fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ရက်ရှောင်နည်းဆိုတာ

13.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ရက်ရှောင်နည်းဆိုတာ

ကိုယ်ဝန်တားနည်းတွေ အမျိုးမျိုးရှိတဲ့အထဲမှာ အမျိုးသမီးများ ရက်ရှောင်နည်းကလည်း တစ်ခုအပါအဝင်ပါ။ အမျိုးသမီးများ ရက်ရှောင်နည်းသုံးတာမှာ အားနည်းချက်ရှိသလို အားသာချက်တွေလည်းရှိပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ရက်ရှောင်နည်းသုံးဖို့ဆိုတာ အမျိုးသမီးတွေ ရာသီပေါ်ရက်မှန်နေမှဖြစ်ပါမယ်။ တစ်လတစ်ခါနဲ့တင်မပြီးပါဘူး။ ဘယ်နှစ်ရက်တစ်ခါဆင်းတတ်သလဲ တစ်ခါဆင်းဘယ်နှစ်ရက်ကြာလဲ စတာတွေပါ သိနေဖို့လိုပါတယ်။

ရာသီမမှန်တဲ့သူတွေအဖို့ ရက်ရှောင်နည်းသုံးတာစိတ်မချရပါဘူး။ ပုံမှန်ဆင်းနေကျမျိုးမဟုတ်ဘဲ ရာသီခဏခဏဆင်းနေတာတွေ အရေးပေါ်တားဆေး သောက်ထားလို့ သွေးဆင်းနေတာတွေနဲ့ တွက်ပြီး ရက်ရှောင်လို့မရပါဘူး။

အမျိုးသမီးတွေ ရာသီပေါ်ချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူတတ်ကြပါဘူး။ တစ်ချို့တွေမှာ ရက်၃၀အတိမှာ တစ်ခါပေါ်တတ်တယ်။ ဒီလ ၁ရက်နေ့ဆို နောက်လလည်း၁ရက်နေ့မှာသွေးပေါ်တာမျိုးပါ။ တစ်ချို့ကျတော့ ၂၈ရက် တစ်ခါပေါ်တယ်။ တစ်လတစ်ခါ ရှေ့ကို ၃ရက်လောက် စောပြီး သွေးပေါ်တတ်တာမျိုးတွေပါ။ တစ်ချို့ကျတော့ ၂၅ရက်တစ်ခါသွေးပေါ်တယ် တစ်လတစ်လရှေ့ကို ၅ရက်လောက်စောတတ်တယ်။ တစ်ချို့ကျတော့ ရက်၂၀လောက်နဲ့ ပြန်ပေါ်နေတတ်တယ်။

ဒါမျိုးဆို တစ်လထဲ သွေးနှစ်ကြိမ်ပေါ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ၃၅ရက်မှ တစ်ခါပေါ်တတ်တယ်။ လတိုင်းရက်ကနောက်ကို ဆုတ်ဆုတ်သွားတယ်။ တစ်ချို့လတွေ သွေးမပေါ်တာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ရက်ရှောင်နည်းသုံးမယ်ဆိုရင်ဖြင့် အမျိုးသမီးသွေးပေါ်ရက်ကို သေချာသိထားမှ အဆင်ပြေပါလိမ့်မယ်။

ရက်ရှောင်နည်းရဲ့ အားသာချက်ကဘာလဲ ဟော်မုန်းဆေးတွေ ဘာမှသုံးစရာမလိုတဲ့ ကိုယ်ဝန်တားနည်းတစ်ခုပါပဲ။ ဟော်မုန်းကြောင့် ဖြစ်လာစေတတ်တဲ့ ပျို့အန်ချင်တာတွေ ရင်သားနာတာတွေ ဗိုက်အောင့်တာတွေ မဖြစ်စေပါဘူး။ အကာအကွယ်သုံးဖို့မလိုတဲ့အခါ အမျိုးသားရော အမျိုးသမီးရော အိမ်ထောင်ရေးသုခ ပြည့်စုံနိုင်တယ်။ ရက်တွေသာ သေချာတယ်ဆိုရင် ကိုယ်ဝန်အတွက်လည်းစိုးရိမ်စရာ မရှိပါဘူး။

အားနည်းချက်တွေလည်း ထိုက်သင့်သလောက်ရှိပါတယ်။ စိတ်ချရတဲ့ရက်မှာ အတူနေမှ အဆင်ပြေမှာပါ။ ကျန်တဲ့ရက်တွေမှာ အတူနေဖို့ဆိုရင်တော့ အကာအကွယ်တွေ သေချာပြန်သုံးရမှာပါ။ အကာအကွယ် မသုံးမိခဲ့ရင်တော့ အရေးပေါ်တားဆေးတွေ ပြန်သုံးရတာတွေ ဖြစ်တတ်တာကြောင့် သွေးပေါ်တာကို ကမောက်ကမ ပြန်ဖြစ်စေပါတယ်။ ဒါဆိုရက်ရှောင်နည်းသုံးဖို့က အဆင်မပြေနိုင်ပြန်ဘူး။

ရက်ရှောင်နည်းဆိုတာ ဘယ်လိုအသုံးပြုရမှာလဲ။

ဥပမာအားဖြင့်တော့ အမျိုးသမီးတစ်ယောက် ၂၈ရက်တစ်ခါသွေးပေါ်တတ်ပြီး တစ်ခါသွေးပေါ်ရင် ၃ရက်လောက်ပဲဆိုခဲ့မယ်ဆိုရင် နောက်လမှာ ပုံမှန်လာနေကျရက်ထက် သုံးရက်ရှေ့တိုးပေါ်တတ်ပါတယ်။ ဒီလို ရာသီစက်ဝန်းမျိုးမှာ ရာသီစပေါ်တဲ့ရက်ကနေ နှစ်ပတ်ဝန်းကျင်လောက်မှာ သားဥကြွေနိုင်တဲ့ရက်တွေပါ။ ၂၈ရက်ဆိုတာ အပတ်ရေနဲ့တွက်ရင် လေးပတ်ပါ။

ဒါကြောင့် အလွယ်ပြောရမယ်ဆိုရင်တော့ ရာသီစပေါ်ပြီး တစ်ပတ်နဲ့ မပေါ်ခင်တစ်ပတ်ကစိတ်ချရတဲ့ရက်တွေပါပဲ။ ကိုယ်ဝန်ရနိုင်တဲ့ရက်တွေကတော့ ရာသီစပေါ်ပြီး ၁၀ရက်လောက်ကနေ ၂၀ရက်လောက်ထိပါ။

အမျိုးသမီးသွေးပေါ်တာ စောလာလေလေ စိတ်ချရတဲ့ရက်ကနည်းလေလေပါ။ ရက်၂၀ တစ်ခါ သွေးပေါ်တတ်တဲ့သူဆို အတော်မှန်းရခက်တာပါ။ ရာသီစပေါ်တဲ့ ၅ရက်လောက်အတွင်းပဲ သေချာစိတ်ချလို့ရပါမယ်။

တစ်လတစ်ခါ နောက်ဆုတ်သွားတတ်တယ်ဆိုရင်တော့ စိတ်ချရတဲ့ရက်က ဘယ်လောက်နောက်ဆုတ်လဲပေါ် မူတည်ပြီး အပြောင်းအလဲ ရှိတတ်ပါတယ်။ ရာသီပေါ်နေတုန်း အတူနေမိရင်ရောလို့ မေးစရာရှိပါတယ်။ ရာသီက ပုံမှန်ပေါ်နေတာမဟုတ်ဘဲ ဆေးသောက်လို့ စသဖြင့် အကြောင်းတစ်ခုခုကြောင့်ဆိုရင် စိတ်မချရပါဘူး။ ပုံမှန်ပေါ်ရက်ဖြစ်နေတယ်ဆိုရင်တော့ စိတ်ချရတတ်တယ်။

ဒါပေမယ့် ပထမဆုံးသွေးပေါ်တဲ့ရက်ထက်စာရင် နောက်ရက်တွေမှာ အတူနေတာက ပိုစိတ်ချရတယ်။ အတူနေပြီး သွေးဆက်ဆင်းတယ်ဆို ပိုစိတ်ချရပါတယ်။ ပထမဆုံးရက်မှာ နည်းနည်းပဲဆင်းတယ်ဆို တစ်ခါတစ်လေသွေးပေါ်တာမမှန်တဲ့အခါတွေမှာ သားဥကြွေလည်းသွေးနည်းနည်းပါးပါးဆင်းတာတွေ ရှိတတ်လို့ပါ။

ရက်ရှောင်နည်းက ရာနှုန်းပြည့်စိတ်ချရတယ်လို့တော့ မပြောနိုင်ဘူး။ တစ်ချို့တွေမှာ ရက်ရှောင်နည်းသုံးပေမယ့် ကလေးရသွားတာလည်းဖြစ်နိုင်တယ်။ ဘာကြောင့်လဲ စဉ်းစားကြည့်ရင် သားဥကြွေတာက တစ်ရက်ပဲခံတယ်ဆိုပြီး သားဥကြွေရက်မရောက်ခင် အကာအကွယ်မဲ့ အတူနေလိုက်မိပေမယ့် သားဥကြွေရက်က တိတိကျကျမပြောနိုင်တာရယ် အမျိုးသားသုက်ပိုးက အမျိုးသမီးကိုယ်ထဲမှာ သုံးရက်အထိအသက်ရှင်နေနိုင်တာရယ်ကြောင့်ပါ။

အမျိုးသားသုက်ပိုးအသက်ရှင်နေတုန်း သားဥကြွေလိုက်တာနဲ့ သုက်ပိုးနဲ့သားဥတွေ့ပြီးကိုယ်ဝန်ရသွားနိုင်တတ်ပါတယ်။ ဒါကြောင့်လည်း ရက်ရှောင်နည်းသုံးတဲ့သူတွေက တကယ်စိတ်ချရတဲ့ ရက်တွေမှာသာ အကာအကွယ်မပါဘဲ အတူနေသင့်ပြီး မှန်းမရနိုင်တဲ့ ရက်မျိုးတွေဆိုရင်တော့ မရှောင်နိုင်ရင် အကာအကွယ်သေချာသုံးဖို့လိုပါတယ်။

Author : Dr. CST

Previous Post

စိတ်ပူစရာ ဝမ်းလျောရောဂါ

Next Post

သဘာဝအတိုင်း လှပနီထွေးသော နှုတ်ခမ်းသားလေးရရှိနိုင်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာဝအတိုင်း လှပနီထွေးသော နှုတ်ခမ်းသားလေးရရှိနိုင်ဖို့

အားဖြည့်ဆန်ဆိုတာဘာလဲ????

ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆိပ် အတောက်တွေ ထွက်သွားအောင် ဘာတွေ လုပ်သင့်သလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.