွဲခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.