ယာဥ္တိုက္မႈ ေလ်ာ့နည္းေအာင္ ယာဥ္ေမာင္းေနစဥ္ေရွာင္ရမည့္ အမူအက်င့္မ်ား
ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO)ရဲ႕ အစီရင္ခံစာအရ တကမာၻလုံးမွာ ႏွစ္စဥ္ယာဥ္ မေတာ္တဆျဖစ္မႈေၾကာင့္ လူတသန္းေက်ာ္ေသဆုံးၿပီး ထိခိုက္ဒဏ္ရာႀကီးႀကီးမားမားရသူေတြ၊ ယာဥ္တိုက္မႈေၾကာင့္ မသန္စြမ္းဘဝ ေရာက္ရသူေတြ အေရအတြက္ဟာလည္း ႏွစ္စဥ္သန္း ၂၀ နဲ႔ ၅၀ ၾကားရွိပါတယ္တဲ့။
ဒီအေရအတြက္ဟာ နာတာရွည္ေရာဂါနဲ႔ ကူးစက္ေရာဂါေတြေၾကာင့္ ႏွစ္စဥ္တကမာၻလုံးမွာေသဆုံးရတဲ့ လူအေရအတြက္ ထက္ ႏွစ္ဆမကမ်ားပါတယ္။ ဒါေၾကာင့္ ဒီတပတ္မွာ အနက္ေရာင္လမ္းမမ်ားေပၚမွာ သြားလာလႈပ္ရွားေနသူအားလုံး ယာဥ္တိုက္မႈအႏၲရာယ္နဲ႔ တတ္ႏိုင္သမွ် ကင္းေဝးေအာင္ ယာဥ္ေမာင္းတဲ့အခါမွာ ေရွာင္ၾကဥ္ရမယ့္ အမႈအက်င့္ေတြကို သိသေလာက္တင္ျပခ်င္ပါတယ္။
ပထမတခ်က္ကေတာ့ အရက္ဘီယာေသာက္သုံးျခင္းပါ။
မူးရင္မေမာင္းနဲ႔၊ ေမာင္းရင္မမူးနဲ႔ ဆိုတဲ့ေဆာင္ပုဒ္နဲ႔ အရက္ေသစာ ေသာက္စားၿပီး မူးယစ္ေနရင္ ယာဥ္မေမာင္းဖို႔ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ထိန္းသိမ္းေရးဌာနကေနတရားဝင္စည္းကမ္း ထုတ္ထားပါတယ္။ ႏိုင္ငံတကာမွာလည္း သည္စည္းကမ္းခ်က္ရွိပါတယ္။ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာေတာ့ အေဝးေျပးလမ္းမေတြမွာေရာ၊ၿမိဳ႕တြင္းမွာပါ အၿမဲတမ္းနီးပါး အရက္ပမာဏာတိုင္းကိရိယာ (Alcohol Tester)နဲ႔ စစ္ေဆးေလ့ရွိပါတယ္။
သို႔ေသာ္ ကြၽန္ေတာ္တို႔လို ဖြံ႕ၿဖိဳးဆဲတိုင္းျပည္ေတြမွာက် ဝန္ထမ္းအင္အား၊ ဘတ္ဂ်က္အင္အားနည္းတာေၾကာင့္ သူတို႔လိုေတာ့ ၿမိဳ႕တိုင္းမွာ အေဝးေျပးလမ္းမတိုင္းမွာ Alcohol Tester နဲ႔ စစ္တာမ်ိဳးမလုပ္ႏိုင္ေသးပါဘူး။
ဒါေၾကာင့္ ယာဥ္ေမာင္းမ်ားအေနနဲ႔ မိမိအသိစိတ္ဓါတ္နဲ႔ ဆင္ျခင္ဖို႔လိုပါတယ္။ အရက္ေသစာေသာက္စားၿပီး ယာဥ္ေမာင္းတာဟာ မိမိအတြက္သာမက တျခားသူမ်ားအတြက္ပါ အႏၲရာယ္မ်ားတဲ့ အျပဳအမူ ျဖစ္တဲ့အတြက္ ယာဥ္ေမာင္းခါနီးမွာနဲ႔ ယာဥ္ေမာင္းေနစဥ္မွာ အရက္ေသစာမေသာက္စားၾကဖို႔ အႀကံျပဳခ်င္ပါတယ္။
ဒုတိယတခ်က္ အေနနဲ႔ကေတာ့ ယာဥ္ေမာင္းရင္းနဲ႔ မိုဘိုင္းဖုန္းသုံးတာပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အခုေနာက္ပိုင္း ဖုန္းေတြအင္တာနက္ေတြကို လူတိုင္းလက္လွမ္းမွီစြာ သုံးႏိုင္လာတာနဲ႔အမွ် လမ္းမေပၚမွာ လႈပ္ရွားသြားလာရင္းနဲ႔ လူအမ်ားစုဟာ ဖုန္းေျပာတာေတြအျပင္ ေဖ့ဘြတ္သုံးတာ၊ ဂိမ္းေဆာ့တာ၊ မက္ေဆ့ပို႔တာေတြထိပါ လုပ္လာပါတယ္။ ဒီလိုလုပ္ျခင္းေတြဟာ အာ႐ုံကိုပ်ံ႕လြင့္ေစပါတယ္။
ဒါဟာအလြန္အႏၲရာယ္မ်ားပါတယ္။ ႏိုင္ငံတကာရဲ႕ ေမာ္ေတာ္ယာဥ္ ဥပေဒမွာဆိုရင္ ယာဥ္ေမာင္းရင္း မိုဘိုင္းဖုန္းသုံးတာဟာ (ဖုန္းေျပာျခင္း အပါအဝင္၊ ေဖ့ဘြတ္သုံးတာ၊ စာပို႔တာစသျဖင့္) ေထာင္ဒဏ္၊ ေငြဒဏ္ ႏွစ္မ်ိဳးလုံးက်ခံရႏိုင္မယ့္ ျပစ္မႈႀကီးတခု ျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ကားေမာင္းရင္းနဲ႔ မိုဘိုင္းဖုန္းမသုံးဖို႔ အခုအသစ္ျပဳျပင္ထားတဲ့ ဥပေဒမွာ ထည့္သြင္းေဖာ္ျပထားပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ဆိုရင္ ယာဥ္ေမာင္းသူေတြသာမက လမ္းေပၚမွာ လမ္းေလွ်ာက္သြားလာသူေတြပါ လမ္းသြားရင္းနဲ႔မိုဘိုင္းဖုန္းအသုံးျပဳၿပီး ေဖ့ဘြတ္သုံးတာ၊ ဂိမ္းေဆာ့တာ၊ ဖုန္းေျပာတာ၊ မက္ေဆ့ပို႔တာေတြကို ေရွာင္ေစခ်င္ပါတယ္။
တတိယအေနနဲ႔ကေတာ့ ကားေမာင္းရင္းခါးပတ္ မပတ္တဲ့ကိစၥပါ။
ကားေမာင္းရင္ ခါးပတ္ပတ္ေမာင္းတာ အေကာင္းဆုံးပါ။ ခါးပတ္ပတ္ထားျခင္းျဖင့္ ယာဥ္မေတာ္တဆျဖစ္ခဲ့ရင္ေတာင္ ေရွ႕ကဒတ္ဘုတ္ သို႔မဟုတ္ စီယာတိုင္ တခုခုနဲ႔ မိမိေခါင္းနဲ႔ေဆာင့္မိတာမ်ိဳးေတြ၊ ဘရိတ္ေဆာင့္အုပ္လိုက္လို႔ ေရွ႕ေလကာမွန္ကို ေဖာက္ၿပီးကားအျပင္ေရာက္သြားတာမ်ိဳးေတြကို ကာကြယ္ႏိုင္ပါတယ္။ ကားေတြမွာ ေလအိတ္ပါေပမယ့္ ပြင့္ခ်င္မွပြင့္တာပါ။
ခါးပတ္ပတ္လို႔ ယာဥ္မေတာ္တဆမႈေတြမွာ အသက္မဆုံးရႈံးေအာင္ ကာကြယ္ႏိုင္ခဲ့တဲ့ သာဓကေတြ မ်ားစြာရွိပါတယ္။
ကားေမာင္းရင္ ခါးပတ္ပတ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ သိပ္မၾကာခင္ ကာလေတြကပဲ ပညာေပးတာေတြကို ယာဥ္လမ္းေၾကာင္း ထိန္းသိမ္းေရးဌာနကေန တြင္တြင္က်ယ္က်ယ္ျပဳလုပ္ခဲ့ပါတယ္။ ပညာေပးကာလေနာက္ပိုင္းမွာလည္း မၾကာခဏ ေရွာင္တခင္စစ္ေဆးမႈေတြလုပ္ကာ စည္းကမ္းမလိုက္နာသူေတြကို ဖမ္းဆီးအေရးယူခဲ့ပါတယ္။ ဒါေၾကာင့္ အခုေနာက္ပိုင္းမွာ ေတာ္ေတာ္မ်ားမ်ားေတာ့ ကားေမာင္းရင္ ခါးပတ္ပတ္လာၾကပါၿပီ။ သို႔ေပမယ့္ စည္းကမ္းမလိုက္နာတဲ့ ယာဥ္ေမာင္းတခ်ိဳ႕ေတာ့ ရွိေနဆဲပါ။
စတုတၱ အေနနဲ႔ကေတာ့ ကားေမာင္းရင္းနဲ႔ သီခ်င္းအက်ယ္ႀကီး ဖြင့္တာပါ။ ဒါက လူငယ္ပိုင္းေတြ ပိုလုပ္ေလ့ရွိပါတယ္။ ကားေမာင္းေနရင္း သီခ်င္းတို႔ ေရဒီယိုတို႔ကို လိုအပ္တာထက္ပိုက်ယ္ေလာင္စြာ ဖြင့္တာေတြ၊ နားၾကပ္တပ္ၿပီး ယာဥ္ေမာင္းတာေတြဟာ ေနာက္ကဟြန္းတီးတာ ေရွ႕ေဘးဘီဝဲယာက အခ်က္ျပတာေတြကို အာ႐ုံမစိုက္မိဘဲ ယာဥ္မေတာ္တဆ ျဖစ္ေစႏိုင္တာေၾကာင့္ မလုပ္သင့္တဲ့ အျပဳအမူေတြပါ။
ေနာက္ဆုံး အခ်က္အေနနဲ႔ကေတာ့ ကားေမာင္းရင္းနဲ႔ လိင္ဆက္ဆံတာပါ။ ဒါကေတာ့ ခုခ်ိန္ထိ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မရွိေသးပါဘူး။ ႏိုင္ငံျခား တိုင္းျပည္ေတြမွာေတာ့ ကားေမာင္းရင္းနဲ႔ လိင္ဆက္ဆံလို႔ ကားေမွာက္တာ၊ ယာဥ္မေတာ္တဆ ျဖစ္တာေတြဟာ အခုေနာက္ပိုင္းမွာ ခပ္စိတ္စိတ္ၾကားေနရပါတယ္။
သို႔ေသာ္ အေနာက္ႏိုင္ငံေတြရဲ႕ယဥ္ေက်းမႈေတြဟာ ကြၽန္ေတာ္တို႔ႏိုင္ငံကို ကူးစက္လာႏိုင္တာေၾကာင့္ သတိေပးရတာပါ။ အခုေတာင္ တခ်ိဳ႕သမီးရည္းစားအတြဲေတြက ကားေမာင္းရင္းနဲ႔ လက္ကိုင္တာအျပင္ အၾကင္နာေပးတာေတြပါ စတန႔္ထြင္လုပ္ေနၾကပါတယ္။
အရမ္းအရမ္းကို အႏၲရာယ္မ်ားတဲ့ အျပဳအမူပဲ ျဖစ္ပါတယ္။ အဆုံးသတ္အေနနဲ႔ အႀကံေပးခ်င္တာကေတာ့ ယာဥ္တိုက္မႈျဖစ္ရင္ အမ်ားအားျဖင့္ ကိုယ္တေယာက္တည္း ဒုကၡေရာက္တာမဟုတ္ပါ။ ကိုယ့္ဘာသာကိုယ္ သစ္ပင္ဝင္တိုက္ၿပီး ေမွာက္တာမ်ိဳးေတာ့ ႁခြင္းခ်က္ပါ။
တဖက္က အတိုက္ခံရတဲ့ဘက္ကလည္း ဒုကၡေရာက္ပါတယ္။ ဒါေၾကာင့္ လမ္းေပၚမွာ လႈပ္ရွားသြားလာေနရသူ အခ်င္းခ်င္း မိမိအတြက္ေရာ သူမ်ားအတြက္ပါ အႏၲရာယ္နည္း ႏိုင္သမွ်နည္းေအာင္ အထက္ပါအခ်က္ေတြကို ေရွာင္ၾကပါလို႔ အႀကံေပးခ်င္ပါတယ္။
ဥပါဒ္ရန္ေဘး ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ။
Author : Dr.528
ယာဉ်တိုက်မှု လျော့နည်းအောင် ယာဉ်မောင်းနေစဉ်ရှောင်ရမည့် အမူအကျင့်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ရဲ့ အစီရင်ခံစာအရ တကမ္ဘာလုံးမှာ နှစ်စဉ်ယာဉ် မတော်တဆဖြစ်မှုကြောင့် လူတသန်းကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာကြီးကြီးမားမားရသူတွေ၊ ယာဉ်တိုက်မှုကြောင့် မသန်စွမ်းဘဝ ရောက်ရသူတွေ အရေအတွက်ဟာလည်း နှစ်စဉ်သန်း ၂၀ နဲ့ ၅၀ ကြားရှိပါတယ်တဲ့။
ဒီအရေအတွက်ဟာ နာတာရှည်ရောဂါနဲ့ ကူးစက်ရောဂါတွေကြောင့် နှစ်စဉ်တကမ္ဘာလုံးမှာသေဆုံးရတဲ့ လူအရေအတွက် ထက် နှစ်ဆမကများပါတယ်။ ဒါကြောင့် ဒီတပတ်မှာ အနက်ရောင်လမ်းမများပေါ်မှာ သွားလာလှုပ်ရှားနေသူအားလုံး ယာဉ်တိုက်မှုအန္တရာယ်နဲ့ တတ်နိုင်သမျှ ကင်းဝေးအောင် ယာဉ်မောင်းတဲ့အခါမှာ ရှောင်ကြဉ်ရမယ့် အမှုအကျင့်တွေကို သိသလောက်တင်ပြချင်ပါတယ်။
ပထမတချက်ကတော့ အရက်ဘီယာသောက်သုံးခြင်းပါ။
မူးရင်မမောင်းနဲ့၊ မောင်းရင်မမူးနဲ့ ဆိုတဲ့ဆောင်ပုဒ်နဲ့ အရက်သေစာ သောက်စားပြီး မူးယစ်နေရင် ယာဉ်မမောင်းဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးဌာနကနေတရားဝင်စည်းကမ်း ထုတ်ထားပါတယ်။ နိုင်ငံတကာမှာလည်း သည်စည်းကမ်းချက်ရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အဝေးပြေးလမ်းမတွေမှာရော၊မြို့တွင်းမှာပါ အမြဲတမ်းနီးပါး အရက်ပမာဏာတိုင်းကိရိယာ (Alcohol Tester)နဲ့ စစ်ဆေးလေ့ရှိပါတယ်။
သို့သော် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာကျ ဝန်ထမ်းအင်အား၊ ဘတ်ဂျက်အင်အားနည်းတာကြောင့် သူတို့လိုတော့ မြို့တိုင်းမှာ အဝေးပြေးလမ်းမတိုင်းမှာ Alcohol Tester နဲ့ စစ်တာမျိုးမလုပ်နိုင်သေးပါဘူး။
ဒါကြောင့် ယာဉ်မောင်းများအနေနဲ့ မိမိအသိစိတ်ဓါတ်နဲ့ ဆင်ခြင်ဖို့လိုပါတယ်။ အရက်သေစာသောက်စားပြီး ယာဉ်မောင်းတာဟာ မိမိအတွက်သာမက တခြားသူများအတွက်ပါ အန္တရာယ်များတဲ့ အပြုအမူ ဖြစ်တဲ့အတွက် ယာဉ်မောင်းခါနီးမှာနဲ့ ယာဉ်မောင်းနေစဉ်မှာ အရက်သေစာမသောက်စားကြဖို့ အကြံပြုချင်ပါတယ်။
ဒုတိယတချက် အနေနဲ့ကတော့ ယာဉ်မောင်းရင်းနဲ့ မိုဘိုင်းဖုန်းသုံးတာပါ။ ကျွန်တော်တို့နိုင်ငံမှာ အခုနောက်ပိုင်း ဖုန်းတွေအင်တာနက်တွေကို လူတိုင်းလက်လှမ်းမှီစွာ သုံးနိုင်လာတာနဲ့အမျှ လမ်းမပေါ်မှာ လှုပ်ရှားသွားလာရင်းနဲ့ လူအများစုဟာ ဖုန်းပြောတာတွေအပြင် ဖေ့ဘွတ်သုံးတာ၊ ဂိမ်းဆော့တာ၊ မက်ဆေ့ပို့တာတွေထိပါ လုပ်လာပါတယ်။ ဒီလိုလုပ်ခြင်းတွေဟာ အာရုံကိုပျံ့လွင့်စေပါတယ်။
ဒါဟာအလွန်အန္တရာယ်များပါတယ်။ နိုင်ငံတကာရဲ့ မော်တော်ယာဉ် ဥပဒေမှာဆိုရင် ယာဉ်မောင်းရင်း မိုဘိုင်းဖုန်းသုံးတာဟာ (ဖုန်းပြောခြင်း အပါအဝင်၊ ဖေ့ဘွတ်သုံးတာ၊ စာပို့တာစသဖြင့်) ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးလုံးကျခံရနိုင်မယ့် ပြစ်မှုကြီးတခု ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကားမောင်းရင်းနဲ့ မိုဘိုင်းဖုန်းမသုံးဖို့ အခုအသစ်ပြုပြင်ထားတဲ့ ဥပဒေမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ယာဉ်မောင်းသူတွေသာမက လမ်းပေါ်မှာ လမ်းလျှောက်သွားလာသူတွေပါ လမ်းသွားရင်းနဲ့မိုဘိုင်းဖုန်းအသုံးပြုပြီး ဖေ့ဘွတ်သုံးတာ၊ ဂိမ်းဆော့တာ၊ ဖုန်းပြောတာ၊ မက်ဆေ့ပို့တာတွေကို ရှောင်စေချင်ပါတယ်။
တတိယအနေနဲ့ကတော့ ကားမောင်းရင်းခါးပတ် မပတ်တဲ့ကိစ္စပါ။
ကားမောင်းရင် ခါးပတ်ပတ်မောင်းတာ အကောင်းဆုံးပါ။ ခါးပတ်ပတ်ထားခြင်းဖြင့် ယာဉ်မတော်တဆဖြစ်ခဲ့ရင်တောင် ရှေ့ကဒတ်ဘုတ် သို့မဟုတ် စီယာတိုင် တခုခုနဲ့ မိမိခေါင်းနဲ့ဆောင့်မိတာမျိုးတွေ၊ ဘရိတ်ဆောင့်အုပ်လိုက်လို့ ရှေ့လေကာမှန်ကို ဖောက်ပြီးကားအပြင်ရောက်သွားတာမျိုးတွေကို ကာကွယ်နိုင်ပါတယ်။ ကားတွေမှာ လေအိတ်ပါပေမယ့် ပွင့်ချင်မှပွင့်တာပါ။
ခါးပတ်ပတ်လို့ ယာဉ်မတော်တဆမှုတွေမှာ အသက်မဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တဲ့ သာဓကတွေ များစွာရှိပါတယ်။
ကားမောင်းရင် ခါးပတ်ပတ်ဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာ သိပ်မကြာခင် ကာလတွေကပဲ ပညာပေးတာတွေကို ယာဉ်လမ်းကြောင်း ထိန်းသိမ်းရေးဌာနကနေ တွင်တွင်ကျယ်ကျယ်ပြုလုပ်ခဲ့ပါတယ်။ ပညာပေးကာလနောက်ပိုင်းမှာလည်း မကြာခဏ ရှောင်တခင်စစ်ဆေးမှုတွေလုပ်ကာ စည်းကမ်းမလိုက်နာသူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ တော်တော်များများတော့ ကားမောင်းရင် ခါးပတ်ပတ်လာကြပါပြီ။ သို့ပေမယ့် စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းတချို့တော့ ရှိနေဆဲပါ။
စတုတ္တ အနေနဲ့ကတော့ ကားမောင်းရင်းနဲ့ သီချင်းအကျယ်ကြီး ဖွင့်တာပါ။ ဒါက လူငယ်ပိုင်းတွေ ပိုလုပ်လေ့ရှိပါတယ်။ ကားမောင်းနေရင်း သီချင်းတို့ ရေဒီယိုတို့ကို လိုအပ်တာထက်ပိုကျယ်လောင်စွာ ဖွင့်တာတွေ၊ နားကြပ်တပ်ပြီး ယာဉ်မောင်းတာတွေဟာ နောက်ကဟွန်းတီးတာ ရှေ့ဘေးဘီဝဲယာက အချက်ပြတာတွေကို အာရုံမစိုက်မိဘဲ ယာဉ်မတော်တဆ ဖြစ်စေနိုင်တာကြောင့် မလုပ်သင့်တဲ့ အပြုအမူတွေပါ။
နောက်ဆုံး အချက်အနေနဲ့ကတော့ ကားမောင်းရင်းနဲ့ လိင်ဆက်ဆံတာပါ။ ဒါကတော့ ခုချိန်ထိ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးပါဘူး။ နိုင်ငံခြား တိုင်းပြည်တွေမှာတော့ ကားမောင်းရင်းနဲ့ လိင်ဆက်ဆံလို့ ကားမှောက်တာ၊ ယာဉ်မတော်တဆ ဖြစ်တာတွေဟာ အခုနောက်ပိုင်းမှာ ခပ်စိတ်စိတ်ကြားနေရပါတယ်။
သို့သော် အနောက်နိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့နိုင်ငံကို ကူးစက်လာနိုင်တာကြောင့် သတိပေးရတာပါ။ အခုတောင် တချို့သမီးရည်းစားအတွဲတွေက ကားမောင်းရင်းနဲ့ လက်ကိုင်တာအပြင် အကြင်နာပေးတာတွေပါ စတန့်ထွင်လုပ်နေကြပါတယ်။
အရမ်းအရမ်းကို အန္တရာယ်များတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ယာဉ်တိုက်မှုဖြစ်ရင် အများအားဖြင့် ကိုယ်တယောက်တည်း ဒုက္ခရောက်တာမဟုတ်ပါ။ ကိုယ့်ဘာသာကိုယ် သစ်ပင်ဝင်တိုက်ပြီး မှောက်တာမျိုးတော့ ခြွင်းချက်ပါ။
တဖက်က အတိုက်ခံရတဲ့ဘက်ကလည်း ဒုက္ခရောက်ပါတယ်။ ဒါကြောင့် လမ်းပေါ်မှာ လှုပ်ရှားသွားလာနေရသူ အချင်းချင်း မိမိအတွက်ရော သူများအတွက်ပါ အန္တရာယ်နည်း နိုင်သမျှနည်းအောင် အထက်ပါအချက်တွေကို ရှောင်ကြပါလို့ အကြံပေးချင်ပါတယ်။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
Author : Dr.528