(Zawgyi)
လူငယ္မ်ား ေစာေစာစီးစီးအိမ္ေထာင္ျပဳျခင္းသည္ သူတို႔မိခင္၏ အိမ္ေထာင္ေရး၊ အေျခအေနေပၚမူ တည္ေၾကာင္း၊ သုေတသနအသစ္တစ္ခု အရသိရသည္။ အဆိုပါ သုေတသနကို အိုဟိုင္း႐ိုးတကၠသိုလ္မွ သုေတသနပညာရွင္မ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး မိသားစုစိတ္က်န္းမာေရးဆိုင္ရာ ဂ်ာနယ္၌ ေဖာ္ျပထားသည္။
မိခင္သည္ အသက္ငယ္႐ြယ္စဥ္ အိမ္ေထာင္က်ပါက ကေလးမ်ားတြင္လည္း အသက္ငယ္ငယ္႐ြယ္႐ြယ္ အိမ္ေထာင္က်ႏိုင္ေခ်မ်ားၿပီး မိခင္၏အိမ္ေထာင္ေရးသည္ ယခုထိ တည္ၿမဲေနေၾကာင္း ေတြ႕ရွိရသည္။ သုေတသ နပညာရွင္မ်ားသည္ ၁၉၇၉ ခုႏွစ္ ႏိုင္ငံလုံးဆိုင္ရာ လူငယ္စစ္တမ္း၏ အခ်က္အလက္မ်ားကို ျပန္လည္ေလ့လာ ဆန္းစစ္ခဲ့ၾကသည္။ ထို ၁၉၇၉ ခုႏွစ္ စစ္တမ္းသည္ ၁၉၆၄ ခုႏွစ္အတြင္း ေမြးဖြားေသာ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးမ်ားကို ၁၉၅၇-၁၉၇၉ ခုႏွစ္ ၎တို႔၏ အသက္ ၁၄ ႏွစ္မွ ၂၂ ႏွစ္အတြင္းရွိေသာအ႐ြယ္၌ ေလ့လာခဲ့ျခင္းျဖစ္ သည္။
ထို႔ေနာက္ ၎တို႔၏ ေမြးဖြားေသာ သားသမီးမ်ားအေပၚ ဆက္လက္ေလ့လာခဲ့ၿပီး သုေတသနတြင္ မိခင္ ၂၅၈၁ ေယာက္ႏွင့္ သားသမီး ၃၉၁၄ ေယာက္ပါဝင္ခဲ့ၾကသည္။ ေတြ႕ရွိခ်က္တြင္ မိခင္သည္ ငယ္႐ြယ္စဥ္ အိမ္ေထာင္က်ခဲ့ၿပီး မၿပိဳကြဲခဲ့ေသာ အိမ္ေထာင္ေရးျဖစ္ပါက သားသမီးမ်ားတြင္လည္း အသက္ ၂၀ အ႐ြယ္၌ပင္ အိမ္ေထာင္ျပဳရန္ စိတ္အားထက္သန္ေၾကာင္း ေတြ႕ရသည္။
အိမ္ေထာင္ၿပိဳကြဲခဲ့ေသာ မိခင္မ်ား၏ သားသမီးမ်ားမွာမူ အိမ္ေထာင္ျပဳသည့္ အသက္အ႐ြယ္ေနာက္က် ႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ရသည္။ မိသားစုႏွင့္ အိမ္ေထာင္ျပဳျခင္းဆိုင္ရာ အမ်ိဳးသားဗဟို၏ အဆိုအရ အေမရိကန္ႏိုင္ ငံသားမ်ား၏ ပထမဆုံးအႀကိမ္ အိမ္ေထာင္ျပဳသည့္ ပ်မ္းမွ်အသက္အ႐ြယ္မွာ အမ်ိဳးသားမ်ားတြင္ ၂၉.၂ ႏွစ္ႏွင့္ အမ်ိဳးသမီးမ်ားတြင္ ၂၇.၅ ႏွစ္ျဖစ္ေၾကာင္း သိရွိရသည္။ ထို႔အျပင္ အေမရိကန္ႏိုင္ငံ၏ အိမ္ေထာင္ျပဳျခင္း ၅၀ ရာခိုင္ႏႈန္းမွာ ေနာက္ပိုင္း၌ကြာရွင္းျခင္းျဖင့္ အဆုံးသတ္ေနေၾကာင္းသိရွိရသည္။
Author – Healthcare Journal
(Unicode)
လူငယ်များ စောစောစီးစီးအိမ်ထောင်ပြုခြင်းသည် သူတို့မိခင်၏ အိမ်ထောင်ရေး၊ အခြေအနေပေါ်မူ တည်ကြောင်း၊ သုတေသနအသစ်တစ်ခု အရသိရသည်။ အဆိုပါ သုတေသနကို အိုဟိုင်းရိုးတက္ကသိုလ်မှ သုတေသနပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိသားစုစိတ်ကျန်းမာရေးဆိုင်ရာ ဂျာနယ်၌ ဖော်ပြထားသည်။
မိခင်သည် အသက်ငယ်ရွယ်စဉ် အိမ်ထောင်ကျပါက ကလေးများတွင်လည်း အသက်ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျနိုင်ချေများပြီး မိခင်၏အိမ်ထောင်ရေးသည် ယခုထိ တည်မြဲနေကြောင်း တွေ့ရှိရသည်။ သုတေသ နပညာရှင်များသည် ၁၉၇၉ ခုနှစ် နိုင်ငံလုံးဆိုင်ရာ လူငယ်စစ်တမ်း၏ အချက်အလက်များကို ပြန်လည်လေ့လာ ဆန်းစစ်ခဲ့ကြသည်။ ထို ၁၉၇၉ ခုနှစ် စစ်တမ်းသည် ၁၉၆၄ ခုနှစ်အတွင်း မွေးဖွားသော အမျိုးသားနှင့် အမျိုးသမီးများကို ၁၉၅၇-၁၉၇၉ ခုနှစ် ၎င်းတို့၏ အသက် ၁၄ နှစ်မှ ၂၂ နှစ်အတွင်းရှိသောအရွယ်၌ လေ့လာခဲ့ခြင်းဖြစ် သည်။
ထို့နောက် ၎င်းတို့၏ မွေးဖွားသော သားသမီးများအပေါ် ဆက်လက်လေ့လာခဲ့ပြီး သုတေသနတွင် မိခင် ၂၅၈၁ ယောက်နှင့် သားသမီး ၃၉၁၄ ယောက်ပါဝင်ခဲ့ကြသည်။ တွေ့ရှိချက်တွင် မိခင်သည် ငယ်ရွယ်စဉ် အိမ်ထောင်ကျခဲ့ပြီး မပြိုကွဲခဲ့သော အိမ်ထောင်ရေးဖြစ်ပါက သားသမီးများတွင်လည်း အသက် ၂၀ အရွယ်၌ပင် အိမ်ထောင်ပြုရန် စိတ်အားထက်သန်ကြောင်း တွေ့ရသည်။
အိမ်ထောင်ပြိုကွဲခဲ့သော မိခင်များ၏ သားသမီးများမှာမူ အိမ်ထောင်ပြုသည့် အသက်အရွယ်နောက်ကျ နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ မိသားစုနှင့် အိမ်ထောင်ပြုခြင်းဆိုင်ရာ အမျိုးသားဗဟို၏ အဆိုအရ အမေရိကန်နိုင် ငံသားများ၏ ပထမဆုံးအကြိမ် အိမ်ထောင်ပြုသည့် ပျမ်းမျှအသက်အရွယ်မှာ အမျိုးသားများတွင် ၂၉.၂ နှစ်နှင့် အမျိုးသမီးများတွင် ၂၇.၅ နှစ်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်နိုင်ငံ၏ အိမ်ထောင်ပြုခြင်း ၅၀ ရာခိုင်နှုန်းမှာ နောက်ပိုင်း၌ကွာရှင်းခြင်းဖြင့် အဆုံးသတ်နေကြောင်းသိရှိရသည်။
Author – Healthcare Journal