အိပ္ရာထက္ဝယ္ ေမာင္မယ္ႏွစ္ဦးသား ၾကင္နာစဥ္ နာက်င္ျခင္း အပိုင္း(၃)
မယ္တြင္နာက်င္ျခင္း
အတူေနစဥ္ ျဖစ္ေပၚတဲ့ နာက်င္မႈကို မမ်ိဳးပြားအဂၤါတဝိုက္ (မိန္းမကိုယ္ ႏႈတ္ခမ္းသားမ်ား ၊ မိန္းမကိုယ္အဝႏွင့္ ေယာနိလမ္းေၾကာင္း ေအာက္ပိုင္းေနရာမ်ား) နာက်င္ျခင္း (Superficial Dyspareunia) ႏွင့္ တင္ပဆုံ႐ိုးထဲက နာက်င္ျခင္း (Deep Dyspareunia) ဆိုၿပီး ႏွစ္မ်ိဳးခြဲထားတဲ့အနက္မွ အပိုင္း(၁)မွာ မမ်ိဳးပြားအဂၤါ တဝိုက္နာက်င္မႈကို ျဖစ္ေပၚေစတဲ့အေၾကာင္းရင္းေတြ နဲ႔ အပိုင္း(၂)မွာ တင္ပဆုံ႐ိုးထဲက နာက်င္ျခင္း (Deep Dyspareunia)ကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကို ေျပာၿပီးပါၿပီ။
အခုဒီအပိုင္း(၃)မွာေတာ့ နာက်င္ျခင္းႏွစ္မ်ိဳးစလုံးကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကို ေျပာပါမယ္။ လိင္ဆက္ဆံစဥ္မွာ မမ်ိဳးပြားအဂၤါတဝိုက္နာက်င္ျခင္းနဲ႔ တင္ပဆုံ႐ိုးထဲကနာက်င္ျခင္း ႏွစ္မ်ိဳးလုံးကို ျဖစ္ေစတဲ့အေၾကာင္းေတြကေတာ့
(၁) ေမြးရာပါ မိန္းမကိုယ္လမ္းေၾကာင္း ပုံမမွန္ျခင္း (Vaginal tract abnormalities)
မိန္းမကိုယ္လမ္းေၾကာင္း ပုံမမွန္ျခင္းသည္ ျဖစ္ခဲေသာ အေျခအေနတခုပါ။ မိန္းမကိုယ္လမ္းေၾကာင္း ပုံမမွန္ျဖစ္ ေနပါက အလြန္နာက်င္ေစၿပီး ပိုဆိုးပါက လိင္ဆက္ဆံရန္ မျဖစ္ႏိုင္သည့္ အေျခအေနအထိ ျဖစ္ေစႏိုင္ပါတယ္။
(၂) မိန္းမကိုယ္လမ္းေၾကာင္း ထိခိုက္မိျခင္း (Vaginal tract Trauma)
ေတာ္႐ုံသင့္႐ုံဒဏ္ရာမ်ိဳးကေတာ့ မိန္းမကိုယ္လမ္းေၾကာင္းက ဘာမွမျဖစ္ႏိုင္ပါ။ ဥပမာ ႐ိုး႐ိုးကေလးေမြးျခင္းေၾကာင့္ အနည္းငယ္ဒဏ္ရာရျခင္းႏွင့္ လိင္ဆက္ဆံျခင္းေလာက္နဲ႔ ဘာမွမျဖစ္ႏိုင္ပါ။
သို႔ေသာ္ ေယာနိလမ္းေၾကာင္းသိသာစြာ ဒဏ္ရာရပါက (ဥပမာ – ကေလးေမြးရခက္ခဲျခင္းေၾကာင့္ ေမြးလမ္းေၾကာင္းခ်ဲ႕ရျခင္း (သို႔မဟုတ္) အေၾကာင္းတခုခုေၾကာင့္ အမ်ိဳးသမီးအဂၤါမ်ားကို ခြဲစိတ္ျပဳျပင္ျခင္း) အနာ႐ြတ္မ်ားကို ျဖစ္ေစၿပီး လိင္ဆက္ဆံရာတြင္ အခက္အခဲျဖစ္ေစကာ နာက်င္မႈကိုခံစားရႏိုင္သည္။
(၃) မိန္းမကိုယ္လမ္းေၾကာင္း သို႔မဟုတ္ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (Genital or Urinary Tract Infection)
မိန္းမကိုယ္လမ္းေၾကာင္း (သို႔မဟုတ္) ဆီးလမ္းေၾကာင္းအနီး ေနရာမ်ားကို ေရာဂါပိုးဝင္ပါက တစ္သွ်ဴးမ်ား ေရာင္ရမ္းျခင္းျဖစ္ ေပၚၿပီး လိင္ဆက္ဆံပါက နာက်င္ႏိုင္သည္။ ပိုဆိုးသည္မွာ ဘက္တီးရီးယားပိုး၊ ဗိုင္းရပ္စ္ပိုး ႏွင့္ မႈိ စသျဖင့္ ျဖစ္ႏိုင္ပါတယ္။
အခ်ိဳ႕ေသာ ပိုးမ်ားသည္ မသန႔္ေသာသူနဲ႔ အကာကြယ္မဲ့ လိင္ဆက္ဆံရာမွတဆင့္ ကူးစက္ျခင္းျဖစ္သည္။ ပိုးဝင္လွ်င္ လိင္ဆက္ဆံၿပီးေနာက္ နာက်င္ျခင္းႏွင့္ ယားယံျခင္း ၂ မ်ိဳးစလုံး ျဖစ္လာတတ္သည္။ ဒါ့အျပင္ဖ်ားျခင္း၊ မူမမွန္အျဖဴမ်ား မိန္းမကိုယ္ကဆင္းျခင္း မ်ားလည္းျဖစ္ႏိုင္သည္။
(၄) မိန္းမကိုယ္လမ္းေၾကာင္း ေျခာက္ေသြ႕ျခင္း (Vaginal Dryness)
တခါတရံ လိင္ဆက္ဆံေနစဥ္တြင္ နာက်င္ျခင္းသည္ မိန္းမကိုယ္လမ္းေၾကာင္း စိုစြတ္မႈ နည္းျခင္း သို႔မဟုတ္ မရွိျခင္းေၾကာင့္ျဖစ္သည္။ ပုံမွန္အားျဖင့္ လိင္ဆက္ဆံပါက သက္ေတာင့္သက္သာရွိၿပီး ပြတ္တိုက္မႈေၾကာင့္ နာက်င္ေရာင္ရမ္းတာ မျဖစ္ေအာင္ ခႏၶာကိုယ္ရွိ ဂလင္းမ်ားက အရည္မ်ားကို ထုတ္ေပးကာ ေယာနိလမ္းေၾကာင္းကို စိုစြတ္ေနေစသည္။ ထိုအရည္မ်ားက ေခ်ာဆီသဖြယ္ ေဆာင္႐ြက္ေပးသည္။
လိင္စိတ္ႏိုးႂကြလာသည့္အခါ ထိုအရည္မ်ား ပိုမ်ား လာသည္။ အကယ္၍ လိင္မဆက္ဆံမွီ လုံေလာက္ေသာ လႈံ႕ေဆာ္မႈမရွိပါက (သို႔) လိင္ဆက္ဆံရန္ စိတ္မပါပါက လိင္ဆက္ဆံ ျခင္းကို သက္ေတာင့္သက္သာျဖစ္ေစရန္ ခႏၶာကိုယ္ရွိဂလင္းမ်ားက လုံေလာက္ေသာ အရည္မ်ား ထုတ္မေပးႏိုင္ပါ။
သို႔ေသာ္ ဒီႏွစ္ခ်က္အျပင္ မိန္းမကိုယ္ေျခာက္ေသြ႕ျခင္းကိုျဖစ္ေစေသာတျခားအေၾကာင္းမ်ားလည္းမ်ားစြာရွိသည္။ အဲ့ဒါေတြကေတာ့ လိင္ဆက္ဆံျခင္းစဥ္ အဆင္မေျပမႈတခုခုနဲ႔ႀကဳံၿပီး ေနာက္အႀကိမ္မ်ားတြင္လည္းအဲ့လိုႀကဳံမွာေၾကာက္ကာ စိတ္ကသိကေအာင့္ျဖစ္ျခင္း ၊ ကိုယ္ဝန္ရမည္ကို စိုးရိမ္ေနရျခင္း ၊ အိပ္ေပ်ာ္ေနသည့္ ကေလးႏိုးမည္ကို စိုးရိမ္ေနရျခင္း စသည့္ စိတ္ပိုင္း ဆိုင္ရာ အေၾကာင္းမ်ား ပါဝင္သည္။
ဒါ့အျပင္ ေသြးဆုံးၿပီးေနာက္ အီစတိုဂ်င္ေဟာ္မုန္းနည္းသြားေသာေၾကာင့္ ေယာနိလမ္းေၾကာင္း ေျခာက္ေသြ႕ျခင္း၊သားဆက္ျခားသည့္ အခ်ိဳ႕ေသာ နည္းလမ္းမ်ားအပါအဝင္ အခ်ိဳ႕ေသာ ေဆးမ်ားေၾကာင့္ေယာနိလမ္း ေၾကာင္း ေျခာက္ေသြ႕ျခင္း၊ အခ်ိဳ႕ေသာ ေရာဂါမ်ားေၾကာင့္ေျခာက္ေသြ႕ျခင္း စသည့္အေၾကာင္းမ်ားလည္းပါဝင္ပါတယ္။
(၅)အသက္အ႐ြယ္ ႀကီးလာေသာေၾကာင့္ ေယာနိလမ္းေၾကာင္း က်ဳံ႔သြားျခင္း (Vaginal Atrophy)
အမ်ိဳးသမီးေတြဟာ ေသြးဆုံးၿပီးေနာက္ ခႏၶာကိုယ္အတြင္းမွာ ေဟာ္မုန္းပမာဏေတြ က်ဆင္းလာသည္။ အထူးသျဖင့္ အီစတိုဂ်င္ ေဟာ္မုန္းက်ဆင္း လာသည္။ အီစတိုဂ်င္ေဟာ္မုန္းသည္ မိန္းမကိုယ္လမ္းေၾကာင္းနံရံမ်ားကို သန္မာေစသည္။ ဒါ့အျပင္ ေသြးေထာက္ပံ့မႈကို မ်ားျပား ေစ၍ အရည္မ်ား ပိုထုတ္ေပးကာ လိင္ဆက္ဆံစဥ္မွာ သက္ေတာင့္သက္တာ ျဖစ္ေစပါတယ္။
ဒါ့ေၾကာင့္ အသက္ႀကီးလို႔ အီစတိုဂ်င္ေဟာ္မုန္းနည္းလာတဲ့အခါ မိန္းမကိုယ္လမ္းေၾကာင္းရွိ တစ္သွ်ဴးမ်ားသည္ ပါးလာၿပီး ဆန႔္ႏိုင္အားလည္း ေလ်ာ့နည္းလာကာ အရည္ထုတ္ေပးမႈလည္းနည္းလာေသာေၾကာင့္ ေခ်ာေမြ႕မႈလည္း နည္းလာပါတယ္။
ဒီအေၾကာင္းေတြေၾကာင့္ အသက္ႀကီးသူအမ်ိဴးသမီးမ်ားရဲ႕ မိန္းမကိုယ္လမ္းေၾကာင္းဟာ အပ်ိဳေဖာ္ မဝင္ေသးေသာ မိန္းကေလးငယ္ရဲ႕ မိန္းမကိုယ္လမ္းေၾကာင္းကဲ့သို႔ ဒဏ္ရာရလြယ္ကာ လိင္ဆက္ဆံမွာ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။
ဒါေတြကေတာ့ ကြၽန္ေတာ္သိသေလာက္ အိပ္ရာထက္ဝယ္ ေမာင္မယ္ႏွစ္ဦးသားၾကင္နာစဥ္ မယ္မွာ နာက်င္မႈကိုျဖစ္ေစႏိုင္တဲ့အေၾကာင္းေတြပါ။ ေမာင္မွာ နာက်င္မႈကို ျဖစ္ေစႏိုင္တဲ့အေၾကာင္းေတြလည္းရွိပါတယ္။ အဲ့ဒါေတြကိုေတာ့ အပိုင္း(၄)မွာ ဆက္လက္တင္ျပပါမယ္။
Author : Dr. 528
အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၃)
မယ်တွင်နာကျင်ခြင်း
အတူနေစဉ် ဖြစ်ပေါ်တဲ့ နာကျင်မှုကို မမျိုးပွားအင်္ဂါတဝိုက် (မိန်းမကိုယ် နှုတ်ခမ်းသားများ ၊ မိန်းမကိုယ်အဝနှင့် ယောနိလမ်းကြောင်း အောက်ပိုင်းနေရာများ) နာကျင်ခြင်း (Superficial Dyspareunia) နှင့် တင်ပဆုံရိုးထဲက နာကျင်ခြင်း (Deep Dyspareunia) ဆိုပြီး နှစ်မျိုးခွဲထားတဲ့အနက်မှ အပိုင်း(၁)မှာ မမျိုးပွားအင်္ဂါ တဝိုက်နာကျင်မှုကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေ နဲ့ အပိုင်း(၂)မှာ တင်ပဆုံရိုးထဲက နာကျင်ခြင်း (Deep Dyspareunia)ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ပြောပြီးပါပြီ။
အခုဒီအပိုင်း(၃)မှာတော့ နာကျင်ခြင်းနှစ်မျိုးစလုံးကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ပြောပါမယ်။ လိင်ဆက်ဆံစဉ်မှာ မမျိုးပွားအင်္ဂါတဝိုက်နာကျင်ခြင်းနဲ့ တင်ပဆုံရိုးထဲကနာကျင်ခြင်း နှစ်မျိုးလုံးကို ဖြစ်စေတဲ့အကြောင်းတွေကတော့
(၁) မွေးရာပါ မိန်းမကိုယ်လမ်းကြောင်း ပုံမမှန်ခြင်း (Vaginal tract abnormalities)
မိန်းမကိုယ်လမ်းကြောင်း ပုံမမှန်ခြင်းသည် ဖြစ်ခဲသော အခြေအနေတခုပါ။ မိန်းမကိုယ်လမ်းကြောင်း ပုံမမှန်ဖြစ် နေပါက အလွန်နာကျင်စေပြီး ပိုဆိုးပါက လိင်ဆက်ဆံရန် မဖြစ်နိုင်သည့် အခြေအနေအထိ ဖြစ်စေနိုင်ပါတယ်။
(၂) မိန်းမကိုယ်လမ်းကြောင်း ထိခိုက်မိခြင်း (Vaginal tract Trauma)
တော်ရုံသင့်ရုံဒဏ်ရာမျိုးကတော့ မိန်းမကိုယ်လမ်းကြောင်းက ဘာမှမဖြစ်နိုင်ပါ။ ဥပမာ ရိုးရိုးကလေးမွေးခြင်းကြောင့် အနည်းငယ်ဒဏ်ရာရခြင်းနှင့် လိင်ဆက်ဆံခြင်းလောက်နဲ့ ဘာမှမဖြစ်နိုင်ပါ။
သို့သော် ယောနိလမ်းကြောင်းသိသာစွာ ဒဏ်ရာရပါက (ဥပမာ – ကလေးမွေးရခက်ခဲခြင်းကြောင့် မွေးလမ်းကြောင်းချဲ့ရခြင်း (သို့မဟုတ်) အကြောင်းတခုခုကြောင့် အမျိုးသမီးအင်္ဂါများကို ခွဲစိတ်ပြုပြင်ခြင်း) အနာရွတ်များကို ဖြစ်စေပြီး လိင်ဆက်ဆံရာတွင် အခက်အခဲဖြစ်စေကာ နာကျင်မှုကိုခံစားရနိုင်သည်။
(၃) မိန်းမကိုယ်လမ်းကြောင်း သို့မဟုတ် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Genital or Urinary Tract Infection)
မိန်းမကိုယ်လမ်းကြောင်း (သို့မဟုတ်) ဆီးလမ်းကြောင်းအနီး နေရာများကို ရောဂါပိုးဝင်ပါက တစ်သျှူးများ ရောင်ရမ်းခြင်းဖြစ် ပေါ်ပြီး လိင်ဆက်ဆံပါက နာကျင်နိုင်သည်။ ပိုဆိုးသည်မှာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး နှင့် မှို စသဖြင့် ဖြစ်နိုင်ပါတယ်။
အချို့သော ပိုးများသည် မသန့်သောသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံရာမှတဆင့် ကူးစက်ခြင်းဖြစ်သည်။ ပိုးဝင်လျှင် လိင်ဆက်ဆံပြီးနောက် နာကျင်ခြင်းနှင့် ယားယံခြင်း ၂ မျိုးစလုံး ဖြစ်လာတတ်သည်။ ဒါ့အပြင်ဖျားခြင်း၊ မူမမှန်အဖြူများ မိန်းမကိုယ်ကဆင်းခြင်း များလည်းဖြစ်နိုင်သည်။
(၄) မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်း (Vaginal Dryness)
တခါတရံ လိင်ဆက်ဆံနေစဉ်တွင် နာကျင်ခြင်းသည် မိန်းမကိုယ်လမ်းကြောင်း စိုစွတ်မှု နည်းခြင်း သို့မဟုတ် မရှိခြင်းကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် လိင်ဆက်ဆံပါက သက်တောင့်သက်သာရှိပြီး ပွတ်တိုက်မှုကြောင့် နာကျင်ရောင်ရမ်းတာ မဖြစ်အောင် ခန္ဓာကိုယ်ရှိ ဂလင်းများက အရည်များကို ထုတ်ပေးကာ ယောနိလမ်းကြောင်းကို စိုစွတ်နေစေသည်။ ထိုအရည်များက ချောဆီသဖွယ် ဆောင်ရွက်ပေးသည်။
လိင်စိတ်နိုးကြွလာသည့်အခါ ထိုအရည်များ ပိုများ လာသည်။ အကယ်၍ လိင်မဆက်ဆံမှီ လုံလောက်သော လှုံ့ဆော်မှုမရှိပါက (သို့) လိင်ဆက်ဆံရန် စိတ်မပါပါက လိင်ဆက်ဆံ ခြင်းကို သက်တောင့်သက်သာဖြစ်စေရန် ခန္ဓာကိုယ်ရှိဂလင်းများက လုံလောက်သော အရည်များ ထုတ်မပေးနိုင်ပါ။
သို့သော် ဒီနှစ်ချက်အပြင် မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုဖြစ်စေသောတခြားအကြောင်းများလည်းများစွာရှိသည်။ အဲ့ဒါတွေကတော့ လိင်ဆက်ဆံခြင်းစဉ် အဆင်မပြေမှုတခုခုနဲ့ကြုံပြီး နောက်အကြိမ်များတွင်လည်းအဲ့လိုကြုံမှာကြောက်ကာ စိတ်ကသိကအောင့်ဖြစ်ခြင်း ၊ ကိုယ်ဝန်ရမည်ကို စိုးရိမ်နေရခြင်း ၊ အိပ်ပျော်နေသည့် ကလေးနိုးမည်ကို စိုးရိမ်နေရခြင်း စသည့် စိတ်ပိုင်း ဆိုင်ရာ အကြောင်းများ ပါဝင်သည်။
ဒါ့အပြင် သွေးဆုံးပြီးနောက် အီစတိုဂျင်ဟော်မုန်းနည်းသွားသောကြောင့် ယောနိလမ်းကြောင်း ခြောက်သွေ့ခြင်း၊သားဆက်ခြားသည့် အချို့သော နည်းလမ်းများအပါအဝင် အချို့သော ဆေးများကြောင့်ယောနိလမ်း ကြောင်း ခြောက်သွေ့ခြင်း၊ အချို့သော ရောဂါများကြောင့်ခြောက်သွေ့ခြင်း စသည့်အကြောင်းများလည်းပါဝင်ပါတယ်။
(၅)အသက်အရွယ် ကြီးလာသောကြောင့် ယောနိလမ်းကြောင်း ကျုံ့သွားခြင်း (Vaginal Atrophy)
အမျိုးသမီးတွေဟာ သွေးဆုံးပြီးနောက် ခန္ဓာကိုယ်အတွင်းမှာ ဟော်မုန်းပမာဏတွေ ကျဆင်းလာသည်။ အထူးသဖြင့် အီစတိုဂျင် ဟော်မုန်းကျဆင်း လာသည်။ အီစတိုဂျင်ဟော်မုန်းသည် မိန်းမကိုယ်လမ်းကြောင်းနံရံများကို သန်မာစေသည်။ ဒါ့အပြင် သွေးထောက်ပံ့မှုကို များပြား စေ၍ အရည်များ ပိုထုတ်ပေးကာ လိင်ဆက်ဆံစဉ်မှာ သက်တောင့်သက်တာ ဖြစ်စေပါတယ်။
ဒါ့ကြောင့် အသက်ကြီးလို့ အီစတိုဂျင်ဟော်မုန်းနည်းလာတဲ့အခါ မိန်းမကိုယ်လမ်းကြောင်းရှိ တစ်သျှူးများသည် ပါးလာပြီး ဆန့်နိုင်အားလည်း လျော့နည်းလာကာ အရည်ထုတ်ပေးမှုလည်းနည်းလာသောကြောင့် ချောမွေ့မှုလည်း နည်းလာပါတယ်။
ဒီအကြောင်းတွေကြောင့် အသက်ကြီးသူအမျိူးသမီးများရဲ့ မိန်းမကိုယ်လမ်းကြောင်းဟာ အပျိုဖော် မဝင်သေးသော မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်လမ်းကြောင်းကဲ့သို့ ဒဏ်ရာရလွယ်ကာ လိင်ဆက်ဆံမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။
ဒါတွေကတော့ ကျွန်တော်သိသလောက် အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသားကြင်နာစဉ် မယ်မှာ နာကျင်မှုကိုဖြစ်စေနိုင်တဲ့အကြောင်းတွေပါ။ မောင်မှာ နာကျင်မှုကို ဖြစ်စေနိုင်တဲ့အကြောင်းတွေလည်းရှိပါတယ်။ အဲ့ဒါတွေကိုတော့ အပိုင်း(၄)မှာ ဆက်လက်တင်ပြပါမယ်။
Author : Dr. 528