fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

330
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/11/2022
in အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

ရာသီတွေ တစ်ခုပြီးတစ်ခုပြောင်းတာကနေ ဆောင်းရာသီပြန်ရောက်လာတော့ ဆောင်းရာသီနဲ့ပက်သက်ပြီး ကြုံတွေ့နိုင်တဲ့ကျန်းမာရေးအခြေအနေလေးတွေကို တွေးမိလာပြန်တယ်။

ဆောင်းရာသီမှာ တစ်နေကုန်မအေးခဲ့ရင်တောင် ညဦးပိုင်းကနေ မနက်အစောပိုင်းတွေတော့ အအေးပိုနေဆဲပါပဲ။  အအေးပိုတဲ့ ရာသီဟာ လူအများစုအတွက် နေလို့အဆင်ပြေပေမယ့် တစ်ချို့သူတွေကတော့ အအေးဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ် ။

ဆောင်းတွင်းမှာ ကျန်းမာရေး ပြဿနာကြုံနိုင်တဲ့သူတွေကတော့ ပန်းနာရင်ကျပ်ရောဂါသည်တွေပဲ ဖြစ်ပါတယ်။ပန်းနာရင်ကျပ်ရောဂါရှိသူတွေက မတည့်တာတစ်ခုခုကိုရှူမိတာမျိုးကနေ ကျပ်လာတတ်တာဆိုပေမဲ့ အအေးဒဏ်ကြောင့်လည်း ပိုကျပ်လာစေတတ်ပါတယ် ။

ပန်းနာရင်ကျပ်ဆိုတာက မျိုးရိုးလိုက်နိုင်တဲ့ ရောဂါတစ်ခုပါ။ အသက် တစ်နှစ်အရွယ်ကနေ စဖြစ်နိုင်ပါတယ်။ ဘယ်ရာသီမှာ ဖြစ်ရမယ်ဆိုတာမျိုး မသတ်မှတ်ထားပေမယ့် ဆောင်းရာသီမှာတော့ ပိုပြီးကျပ်နိုင်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါက အကြောင်းတစ်ခုခုကြောင့် လေပြွန်တွေ ကျဉ်းပြီး လေပြွန်ထဲမှာ အချွဲတွေများလာတတ်တဲ့ ရောဂါပါ၊ ပန်းနာရင်ကျပ်ရောဂါက အပြီးပျောက်အောင်ကုလို့မရပါဘူး။ ဖြစ်တဲ့အချိန်မှာ ဆေးနဲ့ထိန်းရတာကနေ ဆေးနဲ့ တောက်လျှောက်ထိန်းရတဲ့အထိ အဆင့်အမျိုးမျိုးနဲ့ ကုကြရပါတယ်။

မတည့်တဲ့ အစားအစာစားမိခြင်း အနံ့စူးရှတာတွေ ရှူမိခြင်း တွေမှာ ရင်ကျပ်လာပြီး အသက်ရှူမဝဖြစ်လာတတ်တယ်။ တချို့တွေဆိုရင် အရမ်းအားစိုက်ပြီးအလုပ်လုပ်လိုက်ရင်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ပြီးရင်ဖြစ်ဖြစ်သော်လည်းကောင်း အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီးရင်ဖြစ်ဖြစ်လည်း ဖြစ်နိုင်ပါတယ် ။ ပန်းနာရင်ကျပ်ရောဂါ စတင်ပြီဆိုရင် အသက်ရှူမကောင်းဘဲ အသက်ရှူရင်တရွှီရွှီမြည်တာတွေ ချောင်းဆိုးပြီးသလိပ်ထွက်တာတွေ ဖြစ်လာတတ်ပါတယ် ရင်ဘတ်ထဲမှာ ကျပ်ကျပ်ကြီးဖြစ်နေတတ်ပြီး သလိပ်ကလည်း ဟပ်မကုန်ဘူးဖြစ်နေတတ်တယ်။

ဆောင်းတွင်းရောက်လို့ အအေးဒဏ်ကြောင့် ပိုကျပ်နိုင်တဲ့အပြင် တချို့သူတွေက ဆောင်းတွင်းမှာ အအေးဒဏ်ကိုကာကွယ်ဖို့ မီးလှုံတတ်ကြရာကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့်လည်း ပိုကျပ်လာတတ်တယ်။

ပန်းနာရင်ကျပ်ရောဂါသည်တွေက ဆောင်းတွင်းရောက်ရင် ပိုသတိထားရပါမယ်။ ညအိပ်တဲ့အခါလည်း အခန်းထဲမှာ နွေးနွေးထွေးထွေးရှိဖို့လိုပါတယ် မနက်စောစောကြုံနိုင်တဲ့ မီးခိုးငွေ့တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ် အခန်းတွေလုံခြုံမှုရှိဖို့ အိမ်ထဲမှာ လေလှည့်ပတ်မှုကောင်းနေဖို့ လိုပါတယ် ။

ဆောင်းတွင်းရောက်တဲ့အခါ ပန်းနာရင်ကျပ်ရောဂါက နဂိုသုံးနေကျဆေးရှူနေတာထက် အကြိမ်ရေပိုလိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဆေးပိုတိုးရတာလည်း ဖြစ်နိုင်ပါတယ် ဒါကြောင့်လည်း မိမိတို့ ပြထားတဲ့ဆရာဝန်တွေနဲ့လည်းသေချာပြန်ပြဖို့ လိုပါတယ်။

ဆောင်းတွင်းမှာ တခြားသောရောဂါတွေလည်း အဖြစ်များပါတယ်။ နှာမွှန်နှာစေးတွေ တုပ်ကွေးတွေလည်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေနဲ့ မတူတာက ပန်းနာရင်ကျပ်ရောဂါသည်တွေမှာ ဒီလိုရောဂါတွေ ဖြစ်လာခဲ့ရင် နဂိုရှိရင်းစွဲရောဂါက ပိုဆိုးတတ်ပါတယ်။

ဒါကြောင့် ရင်ကျပ်ရောဂါအခံရှိသူတွေအနေနဲ့ ရောဂါခုခံနိုင်အားကောင်းလာစေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ရပါမယ်။ အိပ်ချိန်ပြည့်မယ်၊ အရည်များများသောက်မယ်၊ အားရှိစေဖို့ ရောဂါတွေကာကွယ်နိုင်ဖို့ အစားများများစားမယ်၊ အသီးအနှံတွေစားမယ်၊ အားဆေးသောက်မယ်၊ နေပူလည်းအရမ်းမခံဖို့ အအေးလည်းအရမ်းမခံဖို့ သတိပြုမယ်ဆိုရင်ဖြင့် ကျန်းမာရေး မထိခိုက်အောင် ပြင်ဆင်ပြီးသားဖြစ်လာပါလိမ့်မယ်။

Author: Dr. CST

Previous Post

လမစေ့ဘဲကလေးမွေးတဲ့အခါ

Next Post

အိပ်နေတုန်း သွားကြိတ်တတ်သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

3 months ago
247
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

6 months ago
1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

10 months ago
451
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

10 months ago
631

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

11 months ago
1.2k
To strengthen the lungs

အဆုတ်အား​ကောင်းဖို့

11 months ago
942

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်နေတုန်း သွားကြိတ်တတ်သူတွေ ဖတ်ဖြစ်အောင် ဖတ်ပါ

When the back rests at night

ညဘက် ကျောအောင့်တဲ့အခါ

HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.