fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သတိပြုစရာ Chlamydia ရောဂါ

480
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

သတိပြုစရာ Chlamydia ရောဂါ

ဒီရောဂါကလိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါထဲပါဝင်ပါတယ်။ နာမည်ကတော့ Chlamydia (ကလီးမီးဒီးယား လို့အသံထွက်နိုင်ပါတယ်)။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေက ဘတ်တီးရီးယားရော၊ ဗိုင်းရပ်စ်ရော၊ ကပ်ပါးပိုးတွေကြောင့် ဖြစ်နိုင်ပြီး ကူးနိုင်တဲ့အကောင်တွေ အကုန်ထည့်တွက်ရင် အမျိုးပေါင်း ၃၀ ကျော်လောက်ရှိပါတယ်၊  ဒီ Chlamydia ကတော့ ဘတ်တီးရီးယားအုပ်စုထဲမှာပါဝင်ပါတယ်။

ကောင်းတဲ့အချက်က ဘတ်တီးရီးယားကကူးတာဖြစ်တာကြောင့် ကုသလို့ရနိုင်ပြီး မကောင်းတဲ့အချက်ကတော့ ရောဂါကူးစက်မှန်းမသိသာတာကြောင့် ကုသဖို့မေ့လျော့နေတတ်ကြပါတယ်။ ပိုပြီးတိတိကျကျပြောရရင် ရောဂါကူးစက်တဲ့ အမျိုးသမီး ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းလောက်နဲ့ အမျိုးသား ၅၀ ရာခိုင်နှုန်းလောက်က ဘာလက္ခဏာမှ မပြတတ်ကြပါဘူး။

လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါဆိုတဲ့အတိုင်း အကာအကွယ်မဲ့ လိင်ဆက်ဆံတာကတစ်ဆင့် ကူးစက်လေ့ရှိပါတယ်။ ဆက်ဆံတယ်ဆိုရာမှာ မိန်းမကိုယ်နဲ့ပဲဖြစ်ဖြစ်၊ လိင်တူခြင်း စအိုကနေဆက်ဆံတာပဲဖြစ်ဖြစ် ( ဆက်ဆံဖော်မှာ ရောဂါရှိနေရင်) ဘယ်လမ်းကြောင်းကနေမဆို ကူးစက်နိုင်ပါတယ်။ လေ့လာချက်တွေအရတော့ လိင်ဆက်ဆံရာမှာ ကွန်ဒုံးမသုံးခဲ့ရင် ရောဂါကူးစက်နိုင်ခြေက အမျိုးသားဆို ၂၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီးဆို ၄၀ ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ဆိုရင်လည်း ဒီရောဂါပိုးက နည်းနည်းလည်တဲ့သဘောမှာရှိတယ်။ ဆိုလိုတာက လက္ခဏာသိပ်မပြတတ်ဘူး ဒါမှမဟုတ် ပြရင်လည်း သိပ်မသိသာတတ်ဘူး။ အန္တရာယ်ရှိတဲ့ အပြုအမူ (သို့) ရောဂါပိုးဝင်ပြီး ၁ ပတ်ကနေ ၃ ပတ်လောက်အကြာမှာ လက္ခဏာတွေစပြတယ်။ အမျိုးသမီးတွေမှာဆို မိန်းမကိုယ်ကနေအနံ့နံတဲ့အရည်တွေဆင်းမယ်၊ ပုံမမှန်သွေးဆင်းမယ်၊ ရာသီလာရင်နာကျင်မယ်၊ ဗိုက်နာမယ်၊ ဖျားမယ်၊ လိင်ဆက်ဆံတဲ့အခါနာကျင်မယ်၊ မိန်းမကိုယ်တစ်ဝိုက်က ယားယံမယ်၊ မီးစနဲ့ထိုးသလိုကျင်မယ်၊ ဆီးသွားတဲ့အခါ နာကျင်မယ်။

အမျိုးသားတွေမှာဆိုလည်း လိင်အင်္ဂါထိပ်ကနေ ပြည်လိုလိုအရည်ကြည်လေးတွေ ထွက်မယ်၊ ဆီးသွားရင်နာကျင်မယ်၊ လိင်အင်္ဂါတစ်ဝိုက်မှာ မီးစနဲ့ထိုးသလိုနာကျင်မယ်၊ ယားမယ်၊ ဝှေးစေ့တစ်ဝိုက်မှာ နာကျင်ပြီးရောင်ရမ်းတာမျိုးတွေဖြစ်နိုင်ပါတယ်။

ရောဂါရှိမရှိသိရအောင် စမ်းသပ်မှုတွေလုပ်လို့ရတယ်။ ဆီးနမူနာစစ်လို့ရတယ်။ နောက်ပြီး အမျိုးသားဆို ဆီးလမ်းကြောင်းထိပ်က၊ အမျိုးသမီးဆို မိန်းမကိုယ်ဝ ကနေပြီး နမူနာသုက်ယူပြီး ဓာတ်ခွဲခန်းပို့်စစ်လို့ရတယ်။

ရောဂါရှိတာသေချာရင် ကုသမှုခံယူရမယ်။ ဒီ Chlamydia ရောဂါက ဘတ်တီးရီးယားကြောင့်ဖြစ်တာမို့လို့ ပိုးသတ်ဆေးပေးပြီး ကုသလို့ရတယ်။ ဆေးကိုမှန်မှန်သောက်မယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါသက်သာသွားလေ့ရှိတယ်။ တစ်ခုရှိတာက ဒီလိုသက်သာသွားရင်လည်း ဆေးကိုသူ့ညွှန်ကြားချက်ပြည့်အောင်ဆက်သောက်ရမယ်။ သက်သာပြီဆိုပြီး ရပ်လိုက်ရင် ရောဂါပြန်ထလာလိမ့်မယ်။

ဒီရောဂါအတွက်ကုသမှုခံယူရင် ရောဂါဖြစ်တဲ့သူရော သူ့အဖော်ရောတစ်ခါတည်းကုသဖို့လိုပါတယ်။ ကုသမှုခံယူတဲ့အချိန်မှာလည်း ၂ ယောက်လုံးလိင်ဆက်ဆံမှုမပြုလုပ်ဖို့တယ်။ Chlamydia ရောဂါက ပြန်ဖြစ်တတ်လေ့ရှိတာကြောင့် ဆေးစသောက်ပြီး ၃ လအကြာမှာရောဂါပိုးရှိမရှိထပ်စစ်ကြည့်ရပါမယ်။ မိမိရော မိမိအဖော်ရော နှစ်ယောက်စလုံးရောဂါကင်းရှင်းတော့မှ ပြန်အတူနေတာကောင်းပါတယ်။

ဒီရောဂါက ဘတ်တီးရီးယားကနေ ဖြစ်တာကြောင့် ကြိုတင်ကာကွယ်ဆေးထိုးပြီးကာကွယ်တာတွေဘာတွေ လုပ်လို့မရပါဘူး။ လုံးဝကာကွယ်တဲ့နည်းကရှိတယ်၊ ဘာလဲဆိုတော့အပျော်အပါးလုံးဝရှောင်ရမယ်။ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူးဆို ကွန်ဒုံးသုံး ဒါမှမဟုတ် ကိုယ်နဲ့ကဲမယ့်လူကိုသေချာဆေးစစ်ထားတာမျိုးကြိုလုပ်ထားရမယ်။ တွေ့သမျှလူနဲ့ကဲနေတာနဲ့ စာရင်သေချာဆေးစစ်ထားတဲ့သူနဲ့ပဲနေတာက ရောဂါကူးနိုင်ခြေပိုနည်းမယ်။

ဒီ Chlamydia ရောဂါက လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပေမဲ့ သူ့အကြောင်းကိုလူတွေသိပ်သတိမပြုမိကြဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ပေါ်တဲ့လက္ခဏာကမသိသာဘူး။ ဒါပေမဲ့ ဒီရောဂါကလည်း စောစောစီးစီးသိရှိပြီး ကုသသင့်တဲ့ ရောဂါထဲမှာပါတယ်။ အချိန်မှီမကုသဘူးဆိုရင် အမျိုးသမီးတွေမှာ တင်ပါးဆုံကွင်း အင်္ဂါတွေ ရောင်ရမ်းတဲ့ရောဂါ ( Pelvic Inflammatory disease) ဖြစ်လာမယ်၊ သူကနေတစ်ဆင့် သားဥပြွန်တွေရောင်ရမ်းလို့ထိခိုက်ကုန်မယ်၊  နောက်ဆက်တွဲအနေနဲ့ ကလေးမရနိုင်တော့တာမျိုးတောင် ဖြစ်နိုင်တယ်။ ရခဲ့ရင်လည်း နေရာမှားသန္ဓေတည်တာမျိုး(Ectopic Pregnancy) ၊ သန္ဓေတည်တဲ့နေရာမှန်ရင်လည်း ကလေးကအချိန်မစေ့ခင်မွေးတာမျိုး၊ ကလေးမှာလည်း Chlamydia ရောဂါကူးသွားတာမျိုးဖြစ်မယ်။ ဒီလိုကလေးကို ကူးသွားရင် ကလေးမှာမျက်စိကန်းနေတာ၊ မျက်စိပိုးဝင်တာ၊ အဆုတ်ရောင်ရောဂါရတာမျိုးတွေဖြစ်သွားမယ်။

အမျိုးသားတွေကုသမှုမခံယူရင်တော့ ကိုယ်ပိုင်အင်္ဂါတွေမှာပြဿနာတတ်မယ်။ ဘာတွေလည်းဆိုတော့ Nongonococcal urethritis(NGU) လို့ခေါ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါဖြစ်မယ်၊ ဝှေးစေ့ထိပ်ရောင်မယ်၊ စအိုဝရောင်ရမ်းမယ် စတဲ့ရောဂါတွေဖြစ်နိုင်တယ်။

အချုပ်ပြောရရင် ဒီ Chlamydia ရောဂါက လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေထဲမှာ အဖြစ်အများဆုံးပါ။ ဖြစ်တာများပေမဲ့ ဂရုပြုပြီး ကာကွယ်မဲ့သူနည်းနေပါသေးတယ်။ အသက်သေဆုံးနိုင်တဲ့အရေးပေါ်ရောဂါမျိုးမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့ဆဆမနေစေချင်ပါဘူး။ ကုသခြင်းသည်ကာကွယ်ခြင်းထပ်ကောင်းတာကြောင့် အစကတည်းက အန္တရာယ်ရှိတဲ့အပြုအမူမျိုးကို ရှောင်တာအကောင်းဆုံးဖြစ်ပါတယ်။ မရှောင်နိုင်ရင်တောင် အကာအကွယ်သုံးပေါ့။ ကူးစက်နိုင်တဲ့အပြုအမူတစ်ခုခုလုပ်ထားခဲ့ရင် ကိုယ့်ကိုယ်ကို ဆေးစစ်တာတွေဘာတွေလုပ်သင့်ပါတယ်။ စောစောစီးစီးရောဂါကိုသိရှိကုသခြင်းဖြင့် ကျန်းမာသောဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ပြောရင်းနိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။    ။

Dr. Wayne

Previous Post

သတိလက်လွတ်မထားသင့်တဲ့ ရောဂါ

Next Post

ပထမတခါခွဲမွေးထားခဲ့ရင် ဒုတိယကလေး ဘယ်လိုမွေးမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
753
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပထမတခါခွဲမွေးထားခဲ့ရင် ဒုတိယကလေး ဘယ်လိုမွေးမလဲ

ခေါင်းကိုက်စေသောအကြောင်းများ

ဂနို ခေါ် ဆီးပူညောင်းကျရောဂါအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.