fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သတိပြုစရာ အဆုတ်ကင်ဆာ

Caution Lung cancer
356
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/09/2022
in ရောဂါကြီးများ
1 min read
A A

အဆုတ်ကင်ဆာက ကုရခက်နေတဲ့ ကင်ဆာရောဂါတွေထဲကတစ်ခုပါ အမျိုးသားတွေမှာ အဖြစ်များဆုံးကင်ဆာလည်း ဟုတ်ပါတယ်။ အမျိုးသမီးတစ်ချို့မှာလည်း ဖြစ်နိုင်ပါတယ်။ အသက်အပိုင်းအခြားအရတော့ အသက် လေးဆယ့်ငါးနောက်ပိုင်းတွေမှာ ပိုဖြစ်နိုင်ပါတယ်။

အဆုတ်ကင်ဆာကို အဓိက ဖြစ်စေတဲ့အကြောင်းကတော့ ဆေးလိပ်သောက်ခြင်းပါပဲ။ လူတစ်ယောက် တစ်နေ့ကို စီးကရက် ၁၀ လိပ်ကနေ ၂၀ လောက်အထိ နှစ်ပေါင်းများစွာသောက်နေပြီဆိုရင် တစ်ချိန်မှာ အဆုတ်ကင်ဆာဖြစ်မှာ ကြောက်ရပါတယ်။ ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံနေရတဲ့သူတွေလည်း ဆေးလိပ်သောက်တဲ့သူတွေလိုပဲ ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။

အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ခြားအကြောင်းတွေကတော့ အာဆင်းနစ်ဓာတ်တွေ ခရိုမီယမ်ဓာတ်တွေ များတဲ့နေရာတွေမှာ အလုပ်လုပ်နေရတဲ့သူတွေ ဥပမာအားဖြင့် မိုင်းတွင်း သတ္တုတွင်းတွေ ဆားကစ်ပြားတွေနဲ့ အလုပ်လုပ်ရတဲ့သူတွေ မှာဖြစ်နိုင်ပါတယ်။ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့မှုများတယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာမှာ အမျိုးအစားခွဲတွေရှိပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး ဆေးကုပုံကွာတတ်ပါတယ်။ အမျိုးအစားခွဲဖို့ကတော့ ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းကိုအသားစယူမှ ခွဲခြားပေးလို့ရတာပါ။

အဆုတ်ကင်ဆာဖြစ်ပြီဆိုရင် အများစုမှာ ချောင်းဆိုးကြာရှည်တတ်ပါတယ်။ ချောင်းဆိုးတိုင်းသွေးပါမယ်တော့ မဟုတ်ဘူး။ သွေးပါတာရှိသလို မပါတာလည်းဖြစ်နိုင်တယ်။ မောလာတတ်တယ်။ ရင်ဘတ်အောင့်လာတတ်ပါတယ်။ ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း တစ်ဖြည်းဖြည်းချင်း အစားအသောက်ပျက်လာတယ်။ အစားစားချင်စိတ်ပျောက်လာပါတယ်။ ကိုယ်အလေးချိန်လည်း တစ်ဖြည်းဖြည်းသိသိသာသာ ကျလာတတ်ပါတယ်။

မောတာကလည်း တစ်ဖြည်းဖြည်းပိုပြီးသိသာလာပါတယ်။ မောတာကိုကြည့်ပြီး ရောဂါကိုလည်း အတိမ်အနက် ပြောလို့ရပါတယ်။ စစပိုင်းမှာတော့ ခပ်ကြာကြာလှုပ်ရှားမှ မောတာကနေ နောက်ပိုင်း နည်းနည်းလေးလှုပ်ရုံမောလာတတ်တယ်။ နားလိုက်ရင်သက်သာနေရာကနေ နားတာတောင်မသက်သာတာအထိ ဖြစ်လာတတ်ပါတယ်။ တစ်ချို့တွေကျတော့ ခြေလက်တွေနာကျင်တတ်တာကနေ စဖြစ်တယ်။ တစ်ချို့ကျတော့လည်း ကြွက်သားတွေလှုပ်ရှားမကောင်းဘဲ အားနည်းနေတာမျိုးကနေ စစ်ကြည့်ရင်းမှ တွေ့တတ်တယ်။ အဆုတ်ကင်ဆာကြောင့် အဆုတ်မှာ အကျိတ်တွေလည်းဖြစ်တတ်တယ်။ တစ်ချို့တွေကျတော့ အဆုတ်မှာခဲနေတတ်တယ်။ တစ်ချို့ကျတော့ အဆုတ်ကိုရေဝိုင်းနေတတ်တယ်။ တစ်ချို့ကျတော့ အဆုတ်တွေ တစ်ဖြည်းဖြည်းကျုံ့လာတတ်တယ်။

အဆုတ်ကင်ဆာက စဖြစ်ဖြစ်ချင်းမှာ ရောဂါလက္ခဏာ သိပ်မပြတတ်တာတွေဖြစ်တတ်တော့ အဆုတ်ကင်ဆာလို့ သိလိုက်တဲ့ အချိန်မှာ အဆင့်များနေတတ်တယ်။ တစ်ခြားနေရာတွေကိုလည်း ကင်ဆာဆဲလ်တွေ ပြန့်နေတတ်တယ်။ အဆုတ်ကင်ဆာကနေ အရိုးအဆစ်တွေကိုပြန့်တတ်တယ်။ အသည်းကို ပြန့်တတ်တယ် ဦးနှောက်ကိုလည်းပြန့်တတ်ပါတယ်။ ကင်ဆာဆဲလ်ပြန့်တာကြောင့်မဟုတ်ဘဲ ကင်ဆာကိုယ်တိုင်ကြောင့်လည်း တစ်ခြားသောရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ ကင်ဆာအကျိတ်က ဖိထားတာတွေကြောင့် အာရုံကြောပြဿနာတွေ ဖြစ်တတ်တယ်။ အသံပြောင်းလာနိုင်တယ် ထုံကျင်တာတွေဖြစ်တတ်တယ် ကိုယ်ခန္ဓာတစ်ခြမ်း ချွေးမထွက်တာတွေ ဖြစ်တတ်တယ်။

ကင်ဆာအမျိုးအစားခွဲအလိုက် ဟော်မုန်းပြဿနာတွေဖြစ်တာလည်း ရှိပါတယ်။ တစ်ချို့အမျိုးအစားက ကယ်လ်စီယမ်တွေ ပိုများလာတာကြောင့် သွေးပေါင်တက်တယ်။ ဗိုက်အောင့်တာတွေဖြစ်နိုင်တယ်။ တစ်ချို့အမျိုးအစားက steroid တွေ အထွက်များတယ်။ တစ်ချို့အမျိုးအစားကျတော့ ဆိုဒီယမ်ဓာတ်နည်းစေတယ်။ အဆုတ်မှာ ပြဿနာတစ်ခုခုဖြစ်တယ်ဆိုရင် အရင်ဆုံးလုပ်လို့လွယ်တာကတော့ ရင်ဘတ်ဓာတ်မှန်ပါပဲ။ ရင်ဘတ်ဓာတ်မှန်မှာ အလုံးအကျိတ်တွေ အဆုတ်ခဲတာတွေ အဆုတ်ရေဝိုင်းတာတွေ အဆုတ်ကျုံ့နေတာတွေ အားလုံးမြင်နိုင်ပါတယ်။ ရလာတဲ့ အဖြေပေါ်မူတည်ပြီး ဆက်စစ်ဆေးဖို့လိုပါတယ်။

အဆုတ်ရေဝိုင်းတယ်ဆို အရည်ကို ဓာတ်ခွဲခန်းပို့စစ်ရပါတယ်။ အကျိတ်တွေ တွေ့တယ်ဆိုရင် အဆုတ်လေပြွန်ထဲကိုမှန်ပြောင်းကြည့်ပြီး အသားစယူရပါတယ်။ ကင်ဆာအဆင့်ကို သိဖို့အတွက်လည်း CT scan တို့ PET scan, Bone scan တို့ရိုက်ဖို့လိုတတ်ပါတယ်။ ကင်ဆာကိုခွဲစိတ်ကုသဖို့ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားတဲ့အခါမှာ အဆုတ်ရဲ့ လုပ်နိုင်စွမ်းအား Lung function test ကိုလည်းစစ်ရပါတယ်။

ဆေးကုသမှုကတော့ ကင်ဆာတွေရဲ့ ထုံးစံအတိုင်းပါပဲ စောစောသိလေ အဆင့်နည်းလေ ပျံ့နှံ့တာနည်းလေပါ။ ရောဂါနုတာတစ်ခုတည်းနဲ့ ကုဖို့လွယ်တယ်၊မလွယ်ဘူး ပြောမရပါဘူး။ ကင်ဆာကအဆုတ်ရဲ့ ဘယ်နေရာမှာ ရှိနေတာလဲကိုလည်း ကြည့်ပါတယ်။ ကင်ဆာရဲ့အမျိုးအစားခွဲကိုလည်း ကြည့်ပါတယ်။ ကင်ဆာအကျိတ်က အဆင့်လည်းငယ်သေးတယ် ခွဲစိတ်ဖို့လွယ်တဲ့ အဆုတ်ရဲ့ ဘေးဘက်တွေမှာလည်းရှိတယ်။ အမျိုးအစားကလည်းမပြင်းထန်ဘူးဆိုရင် ခွဲစိတ်ကုသပါတယ်။ လူနာက ခွဲစိတ်ဖို့မခံနိုင်ရင်တောင် ဓာတ်ကင်တာနဲ့ သေချာကုလို့ရပါတယ်။

အဆင့်များလာတဲ့ ကင်ဆာတွေကတော့ ပျောက်ဖို့မလွယ်ပါဘူး။ ခွဲစိတ်ဖို့လည်းမဖြစ်နိုင်တော့ပါဘူး။ ဆေးသွင်းတာနဲ့ ဓာတ်ကင်တာပေါင်းပြီး ကင်ဆာကို ထိန်းရုံပဲရပါမယ်။ Small cell cancer အမျိုးအစားက ကင်ဆာမှန်းစသိတည်းက အဆင့်များနေတတ်ပါတယ်။ ဆေးသွင်းကုသခြင်းနဲ့ ထိန်းတတ်ကြပေမယ့် မပျောက်နိုင်တော့ပါဘူး။ ကင်ဆာအကျိတ်ကြောင့်ဖြစ်လာတဲ့ လေပြွန်ပိတ်တာတွေ SVC သွေးကြောပိတ်တာတွေ နဲ့ ကင်ဆာဆဲလ်တွေ ဦးနှောက်နဲ့ အရိုးတွေပြန့်တာတွေကတော့ သက်သာအောင် ဓာတ်ကင်တာနဲ့ Steroid ဆေးတွေ ပေးတာနဲ့ ပဲ ထိန်းကြရပါတယ်။

အဆုတ်ကင်ဆာက အသက်ဆုံးရှုံးမှုများနေသေးတဲ့ ကင်ဆာတစ်ခုပါ ရောဂါစသိတဲ့ အချိန်က တစ်ခါတစ်လေမှာ အတော်ကြီး နောက်ကျနေတာလည်း ဖြစ်နိုင်တယ်။ အသက်ရှင်နိုင်ချေ အလွန်နည်းပါတယ်။ အသက်ဆုံးရှုံးလွယ်တဲ့ အဆုတ်ကင်ဆာကို မဖြစ်အောင်ရှောင်ရှားနိုင်တဲ့ နည်းလမ်းကတော့ အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ကြဖို့ပါပဲ။ ဆေးလိပ်မသောက်ဘဲနေလိုက်ရုံလေးနဲ့ မိမိတို့ဘဝရော အတူနေမိသားစုဝင်တွေရဲ့ ဘဝတွေကိုရော ကယ်တင်ရာ ရောက်တာကို နားလည်စေချင်ပါတယ်။

 

Author: Dr. CST

Previous Post

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

Next Post

သွေးကင်ဆာဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

1 week ago
365
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

5 months ago
556
Blood cancer

သွေးကင်ဆာဆိုတာ

6 months ago
212
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

7 months ago
169
It's crazy to have a gallbladder out, right?

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးတတ်တယ်ဆိုတာ ဟုတ်လား?

7 months ago
359
Early signs of cancer

ကင်ဆာတစ်ခုဝင်လာရင် ပြတတ်တဲ့ရှေ့ပြေးလက္ခဏာများ

7 months ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Blood cancer

သွေးကင်ဆာဆိုတာ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

Good to know about eye cancer

မျက်စိကင်ဆာအကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.