fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

Valentine Day (ကြားလေသွေးရင်တောင် ဝေးတယ် ထင်တယ်)

78
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

Valentine Day (ၾကားေလေသြးရင္ေတာင္ ေဝးတယ္ ထင္တယ္)

Valentine Day က နီးေနၿပီဆိုေတာ့ ေက်ာ္ေက်ာ္ရင္ထဲ ဗေလာင္ဆူေနၿပီ။ ခိုင္ေလးႏွင့္ ရည္းစားျဖစ္တာ သုံးႏွစ္ ျပည့္ၿပီ ဆိုေတာ့ ေက်ာ္ေက်ာ္ တစ္ေယာက္ အဆင့္ တစ္ဆင့္ တက္ခ်င္ေနၿပီ။

ကိုယ့္ကို ခ်စ္လွ်င္ ကိုယ့္ဆႏၵကို လိုက္ေလ်ာရမည္ဟုလည္း ခိုင္ေလးအား အက်ပ္ကိုင္ထားလိုက္ၿပီ။ သူငယ္ခ်င္းမ်ားက ေက်ာ္ေက်ာ္အား အျဖစ္မရွိဘူးဟု ေျပာေနသည္ကို လည္း ေက်ာ္ေက်ာ္တစ္ေယာက္ မခံခ်င္။ သူမ်ားေတြ ဘယ္အဆင့္ ေရာက္ေနၿပီ ဟု ေျပာတိုင္း ေက်ာ္ေက်ာ္တစ္ေယာက္ ကိုယ့္ ကို ကို အားမရသလို။ ခိုင္ေလးအား ေက်ာ္ေက်ာ္တစ္ေယာက္ အမွန္တကယ္ ခ်စ္ျမတ္ႏိုးသည္။ လက္ထပ္ဖို႔ထိလည္း ရည္စူးထားၿပီးျဖစ္သည္။ သို႔ေသာ္ ခိုင္ေလး ကား ေက်ာ္ေက်ာ္ကို ခ်စ္ေပမဲ့  ေနာက္တစ္ဆင့္ တက္ဖို႔ ျငင္းဆန္ေနသည္။ ဒီေခတ္ႀကီးထဲမွာ သမီးရည္းစားမ်ား အတြက္ အတူေနသည္က အဆန္းတၾကယ္ မဟုတ္ေတာ့။ သို႔ေသာ္ ခိုင္ေလး က ေရွး႐ိုးစြဲသမားျဖစ္သည့္အတြက္ ေက်ာ္ေက်ာ္ ေတာင္းဆိုတာကို အၿမဲ ျငင္းဆန္ေနသည္။ သူ႔ အပ်ိဳစင္ ဘဝကို မေပးႏိုင္ဘူးဟု ေက်ာ္ေက်ာ္ကို အေျခအတင္ေျပာသည္။

ထို႔ေၾကာင့္ပင္ သမီးရည္းစားသက္ ၃ ႏွစ္ေက်ာ္သည္အထိ ေက်ာ္ေက်ာ္ တစ္ေယာက္ လက္ကေလးကိုင္ကာ ႏွဖူးေလးနမ္းတာႏွင့္ပင္။

ႏွစ္ဖက္ မိဘမ်ားကိုလည္း အသိေပးၿပီးၿပီ။ ႏွစ္ဖက္ မိဘမ်ားကလည္း သေဘာတူၾကၿပီ။ လက္ထပ္ဖို႔ကိစၥအတြက္လည္း ေသခ်ာေနၿပီဆိုေတာ့ ေက်ာ္ေက်ာ္ တစ္ေယာက္ ခိုင္ေလးအား ေတာင္းဆို လိုက္သည္။

Valentine Day တြင္ ခိုင္ေလးႏွင့္ ႏွစ္ေယာက္ထဲ ေအးေအး ေဆးေဆး စကားေျပာခ်င္လို႔ပါဟုဆိုကာ စကားစထားလိုက္သည္။

“Condom သုံးေနာ္  ” ခိုင္ေလးကား ေတာင္းဆိုသည္။

”  ဘာလို႔ Condom သုံးရမွာလဲ။”

” ကိုယ္ဝန္ရသြားမွာ စိုးလို႔ေပါ့  ”

” တစ္ခါ တစ္ေလပဲဟာကို ကိုယ္ဝန္မရႏိုင္ပါဘူး  ”  ေက်ာ္ေက်ာ္ တစ္ေယာက္ ေပါ့ေပါ့ပါးပါးပင္ ျပန္ေျဖလိုက္သည္။

” တစ္ခါတစ္ေလလည္း ကိုယ္ဝန္ရတတ္တာပဲေလ ”

ခိုင္ေလးကား ေတာင္းဆိုသည္။

“ရေတာ့ ဘာျဖစ္လဲ။ ကိုယ္နဲ႔ခိုင္ေလးတို႔က ေနာက္ႏွစ္ထဲ မဂၤလာေဆာင္ေတာ့မွာပဲဟာ  ”

” အခု ဗိုက္ႀကီးေတာ့ ဘယ္ျဖစ္မွာလဲ။ မိဘေတြမ်က္ႏွာကို အိုးမဲ သုပ္သလို ျဖစ္ေနမွာေပါ့ ” ခိုင္ေလးကား ဒါေလးေတာင္ မသိဘူးလား ဆိုသည့္ အၾကည့္ျဖင့္ ၾကည့္သည္။ ေက်ာ္ေက်ာ္ တစ္ေယာက္ မသိခ်င္ေယာင္ ေဆာင္လိုက္သည္။

“ခိုင္ေလးရယ္။ ဒီအတြက္ေတာ့ စိတ္မပူပါနဲ႔။ ကိုယ္စီစဥ္ထားပါတယ္။   ”

” ဘာ စီစဥ္ထားတာလဲ  ”  ခိုင္ေလးကား မ်က္လုံးေလးပင့္ကာ ေမးလိုက္သည္။

” အတူေနၿပီးရင္ေသာက္ဖို႔ ကိုယ္ေဆး ဝယ္ထားတယ္။   ” ခိုင္ေလး မ်က္လုံးျပဴးသြားသည္။

”  အတူေနၿပီးရင္ ေဆးေသာက္လိုက္ပါ ”

” ေဆးမေသာက္ခ်င္ဘူး။ ေဆးက ေသာက္ၿပီးရင္ ပ်ိဳ႕ခ်င္တာေတြ အန္ခ်င္တာေတြ ျဖစ္တတ္တယ္။ ၿပီးေတာ့ အန္လည္း အန္တတ္တယ္  ” ခိုင္ေလးကား ေဆး အေၾကာင္း သိၿပီးသားျဖစ္သည္။

” ခိုင္ေလးက ဘယ္လိုလုပ္သိတာလဲ  ”

” ဒီလိုပဲ သိတာေပါ။ ၿပီးေတာ့ သူက side effect ေတြလည္း အမ်ားႀကီးရွိတယ္။ ရာသီ ထိန္တာေတြ မလာတာေတြ ေနာက္က်တာေတြလည္း ျဖစ္တတ္တယ္။ ခိုင္ေလးကေတာ့ ေဆးမေသာက္ႏိုင္ဘူး။ ကိုယ္ အေဖာ္သုံးပါ။ ဒါပဲ  ” တစ္ခ်က္လြတ္ အမိန႔္ထုတ္လိုက္သည့္သေဘာ။

”  ခိုင္ေလးရယ္ ကိုယ္က ၾကားေလ ေသြးရင္ေတာင္ ေဝးတယ္ထင္တယ္။ ကိုယ္တို႔ႏွစ္ေယာက္ၾကားကို ေလတိုက္ရင္ေတာင္ ကိုယ္က မႀကိဳက္ဘူး။  ” ေက်ာ္ေက်ာ္ တစ္ေယာက္ ခိုင္ေလးအား အပီ စည္း႐ုံးေနၿပီ။

” ခိုင္ေလးက ေဆး ေတာ့မေသာက္ႏိုင္ဘူး။ ကို အေဖာ္ သုံးမယ္ဆိုရင္လိုက္ခဲ့မယ္။ အေဖာ္ မသုံးဘူးဆိုရင္ေတာ့ မလိုက္ႏိုင္ဘူး။  ” ခိုင္ေလး တစ္ေယာက္ ေက်ာ္ေက်ာ္ကို ျပန္ၿပီး အက်ပ္ကိုင္လိုက္သည္။

”  ကိုယ္က ၾကားေလေတာင္ ႏွစ္ေယာက္ၾကားထဲ အဝင္မခံႏိုင္တာ”  ေနာက္ တစ္ႀကိမ္ ထပ္စည္း႐ုံးၾကည့္သည္။

” အပိုေတြ လာေျပာေနတယ္။ ဘာ ၾကားေလေသြးရင္ ေဝးတယ္ထင္ရတာလဲ။   ”

” အိုေက ကိုယ္တို႔ ေနာက္ တစ္မ်ိဳး စဥ္းစားၾကည့္ရေအာင္ ။ ကိုယ္ဝန္ ရွိသြားဖို႔ဆိုတာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ သားဥနဲ႔ အမ်ိဳးသားရဲ႕ သုတ္ရည္တို႔ ထိေတြ႕မွ ကိုယ္ဝန္ရတာ။ အမ်ိဳးသမီးတစ္ေယာက္မွာ တစ္လမွ တစ္ခါပဲ သားဥေႂကြတာ။   ”

”  ဟုတ္တယ္။ တစ္လမွာ တစ္ႀကိမ္ သားဥေႂကြတတ္တယ္။ အဲဒီအခ်ိန္မွာ အတူေနမိရင္ ကိုယ္ဝန္ရတတ္တယ္ ”

”  ဒါဆို သားဥ မေႂကြတဲ့ ရက္ မွာ အတူေနၾကတာေပ့ါ ”

” ေဆးပညာ သေဘာ အရဆိုရင္ အမ်ိဳးသမီးတစ္ေယာက္အတြက္ ကိုယ္ဝန္မရႏိုင္တဲ့ ရက္ေတြ ရာသီမလာခင္ ၇ ရက္နဲ႔ ရာသီ ေသြးဆင္းၿပီး ၇ ရက္အတြင္း အတူေနရင္  ကိုယ္ဝန္မရတတ္ပါဘူး။  တစ္ျခား ဘယ္ေန႔ေတြမွာ ေန ေန ကိုယ္ဝန္ ရႏိုင္ပါတယ္ ။ သားဥ က အဲဒီရက္ေတြမွာ မေႂကြတတ္ဘူး ”

” ခိုင္ေလးက ရာသီေသြးလာၿပီးတာ ၁၀ ရက္ရွိၿပီ။  ”

“ဒါဆို အတူေနလို႔မရဘူးေပါ့   ” ေက်ာ္ေက်ာ္တစ္ေယာက္ မ်က္ႏွာေလး ရႈံမဲ့သြားသည္။

”  အတူေနၿပီးရင္ ေဆးေသာက္လိုက္ပါ ခိုင္ေလးရယ္ ”

”  ခိုင္ေလးကေတာ့ ေဆးမေသာက္ႏိုင္ဘူး။ ေဆးက side effect ရွိတယ္။ condom က ပိုစိတ္ခ်ရတယ္။ ေဆးက ကိုယ္ဝန္မရႏိုင္တာပဲ ရွိတာ။ တစ္ျခားလိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြကို မတားဆီးႏိုင္ဘူး။ ဥပမာ ေျပာရင္ ခုခံအား က်ဆင္းတဲ့ေရာဂါ၊ ကာလသားေရာဂါ၊ ဂႏိုးရီးယားေရာဂါမ်ိဳးေတြ ဆို မကာကြယ္ႏိုင္ဘူး။ ဒီလိုမ်ိဳးေရာဂါေတြ ကာကြယ္ဖို႔အတြက္ က condom သုံးမွပဲ ျဖစ္မွာ။ Condom သုံးပါ။  ”

” ကိုယ္ တစ္ျခားဘယ္သူနဲ႔မွ အတူမေနဖူးဘူး။ ကိုယ့္မွာလည္း ဒီလိုမ်ိဳး ေရာဂါေတြ မရွိပါဘူး။   ” ေက်ာ္ေက်ာ္ တစ္ေယာက္ ခိုင္ေလး အား ဆင္ေျခတက္လိုက္သည္။ ခိုင္ေလးကား ေက်ာ္ေက်ာ္အား စိုက္ၾကည့္ရင္း

”  လိင္က တစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြကို ခိုင္ေလးက ေၾကာက္တယ္။  ကို ခိုင္ေလးအေပၚ သစၥာရွိမရွိ  မသိႏိုင္ဘူး။ ခိုင္ေလးလည္း မယုံၾကည္ႏိုင္ဘူး။ ေနာက္ဆုံး အျပတ္ပဲ ေျပာမယ္။ Condom သုံးရင္ လိုက္မယ္။  ” ေက်ာ္ေက်ာ္ တစ္ေယာက္ ေလပူတစ္ခ်က္မႈတ္ထုတ္ရင္း ေခါင္းၿငိမ့္လိုက္သည္။ ကိုယ္က ေတာင္းဆိုထားေတာ့ သူေတာင္းဆိုတာကို လိုက္ေလ်ာရမည္ပင္။

Author : Dr. ေအးခ်မ္းမိုး

Valentine Day (ကြားလေသွေးရင်တောင် ဝေးတယ် ထင်တယ်)

Valentine Day က နီးနေပြီဆိုတော့ ကျော်ကျော်ရင်ထဲ ဗလောင်ဆူနေပြီ။ ခိုင်လေးနှင့် ရည်းစားဖြစ်တာ သုံးနှစ် ပြည့်ပြီ ဆိုတော့ ကျော်ကျော် တစ်ယောက် အဆင့် တစ်ဆင့် တက်ချင်နေပြီ။

ကိုယ့်ကို ချစ်လျှင် ကိုယ့်ဆန္ဒကို လိုက်လျောရမည်ဟုလည်း ခိုင်လေးအား အကျပ်ကိုင်ထားလိုက်ပြီ။ သူငယ်ချင်းများက ကျော်ကျော်အား အဖြစ်မရှိဘူးဟု ပြောနေသည်ကို လည်း ကျော်ကျော်တစ်ယောက် မခံချင်။ သူများတွေ ဘယ်အဆင့် ရောက်နေပြီ ဟု ပြောတိုင်း ကျော်ကျော်တစ်ယောက် ကိုယ့် ကို ကို အားမရသလို။ ခိုင်လေးအား ကျော်ကျော်တစ်ယောက် အမှန်တကယ် ချစ်မြတ်နိုးသည်။ လက်ထပ်ဖို့ထိလည်း ရည်စူးထားပြီးဖြစ်သည်။ သို့သော် ခိုင်လေး ကား ကျော်ကျော်ကို ချစ်ပေမဲ့  နောက်တစ်ဆင့် တက်ဖို့ ငြင်းဆန်နေသည်။ ဒီခေတ်ကြီးထဲမှာ သမီးရည်းစားများ အတွက် အတူနေသည်က အဆန်းတကြယ် မဟုတ်တော့။ သို့သော် ခိုင်လေး က ရှေးရိုးစွဲသမားဖြစ်သည့်အတွက် ကျော်ကျော် တောင်းဆိုတာကို အမြဲ ငြင်းဆန်နေသည်။ သူ့ အပျိုစင် ဘဝကို မပေးနိုင်ဘူးဟု ကျော်ကျော်ကို အခြေအတင်ပြောသည်။

ထို့ကြောင့်ပင် သမီးရည်းစားသက် ၃ နှစ်ကျော်သည်အထိ ကျော်ကျော် တစ်ယောက် လက်ကလေးကိုင်ကာ နှဖူးလေးနမ်းတာနှင့်ပင်။

နှစ်ဖက် မိဘများကိုလည်း အသိပေးပြီးပြီ။ နှစ်ဖက် မိဘများကလည်း သဘောတူကြပြီ။ လက်ထပ်ဖို့ကိစ္စအတွက်လည်း သေချာနေပြီဆိုတော့ ကျော်ကျော် တစ်ယောက် ခိုင်လေးအား တောင်းဆို လိုက်သည်။

Valentine Day တွင် ခိုင်လေးနှင့် နှစ်ယောက်ထဲ အေးအေး ဆေးဆေး စကားပြောချင်လို့ပါဟုဆိုကာ စကားစထားလိုက်သည်။

“Condom သုံးနော်  ” ခိုင်လေးကား တောင်းဆိုသည်။

”  ဘာလို့ Condom သုံးရမှာလဲ။”

” ကိုယ်ဝန်ရသွားမှာ စိုးလို့ပေါ့  ”

” တစ်ခါ တစ်လေပဲဟာကို ကိုယ်ဝန်မရနိုင်ပါဘူး  ”  ကျော်ကျော် တစ်ယောက် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

” တစ်ခါတစ်လေလည်း ကိုယ်ဝန်ရတတ်တာပဲလေ ”

ခိုင်လေးကား တောင်းဆိုသည်။

“ရတော့ ဘာဖြစ်လဲ။ ကိုယ်နဲ့ခိုင်လေးတို့က နောက်နှစ်ထဲ မင်္ဂလာဆောင်တော့မှာပဲဟာ  ”

” အခု ဗိုက်ကြီးတော့ ဘယ်ဖြစ်မှာလဲ။ မိဘတွေမျက်နှာကို အိုးမဲ သုပ်သလို ဖြစ်နေမှာပေါ့ ” ခိုင်လေးကား ဒါလေးတောင် မသိဘူးလား ဆိုသည့် အကြည့်ဖြင့် ကြည့်သည်။ ကျော်ကျော် တစ်ယောက် မသိချင်ယောင် ဆောင်လိုက်သည်။

“ခိုင်လေးရယ်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ကိုယ်စီစဉ်ထားပါတယ်။   ”

” ဘာ စီစဉ်ထားတာလဲ  ”  ခိုင်လေးကား မျက်လုံးလေးပင့်ကာ မေးလိုက်သည်။

” အတူနေပြီးရင်သောက်ဖို့ ကိုယ်ဆေး ဝယ်ထားတယ်။   ” ခိုင်လေး မျက်လုံးပြူးသွားသည်။

”  အတူနေပြီးရင် ဆေးသောက်လိုက်ပါ ”

” ဆေးမသောက်ချင်ဘူး။ ဆေးက သောက်ပြီးရင် ပျို့ချင်တာတွေ အန်ချင်တာတွေ ဖြစ်တတ်တယ်။ ပြီးတော့ အန်လည်း အန်တတ်တယ်  ” ခိုင်လေးကား ဆေး အကြောင်း သိပြီးသားဖြစ်သည်။

” ခိုင်လေးက ဘယ်လိုလုပ်သိတာလဲ  ”

” ဒီလိုပဲ သိတာပေါ။ ပြီးတော့ သူက side effect တွေလည်း အများကြီးရှိတယ်။ ရာသီ ထိန်တာတွေ မလာတာတွေ နောက်ကျတာတွေလည်း ဖြစ်တတ်တယ်။ ခိုင်လေးကတော့ ဆေးမသောက်နိုင်ဘူး။ ကိုယ် အဖော်သုံးပါ။ ဒါပဲ  ” တစ်ချက်လွတ် အမိန့်ထုတ်လိုက်သည့်သဘော။

”  ခိုင်လေးရယ် ကိုယ်က ကြားလေ သွေးရင်တောင် ဝေးတယ်ထင်တယ်။ ကိုယ်တို့နှစ်ယောက်ကြားကို လေတိုက်ရင်တောင် ကိုယ်က မကြိုက်ဘူး။  ” ကျော်ကျော် တစ်ယောက် ခိုင်လေးအား အပီ စည်းရုံးနေပြီ။

” ခိုင်လေးက ဆေး တော့မသောက်နိုင်ဘူး။ ကို အဖော် သုံးမယ်ဆိုရင်လိုက်ခဲ့မယ်။ အဖော် မသုံးဘူးဆိုရင်တော့ မလိုက်နိုင်ဘူး။  ” ခိုင်လေး တစ်ယောက် ကျော်ကျော်ကို ပြန်ပြီး အကျပ်ကိုင်လိုက်သည်။

”  ကိုယ်က ကြားလေတောင် နှစ်ယောက်ကြားထဲ အဝင်မခံနိုင်တာ”  နောက် တစ်ကြိမ် ထပ်စည်းရုံးကြည့်သည်။

” အပိုတွေ လာပြောနေတယ်။ ဘာ ကြားလေသွေးရင် ဝေးတယ်ထင်ရတာလဲ။   ”

” အိုကေ ကိုယ်တို့ နောက် တစ်မျိုး စဉ်းစားကြည့်ရအောင် ။ ကိုယ်ဝန် ရှိသွားဖို့ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ သားဥနဲ့ အမျိုးသားရဲ့ သုတ်ရည်တို့ ထိတွေ့မှ ကိုယ်ဝန်ရတာ။ အမျိုးသမီးတစ်ယောက်မှာ တစ်လမှ တစ်ခါပဲ သားဥကြွေတာ။   ”

”  ဟုတ်တယ်။ တစ်လမှာ တစ်ကြိမ် သားဥကြွေတတ်တယ်။ အဲဒီအချိန်မှာ အတူနေမိရင် ကိုယ်ဝန်ရတတ်တယ် ”

”  ဒါဆို သားဥ မကြွေတဲ့ ရက် မှာ အတူနေကြတာပေ့ါ ”

” ဆေးပညာ သဘော အရဆိုရင် အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်မရနိုင်တဲ့ ရက်တွေ ရာသီမလာခင် ၇ ရက်နဲ့ ရာသီ သွေးဆင်းပြီး ၇ ရက်အတွင်း အတူနေရင်  ကိုယ်ဝန်မရတတ်ပါဘူး။  တစ်ခြား ဘယ်နေ့တွေမှာ နေ နေ ကိုယ်ဝန် ရနိုင်ပါတယ် ။ သားဥ က အဲဒီရက်တွေမှာ မကြွေတတ်ဘူး ”

” ခိုင်လေးက ရာသီသွေးလာပြီးတာ ၁၀ ရက်ရှိပြီ။  ”

“ဒါဆို အတူနေလို့မရဘူးပေါ့   ” ကျော်ကျော်တစ်ယောက် မျက်နှာလေး ရှုံမဲ့သွားသည်။

”  အတူနေပြီးရင် ဆေးသောက်လိုက်ပါ ခိုင်လေးရယ် ”

”  ခိုင်လေးကတော့ ဆေးမသောက်နိုင်ဘူး။ ဆေးက side effect ရှိတယ်။ condom က ပိုစိတ်ချရတယ်။ ဆေးက ကိုယ်ဝန်မရနိုင်တာပဲ ရှိတာ။ တစ်ခြားလိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို မတားဆီးနိုင်ဘူး။ ဥပမာ ပြောရင် ခုခံအား ကျဆင်းတဲ့ရောဂါ၊ ကာလသားရောဂါ၊ ဂနိုးရီးယားရောဂါမျိုးတွေ ဆို မကာကွယ်နိုင်ဘူး။ ဒီလိုမျိုးရောဂါတွေ ကာကွယ်ဖို့အတွက် က condom သုံးမှပဲ ဖြစ်မှာ။ Condom သုံးပါ။  ”

” ကိုယ် တစ်ခြားဘယ်သူနဲ့မှ အတူမနေဖူးဘူး။ ကိုယ့်မှာလည်း ဒီလိုမျိုး ရောဂါတွေ မရှိပါဘူး။   ” ကျော်ကျော် တစ်ယောက် ခိုင်လေး အား ဆင်ခြေတက်လိုက်သည်။ ခိုင်လေးကား ကျော်ကျော်အား စိုက်ကြည့်ရင်း

”  လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ခိုင်လေးက ကြောက်တယ်။  ကို ခိုင်လေးအပေါ် သစ္စာရှိမရှိ  မသိနိုင်ဘူး။ ခိုင်လေးလည်း မယုံကြည်နိုင်ဘူး။ နောက်ဆုံး အပြတ်ပဲ ပြောမယ်။ Condom သုံးရင် လိုက်မယ်။  ” ကျော်ကျော် တစ်ယောက် လေပူတစ်ချက်မှုတ်ထုတ်ရင်း ခေါင်းငြိမ့်လိုက်သည်။ ကိုယ်က တောင်းဆိုထားတော့ သူတောင်းဆိုတာကို လိုက်လျောရမည်ပင်။

Author : Dr. အေးချမ်းမိုး

Previous Post

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၂

Next Post

လက်သည်းခြေသည်းမှိုစွဲခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
750
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်သည်းခြေသည်းမှိုစွဲခြင်း

ကိုယ်ဝန်လနုချိန်ပျက်ကျခြင်း

နေ့စဉ်ပုံမှန်သောက်ရသော တားဆေးကဒ်များအကြောင်း (အပိုင်း၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.