(Zawgyi)
ေမးခြန္းေမးျခင္းနဲ႔ေျဖျခင္း အႏုပညာ
ကြၽန္ေတာ္တို႔လူသားေတြဟာ ေန႔စဥ္နဲ႔အမွ်ေမးခြန္းေတြကို အျပန္အလွန္ေမးရင္း ေျဖရင္းနဲ႔ ရွင္သန္လႈပ္ရွားေနၾကရပါတယ္။
တေယာက္နဲ႔တေယာက္စမိတ္ဆက္တဲ့အခါမွာလည္း ေမးခြန္းေတြဟာမပါမျဖစ္ပါရသလို သိၿပီးရင္ႏွီးၿပီးသားလူေတြအခ်င္းခ်င္း လမ္းမွာေတြ႕လို႔ႏႈတ္ဆက္ရာမွာလည္း အကိုႀကီးေနေကာင္းလား စီးပြားေရးေကာဘယ္လိုေနလဲစတဲ့ေမးခြန္းေတြဟာပါေလ့ရွိပါတယ္။
ေဈးသည္ကလည္း ဝယ္သူကို ဆိုင္လာတဲ့အခါဘာယူမလဲ ေမးရသလို ဝယ္သူကလည္းလိုခ်င္တာေတြ႕တဲ့အခါ ေရာင္းသူကို ဒါဘယ္ေလာက္လဲ ဆိုတာေမးရပါတယ္။
စားေသာက္ဆိုင္သြားတဲ့အခါမွာလည္း စားေသာက္ဆိုင္ဝန္ထမ္းက ဘာစားမလဲေမးသလို စားေသာက္ၿပီးတဲ့အခါမွာလည္း စားသုံးသူက ဘယ္ေလာက္က်လဲ ဆိုတာေမးရပါတယ္။
သူငယ္တန္းကေန အထက္တန္းထိ ေက်ာင္းသားေက်ာင္းသူေတြဟာ တႏွစ္တတန္းတက္ဖို႔အရည္အခ်င္းရွိမရွိကို စာေမးပြဲဆိုတဲ့ေမးခြန္းေတြေမးၿပီးစစ္ေဆးခံရသလို တကၠသိုလ္ေရာက္ျပန္ေတာ့လည္း တကၠသိုလ္ေက်ာင္းသားေက်ာင္းသူေတြဟာ ဘြဲ႕ေပးဖို႔အတြက္ အရည္အခ်င္းရွိရဲ႕လားဆိုတာကို စာေမးပြဲဆိုတဲ့ေမးခြန္းေတြနဲ႔ပဲစစ္ေဆးခံရပါတယ္။ေက်ာင္းသားေက်ာင္းသူေတြဘက္ကလည္း မိမိမွာထိုက္တန္တဲ့အရည္အခ်င္းရွိေၾကာင္းကို ဆရာဆရာမေတြရဲ႕ေမးခြန္းေတြကိုေျဖၾကားျခင္းနဲ႔သက္ေသျပရပါတယ္။
ဒါ့အျပင္ ဝန္ထမ္းေခၚယူရာမွာလည္း အလုပ္ရွင္ေတြက လာေလွ်ာက္တဲ့သူေတြဟာ သူ႔အလုပ္နဲ႔သင့္ေတာ္မေတာ္ကို အင္တာဗ်ဴးေခၚ ေမးခြန္းေတြေမးျမန္းၿပီးဆုံးျဖတ္ပါတယ္။အလုပ္လာေလွ်ာက္တဲ့သူေတြကလည္းသူတို႔ဒီအလုပ္နဲ႔ဘယ္ေလာက္သင့္ေတာ္လဲဆိုတာကို အလုပ္ရွင္ေမးတဲ့ေမးခြန္းေတြကိုေျဖၾကားျခင္းျဖင့္သက္ေသျပရပါတယ္။
ခ်စ္သူေတြျဖစ္ဖို႔ ေကာင္ေလးက ေကာင္မေလးကို ငါနင့္ကိုခ်စ္တယ္။နင္ေရာငါကိုျပန္ခ်စ္ႏိုင္မလားဆိုတဲ့ေမးခြန္းမ်ိဴးေမးၿပီး အေျဖေတာင္းရပါတယ္။
ႏိုင္ငံတိုးတက္ဖို႔အတြက္လည္း လႊတ္ေတာ္ဆိုတဲ့အေဆာက္အအုံအတြင္းမွာ အမတ္ေတြဟာ တေယာက္နဲ႔တေယာက္အျပန္အလွန္ေမးၾက ေျဖၾကေဆြးေႏြးၾကပါတယ္။
က်မ္းဂန္ေတြအလိုအရ အေမး ၅ မ်ိဳး အေျဖ ၄ မ်ိဴး ရွိပါတယ္။
၁။ အၾကင္သူသည္ မသိပါ၊မျမင္ပါေသာေၾကာင့္ သိရပါ၊ျမင္ရပါ လိုတဲ့စိတ္သေဘာနဲ႔ေမးတဲ့အေမး (အဒိ႒ေစာဒနာပုစာၦ)
ဒီအမ်ိဴးအစားကေတာ့ရွင္းသည္။ ေမးသူက ေမးတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီးဘာမွမသိဘူး ဒါေၾကာင့္သူသိျမင္ဗဟုသုတရေအာင္ေမးျခင္းျဖစ္ပါတယ္။
၂။အၾကင္သူသည္ မိမိသိျမင္သည္ကို တပါးပညာရွိတို႔ရဲ႕အသိအျမင္နဲ႔ညႇိႏႈိင္းလိုေသာေၾကာင့္ေမးတဲ့အေမး(ဒိ႒သံသႏၵနာပုစာၦ)
ဒီအမ်ိဴးအစားမွာက် ေမးသူက ေမးတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီးျပည့္စုံေအာင္သိတယ္။ဒါေပမယ့္တျခားပညာရွိ ကြၽမ္းက်င္သူကေကာ ဘယ္လိုထင္ျမင္ယူဆလဲဆိုတာကို သိခ်င္လို႔ေမးတာမ်ိဴးျဖစ္ပါတယ္။
၃။အၾကင္သူသည္ မိမိသိသည္၊ျမင္သည္ကို ဟုတ္၏ေလာ၊မဟုတ္၏ေလာ ဝိုးဝါးသံသယရွိသျဖင့္ ထိုသံသယကို ေဖ်ာက္လိုေသာေၾကာင့္ေမးေသာအေမး(ဝိမတိေစၦဒနာပုစာၦ)
ဒီအမ်ိဴးအစားမွာက် ေမးသူက ေမးတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး အကုန္အစင္မသိတာလည္းျဖစ္ႏိုင္သလို သူသိထားတာကမွားေနလား လိုအပ္ခ်က္ရွိေနလား ဆိုတာကိုသိခ်င္လို႔ေမးတာမ်ိဴးပါ။
၄။အၾကင္သူသည္ သူတပါးတို႔ကို မိမိအလိုႏွင့္ေလ်ာ္စြာေျပာေစေဟာေစလိုေသာေၾကာင့္ေမးတဲ့အေမး(အႏုမတိပုစာၦ)
ဒီအမ်ိဴးအစားကေတာ့ ေမးသူက ေမးတဲ့အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး သူသိထားသည့္အတိုင္းကိုသာ ေျဖသူကလိုက္ေျဖေပးေစလိုတဲ့သေဘာနဲ႔ေမးတာမ်ိဴးျဖစ္သည္။
ဥပမာ ဒါကိုေတာ့ကြၽန္ေတာ္ဒီလိုယူဆတယ္။ခင္ဗ်ားလည္းဒီလိုယူဆတယ္မဟုတ္လား ဆိုတဲ့ေမးခြန္းမ်ိဴးေပါ့။
၅။အၾကင္သူသည္ သူကိုယ္တိုင္ကပင္ ေျပာေဟာလိုေသာေၾကာင့္ စကားအစျပဳျခင္းသေဘာျဖင့္ ေမးတဲ့အေမး (ကေထတုကမ်တာပုစာၦ)
ဒါကလည္းရွင္းပါတယ္။ဥပမာ ေဟာေျပာပြဲေတြမွာဆိုရင္ ေဟာေျပာသူေတာ္ေတာ္မ်ားမ်ားက ေမးခြန္းနဲ႔အစခ်ီကာေဟာေျပာေလ့ရွိပါတယ္။
ဒါကေတာ့ အေမး ၅ မ်ိဴးပါ။
အေျဖ ၄မ်ိဴးကေတာ့
၁။ဧကံသဗ်ာကရဏ(ေမးတာကိုတိတိက်က်တိုတိုရွင္းရွင္း ဒဲ့ေျဖၾကားျခင္း)
၂။ဝိဘဇၨဗ်ာကရဏ(ေမးတာကိုအက်ယ္ေဝဖန္ၿပီး ေျဖၾကားျခင္း)
၃။ပဋိပုစာၦဗ်ာကရဏ(ပုစာၦတုံေမးၿပီး အေရးအရာအားေလ်ာ္စြာေျဖၾကားျခင္း)
၄။ဌပနိယဗ်ာကရဏ(ေမးသည္ကို မေျဖဘဲထားၿပီး တျခားအေၾကာင္းေျပာျခင္း) တို႔ပဲျဖစ္ပါတယ္။
ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ေမးတာနဲ႔ေျဖတာမွာ ေျဖတာပိုခက္မယ္လို႔ယူဆပါတယ္။ေမးသူက တေနရာရာကဖတ္မိတာကိုေမးတာ တပါးသူထံမွၾကားၿပီးေမးတာ မိမိဘာသာစိတ္ကူးထဲေပၚတာေမးတာ ျဖစ္ေသာေၾကာင့္ ခဲယဥ္းသည္မဟုတ္ႏိုင္ပါ။
ေျဖသူအေနနဲ႔က်ေတာ့ ေမးသူနားလည္ေအာင္ လက္ခံေအာင္ ဥပမာေတြ သာဓကေတြ နဲ႔ျပၿပီး ယုတၱိရွိေအာင္ တဖက္စြန္းမေရာက္ေအာင္ ေျဖရေသာေၾကာင့္ ခဲယဥ္းႏိုင္သည္။မိမိအေျဖက မွားသြားမွာလည္းစိုးရေသးသည္။ေမးတဲ့သူကတခါတရံႀကံႀကံဖန္ဖန္ ကတ္သီးကတ္သပ္ေမးတဲ့အခါ ဘာကိုကိုးကားေျဖရမွန္းမသိေအာင္ မေျဖတတ္ေအာင္ပင္ျဖစ္သြားႏိုင္ပါတယ္။
အခုေခတ္မွာက် မိမိေျဖတာကို မွတ္တမ္းတင္ထားၿပီး အမ်ားကိုပါခ်ျပလို႔ရမယ့္ အီလက္ထေရာနစ္ပစၥည္းေတြဟာလည္းေပါမ်ားလာတဲ့အတြက္ ေျဖသူရဲ႕အေနအထားဟာပိုက်ဥ္းထဲၾကပ္ထဲေရာက္သလိုေတာင္ျဖစ္လာပါၿပီ။
ဒါ့အျပင္ အခုေခတ္ေမးခြန္းေတြမွာ အျဖဴေရာင္ သေဘာ႐ိုးမဟုတ္ဘဲ ကိုယ့္အမွားကိုေစာင့္တဲ့သေဘာပါတာမ်ိဴးေတြ၊ကိုယ့္ကိုဓါးခုတ္ရာလက္ဝင္လွ်ိဳေစခ်င္တဲ့သေဘာပါတာမ်ိဴးေတြ၊ကိုယ့္ဆီကအာမခံခ်က္ကို ရယူလိုတဲ့သေဘာပါတာမ်ိဴးေတြ၊အရႈပ္အရွင္းထဲပါေအာင္ဆြဲသြင္းမယ့္သေဘာပါတာမ်ိဴးေတြ စတဲ့ မ႐ိုးရွင္းတဲ့သေဘာေတြပါလာၾကပါတယ္။
တခ်ိဳ႕ေသာအေျခအေနေတြမွာဆိုရင္ ေမးတဲ့သူေတြက မိမိအလိုရွိရာ အေျဖစကားကိုရဖို႔အတြက္ စာနာမႈကင္းမဲ့စြာ ေျဖသူကို ဖိအားေပးေမးတာမ်ိဴးေၾကာင့္ ေျဖသူခမ်ာ ကိုယ္ စိတ္ ႏွလုံး သုံးပါးစလုံး ပင္ပန္းႏြမ္းနယ္ရတာမ်ိဴးထိ ရွိတတ္ပါတယ္။
အဆုံးသတ္အေနနဲ႔ေျပာရရင္ ေမးတယ္။ေျဖတယ္ဆိုတာဟာ အင္မတိအင္မတန္ကိုမွ အျပစ္ကင္းတဲ့ ကိစၥျဖစ္သင့္ပါတယ္။
ကြၽန္ေတာ္တို႔ေတြဟာ ပုထုဇဥ္ေတြျဖစ္တဲ့အတြက္ ပုထုဇဥ္ေတြပီပီ ကိုယ္မသိတာေတြကိုေမးၾက၊ကိုယ္သိတာေတြကိုေျဖၾက၊ေဆြးေႏြးၾကရင္းနဲ႔ပဲ တခါတရံမွာ ပုထုဇဥ္သဘာ၀ လြဲမွားသြားတာေတြေကာ မရွိႏိုင္ဘူးလား။
ထိုလြဲမွားသြားတဲ့အေပၚမွာ အေရးအရာယူအျမတ္ထုတ္တာမ်ိဴးေတာ့မျဖစ္သင့္လို႔ကြၽန္ေတာ္ယူဆသည္။
Dr. 528
(Unicode)
မေးခွန်းမေးခြင်းနဲ့ဖြေခြင်း အနုပညာ
ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်နဲ့အမျှမေးခွန်းတွေကို အပြန်အလှန်မေးရင်း ဖြေရင်းနဲ့ ရှင်သန်လှုပ်ရှားနေကြရပါတယ်။
တယောက်နဲ့တယောက်စမိတ်ဆက်တဲ့အခါမှာလည်း မေးခွန်းတွေဟာမပါမဖြစ်ပါရသလို သိပြီးရင်နှီးပြီးသားလူတွေအချင်းချင်း လမ်းမှာတွေ့လို့နှုတ်ဆက်ရာမှာလည်း အကိုကြီးနေကောင်းလား စီးပွားရေးကောဘယ်လိုနေလဲစတဲ့မေးခွန်းတွေဟာပါလေ့ရှိပါတယ်။
ဈေးသည်ကလည်း ဝယ်သူကို ဆိုင်လာတဲ့အခါဘာယူမလဲ မေးရသလို ဝယ်သူကလည်းလိုချင်တာတွေ့တဲ့အခါ ရောင်းသူကို ဒါဘယ်လောက်လဲ ဆိုတာမေးရပါတယ်။
စားသောက်ဆိုင်သွားတဲ့အခါမှာလည်း စားသောက်ဆိုင်ဝန်ထမ်းက ဘာစားမလဲမေးသလို စားသောက်ပြီးတဲ့အခါမှာလည်း စားသုံးသူက ဘယ်လောက်ကျလဲ ဆိုတာမေးရပါတယ်။
သူငယ်တန်းကနေ အထက်တန်းထိ ကျောင်းသားကျောင်းသူတွေဟာ တနှစ်တတန်းတက်ဖို့အရည်အချင်းရှိမရှိကို စာမေးပွဲဆိုတဲ့မေးခွန်းတွေမေးပြီးစစ်ဆေးခံရသလို တက္ကသိုလ်ရောက်ပြန်တော့လည်း တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ ဘွဲ့ပေးဖို့အတွက် အရည်အချင်းရှိရဲ့လားဆိုတာကို စာမေးပွဲဆိုတဲ့မေးခွန်းတွေနဲ့ပဲစစ်ဆေးခံရပါတယ်။ကျောင်းသားကျောင်းသူတွေဘက်ကလည်း မိမိမှာထိုက်တန်တဲ့အရည်အချင်းရှိကြောင်းကို ဆရာဆရာမတွေရဲ့မေးခွန်းတွေကိုဖြေကြားခြင်းနဲ့သက်သေပြရပါတယ်။
ဒါ့အပြင် ဝန်ထမ်းခေါ်ယူရာမှာလည်း အလုပ်ရှင်တွေက လာလျှောက်တဲ့သူတွေဟာ သူ့အလုပ်နဲ့သင့်တော်မတော်ကို အင်တာဗျူးခေါ် မေးခွန်းတွေမေးမြန်းပြီးဆုံးဖြတ်ပါတယ်။အလုပ်လာလျှောက်တဲ့သူတွေကလည်းသူတို့ဒီအလုပ်နဲ့ဘယ်လောက်သင့်တော်လဲဆိုတာကို အလုပ်ရှင်မေးတဲ့မေးခွန်းတွေကိုဖြေကြားခြင်းဖြင့်သက်သေပြရပါတယ်။
ချစ်သူတွေဖြစ်ဖို့ ကောင်လေးက ကောင်မလေးကို ငါနင့်ကိုချစ်တယ်။နင်ရောငါကိုပြန်ချစ်နိုင်မလားဆိုတဲ့မေးခွန်းမျိူးမေးပြီး အဖြေတောင်းရပါတယ်။
နိုင်ငံတိုးတက်ဖို့အတွက်လည်း လွှတ်တော်ဆိုတဲ့အဆောက်အအုံအတွင်းမှာ အမတ်တွေဟာ တယောက်နဲ့တယောက်အပြန်အလှန်မေးကြ ဖြေကြဆွေးနွေးကြပါတယ်။
ကျမ်းဂန်တွေအလိုအရ အမေး ၅ မျိုး အဖြေ ၄ မျိူး ရှိပါတယ်။
၁။ အကြင်သူသည် မသိပါ၊မမြင်ပါသောကြောင့် သိရပါ၊မြင်ရပါ လိုတဲ့စိတ်သဘောနဲ့မေးတဲ့အမေး (အဒိဋ္ဌစောဒနာပုစ္ဆာ)
ဒီအမျိူးအစားကတော့ရှင်းသည်။ မေးသူက မေးတဲ့အကြောင်းနဲ့ပတ်သက်ပြီးဘာမှမသိဘူး ဒါကြောင့်သူသိမြင်ဗဟုသုတရအောင်မေးခြင်းဖြစ်ပါတယ်။
၂။အကြင်သူသည် မိမိသိမြင်သည်ကို တပါးပညာရှိတို့ရဲ့အသိအမြင်နဲ့ညှိနှိုင်းလိုသောကြောင့်မေးတဲ့အမေး(ဒိဋ္ဌသံသန္ဒနာပုစ္ဆာ)
ဒီအမျိူးအစားမှာကျ မေးသူက မေးတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြည့်စုံအောင်သိတယ်။ဒါပေမယ့်တခြားပညာရှိ ကျွမ်းကျင်သူကကော ဘယ်လိုထင်မြင်ယူဆလဲဆိုတာကို သိချင်လို့မေးတာမျိူးဖြစ်ပါတယ်။
၃။အကြင်သူသည် မိမိသိသည်၊မြင်သည်ကို ဟုတ်၏လော၊မဟုတ်၏လော ဝိုးဝါးသံသယရှိသဖြင့် ထိုသံသယကို ဖျောက်လိုသောကြောင့်မေးသောအမေး(ဝိမတိစ္ဆေဒနာပုစ္ဆာ)
ဒီအမျိူးအစားမှာကျ မေးသူက မေးတဲ့အကြောင်းနဲ့ပတ်သက်ပြီး အကုန်အစင်မသိတာလည်းဖြစ်နိုင်သလို သူသိထားတာကမှားနေလား လိုအပ်ချက်ရှိနေလား ဆိုတာကိုသိချင်လို့မေးတာမျိူးပါ။
၄။အကြင်သူသည် သူတပါးတို့ကို မိမိအလိုနှင့်လျော်စွာပြောစေဟောစေလိုသောကြောင့်မေးတဲ့အမေး(အနုမတိပုစ္ဆာ)
ဒီအမျိူးအစားကတော့ မေးသူက မေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး သူသိထားသည့်အတိုင်းကိုသာ ဖြေသူကလိုက်ဖြေပေးစေလိုတဲ့သဘောနဲ့မေးတာမျိူးဖြစ်သည်။
ဥပမာ ဒါကိုတော့ကျွန်တော်ဒီလိုယူဆတယ်။ခင်ဗျားလည်းဒီလိုယူဆတယ်မဟုတ်လား ဆိုတဲ့မေးခွန်းမျိူးပေါ့။
၅။အကြင်သူသည် သူကိုယ်တိုင်ကပင် ပြောဟောလိုသောကြောင့် စကားအစပြုခြင်းသဘောဖြင့် မေးတဲ့အမေး (ကထေတုကမျတာပုစ္ဆာ)
ဒါကလည်းရှင်းပါတယ်။ဥပမာ ဟောပြောပွဲတွေမှာဆိုရင် ဟောပြောသူတော်တော်များများက မေးခွန်းနဲ့အစချီကာဟောပြောလေ့ရှိပါတယ်။
ဒါကတော့ အမေး ၅ မျိူးပါ။
အဖြေ ၄မျိူးကတော့
၁။ဧကံသဗျာကရဏ(မေးတာကိုတိတိကျကျတိုတိုရှင်းရှင်း ဒဲ့ဖြေကြားခြင်း)
၂။ဝိဘဇ္ဇဗျာကရဏ(မေးတာကိုအကျယ်ဝေဖန်ပြီး ဖြေကြားခြင်း)
၃။ပဋိပုစ္ဆာဗျာကရဏ(ပုစ္ဆာတုံမေးပြီး အရေးအရာအားလျော်စွာဖြေကြားခြင်း)
၄။ဌပနိယဗျာကရဏ(မေးသည်ကို မဖြေဘဲထားပြီး တခြားအကြောင်းပြောခြင်း) တို့ပဲဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ မေးတာနဲ့ဖြေတာမှာ ဖြေတာပိုခက်မယ်လို့ယူဆပါတယ်။မေးသူက တနေရာရာကဖတ်မိတာကိုမေးတာ တပါးသူထံမှကြားပြီးမေးတာ မိမိဘာသာစိတ်ကူးထဲပေါ်တာမေးတာ ဖြစ်သောကြောင့် ခဲယဉ်းသည်မဟုတ်နိုင်ပါ။
ဖြေသူအနေနဲ့ကျတော့ မေးသူနားလည်အောင် လက်ခံအောင် ဥပမာတွေ သာဓကတွေ နဲ့ပြပြီး ယုတ္တိရှိအောင် တဖက်စွန်းမရောက်အောင် ဖြေရသောကြောင့် ခဲယဉ်းနိုင်သည်။မိမိအဖြေက မှားသွားမှာလည်းစိုးရသေးသည်။မေးတဲ့သူကတခါတရံကြံကြံဖန်ဖန် ကတ်သီးကတ်သပ်မေးတဲ့အခါ ဘာကိုကိုးကားဖြေရမှန်းမသိအောင် မဖြေတတ်အောင်ပင်ဖြစ်သွားနိုင်ပါတယ်။
အခုခေတ်မှာကျ မိမိဖြေတာကို မှတ်တမ်းတင်ထားပြီး အများကိုပါချပြလို့ရမယ့် အီလက်ထရောနစ်ပစ္စည်းတွေဟာလည်းပေါများလာတဲ့အတွက် ဖြေသူရဲ့အနေအထားဟာပိုကျဉ်းထဲကြပ်ထဲရောက်သလိုတောင်ဖြစ်လာပါပြီ။
ဒါ့အပြင် အခုခေတ်မေးခွန်းတွေမှာ အဖြူရောင် သဘောရိုးမဟုတ်ဘဲ ကိုယ့်အမှားကိုစောင့်တဲ့သဘောပါတာမျိူးတွေ၊ကိုယ့်ကိုဓါးခုတ်ရာလက်ဝင်လျှိုစေချင်တဲ့သဘောပါတာမျိူးတွေ၊ကိုယ့်ဆီကအာမခံချက်ကို ရယူလိုတဲ့သဘောပါတာမျိူးတွေ၊အရှုပ်အရှင်းထဲပါအောင်ဆွဲသွင်းမယ့်သဘောပါတာမျိူးတွေ စတဲ့ မရိုးရှင်းတဲ့သဘောတွေပါလာကြပါတယ်။
တချို့သောအခြေအနေတွေမှာဆိုရင် မေးတဲ့သူတွေက မိမိအလိုရှိရာ အဖြေစကားကိုရဖို့အတွက် စာနာမှုကင်းမဲ့စွာ ဖြေသူကို ဖိအားပေးမေးတာမျိူးကြောင့် ဖြေသူခမျာ ကိုယ် စိတ် နှလုံး သုံးပါးစလုံး ပင်ပန်းနွမ်းနယ်ရတာမျိူးထိ ရှိတတ်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် မေးတယ်။ဖြေတယ်ဆိုတာဟာ အင်မတိအင်မတန်ကိုမှ အပြစ်ကင်းတဲ့ ကိစ္စဖြစ်သင့်ပါတယ်။
ကျွန်တော်တို့တွေဟာ ပုထုဇဉ်တွေဖြစ်တဲ့အတွက် ပုထုဇဉ်တွေပီပီ ကိုယ်မသိတာတွေကိုမေးကြ၊ကိုယ်သိတာတွေကိုဖြေကြ၊ဆွေးနွေးကြရင်းနဲ့ပဲ တခါတရံမှာ ပုထုဇဉ်သဘာ၀ လွဲမှားသွားတာတွေကော မရှိနိုင်ဘူးလား။
ထိုလွဲမှားသွားတဲ့အပေါ်မှာ အရေးအရာယူအမြတ်ထုတ်တာမျိူးတော့မဖြစ်သင့်လို့ကျွန်တော်ယူဆသည်။
Dr. 528