လူတွေ အသက်ရှင်ရေးအတွက် အစာစားနေရတယ်။ ဘာတွေစားနေသလဲ ဆိုတာကို နည်းနည်းလေး ပိုဂရုစိုက် ကြည့်လိုက်မိရဲ့လား။ ယခုအခါ အစားအစာမှာ ပါဝင်တဲ့ အရာအားလုံးလိုလို တစ်နှစ်ပတ်လုံးရနေတဲ့ အတွက် ဒီအရာတွေ ဘယ်ကရသလဲဆိုတာကို တစ်ခါတစ်ရံ မစဉ်းစားမိဘူး။ ကိုယ်စားတဲ့ အစားအစာရဲ့ ကျန်းမာရေးအတွက် ပေးနိုင်စွမ်းနဲ့ အနံ့အရသာတွေ အပြည့်အဝရဖို့ အစာစားတဲ့ အလေ့အကျင့်ကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သင့်တယ်။
တစ်ပတ်ပြီးတစ်ပတ် အလိုလိုဝယ်နေကျ ပစ္စည်းတွေနဲ့ တစ်မျိုးတည်းဖြစ်တဲ့ ချက်နည်းပြုတ်နည်းတွေဆီကို ပြန်သွားမယ့်အစား ရာသီအလိုက်ပေါ်တဲ့ အစားအစာကို စားခြင်းက နေ့စဉ်စားတဲ့ အစားအစာမှာ အာဟာရအပြင်၊ အနံ့အရသာနဲ့ ပတ်သတ်လို့ မျှတမှုနဲ့ အရည်အသွေးကွဲပြားခြားနားခြင်းကို ထိန်းဖို့ ကူညီပေးနိုင်တယ်။
သူ့ရာသီမှာရတဲ့ ဌက်ပျောသီးရိုးရို တစ်လုံးဟာ တစ်နှစ်ပတ်လုံးရရှိတဲ့ ဖျော့တော့ပြီး အရသာပေါ့တဲ့ ဌက်ပျောသီး တွေထက် အနံံ့အရသာနဲ့ အချိုဓာတ်တို့မှာ ပိုထူးခြားပေါ်လွင်ပါတယ်။
စပါးကို ဘယ်လိုစိုက်သလဲ၊ ဘယ်မှာ စိုက်သလဲ၊ ဘယ်အချိန်ရိတ်သိမ်းသလဲဆိုတဲ့ အချက်တွေပေါ်မူတည်ပြီး ထမင်းရဲ့အရသာက ထူးထူးခြားခြားကွဲပြားပါတယ်။ ကြာမြင့်စွာ သိမ်းထားတဲ့ ဆန်ထက်၊ မကြာမီ ရိတ်သိမ်းထားတဲ့ ဆန်သစ်ဟာ ပိုမွှေးပြီး အနံ့အရသာနဲ့ ပြည့်စုံကာ ချက်တဲ့အခါမှာလည်း ရေနည်းနည်းပဲလိုပါတယ်။
ဖောဖော်ဝါရီလ နောက်ပိုင်းတွင် ဆွတ်ခူးတဲ့ ဒါဂျီလင် လက်ဖက်ကို အရသာ ကျွမ်းကျင်သူတွေက ၎င်းရဲ့ ရနံ့ဟာ ရိတ်သိမ်းချိန်တိုင်းရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာကို ရောင်ပြန်ဟပ်တယ်။
ပူတဲ့ နွေရာသီကုန်ခါနီးအထိ သကြားပြောင်းဖူးမှာ အနံ့အရသာနဲ့ သဘာ၀ အချိုဓာတ်တွေနဲ့ ပေါ်လွင်နေတယ်။ အပူအအေးမျှတတဲ့ ရာသီဥတုထက် တူနာလို ငါးတွေဟာ အေးမြတဲ့ ဆောင်းရာသီမှာ ပိုဝဖြိုးပြီး ပိုအရသာရှိတယ်။
ကမ္ဘာ့မြောက်ပိုင်းလုံးခြမ်းတွင် နွေဦးရာသီတွင် ကညွတ်နဲ့ဲပဲတွေဟာ အကောင်းဆုံးဖြစ်တယ်။ နွေရာသီအစမှာ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှ သရက်သီးတွေဟာ ဗွေဆော်ဦး ထွက်လာကြတယ်။ အိန္ဒိယနိုင်ငံတွင် နွေအသီးဖြစ်တဲ့ ကြက်ဟင်းခါးသီးနဲ့ ဘူးသီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးသော်လည်း နွေရာသီဖြစ်တဲ့ ဧပြီလမှ ဇွန်လအထိမှာ အကောင်းဆုံးဖြစ်တယ်။
နောက်တစ်နေ့မှာ ချက်မယ့် ဟင်းလျာတွေကို ရွေးချယ်တဲ့အခါမှာ ဒီရာသီမှာ ဘယ်ဟာတွေ အာဟာရန အနံ့အရသာမှာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို သေသေချာချာ စဉ်းစားဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ ရာသီအလိုက်သီးတဲ့ သစ်သီးတွေန့ဲ ဟင်းသီးဟင်းရွက်တွေဟာ အရည်အသွေးကောင်းပြီး ပေါများစွာရရှိလို့ ဈေးလည်းချိုပါတယ်။
Author – Healthcare Journal