fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၁)

41
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/03/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အပိုင်း(၁)










ဆက်လက်ဖော်ပြပါဦးမည်

Author : Dr. 528

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။
အပိုင်း(၁)

HIV ဆိုတာ Human Immunodeficiency Virus လို့ခေါ်တဲ့ ခုခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုးတမျိုးပါ။ အပျော်အပါးလိုက်စားရာကနေတဆင့်ပဲကူးနိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေအတော်များများကတော့ ဒီရောဂါရှိတဲ့သူဆိုရင် အပျော်လိုက်စားတဲ့သူလို့ပဲ သတ်မှတ်လိုက်ကြတာများပါတယ်။ အထူးသဖြင့် ရောဂါပိုးရှိတဲ့သူက အမျိုးသမီးဆိုရင် ပိုအထင်သေး နှာခေါင်းရှုံတတ်ကြပါတယ်။ ဒါမျိုးတွေ မလုပ်သင့်ပါဘူး။ ဒီလိုတွေလုပ်တာဟာ မှားပါတယ်။ ဝိုင်းဝန်းဖေးမ ကူညီပြီး စောင့်ရှောက်ရမှာပါ။

အိတ်အိုင်ဗွီပိုး ကူးစက်နည်းတွေကတော့

ရောဂါပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံရာကနေ တဆင့်သော်လည်းကောင်း မသန့်ရှင်းတဲ့ အပ်စူးမိရာကနေသော်လည်းကောင်း၊ ရောဂါပိုးရှိသူရဲ့သွေးနဲ့ မိမိကိုယ်ခန္ဓာက ပြဲကွဲဒဏ်ရာနဲ့ ထိမိရင်သော်လည်းကောင်း စတဲ့နည်းလမ်းတွေနဲ့ လူတယောက်မှ တယောက်သို့ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားဆီကိုလည်း အိတ်အိုင်ဗွီပိုးကူးနိုင်ပါတယ်။

သင့်တော်တဲ့ဆေးဝါးကုသမှုမခံယူပါက HIV ရှိတဲ့ မိခင်ကနေ သူမရဲ့ဗိုက်ထဲက သန္ဓေသားလေး ဆီကို ရောဂါပိုးကူးနိုင်တဲ့ရာခိုင်နှုန်းဟာ ၄၀ ရာခိုင်နှုန်းထိ ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ ကူးစက်နိုင်မှုက ၅ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းရှိပြီး ကလေးမွေးဖွားဖို့ဗိုက်နာနေစဉ်(ရေမွှာပေါက်စဉ်)မှာ ကူးစက်နိုင်မှု ၁၅ရာခိုင်နှုန်းရှိပါတယ်။

ဒါ့အပြင် မိခင်နို့တိုက်နေစဉ်မှာလည်း မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်ခြေက ၅ ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းထိရှိပါတယ်။

သင့်တော်တဲ့ဆေးဝါးကုသမှုမခံယူပါက မိခင်ကနေ ကလေးဆီကို အိတ်အိုင်ဗွီပိုး ကူးစက်နိုင်ခြေဟာ အရမ်းမြင့်မားပါတယ်။ ဒါကြောင့် ဒီလိုမြင့်မားတဲ့ ကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက် Anti-retroviral prophylaxis(PMCT – Prevention Of Mother to Child Transmission) ဆိုတဲ့ မိခင်ကနေ ကလေးကို ကူးစက်မှုအား ကာကွယ်တဲ့ အစီအစဉ်နဲ့ကုထုံး အဆင့်တွေ ကိုရယူဖို့လိုပါတယ်။

ဒီအစီအစဉ်နဲ့ ကုထုံးတွေကို ခံယူမယ်ဆိုပါက မိခင်ကနေ ကလေးဆီကို အိတ်အိုင်ဗွီပိုးကူးစက်နိုင်တဲ့ ကူးစက်နိုင်ခြေ မြင့်မားမှုကို ၂ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ ကို လျှော့ချနိုင်ပါတယ်။

ဒီ Anti-retroviral prophylaxis (PMCT – Prevention Of Mother to Child Transmission) အစီအစဉ်နဲ့ ကုထုံးတွေကို သက်ဆိုင်ရာ မြို့နယ်ဒေသအလိုက် မြို့နယ် တိုက်နယ် ပြည်သူ့ဆေးရုံကြီးများ ဒေသန္တရဆေးခန်းများ အင်ဂျီအိုအဖွဲ့အစည်းများဆီသို့သွားရောက်ပြသကာ နှစ်သိမ့်ဆွေးနွေးပညာပေးမှုကိုခံယူရင်း ရယူနိုင်ပါတယ်။

ဒါကြောင့်မို့ အိတ်အိုင်ဗွီပိုးရှိတဲ့ အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ရှိခဲ့တယ်ဆိုရင် မိမိရဲ့ရင်သွေးလေးအတွက်ကိုထည့်စဉ်းစားပြီး ရှိရှိချင်းမှာပဲ သက်ဆိုင်ရာဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများဆီကို သွားရောက်ပြသကြပါလို့တိုက်တွန်းချင်ပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်

Author : Dr. 528

Previous Post

“ဆီးပိုးဝင်တာ ကြောက်စရာလား??”

Next Post

တဂွီဂွီရယ်တဲ့မှ တဂေ့ဂေ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တဂွီဂွီရယ်တဲ့မှ တဂေ့ဂေ့

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၂)

ဖြတ်သင့်သလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.