ကုသတဲ့ ေ႐ြးခ်ယ္မႈေတြ ပိုၿပီးရွိလာတဲ့ၾကားက သားျမတ္တစ္ခုထဲမွာ ကင္ဆာေရာဂါျဖစ္ေနၾကတဲ့ အမ်ိဳးသမီးေတြဟာ သားျမတ္ႏွစ္ခုစလုံး ျဖတ္ထုတ္ဖို႔ ေ႐ြးခ်ယ္လာတဲ့ အမ်ိဳးသမီးေတြ ပိုမ်ားတယ္။ ဒီလိုလုပ္တာဟာ ပိုေကာင္းတဲ့ရလဒ္ ျဖစ္လာခ်င္မွ ျဖစ္လာလိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကတယ္။
JAMA Surgery ဂ်ာနယ္မွာ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ သုံးသပ္ခ်က္ကို ေဖာ္ျပထားရာတြင္ ဒီလိုတိုးလာတဲ့အေၾကာင္းရင္းထဲမွာ ခြဲစိတ္ဆရာဝန္ေတြေၾကာင့္လည္း တစ္စိတ္တစ္ပိုင္း ပါဝင္တယ္လို႔ ဆိုထားတယ္။
ကင္ဆာျဖစ္ဖို႔ ပ်မ္းမွ် အႏၲရာယ္ရွိတဲ့ အမ်ိဳးသမီးေတြကို CPM လို႔ေခၚတဲ့ က်န္းမာေနတဲ့ သားျမတ္ကို ေနာက္ဆက္တြဲအေနနဲ႔ ထပ္မံျဖတ္ထုတ္ဖို႔ ေယဘုယ်အားျဖင့္ ဆရာဝန္ေတြဟာ အားမေပးၾကပါဘူး။ ကင္ဆာျဖစ္ႏိုင္ေျခ ပိုျမင့္မားတဲ့ အမ်ိဳးသမီးေတြကို ဆရာဝန္ေတြက CPM ကို အႀကံျပဳၾကပါတယ္။ ဒီၾကားထဲက သားျမတ္တစ္ခုထဲမွာသာ ကင္ဆာျဖစ္ေနတဲ့ အမ်ိဳးသမီးေတြ ႏွစ္ခုစလုံးျဖတ္ထုတ္ဖို႔ ေ႐ြးခ်ယ္မႈေတြဟာ ၁၉၉၈ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္ေတြအတြင္း ေျခာက္ဆခန႔္တိုးလာတာကို ေတြ႕ရတယ္။ အဲဒီအထဲမွာ ျပင္းထန္တဲ့ကုသမႈ မလိုအပ္တဲ့ ငယ္႐ြယ္တဲ့ အမ်ိဳးသမီး အေတာ္မ်ားမ်ား ပါတာကို ေတြ႕ရတယ္။
ဒီအမ်ိဳးသမီးေတြရဲ႕ အသက္ရွင္သန္မႈႏႈန္းဟာ Lumpectomy လို႔ေခၚတဲ့ ေရာဂါရွိတဲ့ သားျမတ္ကိုသာ ျဖတ္ထုတ္တဲ့ အမ်ိဳးသမီးေတြထက္ မျမင့္မားဘူး။ သားျမတ္ကင္ဆာ ခြဲစိတ္ကုသမႈ ခံယူထားတဲ့ အမ်ိဳးသမီး (၄,၀၀၀) ခန႔္ကို Duck Cancer Institute မွ သုေတသနပညာရွင္ေတြက ၂၀၁၆ ခုႏွစ္၊ မတ္လက ေလ့လာသုံးသပ္ခ်က္ လုပ္ခဲ့ရာတြင္ သားျမတ္ႏွစ္ခုစလုံး ျဖတ္ထုတ္တာဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘဝအရည္အေသြးကို သိသိသာသာ ေကာင္းမြန္လာတာကို မေတြ႕ရဘူးလို႔ဆိုတယ္။
ဒါဆို သားျမတ္ႏွစ္ခုစလုံး ျဖတ္ထုတ္တဲ့ ေ႐ြးခ်ယ္မႈကို အမ်ိဳးသမီးေတြ ဘာေၾကာင့္ ပိုၿပီးေ႐ြးခ်ယ္လာၾကသလဲ။CPM ေ႐ြးခ်ယ္မႈကို အမ်ိဳးသမီးေတြ ပိုလုပ္လာတာ ျဖစ္ႏိုင္ေျခ အေၾကာင္းရင္းအခ်ိဳ႕ ရွိတယ္ဆိုတာကို သိရတယ္။JAMA Surgery ဂ်ာနယ္တြင္ ေဖာ္ျပခဲ့တဲ့ သုံးသပ္ခ်က္အရေတာ့ သားျမတ္ႏွစ္ခုစလုံး ျဖတ္ထုတ္တဲ့ အမ်ိဳးသမီးေတြရဲ႕ မူကြဲႏႈန္းေတြဟာ (၂၀) ရာခိုင္ႏႈန္းရွိတယ္လို႔ ဆိုတယ္။
အဲဒီသုံးသပ္ခ်က္တြင္ သုေတသနပညာရွင္ေတြက သားျမတ္ကင္ဆာျဖစ္စနဲ႔ အျခားသားျမတ္ရဲ႕ ကင္ဆာျဖစ္ႏိုင္ေျခ ပ်မ္းမွ်ႏႈန္းရွိတဲ့ အမ်ိဳးသမီး (၅၀၈၀) ေယာက္နဲ႔အတူ သူတို႔ရဲ႕ ခြဲစိတ္ဆရာဝန္ (၃၇၇)ေယာက္တို႔ကို ေလ့လာသုံးသပ္မႈ ျပဳလုပ္ခဲ့တယ္။ သူတို႔ေတြ႕တာကေတာ့ CPM အစား သားျမတ္ထိန္းသိမ္းတဲ့ ခြဲစိတ္ကုသမႈကို ပထမအေနနဲ႔ အႀကံျပဳမယ္လို႔ ဆရာဝန္ခပ္မ်ားမ်ား သေဘာတူခဲ့ၾကေပမယ့္၊ ေနာက္ဆုံးခြဲစိတ္ကုသတဲ့အခ်ိန္မွာေတာ့ ေျပာင္းလဲတိုးတက္မႈရွိခဲ့တယ္လို႔ ဆိုတယ္။
အမ်ိဳးသမီးတစ္ေယာက္ဟာ သားျမတ္ထိန္းသိမ္းခြဲစိတ္မႈကို လိုလားတဲ့ ခြဲစိတ္ဆရာဝန္ဆီသြားခဲ့ရင္ CPM လုပ္ဖို႔အခြင့္အလမ္း (၄) ရာခိုင္ႏႈန္းသာ ရွိတယ္လို႔ ဆိုတယ္။ CPM လုပ္ဖို႔ကို အားသန္ၿပီး သားျမတ္ထိန္းသိမ္းမႈကို မလိုလားတဲ့ ခြဲစိတ္ဆရာဝန္ဆီကိုသြားတဲ့ အမ်ိဳးသမီးမွာ CPM လုပ္ျဖစ္ဖို႔ အခြင့္အလမ္း (၃၄) ရာခိုင္ႏႈန္းရွိတယ္လို႔ ဆိုတယ္။
ပထမတြင္ တြန႔္ဆုတ္ေပမယ့္ CPM လုပ္လိုတဲ့ ဆရာဝန္နဲ႔ အတူအညီဆုံး အေၾကာင္းကေတာ့ ျပန္ျဖစ္လာမွာကို ေလ်ာ့ပါးသြားေစဖို႔ (သို႔) အသက္ရွင္သန္မႈ ပိုေကာင္းေစဖို႔ထက္ လူနာကို စိတ္သက္သာရာ ရေစဖို႔နဲ႔ လူနာပဋိပကၡျဖစ္မႈကို ေရွာင္ဖို႔ျဖစ္တယ္လို႔ ဆိုတယ္။
ကင္ဆာေၾကာင့္ စိတ္ပိုင္းဆိုင္ရာ တုံ႔ျပန္မႈေတြဟာ လူနာေတြကို အၿမဲလိုလို ျပင္းထန္တဲ့ ခ်ဥ္းကပ္မႈနဲ႔ ခြဲစိတ္လိုတဲ့ ဆႏၵကိုျဖစ္ေပၚေစတယ္လို႔ သုံးသပ္မႈကို ေရးသားသူ Michigan တကၠသိုလ္မွ ျပည္သူ႔က်န္းမာေရးဆိုင္ရာ ပါေမာကၡ Dr. Steven Katz ကေျပာတယ္။ “ကြၽန္ေတာ္တို႔ရဲ႕ ရလဒ္ေတြက ဘာကို မီးေမာင္းထိုးျပသလဲဆိုရင္ ယေန႔ ခြဲစိတ္ဆရာဝန္ ခပ္မ်ားမ်ားတို႔က ျပင္းထန္တဲ့ ခြဲစိတ္ကုသမႈကို သိပ္မလိုလားၾကေပမယ့္ သူတို႔ရဲ႕ လူနာေတြကို ႀကီးမားတဲ့ ခြဲစိတ္မႈဟာ ပိုေကာင္းလာတယ္ မဟုတ္ဘူးဆိုတာကို လက္ခံဖို႔ ေျပာတဲ့အခါ စိန္ေခၚမႈတစ္ရပ္ျဖစ္ေနတယ္” လို႔ Dr. Katz ကေျပာတယ္။
အရင္တခါ သုေတသနလုပ္ခဲ့တုန္းက Dr. Katz ဘာေတြ႕ခဲ့သလဲဆိုရင္ ကင္ဆာျပန္ျဖစ္မွာ (သို႔) ေနာင္တရမႈကို ေရွာင္ၾကဥ္လိုတဲ့ အမ်ိဳးသမီးရဲ႕ဆႏၵေၾကာင့္ သူမနဲ႔ဆရာဝန္အၾကား ျပင္းထန္တဲ့ ခြဲစိတ္ကုသမႈခံယူဖို႔ ေ႐ြးခ်ယ္တာမ်ိဳး ျဖစ္လာႏိုင္တယ္ဆိုတဲ့ ေတြ႕ရွိခ်က္ပဲ။
ေနာက္ဆုံးအေနနဲ႔ ဆရာဝန္ေတြ ခြဲစိတ္ကုသဖို႔ လက္ခံရာတြင္ ေျပာင္းလဲတတ္တာမ်ိဳး ရွိႏိုင္တာေၾကာင့္ အမ်ိဳးသမီးေတြအေနနဲ႔ ကုသမႈ အစီအစဥ္ခံယူဖို႔ မဆုံးျဖတ္ခင္ ဆရာဝန္တစ္ေယာက္ထက္ပိုၿပီး ေတြ႕ဆုံေဆြးေႏြးဖို႔ စဥ္းစားခ်င္လာႏိုင္တယ္လို႔ Dr. Katz ကေျပာတယ္။ သူ႔ရဲ႕ သုေတသန ျပဳမႈအရ သားျမတ္ကင္ဆာလူနာ (၉၅) ရာခိုင္ႏႈန္းတို႔ဟာ သူတို႔ ပထမဆုံးေတြ႕ခဲ့တဲ့ ဆရာဝန္နဲ႔ ကုသမႈခံယူခဲ့တယ္လို႔ ဆိုတယ္။ လူနာဟာ အႀကံျပဳခ်က္နဲ႔ လုံးဝမကိုက္ညီရင္ေတာ့ ဒုတိယထင္ျမင္ခ်က္ကို ရွာပါလို႔ Dr. Katz ကေျပာတယ္။
သားျမတ္ကင္ဆာ ကုသရာမွာ ေကာင္းမြန္လာေစႏိုင္တဲ့ အခ်က္အခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။
ကိုယ္ကာယလႈပ္ရွားမႈ
ကုသမႈခံယူေနတုန္း ကိုယ္လက္လႈပ္ရွားမႈကေတာ့ လြယ္ကူလွမွာမဟုတ္ေပမယ့္ စိတ္ပါရင္ေတာ့ လုပ္သင့္လုပ္ထိုက္တယ္။ ကုသေနတုန္း ရက္သတၱပတ္ကို (၃-၄)ႀကိမ္ လမ္းေလွ်ာက္တာဟာ သင့္ခံစားမႈကို အေတာ္ေလး ကြဲျပားျခားနားေစပါတယ္။ ဦးေႏွာက္အတြက္လည္း ေကာင္းတယ္။ သားျမတ္ကင္ဆာကို အသက္ရွင္ေက်ာ္ျဖတ္လာတဲ့ အမ်ိဳးသမီး (၈၇)ေယာက္တို႔ကို ေလ့လာသုံးသပ္ရာမွာ ကိုယ္လက္လႈပ္ရွားမႈ ရက္သတၱပတ္(၁၂)ပတ္လုပ္ခဲ့တဲ့ လူေတြဟာ၊ ကိုယ္လက္လႈပ္ရွားမႈ မလုပ္တဲ့ အမ်ိဳးသမီးေတြထက္ အခ်ိဳ႕ သိျမင္တတ္တဲ့ စစ္ေဆးမႈမ်ား (Cognitive Tests) တြင္ ပိုၿပီး အမွတ္ရၾကတယ္။
က်န္းမာေအာင္ စားေသာက္ျခင္း
သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြဟာ ဖိုင္ဘာနဲ႔ ဗီတာမင္ (C,E) တို႔အမ်ားအျပား ပါဝင္တာေၾကာင့္ အကာအကြယ္ေပးတဲ့ ေဆးအေနနဲ႔လည္း ေကာင္းတယ္။ ၂၀၁၆ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ သုံးသပ္ခ်က္တစ္ခုတြင္ ငယ္စဥ္ကသစ္သီးကို တစ္ေန႔သုံးႀကိမ္စားလာခဲ့တဲ့ အမ်ိဳးသမီးေတြဟာ ဒီလိုမ်ိဳးစားတာနည္းတဲ့ လူေတြထက္ အသက္ႀကီးလာတဲ့အခါ သားျမတ္ကင္ဆာ ျဖစ္လာႏိုင္ေျခ (၂၅)ရာခိုင္ႏႈန္းနည္းတာကို ေတြ႕ရတယ္။ ကုသမႈခံယူေနတုန္း ေကာင္းမြန္စြာ စားေသာက္တာဟာလည္း အေထာက္အကူျဖစ္တယ္။ ကာဗိုဟိုက္ဒရိတ္ အလြန္အမင္း မစားျဖစ္ေစဖို႔ သတိျပဳပါ။
ေယာဂက်င့္စဥ္
ေျမာက္အေမရိကမွာ သားျမတ္ကင္ဆာျဖစ္ေနတဲ့ အမ်ိဳးသမီး (၈၀)ရာခိုင္ႏႈန္းဟာ လိုက္ဖက္တဲ့ (သို႔) ဘက္စုံေပါင္းစည္းတဲ့ ကုထုံးေတြကို လုပ္ၾကရာမွာ ေယာဂက်င့္စဥ္ကို အမ်ားဆုံးလုပ္တာ ေတြ႕ရတယ္။ ပုံမွန္ေလ့က်င့္သြားရင္၊ ကုသမႈရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို ေလ်ာ့ပါးေစႏိုင္တယ္။ ၂၀၁၇ ခုႏွစ္အတြင္း ျပဳလုပ္ခဲ့တဲ့ သုံးသပ္ခ်က္တစ္ခုအရ ေယာဂက်င့္စဥ္ကို အနည္းဆုံး ႏွစ္ႀကိမ္ထက္မနည္း လုပ္ႏိုင္ရင္၊ အိပ္စက္ရာမွာ ေကာင္းမြန္ေစၿပီး သားျမတ္ကင္ဆာရွိတဲ့ အမ်ိဳးသမီးေတြ ျဖစ္တတ္တဲ့ ေန႔ပိုင္းအိပ္ခ်င္မူးတူး ျဖစ္တာေတြကို ေလ်ာ့သြားေစႏိုင္တယ္။ ကုသမႈၿပီးဆုံးသြားတဲ့အခါမွာေတာင္ အေထာက္အကူျဖစ္ေစတယ္။ ၂၀၁၆ ခုႏွစ္ကလုပ္ခဲ့တဲ့ သုံးသပ္ခ်က္တစ္ခုအရ သားျမတ္ကင္ဆာျဖစ္ၿပီး အသက္ရွင္လာသူေတြ အေယာက္ (၂၀၀)တြင္ ေယာဂက်င့္စဥ္လုပ္သူေတြဟာ မလုပ္သူေတြထက္ ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔ ေရာင္ရမ္းျခင္းျဖစ္ပြားမႈ ပိုနည္းတာကို ေတြ႕ရတယ္လို႔ဆိုတယ္။
အိပ္စက္ျခင္း
က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ အိပ္စက္ျခင္းဟာ အေရးပါၿပီး လူႀကီးေတြဟာ ညစဥ္အိပ္ခ်ိန္ (၇.၉)နာရီရွိရမယ္လို႔ ကြၽမ္းက်င္သူေတြက အႀကံျပဳၾကတယ္။ အမ်ိဳးသမီးတစ္ေယာက္ ညစဥ္ အိပ္ခ်ိန္ပမာဏ သားျမတ္ကင္ဆာမွ ရွင္သန္ဖို႔အခြင့္အလမ္းနဲ႔ ဆက္စပ္မႈရွိေနတဲ့ အေထာက္အထားေတြကလည္း တိုးလာတယ္။ သားျမတ္ကင္ဆာရွိတယ္လို႔ မသိရခင္ ပ်မ္းမွ် ညစဥ္အခ်ိန္ငါးနာရီေအာက္အိပ္တဲ့ အမ်ိဳးသမီးေတြဟာ ညစဥ္အခ်ိန္ (၇-၈)နာရီအိပ္ၾကတဲ့ အမ်ိဳးသမီးေတြထက္ သားျမတ္ကင္ဆာႏွင့္ ေသႏိုင္ေျခ (၁.၅)ဆခန႔္ ပိုမ်ားတယ္။
Author: ေမာင္ခ်မ္းသာ, Healthcare Journal, Vol 8,no 44 (17.11.17) Pg 14
Unicode
ကုသတဲ့ ရွေးချယ်မှုတွေ ပိုပြီးရှိလာတဲ့ကြားက သားမြတ်တစ်ခုထဲမှာ ကင်ဆာရောဂါဖြစ်နေကြတဲ့ အမျိုးသမီးတွေဟာ သားမြတ်နှစ်ခုစလုံး ဖြတ်ထုတ်ဖို့ ရွေးချယ်လာတဲ့ အမျိုးသမီးတွေ ပိုများတယ်။ ဒီလိုလုပ်တာဟာ ပိုကောင်းတဲ့ရလဒ် ဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။
JAMA Surgery ဂျာနယ်မှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုံးသပ်ချက်ကို ဖော်ပြထားရာတွင် ဒီလိုတိုးလာတဲ့အကြောင်းရင်းထဲမှာ ခွဲစိတ်ဆရာဝန်တွေကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ ဆိုထားတယ်။
ကင်ဆာဖြစ်ဖို့ ပျမ်းမျှ အန္တရာယ်ရှိတဲ့ အမျိုးသမီးတွေကို CPM လို့ခေါ်တဲ့ ကျန်းမာနေတဲ့ သားမြတ်ကို နောက်ဆက်တွဲအနေနဲ့ ထပ်မံဖြတ်ထုတ်ဖို့ ယေဘုယျအားဖြင့် ဆရာဝန်တွေဟာ အားမပေးကြပါဘူး။ ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားတဲ့ အမျိုးသမီးတွေကို ဆရာဝန်တွေက CPM ကို အကြံပြုကြပါတယ်။ ဒီကြားထဲက သားမြတ်တစ်ခုထဲမှာသာ ကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေ နှစ်ခုစလုံးဖြတ်ထုတ်ဖို့ ရွေးချယ်မှုတွေဟာ ၁၉၉၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်တွေအတွင်း ခြောက်ဆခန့်တိုးလာတာကို တွေ့ရတယ်။ အဲဒီအထဲမှာ ပြင်းထန်တဲ့ကုသမှု မလိုအပ်တဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး အတော်များများ ပါတာကို တွေ့ရတယ်။
ဒီအမျိုးသမီးတွေရဲ့ အသက်ရှင်သန်မှုနှုန်းဟာ Lumpectomy လို့ခေါ်တဲ့ ရောဂါရှိတဲ့ သားမြတ်ကိုသာ ဖြတ်ထုတ်တဲ့ အမျိုးသမီးတွေထက် မမြင့်မားဘူး။
သားမြတ်ကင်ဆာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ အမျိုးသမီး (၄,၀၀၀) ခန့်ကို Duck Cancer Institute မှ သုတေသနပညာရှင်တွေက ၂၀၁၆ ခုနှစ်၊ မတ်လက လေ့လာသုံးသပ်ချက် လုပ်ခဲ့ရာတွင် သားမြတ်နှစ်ခုစလုံး ဖြတ်ထုတ်တာဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို သိသိသာသာ ကောင်းမွန်လာတာကို မတွေ့ရဘူးလို့ဆိုတယ်။
ဒါဆို သားမြတ်နှစ်ခုစလုံး ဖြတ်ထုတ်တဲ့ ရွေးချယ်မှုကို အမျိုးသမီးတွေ ဘာကြောင့် ပိုပြီးရွေးချယ်လာကြသလဲ။ CPM ရွေးချယ်မှုကို အမျိုးသမီးတွေ ပိုလုပ်လာတာ ဖြစ်နိုင်ခြေ အကြောင်းရင်းအချို့ ရှိတယ်ဆိုတာကို သိရတယ်။ JAMA Surgery ဂျာနယ်တွင် ဖော်ပြခဲ့တဲ့ သုံးသပ်ချက်အရတော့ သားမြတ်နှစ်ခုစလုံး ဖြတ်ထုတ်တဲ့ အမျိုးသမီးတွေရဲ့ မူကွဲနှုန်းတွေဟာ (၂၀) ရာခိုင်နှုန်းရှိတယ်လို့ ဆိုတယ်။
အဲဒီသုံးသပ်ချက်တွင် သုတေသနပညာရှင်တွေက သားမြတ်ကင်ဆာဖြစ်စနဲ့ အခြားသားမြတ်ရဲ့ ကင်ဆာဖြစ်နိုင်ခြေ ပျမ်းမျှနှုန်းရှိတဲ့ အမျိုးသမီး (၅၀၈၀) ယောက်နဲ့အတူ သူတို့ရဲ့ ခွဲစိတ်ဆရာဝန် (၃၇၇)ယောက်တို့ကို လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့တယ်။ သူတို့တွေ့တာကတော့ CPM အစား သားမြတ်ထိန်းသိမ်းတဲ့ ခွဲစိတ်ကုသမှုကို ပထမအနေနဲ့ အကြံပြုမယ်လို့ ဆရာဝန်ခပ်များများ သဘောတူခဲ့ကြပေမယ့်၊ နောက်ဆုံးခွဲစိတ်ကုသတဲ့အချိန်မှာတော့ ပြောင်းလဲတိုးတက်မှုရှိခဲ့တယ်လို့ ဆိုတယ်။
အမျိုးသမီးတစ်ယောက်ဟာ သားမြတ်ထိန်းသိမ်းခွဲစိတ်မှုကို လိုလားတဲ့ ခွဲစိတ်ဆရာဝန်ဆီသွားခဲ့ရင် CPM လုပ်ဖို့အခွင့်အလမ်း (၄) ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုတယ်။ CPM လုပ်ဖို့ကို အားသန်ပြီး သားမြတ်ထိန်းသိမ်းမှုကို မလိုလားတဲ့ ခွဲစိတ်ဆရာဝန်ဆီကိုသွားတဲ့ အမျိုးသမီးမှာ CPM လုပ်ဖြစ်ဖို့ အခွင့်အလမ်း (၃၄) ရာခိုင်နှုန်းရှိတယ်လို့ ဆိုတယ်။ ပထမတွင် တွန့်ဆုတ်ပေမယ့် CPM လုပ်လိုတဲ့ ဆရာဝန်နဲ့ အတူအညီဆုံး အကြောင်းကတော့ ပြန်ဖြစ်လာမှာကို လျော့ပါးသွားစေဖို့ (သို့) အသက်ရှင်သန်မှု ပိုကောင်းစေဖို့ထက် လူနာကို စိတ်သက်သာရာ ရစေဖို့နဲ့ လူနာပဋိပက္ခဖြစ်မှုကို ရှောင်ဖို့ဖြစ်တယ်လို့ ဆိုတယ်။
ကင်ဆာကြောင့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေဟာ လူနာတွေကို အမြဲလိုလို ပြင်းထန်တဲ့ ချဉ်းကပ်မှုနဲ့ ခွဲစိတ်လိုတဲ့ ဆန္ဒကိုဖြစ်ပေါ်စေတယ်လို့ သုံးသပ်မှုကို ရေးသားသူ Michigan တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပါမောက္ခ Dr. Steven Katz ကပြောတယ်။ “ကျွန်တော်တို့ရဲ့ ရလဒ်တွေက ဘာကို မီးမောင်းထိုးပြသလဲဆိုရင် ယနေ့ ခွဲစိတ်ဆရာဝန် ခပ်များများတို့က ပြင်းထန်တဲ့ ခွဲစိတ်ကုသမှုကို သိပ်မလိုလားကြပေမယ့် သူတို့ရဲ့ လူနာတွေကို ကြီးမားတဲ့ ခွဲစိတ်မှုဟာ ပိုကောင်းလာတယ် မဟုတ်ဘူးဆိုတာကို လက်ခံဖို့ ပြောတဲ့အခါ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်” လို့ Dr. Katz ကပြောတယ်။
အရင်တခါ သုတေသနလုပ်ခဲ့တုန်းက Dr. Katz ဘာတွေ့ခဲ့သလဲဆိုရင် ကင်ဆာပြန်ဖြစ်မှာ (သို့) နောင်တရမှုကို ရှောင်ကြဉ်လိုတဲ့ အမျိုးသမီးရဲ့ဆန္ဒကြောင့် သူမနဲ့ဆရာဝန်အကြား ပြင်းထန်တဲ့ ခွဲစိတ်ကုသမှုခံယူဖို့ ရွေးချယ်တာမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပဲ။
နောက်ဆုံးအနေနဲ့ ဆရာဝန်တွေ ခွဲစိတ်ကုသဖို့ လက်ခံရာတွင် ပြောင်းလဲတတ်တာမျိုး ရှိနိုင်တာကြောင့် အမျိုးသမီးတွေအနေနဲ့ ကုသမှု အစီအစဉ်ခံယူဖို့ မဆုံးဖြတ်ခင် ဆရာဝန်တစ်ယောက်ထက်ပိုပြီး တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားချင်လာနိုင်တယ်လို့ Dr. Katz ကပြောတယ်။ သူ့ရဲ့ သုတေသန ပြုမှုအရ သားမြတ်ကင်ဆာလူနာ (၉၅) ရာခိုင်နှုန်းတို့ဟာ သူတို့ ပထမဆုံးတွေ့ခဲ့တဲ့ ဆရာဝန်နဲ့ ကုသမှုခံယူခဲ့တယ်လို့ ဆိုတယ်။ လူနာဟာ အကြံပြုချက်နဲ့ လုံးဝမကိုက်ညီရင်တော့ ဒုတိယထင်မြင်ချက်ကို ရှာပါလို့ Dr. Katz ကပြောတယ်။
သားမြတ်ကင်ဆာ ကုသရာမှာ ကောင်းမွန်လာစေနိုင်တဲ့ အချက်အချို့ကို ဖော်ပြလိုက်ပါတယ်။
ကိုယ်ကာယလှုပ်ရှားမှု
ကုသမှုခံယူနေတုန်း ကိုယ်လက်လှုပ်ရှားမှုကတော့ လွယ်ကူလှမှာမဟုတ်ပေမယ့် စိတ်ပါရင်တော့ လုပ်သင့်လုပ်ထိုက်တယ်။ ကုသနေတုန်း ရက်သတ္တပတ်ကို (၃-၄)ကြိမ် လမ်းလျှောက်တာဟာ သင့်ခံစားမှုကို အတော်လေး ကွဲပြားခြားနားစေပါတယ်။ ဦးနှောက်အတွက်လည်း ကောင်းတယ်။ သားမြတ်ကင်ဆာကို အသက်ရှင်ကျော်ဖြတ်လာတဲ့ အမျိုးသမီး (၈၇)ယောက်တို့ကို လေ့လာသုံးသပ်ရာမှာ ကိုယ်လက်လှုပ်ရှားမှု ရက်သတ္တပတ်(၁၂)ပတ်လုပ်ခဲ့တဲ့ လူတွေဟာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့ အမျိုးသမီးတွေထက် အချို့ သိမြင်တတ်တဲ့ စစ်ဆေးမှုများ (Cognitive Tests) တွင် ပိုပြီး အမှတ်ရကြတယ်။
ကျန်းမာအောင် စားသောက်ခြင်း
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဖိုင်ဘာနဲ့ ဗီတာမင် (C,E) တို့အများအပြား ပါဝင်တာကြောင့် အကာအကွယ်ပေးတဲ့ ဆေးအနေနဲ့လည်း ကောင်းတယ်။ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုံးသပ်ချက်တစ်ခုတွင် ငယ်စဉ်ကသစ်သီးကို တစ်နေ့သုံးကြိမ်စားလာခဲ့တဲ့ အမျိုးသမီးတွေဟာ ဒီလိုမျိုးစားတာနည်းတဲ့ လူတွေထက် အသက်ကြီးလာတဲ့အခါ သားမြတ်ကင်ဆာ ဖြစ်လာနိုင်ခြေ (၂၅)ရာခိုင်နှုန်းနည်းတာကို တွေ့ရတယ်။ ကုသမှုခံယူနေတုန်း ကောင်းမွန်စွာ စားသောက်တာဟာလည်း အထောက်အကူဖြစ်တယ်။ ကာဗိုဟိုက်ဒရိတ် အလွန်အမင်း မစားဖြစ်စေဖို့ သတိပြုပါ။
ယောဂကျင့်စဉ်
မြောက်အမေရိကမှာ သားမြတ်ကင်ဆာဖြစ်နေတဲ့ အမျိုးသမီး (၈၀)ရာခိုင်နှုန်းဟာ လိုက်ဖက်တဲ့ (သို့) ဘက်စုံပေါင်းစည်းတဲ့ ကုထုံးတွေကို လုပ်ကြရာမှာ ယောဂကျင့်စဉ်ကို အများဆုံးလုပ်တာ တွေ့ရတယ်။ ပုံမှန်လေ့ကျင့်သွားရင်၊ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျော့ပါးစေနိုင်တယ်။ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုံးသပ်ချက်တစ်ခုအရ ယောဂကျင့်စဉ်ကို အနည်းဆုံး နှစ်ကြိမ်ထက်မနည်း လုပ်နိုင်ရင်၊ အိပ်စက်ရာမှာ ကောင်းမွန်စေပြီး သားမြတ်ကင်ဆာရှိတဲ့ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ နေ့ပိုင်းအိပ်ချင်မူးတူး ဖြစ်တာတွေကို လျော့သွားစေနိုင်တယ်။ ကုသမှုပြီးဆုံးသွားတဲ့အခါမှာတောင် အထောက်အကူဖြစ်စေတယ်။ ၂၀၁၆ ခုနှစ်ကလုပ်ခဲ့တဲ့ သုံးသပ်ချက်တစ်ခုအရ သားမြတ်ကင်ဆာဖြစ်ပြီး အသက်ရှင်လာသူတွေ အယောက် (၂၀၀)တွင် ယောဂကျင့်စဉ်လုပ်သူတွေဟာ မလုပ်သူတွေထက် ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ရောင်ရမ်းခြင်းဖြစ်ပွားမှု ပိုနည်းတာကို တွေ့ရတယ်လို့ဆိုတယ်။
အိပ်စက်ခြင်း
ကျန်းမာရေးကောင်းမွန်ဖို့အတွက် အိပ်စက်ခြင်းဟာ အရေးပါပြီး လူကြီးတွေဟာ ညစဉ်အိပ်ချိန် (၇.၉)နာရီရှိရမယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုကြတယ်။ အမျိုးသမီးတစ်ယောက် ညစဉ် အိပ်ချိန်ပမာဏ သားမြတ်ကင်ဆာမှ ရှင်သန်ဖို့အခွင့်အလမ်းနဲ့ ဆက်စပ်မှုရှိနေတဲ့ အထောက်အထားတွေကလည်း တိုးလာတယ်။ သားမြတ်ကင်ဆာရှိတယ်လို့ မသိရခင် ပျမ်းမျှ ညစဉ်အချိန်ငါးနာရီအောက်အိပ်တဲ့ အမျိုးသမီးတွေဟာ ညစဉ်အချိန် (၇-၈)နာရီအိပ်ကြတဲ့ အမျိုးသမီးတွေထက် သားမြတ်ကင်ဆာနှင့် သေနိုင်ခြေ (၁.၅)ဆခန့် ပိုများတယ်။
Author: မောင်ချမ်းသာ, Healthcare Journal, Vol 8,no 44 (17.11.17) Pg 14