fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

In the summer, when the air conditioner and fan are used too much
304
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/04/2023
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အပူချိန်မြင့်တက်လာသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ဖို့ ပန်ကာ၊ လေအေးပေးစက် အဲကွန်း စသည့်အအေးဓာတ်ပေးသည့် စက်ပစ္စည်းများ အသုံးပြုလာကြရသည်။ ပူအိုက်သည့်အခန်းထဲတွင်အလုပ်လုပ်ခြင်းထက် အဲကွန်းလေအေးပေးထားသည့်အခန်းတွင်အလုပ်လုပ်ရသည်က သက်သောင့်သက်သာရှိပြီး ခေါင်းပိုကြည်သည်မှန်သော်လည်း ပန်ကာ၊ အဲကွန်းအလွန်အကျွံသုံးခြင်းသည် ခန္ဓာကိုယ်အတွက်အပါအဝင် အခြားပြဿနာများကိုပါ ဖြစ်စေနိုင်သည်ကို သိရှိထားဖို့ လိုအပ်ပါသည်။

ပူပြင်းသောဒေသ၊ ရာသီများတွင် ပန်ကာ၊ အဲကွန်းအလွန်အကျွံသုံးသည့်အခါ သို့မဟုတ် အဲကွန်းအပူချိန်ကို အလွန်အေးအောင် အပူချိန်ချထားသောနေရာတွင် အချိန်ကြာရှည်စွာနေသူများတွင် ခန္ဓာကိုယ်အားအင်ကုန်ခန်းပြီး လေးလံနုံးချိခြင်း၊ ပင်ပန်းလွယ်ခြင်း ပြဿနာများကို တွေ့ကြုံခံစားရလေ့ရှိပါတယ်။

ပန်ကာ၊ အဲကွန်းအလွန်အကျွံသုံးခြင်းဟာ လေထုထဲရှိ စိုထိုင်းမှုကိုလျော့ကျစေပြီး လေကိုခြောက်သွေ့စေပါတယ်။ ထို့ကြောင့် မျက်လုံးအတွင်းရှိ မျက်ရည်ကိုခြောက်သွေ့စေပြီး မျက်စိနီရဲယားယံခြင်း၊ ရောင်ရမ်းခြင်း၊ မျက်ရည်ထွက်ခြင်းစသည့် ပြဿနာများ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် မျက်ကပ်မှန်အသုံးပြုသူများတွင် မျက်လုံးခြောက်သွေ့သည့် ပြဿနာပိုများနိုင်ပါတယ်။

ပန်ကာ၊ အဲကွန်းကြောင့် ပတ်ဝန်းကျင်ရှိ ခြောက်သွေ့သောလေနှင့် အရေပြားထိတွေ့မှုကြောင့် အစိုဓာတ်များ ငွေ့ရည်ဖွဲ့ပြီး လေထုတွင်းသို့ ဆုံးရှုံးသွားလေ့ရှိပါတယ်။ ထို့ကြောင့် ပန်ကာ၊ အဲကွန်းအလွန်အကျွံသုံးခြင်းဖြင့် အသားအရေနှင့် နှုတ်ခမ်းများခြောက်သွေ့ခြင်းကို ခံစားရနိုင်ပါတယ်။ ပြင်းထန်သည့်ပြဿနာအနေဖြင့် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ဆုံးရှုံးခြင်း Dehydration ရသည်ထိ ဖြစ်နိုင်ပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် နှလုံး၊အာရုံကြောစသည့် ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ဆောင်မှုများပါ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် နွေရာသီတွင် ရေဓာတ်ဆုံးရှုံးမှု ပြဿနာကို ပိုမိုကြုံတွေ့ရနိုင်ပါသည်။

ပန်ကာ၊ အဲကွန်းဖွင့်ထားသော အခန်းတွင် အချိန်ကြာမြင့်စွာနေခြင်းသည် အသက်ရှူလမ်းကြောင်းကိုလည်း ပြဿနာဖြစ်စေနိုင်ပါသည်။ နှာခါင်းအမြှေးပါးယောင်ခြင်း Rhinitis၊ နှာခေါင်းပိတ်ခြင်း Nasal Blockage၊ လည်ခြောင်းခြောက်သွေ့ပြီး လည်ပင်းနာခြင်းစသည့် တို့ကိုဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကျပ် ရောဂါအခံရှိသူများတွင် ပန်ကာ၊ အဲကွန်းကို ပုံမှန်သန့်ရှင်းရေမပြုလုပ်ဘဲအသုံးပြုခြင်းက ဖုန်နှင့်အညစ်အကြေးများကြောင့် အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းမှု ပိုဖြစ်စေနိုင်ပါသည်။

အပူချိန်အရမ်းပြင်းသည့်အချိန် ပန်ကာ၊ အဲကွန်းအသုံးပြုခြင်းက ခန္ဓာကိုယ်ကိုမအေးစေဘဲ အပူချိန်ပိုတက်စေနိုင်ပါတယ်။ အပူချိန်ပြင်းထန်သည့်အချိန် ပန်ကာ၊ အဲကွန်းဖွင့်ခြင်းက အပူချိန်ရုတ်တရက် ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်တွင် ဖိအားဖြစ်စေနိုင်ပါတယ်။ အလားတူ ပန်ကာ၊အဲကွန်းခန်းတွင်တာရှည်နေပြီးနောက် အပူချိန်များသည့် အပြင်ဘက်သို့ ရုတ်တရက်ထွက်လျှင် ခန္ဓာကိုယ်သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိပါသည်။ ပန်ကာ၊ အဲကွန်းအလွန်အကျွံသုံးသူများတွင် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ Migraine ကို ပိုဆိုးစေနိုင်ပါတယ်။

လေအေးပေးစက် အဲကွန်း၏ လေထုသန့်စင်ပေးမှုစနစ်သည် အလုံပိတ်အခန်းအတွင်း လေကိုလှည့်ပတ်စေသည့်စနစ်ဖြစ်၍ တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စနှင့်ဘက်တီးရီးယားများကို အခန်းတွင်းရှိလေထုတွင်း၌ ပျံ့နှံ့စေနိုင်ပါသည်။ ထို့ကြောင့် ရောဂါကူးစက် ပျံ့ပွားနှုန်းများသည့်အချိန်တွင် အလုံပိတ်အခန်းတွင် အဲကွန်းအသုံးပြုခြင်းထက် လေဝင်လေထွက်ကောင်းမွန်အောင် ပြတင်းတံခါးများဖွင့်ထားသင့်ပါသည်။

ပန်ကာ၊ အဲကွန်းအလွန်အကျွံအသုံးပြုသူများတွင် အေးသောလေနှင့် တာရှည်ထိတွေ့နေရမှုကြောင့် အသက်ရှူလမ်းကြောင်းရှိ အမြှေးပါးများယောင်ရမ်းမှုဖြစ်စေကာ အအေးမိခြင်း၊ တုပ်ကွေးဖျားနာဝေဒနာများ ပိုခံစားရနိုင်ပါသည်။ ထို့ပြင် နာတာရှည်ရောဂါအချို့ဖြစ်သည့် သွေးပေါင်ချိန်ကျခြင်း၊ အရိုးအဆစ်ယောင်ခြင်း၊ အာရုံကြောယောင်ခြင်းစသည့် ဝေဒနာများကို ပို၍ပြင်းထန်စေနိုင်ပါသည်။

ယခုလို အပူချိန်ပြင်းထန်သည့် နွေရာသီသို့ရောက်လာချိန်တွင် မိမိကျန်းမာရေးအတွက် သင့်တင့်မျှတသော အပူချိန်အတွက် ပန်ကာ၊ အဲကွန်းကိုချင့်ချိန်သုံးပြီး အလွန်အကျွံသုံးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Author: Dr. Yee Mon

Previous Post

အစားအစာမသန့်ရှင်းမှုနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ

Next Post

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 months ago
447

အလွှာခြားတာကောင်းလား?

4 months ago
401

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

6 months ago
421

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

6 months ago
359

အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေသော အကြောင်းအရင်းများ

6 months ago
450

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

စိတ်ဖိစီးမှုနှင့်အိပ်မပျော်ခြင်း

အပူလျှပ်ခြင်း ဘာ​ကြောင့်ဖြစ်ရသလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.