fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း (အပိုင်း ၁)

330
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/03/2018
in ရောဂါကြီးများ
1 min read
A A

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း (အပိုင်း ၁)

အမျိုးသမီးတွေအတွက် ရင်သားဟာ အရေးကြီးပါတယ်။ အလှအပအတွက်လည်း အရေးပါသလို ရင်သွေးငယ်လေးတွေကို နို့ချိုတိုက်ကျွေးဖို့ အတွက်လည်း အရေးပါပါတယ်။

ကျန်းမာရေးအသိရှိတဲ့ အမျိုးသမီးတွေဟာ မိမိရင်သားမှာ အလုံးအကျိတ်ဖြစ်လာရင် စိုးရိမ်ပူပန်တတ်ကြပါတယ်။

ပုံမှန်အားဖြင့်ကို အမျိုးသမီးတွေ အများစုဟာ အပျိုဖော်ဝင်တဲ့ အရွယ်ကနေစပြီး သွေးဆုံးတဲ့အချိန်ထိ တချိန်မဟုတ် တချိန်တွင် ရင်သားမှာ အလုံးအကျိတ် (lumps) လေးတွေစမ်းမိရတတ်လေ့ရှိပါတယ်။ ပေါ်လိုက် ပျောက်လိုက်လိုမျိုးလည်း ဖြစ်တတ်တယ်။ ဒီလိုတွေဖြစ်တာကို cyclical breast change လို့ခေါ်ပါတယ်။ ရာသီလာတဲ့ ရက်အပိုင်းအခြားအပေါ်မူတည်ပြီး ဟော်မုန်းအပြောင်းအလဲ အတက်အကျတွေကြောင့် ရင်သားအကျိတ်တွေ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်သလို ရင်သားတွေလည်းတင်းပြီး ကိုက်ခဲနေတတ်ပါတယ်။

ရင်သားမှာဖြစ်တဲ့ အလုံးအကျိတ်တိုင်းဟာ ကင်ဆာမဟုတ်ပါဘူး။ ဒါကြောင့် အမျိုးသမီးတွေရဲ့ စိုးရိမ်ပူပန်မှုကို လျော့ကျစေရန်အတွက် ဒီတပတ်မှာ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်တွေအကြောင်းကိုပြောပြချင်ပါတယ်။

ပထမဆုံး အနေနဲ့ကတော့ Fibroadenoma ဆိုတဲ့ အလုံးအကျိတ်အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာနာမည် အခေါ်အနေနဲ့တော့ ဘာသာပြန်ရခက်ပါတယ်။ မရရအောင် ဘာသာပြန်မယ်ဆိုရင်တော့ အသားကျိတ်လို့ ခေါ်လို့ရပါတယ်။

ဒီအသားကျိတ်က အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်အမျိုးအစားတခုပါ။ အပျိုဖော်ဝင်စအရွယ်မှာလည်း ဖြစ်တတ်သလို အသက်၁၈ နှစ်နဲ့ ၂၅ နှစ်ကြားအရွယ်မှာလည်း ဖြစ်တတ်ပါတယ်။ တခါတလေ အသက်၃၅နှစ် အရွယ်လောက်အထိ ဖြစ်တတ်ပါတယ်။

ဒီ Fibroadenoma အသားကျိတ်ဟာ ကင်ဆာမဟုတ်တဲ့ သာမန်အကျိတ် တစ်ခုသာဖြစ်ပြီး ၁ လက်မအရွယ်လောက်သာ ရှိတတ်ပါတယ်။ မနာဘူး။ အလုံးအကျိတ် တလုံးကနေ နှစ်လုံး သုံးလုံးလောက်ထိ ရှိနိုင်ပါတယ်။

ကိုက်ခဲမှု မရှိဘူး။ အကျိတ်ရဲ့ မျက်နှာပြင်က ချောမွေ့ပြီး ကောင်းကောင်း လှုပ်ကြည့်လို့ရတယ်။ အကျိတ်ရဲ့ အပေါ်မှာ အမြှေးပါးလေး အုပ်နေတာကြောင့် အလုံးအကျိတ်ကို စမ်းတဲ့အခါမှာ ရင်သားထဲမှာ ပြေးလွှားနေသလိုမျိုး ခံစားမှုမျိုးလည်း ဖြစ်တတ်တဲ့အတွက် ဒီအသားကျိတ် (Fibroadenoma) ကို ရင်သားထဲက ကြွက်ကလေး (Breast Mouse) လို့လည်းခေါ်လေ့ရှိပါတယ်။ အခြားပြဿနာတော့ မပေးတတ်ပါဘူး။

ဒါဆို ဒီအသားကျိတ် (Fibroadenoma) ဖြစ်ရင် ဘယ်လိုကုသရမလဲ။ များသောအားဖြင့်တော့ Fibroadenoma အကျိတ်တွေက မခွဲဘဲထားလို့ ရပါတယ်။ ရင်သားမှာ Fibroadenoma အကျိတ်ဖြစ်တယ်ဆိုရင် ၁ဝ ယောက်မှာ ၁ ယောက်လောက်က တစ်နှစ်အတွင်း သူ့အလိုလို ပြန်သေးပြီး ပျောက်သွားတတ်တယ်။

အမေ၊ အဒေါ်၊ အဘွားတို့မှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့ Family History ဖြစ်ရပ်မျိုးလည်း မရှိခဲ့ဖူး။ ဓမ္မတာလည်း မှန်တယ်။ စမ်းကြည့်လိုက်လို့အလုံးလေးကလည်း ပြေးနေတယ်ဆိုရင် စောင့်ကြည့် (Wait and See) လုပ်လို့ရပါတယ်။ စောင့်ကြည့်တယ် ဆိုပေမယ့် သုံးလတခါ၊ ခြောက်လတခါတော့ ဆရာဝန်နဲ့ ပြန်ပြနေဖို့တော့ လိုပါတယ်။

အသက် ၂၅ နှစ်ကျော်တဲ့အခါ သက်သာသွားတာ၊ တချို့လည်း လုံးဝပျောက်သွားတာတွေ ရှိပါတယ်။ ဘယ်အချိန်မှာ ခွဲရတတ်လဲဆိုရင်တော့ အလုံးကကြီးလာရင်၊ တင်းလာပြီး နာလာတယ်ဆိုရင်၊ ကင်ဆာအကျိတ်နဲ့ ဝေခွဲမရဖြစ်ရင်၊ လူနာက ခွဲထုတ်ချင်ရင် ဆိုတဲ့ ဒီအခြေနေတွေမှာတော့ ခွဲရလေ့ရှိတတ်ပါတယ်။

Author : Dr. 528

Previous Post

အကျိုးပြု အာဟာရဓာတ်များစွာပါဝင်သော ကြက်သွန်နီ အကြောင်း

Next Post

အိပ်ရေးမ၀လို့ ခေါင်းကိုက်ဝေဒနာခံစားရလျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
898
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
443

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်ရေးမ၀လို့ ခေါင်းကိုက်ဝေဒနာခံစားရလျှင်

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း အပိုင်း ၂

ကလေးများနဲ့ အိပ်ချိန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.