မကျည်းသီး
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
မကျည်းသီး
မကျည်းသီး၏ ကျန်းမာရေး တွေ့ရှိချက်များ အခုနောက်ပိုင်း အာရှ အစားအစာတော်တော် များများ ကို လေ့လာမှု့ တွေ တော်တော်များများ လုပ်လာကြတာတွေ တွေ့ရပါတယ်။ အဲ့ဒီအထဲမှာမှ မကျည်းသီး နဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေက တော်တော်များများ ဖြစ်လာတဲ့အတွက် မကျည်းသီး ရဲ့ ကျန်းမာရေး အပေါ် အကျိုးပြုတဲ့ အချက်လေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။
1. ပဋိဇီဝ အစွမ်းသတ္တိ (Antimicrobial action) – မကျည်းသီး (T.indica) မှာ ဘတ်တီးရီယား ပိုးမွှားတော်တော်များများ ကို ဖျက်ဆီးပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဥပမာ – အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ ဘတ်တီးယားပိုး (Klebsiella pneumonia)၊ တိုက်ဖွိုက် (Typhoid) ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားပိုး (Salmonella typhi) နှင့် ပြည်တည်နာရောဂါ ကို ဖြစ်စေတဲ့ ဘတ်တီးရီးယား ပိုး (Staphylococcus aureus) တွေကို သေစေနိုင်တဲ့ အပြင် အခြားသော ဘတ်တီးရီးယား ပိုးမွှားများ (Gram +, -) တော်တော်များများ သေစေနိုင်ပါတယ်။
2. ဓါတ်တိုးဆန့်ကျင်သတ္တိ (Antioxidant property) – မကျည်းသီးမှာ ဖီနိုးလစ် (Phenolic compound) ပါတဲ့ အတွက် ရောင်ရမ်းတာ (Anti-inflammatory) ကို သက်သာစေပါတယ်။ ထို့အပြင် ကင်ဆာရောဂါ ဖြစ်ပွားမှု့ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
3. သွေးတွင်း ကိုလက်စထရော (Cholesterol) ကိုလည်း ကျစေပါတယ်။
4. ဝမ်းပျော့စေခြင်း – မကျည်းသီး မှာ မယ်လစ်၊ တာတာရစ် နှင့် ပိုတက်ဆီယမ် အက်ဆစ် (Malic, Tartaric and Potassium acid ) တွေ ပါတဲ့အတွက် ဝမ်းကို လည်းမှန်စေပါတယ်။ ပျားရည်နဲ့ တွဲသောက်ပေးရင် ပိုပြီး အာနိသင် ပိုရှိပါတယ်။
5. ဝမ်းဗိုက်နာ (Abdominal Pain) ကို သက်သာစေခြင်း။
6. အနာ အကျက်မြန်စေခြင်း။ (Improve Wound Healing)
7. ဆီးချိုရောဂါ တွင်လည်း မကျည်းသီးရဲ့ အစေ့ က (Anti-diabetogenic action) သွေးချိုပမာဏ ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
8. သွေးတိုးရောဂါတွင် လည်း အပေါ်သွေး အောက်သွေး (Systolic and Diastolic pressure) နှစ်ခုလုံးကို ထိန်းညှိပေးပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်