(Zawgyi)
လူ႔ေဘာင္ေလာကတြင္ အိမ္ေထာင္သားေမြးကိစၥကို ေရွာင္ကြင္း၍ရမည္မဟုတ္ေပ။ ေရွာင္ကြင္း၍ မရ ေသာလိင္ဆက္ဆံမႈကို ျပႆနာကင္းေသာ၊ တစ္နည္းအားျဖင့္ က်န္းမာေရးႏွင့္ညီၫြတ္ေသာ ဆက္ဆံမႈ ျဖစ္ေအာင္ ဖန္တီးႏိုင္စြမ္းရွိရန္ လိုအပ္သည္။
က်န္းမာေရးႏွင့္ညီၫြတ္ေသာ လိင္ဆက္ဆံမႈက႐ုပ္ပိုင္းဆိုင္ရာစြမ္းေဆာင္ႏိုင္မႈ ျပည့္ဝ၍ စိတ္ပိုင္းဆိုင္ ရာေက်နပ္ႏွစ္သက္မႈ အျပည့္အဝရွိေစႏိုင္ျခင္းပင္ ျဖစ္သည္။ လင္မယား (သို႔) ဆက္ဆံေဖာ္ႏွစ္ဦးတို႔တြင္ မိမိကိုယ္မိမိယုံၾကည္မႈ အျပည့္အဝရရွိရန္ လိုအပ္သည္။ မည္သည့္အလုပ္မ်ိဳးလုပ္ေဆာင္သည္ျဖစ္ေစ၊ မိမိကိုယ္ မိမိယုံၾကည္မႈသည္ အေရးႀကီးဆုံးျဖစ္၏။ ယုံၾကည္မႈရွိမွသာေအာင္ျမင္ႏိုင္မည္ ျဖစ္သည္။
ပူပင္ေသာကကင္းဖို႔လည္းလိုအပ္မည္ျဖစ္သည္။ စိုးရိမ္ေၾကာက္လန႔္မႈ ရွိေနလွ်င္ လုပ္ငန္းေခ်ာေမြ႕ အဆင္ေျပမည္ မဟုတ္ေပ။ စိတ္တထင့္ထင့္ႏွင့္ ထစ္ေငါ့ေငါ့ျဖစ္ေနမည္ မလြဲေပ။ မေအာင္ျမင္မည္ကိုေၾကာက္ လန႔္ေနျခင္း၊ ပူပင္ေသာကျဖစ္ေနျခင္းပင္လွ်င္ ေအာင္ျမင္မႈအတြက္ ႀကီးမားေသာအဟန႔္အတားတစ္ခုျဖစ္ သည္။
မိမိသည္ လိင္ပိုင္းဆိုင္ရာစြမ္းေဆာင္မႈ အျပည့္ရွိသည္၊ ဆြဲေဆာင္မႈအားေကာင္းသည္၊ တစ္ဖက္သား ေက်နပ္မႈ အျပည့္အဝေပးႏိုင္မည္ စသည္ျဖင့္ ယုံၾကည္မႈရွိေနဖို႔ လိုအပ္သည္။ ‘ငါလုပ္မွ လုပ္ႏိုင္ပါ့မလား၊ ငါဟာ ဆြဲေဆာင္မႈ မရွိေတာ့ဘူးလား၊ တစ္ဖက္လူေက်နပ္မႈ ရွိပါ့မလား၊’ စသည့္မိမိ၏ စြမ္းေဆာင္မႈကိုယုံၾကည္မႈမရွိ လွ်င္ အမွန္တစ္ကယ္ မစြမ္းေဆာင္ႏိုင္ေတာ့ဘဲ ျဖစ္သြားတတ္ပါသည္။
စိတ္ဓာတ္ခိုင္မာမႈသည္ ေနရာတိုင္းအတြက္လိုအပ္သည္။ ထို႔အတူလိင္ဆက္ဆံမႈတြင္ လည္းစိတ္ဓာတ္ သည္ အေရးႀကီးဆုံးျဖစ္သည္ဟု ဆိုႏိုင္သည္။ ပူပင္ေသာကသည္ လိင္ဆက္ဆံအားကိုနည္းေစသကဲ့သို႔၊ စြမ္းေဆာင္ႏိုင္မႈကိုလည္း ယုတ္ေလ်ာ့ေစပါသည္။ ပန္းေသပန္းညႇိဳး၊ ပန္းမလန္းျခင္းပင္လွ်င္ စိတ္ေၾကာင့္ ျဖစ္တတ္ေသာ ေဝဒနာတစ္ခုျဖစ္သည္။
စိတ္ဆႏၵျဖစ္ေပၚေစရန္ လႈံ႕ေဆာ္မႈတြင္ စိတ္ပိုင္းဆိုင္ရာလႈံ႕ေဆာ္မႈသည္ အေရးႀကီးေသာက႑မွပါဝင္ သည္။ ႐ုပ္ပိုင္းဆိုင္ရာလႈံ႕ေဆာ္မႈႏွင့္ စိတ္ပိုင္းဆိုင္ရာလႈံ႕ေဆာ္မႈတို႔ ဟန္ခ်က္ညီညီေဆာင္႐ြက္ ေပးႏိုင္ရန္ လည္းလိုအပ္သည္။ အသက္အ႐ြယ္ႀကီးလာသူမ်ားအဖို႔ လႈံ႕ေဆာ္မႈ ပိုမိုလိုအပ္သည္။ ကိုယ္ခႏၶာ႐ုပ္ပိုင္းဆိုင္ရာ လိုအပ္ လာမႈတို႔အတြက္ ပိုမိုလႈံ႕ေဆာ္မႈေပးမွသာ လုံေလာက္ေသာ စိတ္ဆႏၵျဖစ္ေပၚမႈ၊ တက္ႂကြမႈႏွင့္ စြမ္းေဆာင္ႏိုင္မႈ တို႔ ရရွိႏိုင္မည္ျဖစ္၏။
လိင္ဆက္ဆံမႈတြင္ မိမိကိုယ္မိမိယုံၾကည္မႈႏွင့္ ပူပင္ေသာကကင္းဖို႔မွာ အဓိကလိုအပ္ခ်က္မ်ား ျဖစ္ ေၾကာင္းတင္ျပလိုက္ရေပသည္။
Author – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
(Unicode)
လူ့ဘောင်လောကတွင် အိမ်ထောင်သားမွေးကိစ္စကို ရှောင်ကွင်း၍ရမည်မဟုတ်ပေ။ ရှောင်ကွင်း၍ မရ သောလိင်ဆက်ဆံမှုကို ပြဿနာကင်းသော၊ တစ်နည်းအားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဆက်ဆံမှု ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိရန် လိုအပ်သည်။
ကျန်းမာရေးနှင့်ညီညွတ်သော လိင်ဆက်ဆံမှုကရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု ပြည့်ဝ၍ စိတ်ပိုင်းဆိုင် ရာကျေနပ်နှစ်သက်မှု အပြည့်အဝရှိစေနိုင်ခြင်းပင် ဖြစ်သည်။ လင်မယား (သို့) ဆက်ဆံဖော်နှစ်ဦးတို့တွင် မိမိကိုယ်မိမိယုံကြည်မှု အပြည့်အဝရရှိရန် လိုအပ်သည်။ မည်သည့်အလုပ်မျိုးလုပ်ဆောင်သည်ဖြစ်စေ၊ မိမိကိုယ် မိမိယုံကြည်မှုသည် အရေးကြီးဆုံးဖြစ်၏။ ယုံကြည်မှုရှိမှသာအောင်မြင်နိုင်မည် ဖြစ်သည်။
ပူပင်သောကကင်းဖို့လည်းလိုအပ်မည်ဖြစ်သည်။ စိုးရိမ်ကြောက်လန့်မှု ရှိနေလျှင် လုပ်ငန်းချောမွေ့ အဆင်ပြေမည် မဟုတ်ပေ။ စိတ်တထင့်ထင့်နှင့် ထစ်ငေါ့ငေါ့ဖြစ်နေမည် မလွဲပေ။ မအောင်မြင်မည်ကိုကြောက် လန့်နေခြင်း၊ ပူပင်သောကဖြစ်နေခြင်းပင်လျှင် အောင်မြင်မှုအတွက် ကြီးမားသောအဟန့်အတားတစ်ခုဖြစ် သည်။
မိမိသည် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှု အပြည့်ရှိသည်၊ ဆွဲဆောင်မှုအားကောင်းသည်၊ တစ်ဖက်သား ကျေနပ်မှု အပြည့်အဝပေးနိုင်မည် စသည်ဖြင့် ယုံကြည်မှုရှိနေဖို့ လိုအပ်သည်။ ‘ငါလုပ်မှ လုပ်နိုင်ပါ့မလား၊ ငါဟာ ဆွဲဆောင်မှု မရှိတော့ဘူးလား၊ တစ်ဖက်လူကျေနပ်မှု ရှိပါ့မလား၊’ စသည့်မိမိ၏ စွမ်းဆောင်မှုကိုယုံကြည်မှုမရှိ လျှင် အမှန်တစ်ကယ် မစွမ်းဆောင်နိုင်တော့ဘဲ ဖြစ်သွားတတ်ပါသည်။
စိတ်ဓာတ်ခိုင်မာမှုသည် နေရာတိုင်းအတွက်လိုအပ်သည်။ ထို့အတူလိင်ဆက်ဆံမှုတွင် လည်းစိတ်ဓာတ် သည် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။ ပူပင်သောကသည် လိင်ဆက်ဆံအားကိုနည်းစေသကဲ့သို့၊ စွမ်းဆောင်နိုင်မှုကိုလည်း ယုတ်လျော့စေပါသည်။ ပန်းသေပန်းညှိုး၊ ပန်းမလန်းခြင်းပင်လျှင် စိတ်ကြောင့် ဖြစ်တတ်သော ဝေဒနာတစ်ခုဖြစ်သည်။
စိတ်ဆန္ဒဖြစ်ပေါ်စေရန် လှုံ့ဆော်မှုတွင် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုသည် အရေးကြီးသောကဏ္ဍမှပါဝင် သည်။ ရုပ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုနှင့် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတို့ ဟန်ချက်ညီညီဆောင်ရွက် ပေးနိုင်ရန် လည်းလိုအပ်သည်။ အသက်အရွယ်ကြီးလာသူများအဖို့ လှုံ့ဆော်မှု ပိုမိုလိုအပ်သည်။ ကိုယ်ခန္ဓာရုပ်ပိုင်းဆိုင်ရာ လိုအပ် လာမှုတို့အတွက် ပိုမိုလှုံ့ဆော်မှုပေးမှသာ လုံလောက်သော စိတ်ဆန္ဒဖြစ်ပေါ်မှု၊ တက်ကြွမှုနှင့် စွမ်းဆောင်နိုင်မှု တို့ ရရှိနိုင်မည်ဖြစ်၏။
လိင်ဆက်ဆံမှုတွင် မိမိကိုယ်မိမိယုံကြည်မှုနှင့် ပူပင်သောကကင်းဖို့မှာ အဓိကလိုအပ်ချက်များ ဖြစ် ကြောင်းတင်ပြလိုက်ရပေသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)