ဘီယာ ဗိုက္ ကို ဘယ္လို ကာကြယ္ ၾကမလဲ ????
အခုေတာ့ ဘီယာဗိုက္ ကို ဘယ္လို ကာကြယ္ၾကမလဲ အေၾကာင္း သိသေလာက္ ေဖာ္ျပေပးလိုက္ပါတယ္။
ဟိုတစ္ေန႔က နာမည္ႀကီး Media တစ္ခုမွာ ဘီယာေသာက္တာ နဲ႔ ဗိုက္႐ႊဲတာ ဆက္စပ္ ပုံ ကိုေျပာသြားတာ နည္းနည္းေလး လြဲေနလို႔ပါ။ အဲ့ဒီတုန္း က ေျပာသြားတာက ဘီယာေၾကာင့္ ဗိုက္႐ႊဲတာ က တစ္ပတ္ေလာက္ေနမွ စ႐ႊဲတာ ျဖစ္လို႔ ေသာက္ေသာက္ၿပီးျခင္း ဝမ္းႏႈတ္ေဆးစား လိုက္ရင္ ဗိုက္ မ႐ႊဲေတာ့ ဘူးေျပာပါတယ္။
ကြၽန္ေတာ္ သိသေလာက္ ကေတာ့ ဘီယာတစ္ခြက္ (350 ml) မွာ ကယ္လိုရီ 156 ပါဝင္ပါတယ္။ ၿပီးေတာ့ ဘီယာဆိုတာကလည္း တစ္ခါေသာက္ရင္ ၃ ခြက္ ၄ ခြက္ ေလာက္ ေသာက္ျဖစ္တာရယ္ အျမည္း အေနနဲ႔ deep fries (ဆီေၾကာ္) ျဖစ္တဲ့ အာလူးေခ်ာင္းေၾကာ္ ငါးမုန႔္ေၾကာ္ တို႔နဲ႔ တြဲစားေတာ့ အဲ့ဒီမွာတင္ အနည္းဆုံး ကယ္လိုရီ ၁၀၀၀ ေက်ာ္သြားပါတယ္။
ကယ္လိုရီမ်ားတဲ့ အခ်က္ က ဗိုက္႐ႊဲတာ ျဖစ္ေစသလို ဘီယာမွာ carbohydrate ပါဝင္မႈ႕ မ်ားတဲ့ အခ်က္ ကလည္း ဗိုက္မွာ အဆီစုေစပါတယ္။
ဒါေပမယ့္ အဲ့ဒီ အဆီေတြမတက္ေအာင္ ေသာက္ေသာက္ၿပီးခ်င္း တစ္ရက္ ႏွစ္ရက္ အတြင္း ဝမ္းႏႈတ္ေဆးေသာက္လိုက္ရင္ အဆီေတြ ျပန္က်တယ္ ဆိုတာေတာ့ အလြဲ ႀကီးလြဲေနပါတယ္။
အဓိက ကေတာ့ ဗိုက္မ႐ႊဲေအာင္ က ဘီယာေသာက္ၿပီး ေနာက္ေန႔ေတြ မွာ ကယ္လိုရီမ်ားမယ့္ အစားေတြေလ်ာ့စားၿပီး ေလ့က်င့္ခန္း တစ္ခုခု ျပန္လုပ္ေပးမွပဲ နည္းမွန္လမ္းမွန္ ကာကြယ္ေပးႏိုင္မွာပါ။
Author : Dr. ညီညီေက်ာ္ @ Dr. Nutrition
ဘီယာဗိုက် ကို ဘယ်လို ကာကွယ် ကြမလဲ ????
အခုတော့ ဘီယာဗိုက် ကို ဘယ်လို ကာကွယ်ကြမလဲ အကြောင်း သိသလောက် ဖော်ပြပေးလိုက်ပါတယ်။
ဟိုတစ်နေ့က နာမည်ကြီး Media တစ်ခုမှာ ဘီယာသောက်တာ နဲ့ ဗိုက်ရွှဲတာ ဆက်စပ် ပုံ ကိုပြောသွားတာ နည်းနည်းလေး လွဲနေလို့ပါ။ အဲ့ဒီတုန်း က ပြောသွားတာက ဘီယာကြောင့် ဗိုက်ရွှဲတာ က တစ်ပတ်လောက်နေမှ စရွှဲတာ ဖြစ်လို့ သောက်သောက်ပြီးခြင်း ဝမ်းနှုတ်ဆေးစား လိုက်ရင် ဗိုက် မရွှဲတော့ ဘူးပြောပါတယ်။
ကျွန်တော် သိသလောက် ကတော့ ဘီယာတစ်ခွက် (350 ml) မှာ ကယ်လိုရီ 156 ပါဝင်ပါတယ်။ ပြီးတော့ ဘီယာဆိုတာကလည်း တစ်ခါသောက်ရင် ၃ ခွက် ၄ ခွက် လောက် သောက်ဖြစ်တာရယ် အမြည်း အနေနဲ့ deep fries (ဆီကြော်) ဖြစ်တဲ့ အာလူးချောင်းကြော် ငါးမုန့်ကြော် တို့နဲ့ တွဲစားတော့ အဲ့ဒီမှာတင် အနည်းဆုံး ကယ်လိုရီ ၁၀၀၀ ကျော်သွားပါတယ်။
ကယ်လိုရီများတဲ့ အချက် က ဗိုက်ရွှဲတာ ဖြစ်စေသလို ဘီယာမှာ carbohydrate ပါဝင်မှု့ များတဲ့ အချက် ကလည်း ဗိုက်မှာ အဆီစုစေပါတယ်။ ဒါပေမယ့် အဲ့ဒီ အဆီတွေမတက်အောင် သောက်သောက်ပြီးချင်း တစ်ရက် နှစ်ရက် အတွင်း ဝမ်းနှုတ်ဆေးသောက်လိုက်ရင် အဆီတွေ ပြန်ကျတယ် ဆိုတာတော့ အလွဲ ကြီးလွဲနေပါတယ်။
အဓိက ကတော့ ဗိုက်မရွှဲအောင် က ဘီယာသောက်ပြီး နောက်နေ့တွေ မှာ ကယ်လိုရီများမယ့် အစားတွေလျော့စားပြီး လေ့ကျင့်ခန်း တစ်ခုခု ပြန်လုပ်ပေးမှပဲ နည်းမှန်လမ်းမှန် ကာကွယ်ပေးနိုင်မှာပါ။
Author : Dr. ညီညီကျော် @ Dr. Nutrition