ေသာက္ေရ
ထမင္းအသက္ခုနစ္ရက္ ေရအသက္ တစ္မနက္ ဆိုတဲ့ စကားပုံကို လူတိုင္းၾကားဖူးၾကပါတယ္။ ေသာက္ေရဟာ အင္မတန္အေရးႀကီးပါတယ္။ အလွ်ံပယ္ေပါမ်ားေနေတာ့ အမႈမဲ့အမွတ္မဲ့ ျဖစ္ေနတတ္ေပမယ့္ ေသာက္သုံးေရရွားပါးတဲ့ ေနရာေဒသေတြအတြက္ေတာ့ ေရတစ္စက္ဟာ အဖိုးမျဖတ္ႏိုင္ပါဘူး။ ေသာက္ေရသန႔္ဖို႔ကလည္း က်န္းမာေရးအတြက္အလြန္အေရးႀကီးတဲ့ သန႔္ေလးသန႔္ထဲမွာတစ္ခုအပါအဝင္ပါ။ ေသာက္ေရသန႔္မွ က်န္းမာမယ္။ ဝမ္းေကာင္းမယ္။ အသားအရည္လွပပါမယ္။
ျမန္မာႏိုင္ငံမွာ ေသာက္ေရသန႔္က ေရတြင္းတူးၿပီးျဖစ္ျဖစ္ ေသာက္ေရသန႔္ဆိုင္ေတြကျဖစ္ျဖစ္ အသုံးျပဳၾကတယ္။ တြင္းေရေတြအေနနဲ႔ ေသာက္ေရအျဖစ္အသုံးျပဳမယ္ဆိုရင္ သတိထားစရာအခ်က္ေတြအမ်ားႀကီး ရွိပါတယ္။
ေသာက္ေရသုံးမယ့္ေရတြင္းက ကုန္းအျမင့္ေနရာမွာ ရွိေနရပါမယ္။ အိမ္သာနဲ႔ အနည္းဆုံးေပ၅၀ကြာရပါမယ္။ ေရတြင္းေဘးဘက္ေတြကလည္း ေျမႀကီးအေနအထားေကာင္းမြန္ရပါမယ္။ တြင္းနံရံေတြ ျမင့္ဖို႔လိုပါတယ္။ ဒါမွလည္း သုံးထားတဲ့ေရေတြ တြင္းထဲကိုျပန္ၿပီးမစီးဆင္းႏိုင္ေအာင္ပါ။ ေရတြင္းမွာ အဖုံးရွိဖို႔လိုအပ္ပါတယ္။ ေရတြင္းမွာခပ္ဖို႔ပုံး သီးသန႔္ရွိရပါမယ္။ ႀကဳံရာပုံးနဲ႔ မခပ္ရပါဘူး။ ေရတြင္းကပုံးနဲ႔ယူၿပီးမွသာကိုယ့္ပုံးေတြထဲ ေျပာင္းထည့္ရပါမယ္။
အခုေခတ္ပိုင္းေတြမွာေတာ့ ေရတြင္းကိုေမာ္တာေတြတပ္ၿပီး ေရစုပ္ယူတတ္ၾကတယ္။ ေရတြင္းတူးမယ္ဆိုလည္း ဒီအခ်က္ေတြကို ျပန္ၾကည့္ရပါတယ္ ေရတြင္းတူးတဲ့အခါလည္း နက္နက္တူးဖို႔လိုပါတယ္။ ပထမရလာတဲ့ေရနဲ႔တင္ရပ္လိုက္ရင္ ေနာက္ပိုင္းေတြမွာ ေႏြရာသီမွာ ေရခမ္းတာေရတင္မရတာေတြျဖစ္လာႏိုင္ပါတယ္။
ေသာက္ေရဟာ pH 7 ျဖစ္ဖို႔လိုပါတယ္။ အနံ႔မရွိ အရသာမရွိ အေရာင္အဆင္းမရွိရပါဘူး။ တစ္ခါတစ္ေလမွာ ထုံးဓာတ္မ်ားေနတာေတြ သံဓာတ္မ်ားေနတာေတြျဖစ္တတ္တယ္။ ဒါေတြဆိုရင္ေသာက္သုံးလို႔သင့္မသင့္ ျပန္ၿပီးစစ္ေဆးလို႔ရပါတယ္။
ေသာက္ေရသန႔္ေတြမွာလည္း ေရတြင္းေရတူးတာကဒီအခ်က္ေတြပဲဆိုင္ပါတယ္။ ရလာတဲ့ ေရကို အဆင့္ဆင့္ျပန္ၿပီး filter လုပ္ရတယ္။ pH 7 ျဖစ္မျဖစ္ကို ျပန္စစ္ေဆးရပါတယ္။ ေရပုံးေတြကအစ သန႔္ရွင္းဖို႔လည္းလိုပါတယ္။
အခုေခတ္မွာ တစ္ခ်ိဳ႕သူေတြက ေသာက္ေရသန႔္ဗူးေတြထဲ ေရေတြျပန္ျဖည့္ၿပီး ေသာက္ေရသန႔္ဆိုၿပီး ျပန္ေရာင္းေနတတ္ၾကပါတယ္။ က်န္းမာေရးနဲ႔ေတာ့ မသင့္ေတာ္ပါဘူး။ တစ္ခ်ိဳ႕ေနရာေဒသေတြမွာ မိုးေရကို ခံထားၿပီး ေသာက္သုံးေရအျဖစ္သုံးၾကတယ္။ လိုအပ္ရင္ေတာ့ ေရကိုက်ိဳခ်က္ေသာက္ၾကရပါတယ္။
တစ္ခ်ိဳ႕ေတြကုသိုလ္ျဖစ္ေသာက္ေရအိုးေတြ လႉတတ္ၾကတယ္။ ေစတနာေကာင္းပါတယ္။ ဒါေပမယ့္ ေသာက္ေရကိုအၿမဲျပန္လွည္ေပးတယ္ဆို ပိုေကာင္းပါတယ္။
တစ္ခ်ိဳ႕ေတြကားေတြထဲမွာ ေရဗူးေဆာင္ၾကတယ္။ ပလတ္စတစ္ဗူးနဲ႔ပဲ ထားမယ္ဆို ကားထဲမွာ တစ္ေနကုန္ ထားဖို႔မသင့္ေတာ္ပါဘူး။ ဖန္ဗူးေတြနဲ႔ ထားလို႔ရပါတယ္။ ပလတ္စတစ္ဗူးပဲဆိုရင္ေတာ့ အသြားအျပန္ ကားထဲကေနျပန္သိမ္းခဲ့ဖို႔လိုပါတယ္။
ေသာက္ေရဆိုတာ မရွိမျဖစ္ အရာတစ္ခုမို႔ ေသာက္ေရသန႔္ဖို႔ က်န္းမာေရးနဲ႔ ညီၫြတ္ဖို႔ အရမ္းအေရးႀကီးလို႔ပါ။
Author : Dr. CST
သောက်ရေ
ထမင်းအသက်ခုနစ်ရက် ရေအသက် တစ်မနက် ဆိုတဲ့ စကားပုံကို လူတိုင်းကြားဖူးကြပါတယ်။ သောက်ရေဟာ အင်မတန်အရေးကြီးပါတယ်။ အလျှံပယ်ပေါများနေတော့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်ပေမယ့် သောက်သုံးရေရှားပါးတဲ့ နေရာဒေသတွေအတွက်တော့ ရေတစ်စက်ဟာ အဖိုးမဖြတ်နိုင်ပါဘူး။ သောက်ရေသန့်ဖို့ကလည်း ကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့ သန့်လေးသန့်ထဲမှာတစ်ခုအပါအဝင်ပါ။ သောက်ရေသန့်မှ ကျန်းမာမယ်။ ဝမ်းကောင်းမယ်။ အသားအရည်လှပပါမယ်။
မြန်မာနိုင်ငံမှာ သောက်ရေသန့်က ရေတွင်းတူးပြီးဖြစ်ဖြစ် သောက်ရေသန့်ဆိုင်တွေကဖြစ်ဖြစ် အသုံးပြုကြတယ်။ တွင်းရေတွေအနေနဲ့ သောက်ရေအဖြစ်အသုံးပြုမယ်ဆိုရင် သတိထားစရာအချက်တွေအများကြီး ရှိပါတယ်။
သောက်ရေသုံးမယ့်ရေတွင်းက ကုန်းအမြင့်နေရာမှာ ရှိနေရပါမယ်။ အိမ်သာနဲ့ အနည်းဆုံးပေ၅၀ကွာရပါမယ်။ ရေတွင်းဘေးဘက်တွေကလည်း မြေကြီးအနေအထားကောင်းမွန်ရပါမယ်။ တွင်းနံရံတွေ မြင့်ဖို့လိုပါတယ်။ ဒါမှလည်း သုံးထားတဲ့ရေတွေ တွင်းထဲကိုပြန်ပြီးမစီးဆင်းနိုင်အောင်ပါ။ ရေတွင်းမှာ အဖုံးရှိဖို့လိုအပ်ပါတယ်။ ရေတွင်းမှာခပ်ဖို့ပုံး သီးသန့်ရှိရပါမယ်။ ကြုံရာပုံးနဲ့ မခပ်ရပါဘူး။ ရေတွင်းကပုံးနဲ့ယူပြီးမှသာကိုယ့်ပုံးတွေထဲ ပြောင်းထည့်ရပါမယ်။
အခုခေတ်ပိုင်းတွေမှာတော့ ရေတွင်းကိုမော်တာတွေတပ်ပြီး ရေစုပ်ယူတတ်ကြတယ်။ ရေတွင်းတူးမယ်ဆိုလည်း ဒီအချက်တွေကို ပြန်ကြည့်ရပါတယ် ရေတွင်းတူးတဲ့အခါလည်း နက်နက်တူးဖို့လိုပါတယ်။ ပထမရလာတဲ့ရေနဲ့တင်ရပ်လိုက်ရင် နောက်ပိုင်းတွေမှာ နွေရာသီမှာ ရေခမ်းတာရေတင်မရတာတွေဖြစ်လာနိုင်ပါတယ်။
သောက်ရေဟာ pH 7 ဖြစ်ဖို့လိုပါတယ်။ အနံ့မရှိ အရသာမရှိ အရောင်အဆင်းမရှိရပါဘူး။ တစ်ခါတစ်လေမှာ ထုံးဓာတ်များနေတာတွေ သံဓာတ်များနေတာတွေဖြစ်တတ်တယ်။ ဒါတွေဆိုရင်သောက်သုံးလို့သင့်မသင့် ပြန်ပြီးစစ်ဆေးလို့ရပါတယ်။
သောက်ရေသန့်တွေမှာလည်း ရေတွင်းရေတူးတာကဒီအချက်တွေပဲဆိုင်ပါတယ်။ ရလာတဲ့ ရေကို အဆင့်ဆင့်ပြန်ပြီး filter လုပ်ရတယ်။ pH 7 ဖြစ်မဖြစ်ကို ပြန်စစ်ဆေးရပါတယ်။ ရေပုံးတွေကအစ သန့်ရှင်းဖို့လည်းလိုပါတယ်။
အခုခေတ်မှာ တစ်ချို့သူတွေက သောက်ရေသန့်ဗူးတွေထဲ ရေတွေပြန်ဖြည့်ပြီး သောက်ရေသန့်ဆိုပြီး ပြန်ရောင်းနေတတ်ကြပါတယ်။ ကျန်းမာရေးနဲ့တော့ မသင့်တော်ပါဘူး။ တစ်ချို့နေရာဒေသတွေမှာ မိုးရေကို ခံထားပြီး သောက်သုံးရေအဖြစ်သုံးကြတယ်။ လိုအပ်ရင်တော့ ရေကိုကျိုချက်သောက်ကြရပါတယ်။
တစ်ချို့တွေကုသိုလ်ဖြစ်သောက်ရေအိုးတွေ လှူတတ်ကြတယ်။ စေတနာကောင်းပါတယ်။ ဒါပေမယ့် သောက်ရေကိုအမြဲပြန်လှည်ပေးတယ်ဆို ပိုကောင်းပါတယ်။
တစ်ချို့တွေကားတွေထဲမှာ ရေဗူးဆောင်ကြတယ်။ ပလတ်စတစ်ဗူးနဲ့ပဲ ထားမယ်ဆို ကားထဲမှာ တစ်နေကုန် ထားဖို့မသင့်တော်ပါဘူး။ ဖန်ဗူးတွေနဲ့ ထားလို့ရပါတယ်။ ပလတ်စတစ်ဗူးပဲဆိုရင်တော့ အသွားအပြန် ကားထဲကနေပြန်သိမ်းခဲ့ဖို့လိုပါတယ်။
သောက်ရေဆိုတာ မရှိမဖြစ် အရာတစ်ခုမို့ သောက်ရေသန့်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အရမ်းအရေးကြီးလို့ပါ။
Author : Dr. CST