နာနတ္သီးအေၾကာင္းသိေကာင္းစရာ
နာနတ္သီးကို အဂၤလိပ္လို Pineapple လို႔ေခၚပါတယ္။ ႐ုကၡေဗဒအမည္ကေတာ့ Ananas sativus Linn ပါ။ နာနတ္ပင္ကို ျမန္မာႏိုင္ငံတြင္ စားသုံးပင္အေနနဲ႔စိုက္ပ်ိဳးပါတယ္။ ႏွစ္ရွည္ခံ အပင္ေပ်ာ့မ်ိဳးျဖစ္ပါတယ္။ အ႐ြက္မ်ားမွာ ရွည္လ်ားၿပီး ႐ြက္ထိပ္က ဆူးခြၽန္ပုံစံရွိပါတယ္။ ထိပ္ထြက္ပန္းခိုင္ ျဖစ္ပါတယ္။ အသီးသည္ အစိမ္းေရာင္ျဖစ္ၿပီး မွည့္ပါက လိေမၼာ္ဝါေရာင္ ေျပာင္းသြားပါတယ္။
နာနတ္သီးမွာ ကာဘိုဟိုက္ဒရိတ္၊ ဆယ္လူးလို႔စ္၊ ဗီတာမင္ေအ၊ စီ နဲ႔ ခယ္လီယမ္ဓါတ္တို႔ျပည့္ဝစြာ ပါဝင္ပါတယ္။ ဒါ့အျပင္ တျခားအသီးေတြမွာ ပါေလ့မရွိတဲ့ Bromelain (protein – splitting enzyme) လို႔ေခၚတဲ့ ပ႐ိုတင္းဓါတ္ကို ၿဖိဳခြဲေပးတဲ့ အင္ဇိုင္း ႂကြယ္ဝစြာပါဝင္ပါတယ္။ ထိုအင္ဇိုင္းဓါတ္ရဲ႕ က်န္းမာေရးအတြက္အက်ိဳးျပဳပုံေတြကေတာ့
အသားအေရကို ဝင္းပ စိုေျပေစၿပီး အေရျပားတြန႔္ျခင္းကို အထူးကာကြယ္ ေပးပါတယ္။ အေရျပားေပၚက ပ်က္စီးေနတဲ့ ဆဲလ္မ်ားကိုလည္း အျမန္ဆုံး ျပန္လည္ ျဖည့္တင္းေပးပါတယ္။ အေရျပား ကင္ဆာမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။
ႏွလုံးေရာဂါကို ကုသရာမွာ ထိေရာက္တဲ့ အေထာက္အပံ့ ျဖစ္ေစသလို ေသြးခဲျခင္းႏွင့္ ေသြးက်ဲတာေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ထိခိုက္ရွနာေတြကို အျမန္က်က္ေစတဲ့ ဂုဏ္သတၱိလည္းရွိသည္။ ခြဲစိတ္ခန္းဝင္ၿပီးေနာက္ ခြဲတဲ့ဒဏ္ရာ အက်က္ျမန္ေစရန္အတြက္ အစာစားလို႔ရၿပီဆိုပါက Bromelain အင္ဇိုင္းႂကြယ္ဝစြာပါတဲ့ နာနတ္သီးပါ တြဲစားေပးသင့္ေၾကာင္း သုေတသနတခုက ေျပာထားပါတယ္။
ဓါတ္မတည့္လို႔ျဖစ္တဲ့ ပန္းနာရင္ၾကပ္ေရာဂါ ကိုလည္း သက္သာေစၿပီး ႂကြက္သားေတြနာက်င္တာ အ႐ိုးအဆစ္နာတာ၊ ကိုက္တာေတြကိုလည္း ေလ်ာ့ပါးသက္သာေစပါတယ္။
က်န္းမာေရးအတြက္ေကာင္းက်ိဳးေတြျဖစ္ေစတဲ့ ဒီ Bromelain အင္ဇိုင္းဟာ နာနတ္သီးမွာသာမက နာနတ္႐ြက္မွာလည္း ပါပါတယ္။
နာနတ္သီးမွာ ဒီအင္ဇိုင္းအျပင္ ဗီတာမင္စီ၊ ဗီတာမင္ေအ နဲ႔ အန္တီေအာက္ဆီးဒင့္ေတြႂကြယ္ဝစြာပါတဲ့အတြက္ ကိုယ္ခံအားကိုေကာင္းေစၿပီး မ်က္စိအျမင္အာ႐ုံကိုလည္း အထာက္အကူျပဳကာ အ႐ြယ္မတိုင္မွီ အိုမင္းရင့္ေရာ္မႈ မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။
နာနတ္သီးသည္ေသြးအတြင္း မေကာင္းတဲ့အဆီဓါတ္(ကိုလက္စထေရာ) မ်ားကို ေလ်ာ့က်ေစႏိုင္ေသာေၾကာင့္ ေသြးတိုးေရာဂါျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ နာနတ္သီးကို ဒီအတိုင္း လည္းစားၾကသလို အခ်ဥ္မႈန႔္ေလး င႐ုတ္သီးမႈန႔္ေလး ငပိ နဲ႔ေရာကာသုပ္စားလို႔လည္းရပါတယ္။
အေအးအေနနဲ႔လည္းေဖ်ာ္ေသာက္ၾကပါတယ္။ ဒါ့အျပင္ အခုေနာက္ပိုင္းမွာ နာနတ္သီးထမင္းေၾကာ္ဆိုၿပီး ထမင္းေၾကာ္ရာမွာလည္းထည့္သြင္းအသုံးျပဳလာၾကပါတယ္။ နာနတ္သီးကိုၾကာေစ့နဲ႔တြဲၿပီးလည္း ဟင္းခ်က္စားလို႔ရပါေသးတယ္။
Unicode
Author : Dr. 528
နာနတ်သီးအကြောင်းသိကောင်းစရာ
နာနတ်သီးကို အင်္ဂလိပ်လို Pineapple လို့ခေါ်ပါတယ်။ ရုက္ခဗေဒအမည်ကတော့ Ananas sativus Linn ပါ။ နာနတ်ပင်ကို မြန်မာနိုင်ငံတွင် စားသုံးပင်အနေနဲ့စိုက်ပျိုးပါတယ်။ နှစ်ရှည်ခံ အပင်ပျော့မျိုးဖြစ်ပါတယ်။ အရွက်များမှာ ရှည်လျားပြီး ရွက်ထိပ်က ဆူးချွန်ပုံစံရှိပါတယ်။ ထိပ်ထွက်ပန်းခိုင် ဖြစ်ပါတယ်။ အသီးသည် အစိမ်းရောင်ဖြစ်ပြီး မှည့်ပါက လိမ္မော်ဝါရောင် ပြောင်းသွားပါတယ်။
နာနတ်သီးမှာ ကာဘိုဟိုက်ဒရိတ်၊ ဆယ်လူးလို့စ်၊ ဗီတာမင်အေ၊ စီ နဲ့ ခယ်လီယမ်ဓါတ်တို့ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် တခြားအသီးတွေမှာ ပါလေ့မရှိတဲ့ Bromelain (protein – splitting enzyme) လို့ခေါ်တဲ့ ပရိုတင်းဓါတ်ကို ဖြိုခွဲပေးတဲ့ အင်ဇိုင်း ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုအင်ဇိုင်းဓါတ်ရဲ့ ကျန်းမာရေးအတွက်အကျိုးပြုပုံတွေကတော့
အသားအရေကို ဝင်းပ စိုပြေစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ် ပေးပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်များကိုလည်း အမြန်ဆုံး ပြန်လည် ဖြည့်တင်းပေးပါတယ်။ အရေပြား ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
နှလုံးရောဂါကို ကုသရာမှာ ထိရောက်တဲ့ အထောက်အပံ့ ဖြစ်စေသလို သွေးခဲခြင်းနှင့် သွေးကျဲတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ထိခိုက်ရှနာတွေကို အမြန်ကျက်စေတဲ့ ဂုဏ်သတ္တိလည်းရှိသည်။ ခွဲစိတ်ခန်းဝင်ပြီးနောက် ခွဲတဲ့ဒဏ်ရာ အကျက်မြန်စေရန်အတွက် အစာစားလို့ရပြီဆိုပါက Bromelain အင်ဇိုင်းကြွယ်ဝစွာပါတဲ့ နာနတ်သီးပါ တွဲစားပေးသင့်ကြောင်း သုတေသနတခုက ပြောထားပါတယ်။
ဓါတ်မတည့်လို့ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ ကိုလည်း သက်သာစေပြီး ကြွက်သားတွေနာကျင်တာ အရိုးအဆစ်နာတာ၊ ကိုက်တာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။
ကျန်းမာရေးအတွက်ကောင်းကျိုးတွေဖြစ်စေတဲ့ ဒီ Bromelain အင်ဇိုင်းဟာ နာနတ်သီးမှာသာမက နာနတ်ရွက်မှာလည်း ပါပါတယ်။
နာနတ်သီးမှာ ဒီအင်ဇိုင်းအပြင် ဗီတာမင်စီ၊ ဗီတာမင်အေ နဲ့ အန်တီအောက်ဆီးဒင့်တွေကြွယ်ဝစွာပါတဲ့အတွက် ကိုယ်ခံအားကိုကောင်းစေပြီး မျက်စိအမြင်အာရုံကိုလည်း အထာက်အကူပြုကာ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
နာနတ်သီးသည်သွေးအတွင်း မကောင်းတဲ့အဆီဓါတ်(ကိုလက်စထရော) များကို လျော့ကျစေနိုင်သောကြောင့် သွေးတိုးရောဂါဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်ပါတယ်။ နာနတ်သီးကို ဒီအတိုင်း လည်းစားကြသလို အချဉ်မှုန့်လေး ငရုတ်သီးမှုန့်လေး ငပိ နဲ့ရောကာသုပ်စားလို့လည်းရပါတယ်။
အအေးအနေနဲ့လည်းဖျော်သောက်ကြပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ နာနတ်သီးထမင်းကြော်ဆိုပြီး ထမင်းကြော်ရာမှာလည်းထည့်သွင်းအသုံးပြုလာကြပါတယ်။ နာနတ်သီးကိုကြာစေ့နဲ့တွဲပြီးလည်း ဟင်းချက်စားလို့ရပါသေးတယ်။
Author : Dr. 528