ဖြတ်သင့်သလား
လိင်တံအရေပြားရှည်နေလို့ ဖြတ်ရမလား? ဖြတ်ရင် ဘာတွေကောင်းနိုင်လဲ ? မဖြတ်ရင် ဘာဖြစ်နိုင်သလဲဟူသောမေးခွန်းများက အရွယ်ရောက်ပြီး အမျိုးသားတိုင်းမေးလေ့ရှိပါတယ်။ အချို့ဘာသာတရားအယူအဆအရ ကလေးငယ်များမွေးစလသားအရွယ်ကပင် ဖြတ်လေ့ရှိပါတယ်။ အရေပြားထိပ်ဖြတ်ခြင်းသည် အသေးစားခွဲစိတ်မူတစ်ခုပင်ဖြစ်ပါတယ်။အချို့ကလေးငယ်များတွင်အယူအဆအရ မွေးပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အရေပြားထိပ်ဖြတ်လေ့ရှိပါတယ်။ အရေပြားထိပ်ဖြတ်ခြင်းသည် အသက်ငယ်လေ မြန်ဆန်လွယ်ကူလေဖြစ်ပါတယ်။ ကလေးကြီးများနှင့်လူကြီးများတွင် ပိုမိုကြာတတ်ပါတယ်။ ကလေးငယ်များတွင် ၅မိနစ်၊ ၁၀မိနစ်ခန့်ပဲ ကြာတတ်ပေမယ့် ကလေးကြီးနှင့်လူကြီးများတွင် တစ်နာရီခန့်ပင်ကြာတတ်ပါတယ်။ ၅ရက်မှ ၁၀ရက်အတွင်း အနာကျက်ပါတယ်။
(၁)အရေပြားဖြတ်ရန်လိုအပ်ပါသလား?
မွေးစကလေးငယ်များတွင်အရေပြားဖြတ်ခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုး အထွေထွေကိုထောက်ပြဆွေးနွေးလျှက်ရှိကြပါတယ်။ ကောင်းကျိုးထက်ဆိုးကျိုးအနေနဲ့ မသန့်ရှင်းမှုကြောင့် ပိုးဝင်နိုင်မှုကိုမွေးစကလေးငယ်အတွက်အထူးဂရုပြုသင့်ပါတယ်။
ကလေးကြီးများနှင့်လူကြီးများတွင် အရေပြားဆွဲလှန်းမရထိပ်ဖုံးသောရောဂါ (phimosis) ခံစားနေရလျှင် သို့မဟုတ် လိင်တံအရေပြားရောဂါ ခံစားနေရလျှင်
အရေပြားဖြတ်သင့်ပါတယ်။ မဖြတ်မှီကပင်ကောင်းကျိုး၊ ဆိုးကျိုးစသည်တို့ကိုဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။
ယဉ်ကျေးမှု၊ဓလေ့ထုံးစံနှင့်လူနာသဘောတို့ကိုပါ ထည့်သွင်းစဉ်းစားရလေ့ရှိပါတယ်။
(၂)အရေပြားဖြတ်ခြင်းရဲ့ကျန်းမာရေးကောင်းကျိုးများ
အရေပြားဖြတ်ခြင်းရဲ့ကျန်းမာရေးကောင်းကျိုးအချို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။
-ဆီးလမ်းကြောင်းပိုးဝင်မှုလျော့ကျခြင်း
-အမျိုးသားတွင် လိင်ဆက်ဆံခြင်းကြောင့်ကူးစက်သောရောဂါအချို့ဖြစ်ပွားမူလျော့ခြင်း
-လိင်တံကင်ဆာနှင့် အမျိုးသမီးတွင်သားအိမ်ခေါင်းကင်ဆာကာကွယ်ပေးခြင်း
-လိင်တံရောင်ရမ်းမှုသက်သာခြင်း
-လိင်တံအရေပြားနောက်ဆွဲမရသောရောဂါကာကွယ်ခြင်း
-လိင်တံသန့်ရှင်းအောင်ထားရန်လွယ်ကူခြင်းစသည်တို့ပင်ဖြစ်ပါတယ်။
(၃)အရေပြားဖြတ်ခြင်းရဲ့ဆိုးကျိုး
အခြားသောခွဲစိတ်မှုကဲ့သို့အရေပြားဖြတ်ခြင်းတွင်လည်းဆိုးကျိုးအနည်းငယ်ရှိပါတယ်။ဆိုးကျိုးအချို့မှာ
-နာကျင်မှုခံစားရခြင်း
-အရေပြားဖြတ်သောနေရာမှ သွေးထွက်ခြင်း
-ပိုးဝင်ခြင်း
-ဆီးသွားရခက်ခဲခြင်းစသောအခက်အခဲတစ်ချို့ဖြစ်နိုင်ချေရှိပါတယ်။
အရေပြားဖြတ်ခြင်းရဲ့ကောင်းကျိုးဆိုးကျိုးကို သေချာနားလည်သဘောပေါက်ပြီးလုပ်ဆောင့်သင့်ပါတယ်။ အရေပြားဖြတ်ခြင်းရဲ့ဆိုးကျိုးကို အလွယ်တကူကာကွယ်နိုင်ပါတယ်။ အရေပြားဖြတ်ခြင်းပြုလုပ်မည်ဆိုလျှင် တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပိုးသတ်ထားသောပစ္စည်းကိရိယာများနှင့်သာပြုလုပ်သင့်ပါတယ်။ သို့မဟုတ်ပါက ပိုးဝင်ခြင်း၊ အနာမကျက်ခြင်း စသောဆိုးကျိုးများအလွယ်တကူရရှိခံစားနိုင်ပါလိမ့်မယ်။
Author : Dr. ကျော်