fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၁)

191
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အိပ္ရာထက္ဝယ္ ေမာင္မယ္ႏွစ္ဦးသား ၾကင္နာစဥ္ နာက်င္ျခင္း အပိုင္း(၁)

မယ္တြင္နာက်င္ျခင္း

အခုေခတ္တြင္ နည္းပညာေတြတိုးတက္လာေသာေၾကာင့္ လူနာေတြအေနနဲ႔ မ်က္ႏွာခ်င္းဆိုင္စရာမလိုဘဲ အြန္လိုင္းကေနဆရာဝန္ေတြကို သိလိုတာေတြကို ေမးလာႏိုင္ၾကသည္။ ကိုယ္ဘယ္သူမွန္းလဲတဖက္ကဆရာဝန္ကမသိသျဖင့္ အျပင္မွာေဆးခန္းျပသလိုမ်ိဳး လူၾကားသူၾကားထဲေမးရင္ရွက္ရမယ့္ကိစၥေတြ ဆရာဝန္ကိုမ်က္ႏွာပူရမယ့္ကိစၥေတြလည္းမရွိေပ။

ဒါေၾကာင့္အမ်ိဳးသားအမ်ိဳးသမီးမ်ား အိမ္ေထာင္ရွင္မ်ား အေနနဲ႔ အိမ္ေထာင္ေရးကိစၥမ်ား လိင္နဲ႔ဆိုင္တဲ့ကိစၥမ်ားကိုလည္း အေမးမ်ားလာၾကသည္။ ထိုသို႔ေမးလာသည့္ ေမးခြန္းမ်ားထဲတြင္ အတူေနစဥ္(လိင္ဆက္ဆံစဥ္)နာက်င္မႈ ေဝဒနာ ခံစားရျခင္းအေၾကာင္းကို ေမးျခင္းသည္ အိမ္ေထာင္ရွင္မ်ား အေမးမ်ားဆုံး ေမးခြန္းတခုျဖစ္သည္။

ဒီလိုအေမးမ်ားတဲ့အတြက္ မသိေသးတဲ့အိမ္ေထာင္ရွင္ေတြလည္း သိေအာင္၊သိတဲ့သူေတြလည္း ပိုေသခ်ာသိသြားေအာင္ ဒီအေၾကာင္းကို ေဆာင္းပါးတပုဒ္အေနနဲ႔တင္ျပလိုက္ရပါတယ္။

အတူေနစဥ္(လိင္ဆက္ဆံစဥ္) နာက်င္မႈ ေဝဒနာခံစားရျခင္းကို ေဆးပညာလို Dyspareunia လို႔ေခၚပါတယ္။ အိပ္ရာထက္ဝယ္ ေမာင္မယ္ႏွစ္ဦးသားၾကင္နာစဥ္ နာၾကင္ျခင္းဟာ မယ္မွာျဖစ္ႏိုင္သလို ေမာင္မွာလည္းျဖစ္ႏိုင္ပါတယ္။ သို႔ေသာ္ အမ်ားအားျဖင့္ေတာ့ အမ်ိဳးသမီးေတြမွာအျဖစ္မ်ားပါတယ္။

ခန႔္မွန္းေျခ အမ်ိဳးသမီး ၁၀ ေယာက္တြင္ ၄ ေယာက္ေလာက္ဟာ ထိုေဝဒနာကို ခံစားေနရတယ္လို႔စစ္တမ္းတခုကေတာ့ေျပာထားပါတယ္။ အမ်ိဳးသမီးေတြဟာ အိမ္ေထာင္စက်ခါစ (အတူစေနခါစ) အခ်ိန္ေတြ နဲ႔ ေသြးဆုံးခါနီးအခ်ိန္ေတြမွာ ဒီေဝဒနာကို ခံစားရႏိုင္ေျခပိုမ်ားပါတယ္။

အတူေနစဥ္ ျဖစ္ေပၚတဲ့ နာက်င္မႈကို အမ်ိဳးအစား ၂ မ်ိဳးခြဲထားပါတယ္။ မမ်ိဳးပြားအဂၤါတဝိုက္ (မိန္းမကိုယ္ႏႈတ္ခမ္းသားမ်ား ၊ မိန္းမကိုယ္အဝႏွင့္ ေယာနိလမ္းေၾကာင္း ေအာက္ပိုင္းေနရာမ်ား) နာက်င္ျခင္း (Superficial Dyspareunia) ႏွင့္ တင္ပဆုံ႐ိုးထဲက နာက်င္ျခင္း (Deep Dyspareunia) ဆိုၿပီးေတာ့ပါ။

တမ်ိဳးခ်င္းဆီကို ျဖစ္ေစတဲ့အေၾကာင္းေတြ (ေရာဂါေတြ)အမ်ားႀကီးပါ။ ႏွစ္မ်ိဳးလုံးကိုျဖစ္ေစတဲ့ အေၾကာင္းေတြ(ေရာဂါေတြ)လည္း ရွိပါတယ္။

ပထမဆုံး Superficial Dyspareunia လို႔ေခၚတဲ့ အတူေနစဥ္ သို႔မဟုတ္ လိင္ဆက္ဆံတဲ့အခါမွာ မမ်ိဳးပြားအဂၤါတဝိုက္ (မိန္းမကိုယ္ႏႈတ္ခမ္းသားမ်ား ၊ မိန္းမကိုယ္အဝႏွင့္ ေယာနိလမ္းေၾကာင္း ေအာက္ပိုင္းေနရာမ်ား) နာက်င္ျခင္းကို ျဖစ္ေစတဲ့အေၾကာင္းေတြကို ေျပာျပပါမယ္။

၁။Vaginismus ေခၚ မိန္းမကိုယ္ အနီးတဝိုက္ရွိ ႂကြက္သားမ်ား အလြန္အကြၽံ႕ညႇစ္ျခင္း
ဒီလိုမ်ိဳးျဖစ္ရတဲ့ အေၾကာင္းရင္းကိုေတာ့ ခုထိအတိက်မသိေသးပါ။ ပညာရွင္ေတြကေတာ့ စိတ္ေၾကာင့္ ျဖစ္ႏိုင္ေျခမ်ားတယ္လို႔ ေျပာၾကပါတယ္။

ပထမဆုံး အတူေနခ်ိန္မွာ ဆက္ဆံေဖာ္က ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံခဲ့ပါက ေနာက္အႀကိမ္မ်ားမွာ နာမွာေၾကာက္တဲ့စိတ္ေၾကာင့္ လည္းေကာင္း သို႔မဟုတ္ မည္သည့္အေၾကာင္းျပခ်က္မွမရွိဘဲ အတူေနဖို႔စိုးရိမ္ေသာက လြန္ကဲေနတာေၾကာင့္လည္းေကာင္း စတဲ့စိတ္ပိုင္းဆိုင္ရာေၾကာင့္ ပိုျဖစ္ႏိုင္ပါတယ္။

ထိုစိတ္ေၾကာင့္ အတူေနစဥ္မွာ မိန္းမကိုယ္ေျခာက္ေသြ႕တာကိုလည္း ျဖစ္ေစႏိုင္ကာ နာက်င္ျခင္းကိုပိုဆိုးေစႏိုင္သည္။ ဒီလိုမ်ိဳးျဖစ္တာ အခ်ိန္ၾကာလာတာနဲ႔အမွ် မိမိသာမက မိမိရဲ႕အိမ္ေထာင္ဖက္အမ်ိဳးသားကိုပါ စိတ္ဓာတ္က်ဆင္းျခင္း ျဖစ္ေစႏိုင္ၿပီး အိမ္ေထာင္ေရးသုခ မရရွိေသာေၾကာင့္ တျခားမလိုလားအပ္တဲ့ လူမႈေရးျပသာနာေတြကိုပါ ျဖစ္လာေစႏိုင္ပါတယ္။

၂။Episiotomy Scar ေခၚ ႐ိုး႐ိုးေမြးစဥ္မွာ ေမြးလမ္းေၾကာင္းခ်ဲ႕ရာက ျဖစ္ေပၚလာေသာအမာ႐ြတ္

႐ိုး႐ိုးကေလးေမြးဖြားစဥ္မွာ ကေလးရဲ႕ေခါင္းက အေမရဲ႕မိန္းမကိုယ္ဝကို ျဖတ္သန္းၿပီး မထြက္ႏိုင္ပါက မိန္းမကိုယ္အဝ ေအာက္ဘက္ေနရာတဝိုက္ကို ခြဲခန္းသုံးကတ္ေၾကးျဖင့္ ညႇပ္ရတတ္သည္။ ထိုသို႔ျပဳလုပ္ျခင္းကို ေမြးလမ္းေၾကာင္းခ်ဲ႕သည္ဟု ေခၚသည္။ ခ်ဲ႕ၿပီးရင္ ျပန္ခ်ဳပ္ၿပီး သတ္မွတ္ရက္ေစ့ရင္ ခ်ဳပ္႐ိုးျဖည္ရေလ့ရွိသည္။

တခါတရံမွာ ခ်ဳပ္ၿပီးျပန္ျဖည္သည့္ေနရာတြင္ အမာ႐ြတ္တစ္သွ်ဴးမ်ား ျဖစ္ေပၚတတ္သည္။ ထိုအမာ႐ြတ္ တစ္သွ်ဴးေနရာမ်ားတြင္ အာ႐ုံေၾကာအဆုံးမ်ား ပါဝင္ၿပီး တုံ႔ျပန္မႈ ျမန္ဆန္သည္။

အတူေနစဥ္မွာ (လိင္ဆက္ဆံစဥ္မွာ) ထိုအမာ႐ြတ္တစ္သွ်ဴးမ်ားကို အမ်ိဳးသားလိင္တံက အဆက္မျပတ္ ပြတ္တိုက္သကဲ့သို႔ ျဖစ္ေနျခင္းေၾကာင့္ အမ်ိဳးသမီးမွာ မမ်ိဳးပြားအဂၤါတဝိုက္နာက်င္မႈ ျဖစ္ေပၚႏိုင္သည္။

၃။အပ်ိဳေျမႇးထူလြန္းျခင္း

ေယဘုယ်အားျဖင့္ဆိုရင္ ပထမအႀကိမ္အတူေနၿပီးပါက အပ်ိဳေျမႇးသည္ စုတ္ၿပဲသြားေလ့ရွိသည္။ အပ်ိဳေျမႇးထူလြန္းေသာအမ်ိဳးသမီးေတြမွာက် စုတ္ၿပဲသြားတာမရွိတာေၾကာင့္ ေနာက္ထပ္အတူေနသည့္ အႀကိမ္မ်ားတြင္လည္း ပထမဦးဆုံးအႀကိမ္လိုမ်ိဳး နာက်င္မႈကိုခံစားရသည္။

ဒီအခ်က္ေၾကာင့္ အပ်ိဳစစ္မစစ္ ဘယ္လိုခြဲျခားမလဲ ေဆာင္းပါးတြင္ အပ်ိဳေျမႇးမရွိတိုင္းလည္း အပ်ိဳစစ္လို႔ေျပာမရသလို အပ်ိဳေျမႇးရွိတိုင္းလည္း အပ်ိဳစစ္လို႔ ယတိျပတ္အာမခံမေျပာႏိုင္ပါလို႔ ကြၽန္ေတာ္ ေရးသားရျခင္းျဖစ္ပါတယ္။

၄။ဘာသိုလင္ဂလင္းမ်ားေရာင္ရမ္းျခင္း

ဘာသိုလင္ဂလင္းဆိုတာဟာ မိန္းမကိုယ္အဝနား ဘယ္ညာႏွစ္ဖက္လုံးတြင္ရွိေသာ ဂလင္းမ်ားျဖစ္သည္။ ထိုဂလင္း မ်ားသည္ အေၾကာင္းတခုခုေၾကာင့္ ေရာင္ရမ္းေနပါက လိင္ဆက္ဆံစဥ္ နာက်င္ျခင္းကို ျဖစ္ေစႏိုင္သည္။

၅။မိန္းမကိုယ္နဲ႔ဆိုင္တဲ့ေရာဂါမ်ားရွိျခင္း

ဥပမာ လိင္အဂၤါႂကြက္ႏို႔ျဖစ္တာ(Genital Herpes Simplex)၊မိန္းမကိုယ္မွာအရည္အိတ္ေလးေတြရွိတာ(Benign cysts of vulva)၊လိုင္ခန္စကဲ႐ိုးစစ္(Lichen Sclerosis)ဆိုတဲ့ေရာဂါျဖစ္တာ၊Vulvodynia ဆိုတဲ့ အာ႐ုံေၾကာနာတာနဲ႔ဆင္တဲ့ေရာဂါျဖစ္တာ၊Vulva Cancer ဆိုတဲ့မိန္းမကိုယ္ကင္ဆာ ျဖစ္တာ စတဲ့ေရာဂါေတြရွိတဲ့အေျခအေနေတြဆိုရင္ မမ်ိဳးပြားအဂၤါတဝိုက္ (မိန္းမကိုယ္ႏႈတ္ခမ္းသားမ်ား ၊ မိန္းမကိုယ္အဝႏွင့္ ေယာနိလမ္းေၾကာင္း ေအာက္ပိုင္းေနရာမ်ား)နာက်င္ျခင္း ဆိုတဲ့ Superficial Dyspareunia ကိုခံစားရႏိုင္ပါတယ္။

အပိုင္း ၂ မွာ အတူေနစဥ္နာက်င္ျခင္း ေနာက္တမ်ိဳးျဖစ္တဲ့ တင္ပဆုံး႐ိုးထဲက နာက်င္ျခင္း (Deep Dyspareunia) အေၾကာင္းကိုဆက္လက္ေဖာ္ျပပါမယ္။

Author : Dr. 528

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၁)

မယ်တွင်နာကျင်ခြင်း

အခုခေတ်တွင် နည်းပညာတွေတိုးတက်လာသောကြောင့် လူနာတွေအနေနဲ့ မျက်နှာချင်းဆိုင်စရာမလိုဘဲ အွန်လိုင်းကနေဆရာဝန်တွေကို သိလိုတာတွေကို မေးလာနိုင်ကြသည်။ ကိုယ်ဘယ်သူမှန်းလဲတဖက်ကဆရာဝန်ကမသိသဖြင့် အပြင်မှာဆေးခန်းပြသလိုမျိုး လူကြားသူကြားထဲမေးရင်ရှက်ရမယ့်ကိစ္စတွေ ဆရာဝန်ကိုမျက်နှာပူရမယ့်ကိစ္စတွေလည်းမရှိပေ။

ဒါကြောင့်အမျိုးသားအမျိုးသမီးများ အိမ်ထောင်ရှင်များ အနေနဲ့ အိမ်ထောင်ရေးကိစ္စများ လိင်နဲ့ဆိုင်တဲ့ကိစ္စများကိုလည်း အမေးများလာကြသည်။ ထိုသို့မေးလာသည့် မေးခွန်းများထဲတွင် အတူနေစဉ်(လိင်ဆက်ဆံစဉ်)နာကျင်မှု ဝေဒနာ ခံစားရခြင်းအကြောင်းကို မေးခြင်းသည် အိမ်ထောင်ရှင်များ အမေးများဆုံး မေးခွန်းတခုဖြစ်သည်။

ဒီလိုအမေးများတဲ့အတွက် မသိသေးတဲ့အိမ်ထောင်ရှင်တွေလည်း သိအောင်၊သိတဲ့သူတွေလည်း ပိုသေချာသိသွားအောင် ဒီအကြောင်းကို ဆောင်းပါးတပုဒ်အနေနဲ့တင်ပြလိုက်ရပါတယ်။

အတူနေစဉ်(လိင်ဆက်ဆံစဉ်) နာကျင်မှု ဝေဒနာခံစားရခြင်းကို ဆေးပညာလို Dyspareunia လို့ခေါ်ပါတယ်။ အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသားကြင်နာစဉ် နာကြင်ခြင်းဟာ မယ်မှာဖြစ်နိုင်သလို မောင်မှာလည်းဖြစ်နိုင်ပါတယ်။ သို့သော် အများအားဖြင့်တော့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။

ခန့်မှန်းခြေ အမျိုးသမီး ၁၀ ယောက်တွင် ၄ ယောက်လောက်ဟာ ထိုဝေဒနာကို ခံစားနေရတယ်လို့စစ်တမ်းတခုကတော့ပြောထားပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်စကျခါစ (အတူစနေခါစ) အချိန်တွေ နဲ့ သွေးဆုံးခါနီးအချိန်တွေမှာ ဒီဝေဒနာကို ခံစားရနိုင်ခြေပိုများပါတယ်။

အတူနေစဉ် ဖြစ်ပေါ်တဲ့ နာကျင်မှုကို အမျိုးအစား ၂ မျိုးခွဲထားပါတယ်။ မမျိုးပွားအင်္ဂါတဝိုက် (မိန်းမကိုယ်နှုတ်ခမ်းသားများ ၊ မိန်းမကိုယ်အဝနှင့် ယောနိလမ်းကြောင်း အောက်ပိုင်းနေရာများ) နာကျင်ခြင်း (Superficial Dyspareunia) နှင့် တင်ပဆုံရိုးထဲက နာကျင်ခြင်း (Deep Dyspareunia) ဆိုပြီးတော့ပါ။

တမျိုးချင်းဆီကို ဖြစ်စေတဲ့အကြောင်းတွေ (ရောဂါတွေ)အများကြီးပါ။ နှစ်မျိုးလုံးကိုဖြစ်စေတဲ့ အကြောင်းတွေ(ရောဂါတွေ)လည်း ရှိပါတယ်။

ပထမဆုံး Superficial Dyspareunia လို့ခေါ်တဲ့ အတူနေစဉ် သို့မဟုတ် လိင်ဆက်ဆံတဲ့အခါမှာ မမျိုးပွားအင်္ဂါတဝိုက် (မိန်းမကိုယ်နှုတ်ခမ်းသားများ ၊ မိန်းမကိုယ်အဝနှင့် ယောနိလမ်းကြောင်း အောက်ပိုင်းနေရာများ) နာကျင်ခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကို ပြောပြပါမယ်။

၁။Vaginismus ခေါ် မိန်းမကိုယ် အနီးတဝိုက်ရှိ ကြွက်သားများ အလွန်အကျွံ့ညှစ်ခြင်း
ဒီလိုမျိုးဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ခုထိအတိကျမသိသေးပါ။ ပညာရှင်တွေကတော့ စိတ်ကြောင့် ဖြစ်နိုင်ခြေများတယ်လို့ ပြောကြပါတယ်။

ပထမဆုံး အတူနေချိန်မှာ ဆက်ဆံဖော်က ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့ပါက နောက်အကြိမ်များမှာ နာမှာကြောက်တဲ့စိတ်ကြောင့် လည်းကောင်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မှမရှိဘဲ အတူနေဖို့စိုးရိမ်သောက လွန်ကဲနေတာကြောင့်လည်းကောင်း စတဲ့စိတ်ပိုင်းဆိုင်ရာကြောင့် ပိုဖြစ်နိုင်ပါတယ်။

ထိုစိတ်ကြောင့် အတူနေစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့တာကိုလည်း ဖြစ်စေနိုင်ကာ နာကျင်ခြင်းကိုပိုဆိုးစေနိုင်သည်။ ဒီလိုမျိုးဖြစ်တာ အချိန်ကြာလာတာနဲ့အမျှ မိမိသာမက မိမိရဲ့အိမ်ထောင်ဖက်အမျိုးသားကိုပါ စိတ်ဓာတ်ကျဆင်းခြင်း ဖြစ်စေနိုင်ပြီး အိမ်ထောင်ရေးသုခ မရရှိသောကြောင့် တခြားမလိုလားအပ်တဲ့ လူမှုရေးပြသာနာတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

၂။Episiotomy Scar ခေါ် ရိုးရိုးမွေးစဉ်မှာ မွေးလမ်းကြောင်းချဲ့ရာက ဖြစ်ပေါ်လာသောအမာရွတ်

ရိုးရိုးကလေးမွေးဖွားစဉ်မှာ ကလေးရဲ့ခေါင်းက အမေရဲ့မိန်းမကိုယ်ဝကို ဖြတ်သန်းပြီး မထွက်နိုင်ပါက မိန်းမကိုယ်အဝ အောက်ဘက်နေရာတဝိုက်ကို ခွဲခန်းသုံးကတ်ကြေးဖြင့် ညှပ်ရတတ်သည်။ ထိုသို့ပြုလုပ်ခြင်းကို မွေးလမ်းကြောင်းချဲ့သည်ဟု ခေါ်သည်။ ချဲ့ပြီးရင် ပြန်ချုပ်ပြီး သတ်မှတ်ရက်စေ့ရင် ချုပ်ရိုးဖြည်ရလေ့ရှိသည်။

တခါတရံမှာ ချုပ်ပြီးပြန်ဖြည်သည့်နေရာတွင် အမာရွတ်တစ်သျှူးများ ဖြစ်ပေါ်တတ်သည်။ ထိုအမာရွတ် တစ်သျှူးနေရာများတွင် အာရုံကြောအဆုံးများ ပါဝင်ပြီး တုံ့ပြန်မှု မြန်ဆန်သည်။

အတူနေစဉ်မှာ (လိင်ဆက်ဆံစဉ်မှာ) ထိုအမာရွတ်တစ်သျှူးများကို အမျိုးသားလိင်တံက အဆက်မပြတ် ပွတ်တိုက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် အမျိုးသမီးမှာ မမျိုးပွားအင်္ဂါတဝိုက်နာကျင်မှု ဖြစ်ပေါ်နိုင်သည်။

၃။အပျိုမြှေးထူလွန်းခြင်း

ယေဘုယျအားဖြင့်ဆိုရင် ပထမအကြိမ်အတူနေပြီးပါက အပျိုမြှေးသည် စုတ်ပြဲသွားလေ့ရှိသည်။ အပျိုမြှေးထူလွန်းသောအမျိုးသမီးတွေမှာကျ စုတ်ပြဲသွားတာမရှိတာကြောင့် နောက်ထပ်အတူနေသည့် အကြိမ်များတွင်လည်း ပထမဦးဆုံးအကြိမ်လိုမျိုး နာကျင်မှုကိုခံစားရသည်။

ဒီအချက်ကြောင့် အပျိုစစ်မစစ် ဘယ်လိုခွဲခြားမလဲ ဆောင်းပါးတွင် အပျိုမြှေးမရှိတိုင်းလည်း အပျိုစစ်လို့ပြောမရသလို အပျိုမြှေးရှိတိုင်းလည်း အပျိုစစ်လို့ ယတိပြတ်အာမခံမပြောနိုင်ပါလို့ ကျွန်တော် ရေးသားရခြင်းဖြစ်ပါတယ်။

၄။ဘာသိုလင်ဂလင်းများရောင်ရမ်းခြင်း

ဘာသိုလင်ဂလင်းဆိုတာဟာ မိန်းမကိုယ်အဝနား ဘယ်ညာနှစ်ဖက်လုံးတွင်ရှိသော ဂလင်းများဖြစ်သည်။ ထိုဂလင်း များသည် အကြောင်းတခုခုကြောင့် ရောင်ရမ်းနေပါက လိင်ဆက်ဆံစဉ် နာကျင်ခြင်းကို ဖြစ်စေနိုင်သည်။

၅။မိန်းမကိုယ်နဲ့ဆိုင်တဲ့ရောဂါများရှိခြင်း

ဥပမာ လိင်အင်္ဂါကြွက်နို့ဖြစ်တာ(Genital Herpes Simplex)၊မိန်းမကိုယ်မှာအရည်အိတ်လေးတွေရှိတာ(Benign cysts of vulva)၊လိုင်ခန်စကဲရိုးစစ်(Lichen Sclerosis)ဆိုတဲ့ရောဂါဖြစ်တာ၊Vulvodynia ဆိုတဲ့ အာရုံကြောနာတာနဲ့ဆင်တဲ့ရောဂါဖြစ်တာ၊Vulva Cancer ဆိုတဲ့မိန်းမကိုယ်ကင်ဆာ ဖြစ်တာ စတဲ့ရောဂါတွေရှိတဲ့အခြေအနေတွေဆိုရင် မမျိုးပွားအင်္ဂါတဝိုက် (မိန်းမကိုယ်နှုတ်ခမ်းသားများ ၊ မိန်းမကိုယ်အဝနှင့် ယောနိလမ်းကြောင်း အောက်ပိုင်းနေရာများ)နာကျင်ခြင်း ဆိုတဲ့ Superficial Dyspareunia ကိုခံစားရနိုင်ပါတယ်။

အပိုင်း ၂ မှာ အတူနေစဉ်နာကျင်ခြင်း နောက်တမျိုးဖြစ်တဲ့ တင်ပဆုံးရိုးထဲက နာကျင်ခြင်း (Deep Dyspareunia) အကြောင်းကိုဆက်လက်ဖော်ပြပါမယ်။

Author : Dr. 528

Previous Post

ကလေးငယ်များအား အာဟာရပြည့်ဝသော အစားအစာ စားစေဖို့ လေ့ကျင့်ပေးခြင်း( အပိုင်း ၂)

Next Post

ကိုယ်ဝန်ဆောင်စဉ်နို့တိုက်စဉ်ဆံပင်အလှပြင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ်နို့တိုက်စဉ်ဆံပင်အလှပြင်ခြင်း

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၂)

လူအများစုသတိမထားမိတဲ့ သွားအခြေနေရာတွေပျက်စီးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.